ဒို့အရေး… ဒို့အရေး…

” ဒို့အရေး… ဒို့အရေး… “

” စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး… “

 

ဂဇွတ်ကျေးရွာအုပ်စုသူကြီးမင်းကတော်… အတင်းနှိုးသဖြင့် သူကြီးမင်းဦးခိုင် အိပ်မုံစုံမွားနှင့်ထလာသည်…

ဘာမပြောညာမပြောနှင့် သူကြီးသမီးလေးချာချာ အိပ်နေသောအခန်းကို ပြေးသွားသည်…

“ငါ့သမီးလေးမှရှိလေစ… ဘယ်ကောင်အလစ်သုတ်သွားပြီလဲမသိ…”

သူကြီးမင်းကတော်နောက်မှ နားရွက်လှမ်းဆွဲမှသတိပြန်ဝင်လိုက်၏…

 

” ဒီမှာ ဦးခိုင်… အခုကိုင်လှုပ်နေတာ ရှင့်သမီးချာချာကို မဟုတ်ဘူး… ရှင့်ထိုင်မယ့်ထိုင်ခုံကို ကိုင်လှုပ်နေတာ… “

 

” ဘယ်လို… ကျုပ်ထိုင်ခုံကို ကိုင်လှုပ်နေတယ်… ဘယ်သူတွေတုန်း… ရွာထဲက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လက်သမား… မောင်ဇာလား…”

 

” ဒီမယ် ဦးခိုင်… ရှင့်မလဲတစ်နေ့တစ်နေ့ အအိပ်ပဲမက်နေတယ်… ရှင်အအိပ်မက်လို့ ရှင့်သမီးရွာကို အိမ်သာနက်ကြီးစီးပြီးလာလည်တဲ့ တစ်ရွာသားနောက် ကောက်ကောက်ပါအောင်လိုက်သွားတာမမှတ်သေးဘူးလား… “

 

” အာ… မင်းမလဲ… ငါ့သမီးချာချာလင်နောက်လိုက်တဲ့အကြောင်းပဲ ချီးခြောက်နေရနှူးနေတာပဲ… ဒါထက် ဘယ်မှာတုန်း လက်သမားမောင်ဇာ…”

 

” အခု ရှင့်ထိုင်ခုံကိုင်လှုပ်နေတာ လက်သမားမောင်ဇာမဟုတ်ဘူး… ရှင့်ရဲ့ သူကြီးရာထူးပြိုင်ဘက်ဟောင်း ကိုရင်ခဲ…”

 

” ကိုရင်ခဲတဲ့လား…”

 

ကိုရင်ခဲဆိုတာ… တခြားလူမဟုတ်… သူကြီးမင်းနဲ့ ငယ်ဘဝတုန်းက မိန်းမပိုးဖော်ပိုးဘက်… သူကြီးကတော်ကို အပြိုင်ပိုးရာကနေ

သူကြီးဦးခိုင်က အချစ်ပန်းကို လက်လှမ်းနိုင်လို့ ကိုရင်ခဲက အသဲကွဲရာကနေ ရေခြားမြေခြားကို သင်္ဘောစီးထွက်သွားပြီး

အဝီစိတွင်းများတူးဖော်ရေးအလုပ်ကိုလုပ်ကိုင်ရင်း ကြီးပွားခဲ့ရာမှ အသဲကွဲရွာတော်ကို ပြန်လည်ခြေချပြီး ငယ်ကြင့်မပျောက်သေးသောကြောင့်

သူကြီးမင်း ဆယ်အိမ်ခေါင်းဘဝကတည်းက လိုက်လံပြိုင်ဆိုင်နေသောသူဖြစ်ပါသည်…

 

သူကြီးဦးခိုင် အိမ်ရှေ့သို့အပြေးဆင်းသွားသည်…

အိမ်ရှေ့တွင် ရွာ့မျက်နှာဖုံး ကိုရင်ခဲနှင့် ရွာတွင်းမှ စာပေဝါသနာပါကြသော လူငယ်လူရွယ်… လူလတ်… လူကြီးများအစုံအလင်…

လူတိုင်းတွင်လဲ ရွာအမှတ်တံဆိပ်ကြက်ဆင်ကြီးများရိုက်နှိပ်ထားသော နှဖူးစည်းများ၊ လက်ပတ်များနှင့်…

 

” ဟေ့ကောင်တွေ ဘာလုပ်နေတာလဲကွ… မင်းတို့က… ရွာအေးချမ်းသာယာနေတာကို ဖျက်လိုဖျက်ဆီးကွာ…”

ရွာ့သပိတ်ခေါင်းဆောင် ကိုရင်ခဲက… နိုင်ငံခြားမှပြန်လာသူပီပီ နွေခေါင်ခေါင် ကုတ်အင်္ကျ ီကိုလက်ခေါက်ဝတ်ထားပြီး… ခြေထောက်တွင်တော့ နိုက်ကီးဖိနပ်နှင့်

သူကြီးရှေ့ကို ဟန်ပါပါထွက်လာသည်…

” ဒီမယ်သူကြီး… ကျုပ်နာမည်… ခဲ(စ)… ကျောက်ခဲ ခင်ဗျားသိတယ်နော်… “

 

” ဟေ့ကောင် ငခဲ… မင်းကိုငါသိတယ်… အခုမှသိတာမဟုတ်ဘူး… ငယ်ငယ်ကတည်းကသိတာ…”

 

” သိရင်လဲပြီးရောဗျာ… ဒါပေမယ့်သူကြီးရယ်… ခင်ဗျားပြသနာကို ခင်ဗျားရှင်းသင့်ပါတယ်… “

 

” ဟေ… ဘာကိုရှင်းရမှာတုန်း ကိုရင်ခဲ…”

” ဒီလိုဗျ…”

ကိုရင်ခဲ စကားကိုဖြတ်ထားပြီး အိပ်ကပ်ထဲက ဂလေဘီဆေးလိပ်ကိုထုတ်ခဲလိုက်သည်…

ဘေးမှ ဂျလေဘီဆေးလိပ်ခုံပိုင်ရှင် မြန်မာလူမျိုးဦးဆာမိမှ မိမိစပွန်ဆာပေးထားသည့်ဆေးလိပ်အားကြည့်ပြီး ခပ်ကြွားကြွားခေါင်းမော့လိုက်သည်…

“ပြောမှသာပြောစမ်းပါ ငခဲရာ…. မင်းနှယ်… သိပ်ဟန်လုပ်…”

” ဒီလိုပါသူကြီး… သူကြီးပဲ… ရွာ့လူထုအတွက် စာပေကဏ္ဍဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အထက်ကိုအစီရင်ခံလို့ကောင်းအောင် ရွာ့သတင်းစာထုတ်ဝေခွင့် ပေးထားတယ်… ဟုတ်တယ်နော်…”

” အင်းလေ… အဲ့ဒါဘာဖြစ်လို့တုန်း…”

” အခုကျတော့ သူကြီးမင်းက ရွာ့ထိပ်မှာ သရော်စာကင်းမဲ့ဇုံ ဆိုတဲ့ဆိုင်းဘုတ်ကို အာဏာသုံးပြီး ချိတ်ထားတော့… ဆိုစမ်းပါဦး… ဒါက ဘယ်လိုသဘောများတုန်း…”

” မဟုတ်ဘူးငခဲ… ကျုပ်သတင်းစာထုတ်ခွင့်ပေးတယ်ဆိုတာ……..”

” ရပါပြီ… သူကြီးရယ်… ရပါပြီ… သူကြီးပဲပြောခဲ့တာလေ… ငါမယားငယ်ထားရင် ငါ့ကိုရေး… ငါ့မိန်းမလင်ငယ်နေရင်ငါ့ကိုရေး ဆို… အခုကျတော့ သရော်စာကင်းမဲ့ဇုံဆိုတော့ ဘယ်လိုဖြစ်တာတုန်းပြောစမ်းပါဦး…”

ကိုရင်ခဲနောက်မှ ခပ်လျိုလျိုလိုက်လာသော ကာလသားခေါင်းကိုမတ်စိန်က လက်မြှောက်ပြီး ဒို့အရေး… ဒို့အရေး… နှစ်ခါအော်လိုက်သည်…

ဆန္ဒပြရာသို့လိုက်ပါလာသော ဘေထုတ်သည် ကြောင်ဝတုတ်မှ သူစပွန်စာပေးဖို့ယူလာသော ကြက်ဆင်တံဆိပ်ရိုက်တီရှပ်များအား နောက်မှထပ်ဝိုင်းလာ သူများကို ဝေငှလျက်ရှိသည်…

ထန်းတောပိုင်ရှင်ကိုအောင်ပုမှ လိုက်ပါလာသူများအား နေပူခံရေငတ်ပြေစေရန်… ထန်းရေအေးများ လိုက်လံတိုက်ကျွေးလျက်ရှိ၏…

ထိုစဉ် ရွစိရွစိဖြင့် ရွာ့ကာလသမီးများအဖွဲ့လဲ သူကြီးအိမ်ရှေ့သို့ရောက်လာလေတော့သည်….

ရောက်လျင်ရောက်ခြင်း…

ရွာကာလသမီးခေါင်းဆောင် ဆွာတေးတုန်နှင့် လက်မနှေးကြည်ပြာတို့မှ…

” ဒီမယ်သူကြီးမင်း… ရွာ့အလှူဆိုလဲ လက်မနှေးရအောင် ကျွန်မတို့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ခဲ့တာပဲ… ရွာနာရေးဆိုလဲ… ဝဋ်ရွတ်ဖို့အသင့်… အခုလို… ရွာ့စာပေအရေးကြပြန်တော့လဲ ကျွန်မတို့ လက်မနှေးဘူး… သရော်စာရေးတာကို ကန့်ကွက်မယ်ဆိုရင်ဖြင့်… ကျွန်မတို့ကန့်ကွက်ရပါလိမ့်မယ်… “

 

” နေကြပါဦးဟယ်… ဘယ်လိုဖြစ်ကြတာတုန်း…. ကျုပ်လဲဘာမှမသိရပါလား…”

ဇာတ်လမ်းတစ်လျှောက်ငြိမ်နေလာသော မောင်ဇာအသံထွက်လာသည်…

” ဒီမယ်သူကြီး ကျုပ်ရွာမှာ ရွာ့ကာလသားခေါင်းကိုမတ်စိန်နဲ့ လက်သမားလုပ်လာတာ သူကြီးမင်းအသိ… ကျုပ်မေတ္တာရှိရတဲ့သူကြီးမင်းသမီးလေးချာချာ… အိမ်သာနက်ကကောင်နောက်ပါသွားကတည်းက ကိုမတ်စိန်နဲ့ကျုပ် ရိုးရိုးသားသား လက်သမားလုပ်လာတာ တစ်ရွာလုံးအသိ…”

သူကြီးဦးခိုင် သမီးအကြောင်းပါလာတော့စိတ်မရှည်တော့…

“ဘာလဲကွ… မင်းနဲ့ မတ်စိန် လက်သမားလုပ်လာတာ အခုကိစ္စနဲ့ ဘာဆိုင်လို့တုန်း… “

 

“ဆိုင်တယ်သူကြီး… ကျုပ်တို့ရွာမှာ… ကာရာအိုကေဆိုင်မရှိဘူး… အနှိပ်ခန်းမရှိဘူး… ပြည့်တန်ဆာရုံမရှိဘူး… အခြောက်ကပွဲမရှိဘူး… ကျုပ်တို့ဘဝအမောဖြေစရာဆိုလို့ ဒီနေ့စဉ်ထုတ်သတင်းစာလေးပဲရှိတယ်…”

 

“အင်း… ဆက်စမ်းပါဦး….”

 

” အဲဒီတော့ ကျုပ်တို့သတင်းစာလေးမှာ သရော်စာဆိုတဲ့ဟာလေးမရှိရင်… ကျုပ်တို့သတင်းစာ ဘာအဓိပ္ပာယ်မှမရှိတော့ဘူး… သူကြီးလဲရွာသူကြီးလုပ်မနေနဲ့တော့…”

ရွာသားမောင်ဇာ ပြောလဲပြော မျက်ရည်မထိန်းနိုင်ဖြစ်ပြီး… ရွာ့အပျိုတော်ဆွာတေးတုန်၏ ရင်ခွင်ကြား ခေါင်းခွေ့၍ငိုချလိုက်သည်…

 

” ဖြန်း….”

အသံအကျယ်ကြီးတစ်ချက်ကြားလိုက်ပြီးသည်နှင့် သူကြီးအိမ်ဘေးနားသစ်ပင်က ငှက်နှစ်ကောင်လန့်ပျံသွား၏…

ဆေးဆရာကြီးဆြာခ လူကြားထဲမှာပြေးထွက်လာပြီး… မောင်ဇာကို ပြေးပွေးလိုက်သည်…

“လက်သံပြောင်လှချည်လား တူမကြီးရယ်… ကံသီလို့အသက်မထွက်သွားတာ… သူကြီးမင်းရေ… ခင်ဗျားပြန်စဉ်းစားသင့်ပြီ… ရွာသူရွာသားတွေရဲ့… သဘောထားကို…”

သူကြီးဦးခိုင် အသံတစ်ချက်သာထွက်နိုင်သည်…

“ခင်ဗျာ…”

သူကြီးဦးခိုင် ခေါင်းကုတ်စဉ်းစားလိုက်သည်…

ရွာသားများအသံ ကျယ်သတက်ကျယ်လာသည်…

” ဒို့အရေး… ဒို့အရေး… စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး…”

သူကြီးဦးခိုင် အိမ်တွင်းသို့ဝင်လိုက်၏… နှစ်လုံးပြူးကို ထုတ်ပြီး ရွာထိပ်ဆိုင်းဘုတ်ရှိရာသို့ သုတ်ခြေတင်လေသည်…

ရွာသူရွာသားငြိမ်းချမ်းစွာဆန္ဒပြသူများလဲ သူကြီးဦးခိုင်နောက် ထပ်ချပ်မကွာလိုက်သွားကြသည်…

ရွာထိပ် ဆိုင်းဘုတ်သို့အရောက်ဝယ်…

 

ဘားမန် ပြည်

အိမ်သာပျက် ခရိုင်

ဂဇွတ်ကျေးရွာစု

(သရော်စာ ကင်းမဲ့ဇုံ)

 

သူကြီးမင်း မျက်နှာကြီးနီလာသည်…

ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်သည်…

တွေ့ပါပြီ…

သူကြီးမင်း၏ သားထွေး ဓားအာဂ…

မိန်းမရပြီး ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင်လုပ်နေလို့…

ရွာ့အချောအလှ ခပ်ကျိတ်ကျိတ်ဆုံးမတတ်သူ ကွမ်းထောင်ကိုင်ပင်ပင်နှင့်ပေးစားပြီး ရွာအတွင်း ဆံပင်ညှပ်ဆိုင်ကို နွားနှစ်ရှင်းရောင်းပြီးထောင်ပေးထားသူ…

တစ်နေ့နှစ်ယောက်ခန့် ပုံမှန်အိမ်မှနေ၍ လျော်ကြေးပေးနေရသူ… သားတော်မောင်အား ဆိုင်းဘုတ်ဘေး နွားလှည်းလမ်းအနီး ပိုးလိုးပက်လက်အိပ်နေသည်ကို တွေ့ရတော့သည်…

” ပင်ပင်… သမီး….”

” ရှန်… အဖေ့…”

ပင်ပင်မှာ လူအုပ်နောက်မှ မသိမသာအခြေအနေကြည့်နေရာမှ ပြေးထွက်လာ၏…

” နင့်ယောင်္ကျားသွားခေါ်ခဲ့စမ်း…”

“ဟုတ်စ်”

ပင်ပင်မှာ ခင်ပွန်းဖြစ်သူ အာဂအား ပြေးအထူ….

သူကြီးဦးခိုင်လဲ ထန်းတောပိုင်ရှင်ကိုအောင်ပုဆီက ထန်းရည်ပုလင်းဆွဲယူပြီး ဓားအာဂ ပါးစပ်ထဲသို့ထန်းရည်များလောင်းထည့်ရင်း…

” ငါက အသက်ကြီးလို့ မျက်စိမကောင်းလို့ ပါးစပ်နဲ့ခေါ်ပေးတာကို မှန်အောင်လိုက်မရေးနိုင်တဲ့သား… စာလုံးပေါင်းကို မှားအောင်ရေးတဲ့သား… ငါ့ကိုဒုက္ခပေးတဲ့သား… မအေပေး… @#$^%&”

သူကြီးဦးခိုင်မှာ မြည်တွန်တောက်တီးလျက် သားဖြစ်သူဓားအာဂကို ဂုတ်မှဆွဲကာ ရွာအတွင်းသို့ ပြန်ဝင်လေတော့သည်…

ထိုအချိန်တွင် ရွာလူကြီးများ အပြေးအလွှားရောက်ရှိလာသော်လဲ…

သူကြီးဦးခိုင်မှ…

မမီတော့ဘူး… အကုန်လုံးကမောက်ကမဖြစ်ကုန်ပြီ… အကုန်လုံးပြသနာတက်ကုန်ပြီး….” ပြောပြောဆိုဆိုနှင့် ရွာလမ်းအတိုင်း အိမ်သို့ပြန်တော့သည်…

သားဖြစ်သူဓားအာဂမှာလဲ ခေါင်းကိုတွင်တွင်ရမ်းလျက် ထန်းရည်ပုလင်းဖြင့် ပါးစပ်ဆို့ထားသောကြောင့် ဝူးဝူးဝါးဝါးသာ အော်နိုင်ပေသည်…

ရောက်လာကြသော ရွာ့လူကြီးများလဲ ပြသနာကူညီဖြေရှင်းရင်း… ရွာသူရွာသားများကို နှစ်သိမ့်လျက် ကျန်နေခဲ့တော့သည်…

 

အဖြစ်အပျက်အစအဆုံးအား ဘေးမှထိုင်ကြည့်နေသော ပုံပုံစတိုးပိုင်ရှင် ကြောင်ဝတုတ် ကောက်ချက်ချသည်ကား…

သူကြီးသားဓားအာဂကပဲ မူးမူးနဲ့မှားပြီး ဒီဆိုင်းဘုတ်ကိုရေးသလား….

သူကြီးမင်းကိုယ်တိုင်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ရေးပြီး… သားတော်မောင်ငမူးဓားအာဂကို အလီဘိုင်ပြသလားဆိုတာတော့….

သူကြီးမင်းကိုယ်တိုင်သာ သိပေလိမ့်မည်…

ဘာတဲ့ နိုင်ငံရေးမှာ မတော်တဆဖြစ်တယ်ဆိုတာ မရှိဘူးဆိုလား… ကြားဖူးခဲ့ဖူးပါသည်…

ကြောင်ဝတုတ်သည်… ရွာအမှတ်တံဆိပ်ကြက်ဆင်များရိုက်နှိပ်ထားသော အင်္ကျီများကိုင်လျက် ရွာအတွင်းသို့ဝင်သွားသူ…

သူကြီးမင်းအား ငေးကြည့်လျက်သာရှိပေတော့သည်…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

 

 

 

35 comments

  • P chogyi

    March 11, 2013 at 3:59 pm

    ဖက်ကက်တို့လုပ်ပုံနဲ့ ရွာထဲစာတောင်မရေးရဲတော့ဘူး
    ဦးကျောက်ရေးတော့ ဦးကျောက်ကိုဆော်တယ်။
    ဦးကျားရေးတော့ ဦးကျားကိုဆော်တယ်။
    သားသား.. ကြောက်ကြောက်

  • Char Too Lan

    March 11, 2013 at 4:03 pm

    ဟဟား မိုက်စ်တယ်ကွာ…. ဒီပိုစ့်မှာ ပထမဇုံးယောက်ျားရသွားတဲ့အတွက် လွန်စွာကျေးဇူးတင်ကြောင်းပြောကြားရင်းးး အားပေးသွားပါတယ်ခညာ……

  • ကိုရင်ခဲ စတိုင်ကို ကြည့်ပီး ..
    တခွီးခွီးနဲ့ ရီလိုက်ရဒါဗျာ …
    ဆားဘုလင်း နှင်းမောင် စတိုင် အတိုင်းဘဲ … :mrgreen:

    တားဂဒေါ့ ဘာမှ သိဝူးးနော် …
    အဲ .. ဒါမယ့် .. ဟိုထဲလဲ ဝင်ဘူးနော် …
    တော်ကြာနေ .. ဖြောင်း မဟုတ်ဘဲ ..
    စွပ်ကနဲ အပ်ကြီးနဲ့ ထိုးခံနေရမှာ စိုးညို့ … :mrgreen:

    ဒါနဲ့ .. တစ်ခါတည်း ဘဂျီးဂို ဆန္ဒပြဂဲ့မယ် …
    ဒို့အရေး .. ဒို့အရေး …
    ဒို့အရေး .. ဒို့အရေး ……
    ဒါဗျဲ …….။

    • etone

      March 11, 2013 at 6:42 pm

      ကြောက်ပါနဲ့ချို သများက စွာပေမယ့် အသီးနုပါတယ်အေ့
      အားငယ်သူကို အားပေးချင်ရို့ဘာ တရွာထဲနေသူဆိုတော့လေ ဟီးးးးး :mrgreen:
      ပိုက်ဘောတလုံးလောက်ဝင်လာလျှင် သေပျော်ပါပြီတော် ခစ်ခစ် :kwi:
      မလွတ်တမ်းကိုဖမ်းထားပလိုက်မယ် ခိခိ

      • အက်မငီးးး
        ကျောင်းချာဂျီးးးး
        မလွတ်တမ်း ဖမ်းထားပလိုက်မယ်ဒဲ့ ….
        လုပ်ဘာနဲ့ဂျ … သနွားဘာ ခည …. ဟီးး :mrgreen:

  • Shwe Ei

    March 11, 2013 at 4:10 pm

    ကြက်ဆင် တံဆိပ်တီရှပ်လေး တထည်လောက် ရအုံးမလား ခညာ… :mrgreen:

  • ခင်ခ

    March 11, 2013 at 4:39 pm

    ကြက်ဆင်တံဆိပ်တီရှပ်တော့ မရရင်နေပါ
    ကြက်ဆင်သား နဲ့ တီး(Tea) ဆိုရင်တော့ လှမ်းခေါ်ပါဗျို့။

  • amatmin

    March 11, 2013 at 4:41 pm

    ကျန်းးးး
    အူးကျောက်တို့များ နာမည်ကြီးချက်..
    အရောက်ပို့လိုက်ကြတာများ
    နေရင်းထိုင်ရင်း သဂျီးပြိုင်ဘက်ဖြစ်ရဘီ..
    ဪ…မီးဒွေ မီးဒွေ တောက်လျှောက်လောင်နေတာများ 🙂
    ဒါနဲ့ ဂလိုဖတ်ရတော့လည်း အပြင်လောကမီဒီယာတွေ ပြန်ကြားရေးဝံဂျီးကို ဆန္ဒပြလွတ်လပ်ခွင့်တောင်းနေပုံနဲ့ ကွက်တိရယ်..
    ကျုပ်တို့ သဂျီးက ရွာကို အတော်ကြီးကို ခေတ်မှီစေချင်တာ ရယ် နော့..
    :harr:

    • ဟက်လူ မတ်ကြီး ..
      ကျန်းးး အတွက်
      ခွက်ဒစ်ပေးဘာ ….
      မပေးရင် ဟိုဂျီးဒေါ်နဲ့ တိုင်ပလိုက်မှာနော် …
      ဘာမှတ်နေရဲ … ငွင်းး ငွင်းး :mrgreen:

      • amatmin

        March 11, 2013 at 5:05 pm

        ဪ ရယ်…
        ဟတ်လူ ဘိုအံရီး…
        အဲ့ဂျီးဒေါ်ဆီက ကျုပ်က ငှားသုံးတာဗျ..
        ဘယ်သူစသုံးလဲတောင် သိတတ်ခဲ့ဘူးရယ်..
        ဆိုတော့ လွန်တာရှိ ဝန္ဒာမိ ဗျို့.. 🙂
        ဒါနဲ့ ဟိုကိစ္စအဆင်ပြေပါ စေ..မတိုင်နဲ့ နော့..
        :harr:

    • ဦးဖွတ်ကျား

      March 11, 2013 at 6:59 pm

      ဟီဟိ.

      သခင်မျိုးဟေ့ ဒို့ဘာမန်

      :harr:

  • နွယ်ပင်

    March 11, 2013 at 4:53 pm

    အွန် …ကိုဖက် …
    သများက ခပ်ကျိတ်ကျိတ်ဆုံးမ မတက်ပါဘူးတော် ပေါ်တင်ပဲ ခိခိ 😛
    ဘီလိုပဲ ဖစ်ဖစ် ဒီပိုစ့်လေးထဲ တစ်ထောင့်တစ်နေရာမှ ပါ0င်ခွင့်ရခြင်းကြောင့်
    ဖက်ဖက်ကပ်ကြီးအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါတယ်ချင့် ….
    အလုပ်လက်စကြီးနဲ့ ပြေးလာခဲ့ရလို့ သွားလိုက်ပါဦးမယ်ချင့် တာတာ့ပါချင့် … :harr:

  • ခိုင်ဇာ

    March 11, 2013 at 5:35 pm

    Bravo, Ko Fat..!

    :hee:

  • MaMa

    March 11, 2013 at 8:04 pm

    သခင်မျိုးဟေ့ ဒို့ဘာမန် …
    လို့ အမြဲဟစ်ကြွေးလေ့ရှိသူ….
    ကြားရတိုင်း ဘာမန်ဆိုတာ… ဘာရဲ့နာမည်ဆိုလားးးးးး
    အဲဒါကိုပဲ စိတ်ထဲမြင်ယောင်မိတော့…
    :eee:

  • ဦး ကျောက်ခဲ

    March 11, 2013 at 8:27 pm

    အသာလုပ်ပါ… ကိုရင်ဖတ်
    ကျုပ်က ဇယားမကျတာပြောမိတာပါ… တဂျီးအူကြောင်ကြွက်တာလည်း ပါသပေါ့…
    “စတိုင်းယား” မရေးရဆိုရင်၊ ဦးကျောက်ဘော်ဘော် “စိနပြည်က ကယွဲစီ”တို့ ဟို “ကြောင်နာဂျီး”တို့ကို “သင်းသတ်သလို ဖြစ်မယ်ကိုးဗျ…
    ပြောမယ့်သာ ပြောရ အဲ့”ကြောင်နာ” ကြပ်သွားတာ နှခိရှာ နှစ်ခါရှိပြီ…
    :harr:”

    • စောခက်သူ

      March 11, 2013 at 8:50 pm

      ကျုပ်နားစွန်းနားဖျားသိသလောက်
      အစ်ကိုဂျီးကျောက်လဲ
      ပရောဂ မရှင်းမရှင်းဘဲဒဲ့ဗျို့

  • Mr. MarGa

    March 11, 2013 at 9:20 pm

    အဟိ
    ဖတ်ရင်းဖတ်ရင်း ပါးစပ့်မစေ့မိဘူး
    သို့သော်
    ဦးမာဃ ပျောက်နေသမို့
    ပြန်ရေးပေးပါဗျို့ :mrgreen:

  • အရီးခင်လတ်

    March 11, 2013 at 9:36 pm

    ဟိုးအရင် မန့်ခဲ့ဖူးတာလေး ပြန်နွေးလိုက်ပါတယ်။

    ထုံးစံ အတိုင်း ကိုးကားရမယ် ဆိုရင် တော့ ဆရာမင်းလူရဲ့ ဝတ္ထုတိုတစ်ပုဒ် ထဲမှာပါဘဲ။ 😉

    ရွာတစ်ရွာ မှာ မီးပေါ့ဆ ကြ လွန်းလို့ သူကြီး မင်း က အမိန့် ထုတ် သတဲ့။
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်” ပါတဲ့ဗျာ။
    ဒီတော့ ရွာသူ/သား တွေခမျာ မတော်တဆ မီးလောင်မှာစိုးလို့ ထမင်းဟင်းတောင် မချက်ရဲ ဖြစ်ကုန်ကြသတဲ့။
    ဒီတော့ တစ်ချို့ က သူကြီး ကို သတင်းပို့ ကြတယ်။
    “သူကြီး – ရွာ ထဲမတော့ အမိန့် ကြောင့် လူတွေ ဘာမှ ကို မလုပ်ရဲ အောင် ဖြစ်ကုန်ပြီ။ နဲနဲ တော့ ပြန် လျှော့ မှ ကောင်းမယ်နော။” လို့ပေါ့။
    ဒီတော့ အမိန့် သစ် ထွက်လာပြန်ပါတယ်။
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်၊ သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်”
    အဲဒီတော့ ရွာသူ/ သား များ သက်ပြင်းချ နိုင်ပြီး ပုံမှန်ပြန်နေရင်း စည်းကမ်းပျက် ပြန်ပါရော။
    တစ်ချို့ က သူကြီး ကို “သူကြီး – သူကြီး ပြန်လျှော့ လိုက်တာ နဲ့ ရွာထဲ မတော့ ပုံမှန် အတိုင်း ဖြစ်ချင်သလို ဖြစ် ကုန် ပြန်ပြီ။ အမိန့် အသစ် တစ်ခုတော့ ပြန်ထုတ်ဦး” လို့ တိုင်ပြန်ပါရော။
    ဒီတစ်ခါ မှာတော့ ……
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်၊ သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်၊ တကယ် မဟုတ်ဟု ဆိုသော်လည်း မပေါ့နှင့်၊ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်”
    ဆိုပြီး မောင်းခတ်ရပြန်ရောတဲ့။

    ကဲ ချစ်လှစွာသော ဂေဇက် ရွာသူ/သား များရေ –
    တကယ်တော့ ကိုယ်ဘက် က ရေးစရာ ရှိတာတွေ၊ မန့်စရာရှိတာတွေ ကိုသာ မန့် ကြပါ။
    သူကြီး ထံမှ မောင်းခတ်တဲ့ အမိန့် များထုတ်လာရင် လဲ ပျော်ပျော်ကြီး ခဏ လောက် လိုက်နာလိုက်၊ နောက်တော့ လဲ ပြန်ဖောက် ကြတာပေါ့။

    သူကြီးဖက်ကလဲ လိုမယ် ထင်လို့ လုပ်တာကြောင့် အာဏာပြတာ လို့ မထင်သင့်ပါဘူး။
    ရွာတိုးတက်ဖို့ ကိုသာ ရှေ့ရှု မယ်ဆိုရင် မှားလဲ ခွင့်လွှတ်ဖို့တန် ပါတယ်လေ။
    အဓိက က တော့ ကိုယ့်ရွာလေးကို ကိုယ် မြတ်နိုးစွာ ချစ်ကြ ဖို့ဘဲလိုပါတယ်။
    တစ်ဦး နဲ့ တစ်ဦး အခံစိတ် ကောင်းကောင်း ရှိဖို့ဘဲ လိုပါတယ်။
    လူဘဲ စက်ရုပ်မှ မဟုတ်တာ။
    တစ်ချိန်လုံးကြီး ဘယ်ကောင်းနေနိုင်ပါ့မလဲ။
    ဒီလို ဘဲ မှားလိုက် ပြင်လိုက်ပေါ့။
    မဟုတ်ရင် ပျင်းစရာကြီး။
    မဟုတ်လော။ 😉

    :kwi:

  • padonmar

    March 11, 2013 at 10:52 pm

    အဲသဟာကြောင့် အရီးလတ်လို့ နာမညါကျော်တာပေါ့။
    ကဲ အရီးပြောတဲ့အတိုင်း အခုထိတော့
    သေဒဏ်ဟုဆိုသော်လည်း တကယ်မဟုတ် အဆင့်ပါနော။

  • kai

    March 12, 2013 at 3:23 am

    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်၊ သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်၊ တကယ် မဟုတ်ဟု ဆိုသော်လည်း မပေါ့နှင့်၊ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်။
    .. သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်၊ တကယ် မဟုတ်ဟု ဆိုတာကလည်း တကယ်ဟုတ်သည်။ မီးမပေါ့နှင့်၊ ပေါ့ဆ၍ မီးလောင်ပါကတကယ်မဟုတ်များ တကယ်ဟုတ်သွားနိုင်သည်။ တကယ်မဟုတ်သည်များ ကိုပေါ့၍ မီးပေ့ါဆပါက သေဒဏ်၊ ” “buu:

    • အရီးခင်လတ်

      March 12, 2013 at 4:21 am

      သူကြီးမင်း တကယ်စိတ်ဆိုးနေပြီလား မသိ။
      ဘူး မှုတ်နေတယ်။ 😥

      😛

  • အရီးခင်လတ်

    March 12, 2013 at 4:34 am

    ဒါလဲ အရင်က စာကို ပြန်နွေးထားတာပါ။

    ဒီမိုကရေစီ ဖတ်စာ (၁) – Dr. Jerry Dean Epps (ဘာသာပြန်)
    http://myanmargazette.net/107296/society-lifestyle
    ဒီမိုကရေစီ ဖတ်စာ (၂) – Dr. Jerry Dean Epps (ဘာသာပြန်)
    http://myanmargazette.net/107631/society-lifestyle
    ဒီမိုကရေစီ ဖတ်စာ (၃) – Dr. Jerry Dean Epps (ဘာသာပြန်)
    http://myanmargazette.net/107648/society-lifestyle

    ဒီမိုကရေစီ ဖတ်စာ
    အခြေခံသဘော (၄) – တစ်ခြားသူများကို မထိခိုက်သမျှ ကာလပါတ်လုံး မိမိဘဝကို နှစ်သက်သလို နေထိုင်နိုင် သည်။

    ကလေးတစ်ယောက် ပန်းပင်စိုက်နေခြင်းသည် သူပျော်တာကို လုပ်နေ ခြင်းဖြစ်ပါသည်။
    သူမ ပန်းပင်စိုက်နေခြင်းသည် ဘယ်သူ့ကိုမှ မထိခိုက် ပါ။ ဒီမိုကရေစီ စနစ်တွင် နေထိုင်ခြင်းကြောင့် သူမ အပင်စိုက် တာကို အစိုးရဆီမှာ ခွင့်တောင်းစရာ မလိုပါ။ အစိုးရအဖွဲ့ထဲ က တစ်ဦး တစ်ယောက်က သူမ ကို မကြိုက်ပါကလဲ သူမ ပန်းဆက် စိုက်နေလို့ရပါသည်။ ပန်းပင်စိုက်ခြင်းသည် တစ်ခြား တစ်ယောက်ကို မထိခိုက်ပါက သူမ ကြိုက်သလို စိုက်နိုင် ပါသည်။
    အချို့ နိုင်ငံများ တွင် – လက်သမား ဖြစ်ပြီး မိမိ အိမ်ကို မိမိ ဆောက်နိုင် ရန် အစိုးရအဖွဲ့ထဲ၌ အသိမိတ်ဆွေရှိရပါမည်။ မရှိပါက မိမိအိမ်ကို မိမိ ဆောက်နိုင်ရန် အခွင့် မရှိပါ။
    ဒီမိုကရေစီ စနစ်မှာ ဆိုရင်တော့ တစ်ဦးတစ်ယောက်ကို မထိခိုက်လျှင်၊အန္တရာယ်ကင်းလျှင် ကိုယ်ကြိုက်ရာ အလုပ်ကို လုပ်နိုင်ပါသည်။
    ဆရာဝန် ဆိုတာ တစ်ဦးတစ်ယောက် ကို ထိခိုက်စေနိုင်ပါသလား?
    မထိခိုက်ပါ။
    ထို့ကြောင့် လူတစ်ယောက်သည် ဆရာဝန်ပညာကို ဆည်းပူးနိုင်သည်။
    စာမေးပွဲ များ အောင်ရမည် ။ ပြီးလျှင် ဆရာဝန်အဖြစ် ပျော်နေနိုင်သည်။
    မည်သူကမျှ မင်းဆရာဝန် မလုပ်ရ လို့ မပြောနိုင်ပါ။

    တစ်ခြားသူတွေကို မထိခိုက်သမျှ စိတ်ကြိုက်ဘာသာရေး ကို ကိုးကွယ်နိုင်သည်။
    တစ်ခြားသူတွေကို မထိခိုက်သမျှ နှစ်သက်တဲ့ ဘာသာစကားကို ပြောဆိုနိုင်သည်။
    ဒီမိုကရေစီစနစ်တွင် တစ်ခြားသူတွေကို မထိခိုက်သမျှ သဘောကျ နေထိုင် ခွင့်ရှိပါ သည်။

    • နေဝန်းနီ

      March 12, 2013 at 11:06 am

      အဲဂလို အော်သံကြားလိုက်ရရင် ခေါင်းကြီး ကြီးသွားလို့ဘာ ကျေးဇူးပြုပြီး ခေါင်းအေးအေးနဲ့ အိပ်ပါရစေကွယ် နော် နော် လို့ ကြောင်တို့ရွာမှာပဲအော်ပါကွယ် လူ့ရွာမှာလာမအော်နဲ့နော် …။
      အတိတ်က ဒါဏ်ရာတွေ အမာရွတ်ထင်နေတုန်းပါ…။

    • lele

      March 12, 2013 at 11:26 am

      အရီးလတ်ရဲ့ ဒီမိုုကရေစီ ဖတ်စာတွေကိုု ကူးယူပြီး ရှယ်ခွင့်ပေးပါလိုု ့ခွင့်တောင်းပါတယ်ရှင်။

      • kai

        March 12, 2013 at 2:53 pm

        အုပ်လိုက်တင်ထားတာ ရှိပါတယ်နော..
        တကယ်တော့.. အိနိ္ဒယသား ကုလားတယောက်ရဲ့.. လောကနီတိထက်စာရင်.. ဒါကို ကျောင်းတွေမှာသင်ပေးဖို့.. သင်ရိုးလုပ်ဖို့ကောင်းတယ်ထင်မိတာ..။ :kwi:

        http://mandalaytube.com/mediadetails.php?key=b85a0406fd4816da721d&title=The+Democracy+Book+-++Myanmar+Language

        • lele

          March 12, 2013 at 4:50 pm

          ကျေးဇူးပါသူကြီးရေ အခုုလိုုစာအုုပ်ကောင်းကေင်းကိုု ရှယ်တဲ့အတွက်။ ဘာသာပြန်ပေးတဲ့အရီးလတ်ကိုုလည် :အရမ်းကျေးဇူးတင်ပါတယ်။ အရီးလတ်ရဲ့ စာတွေဖတ်မိတိုုင်း ကျမတိုု ့ရဲ ့Lady ဒေါ်စုု ကိုုမျက်လုုံးထဲပြေးမြင်မိတယ်။ sorry ပါကိုုကြောင်ဝတုုတ်ရေ ပိုု ့စ်နဲ ့မဆိုုင်တာတွေ လာမန် ့နေတဲ့အတွက် ခွင့်လွတ်ပါ။ စကားအတင်းစပ် (credit to သူကြီး) ကိုုကြောင်ဝတုုတ်ရဲ ့ personal & professional ပိုု ့စ်ကိုုအရမ်းကြိုက်ပါတယ်။ Facebook မှာလည်းရှယ်ခဲ ့တယ်။ အဲဒါ အခုုမှခွင့်တောင်းရတာ။ 🙂

        • အရီးခင်လတ်

          March 12, 2013 at 9:10 pm

          ဟိဟိ။
          ကျေးဇူးပါ lele ရေ။
          lele ကို အပြင်မှာ တွေ့လို့ကတော့ မုန့်တွေ တစ်ဝကြီးကို လိုက်ကျွေးပလိုက်မယ်။ 😛

          အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် က အရီးရဲ့ Role Model ပါဘဲ။
          ဒီရွာ ကို အရီး ရောက်လာတာကလဲ သူ့ကို အပုတ်ချတာတွေ ကို မခံနိုင်လွန်းလို့ သူ့ဖက်မှာ ရပ်တည်ပြချင်လွန်းလို့ ဝင်လာတာပါ။
          အဲဒီက နေ အခြေကျသွားတာ ထွက်မရတော့ဘူး။ 😆

          pdf Link ပေးလိုက်တဲ့ သူကြီး ကိုလဲ ကျေးဇူးပါ။ 🙂

  • ရွှေတိုက်စိုး

    March 12, 2013 at 9:36 am

    ဒုန်.ပွစိပွစိ အင်သည် ဂဇတ်………………..

    ဟို အဆီပိတ်မျိုးတုံးနေဒဲ့ အကောင် က ရွာဆူအောင်ထပ်လုပ်ပြန်ဘီ… ကိုယ့်ဟာကို ဘေထုပ်မရောင်းဘဲ.. ဟွန်.
    အယ် မေ့တွားဘီ ပုတ်ဂိုရေးထိခိုက်အောင် မပြောရဘူး ဆိုတာ မေ့တွားလို… ကိုဂျီးကြောင်ဝတုတ် ဆောရီးနော်……. ချစ်ရှို.ချတာဘာဂျ နော်နော်.. ခိခိခိ :kwi: :kwi:

    ဘာပဲဖြစ်ဖြစ် အားလုံးထောက်ခံပါတယ်….. (မထောက်ခံလို.လဲမရဘူးလေ)

    မြန်မာနိုင်ငံသား
    ရွှေတိုက်စိုး

    • ကြောင်ဝတုတ်

      March 12, 2013 at 3:14 pm

      ဟိုကောင်..ရွှေတိုက်… တိပစ်လိုက်လို့ ၅ပေမပြည့်ဘူးဖြစ်သွားမယ်… ခိခိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • kyeemite

    March 12, 2013 at 9:41 am

    ကွန်မင့်ကောင်းလေးအတွက် ဗရာဗိုပါ ကိုခင်လတ်ရေ.. 😛

  • ဦးကြောင်ကြီး

    March 12, 2013 at 9:51 am

    သရော်စာ မရေးရရင် ကလော်စာ ရေးမကွ…. တေဂျင်းဇိုး တာလဏာ… :ghee:

  • surmi

    March 13, 2013 at 10:49 am

    အွန် …….. ဆေးလိပ်ခုံပိုင်ရှင်ဖြစ်သွားပြီလား
    တော်သေးတာပေါ ့
    ပြည်လုံးချောင်းဆိုး ဆာမိချမ်းသာ ဆေးလိပ်မဟုတ်သေးလို ့
    :hee:

Leave a Reply