အဘဖောရဲ့ ဥရောပသွား ပေါ်တာတောလား pdf

Mr. MarGaMarch 12, 20131min20818

အဘဖောရဲ့ ဥရောပသွား ပေါ်တာတောလား pdf

ကဲ ရွာသူားတို့ရေ

နောက်ဆုံးမှာတော့ တစ်လကျော်ကျော် သွားခဲ့တဲ့ ခရီးရှည်ကြီးရဲ့ pdf version ထွက်လာပါပြီ။

အမှန်တကယ်ဆို ဒီထက် စောပြီး တင်ပေးနိုင်ပေမင့်

ဦးမာဃ လက်နှေးနေတာကြောင့် ကြားထဲမှာအချိန်တွေ ကြာသွားခဲ့တာ ခွင့်လွှတ်ကြပါကုန်။

နောက်ဆုံး ဘဖော တင်ခဲ့တဲ့ ရက်နဲ့ဆို တစ်လလောက် ကွာသွားတာမို့ မေ့တေ့တေ့တောင် ဖြစ်နေကြပြီလားမသိ။

သဂျီးကို မေးမြန်းထားချက်အရ အခု လုပ်တဲ့ pdf ဟာ ရွာထဲမှာ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တယ်လို့သိရပါတယ်။ (အဲ မှားလို့ ဟိုတစ်လက ဆုရသွားတဲ့ ဦးကျောက်ပို့စ်နဲ့ အရင်တုန်းက ရွှေအိရဲ့ ပို့စ်တွေကို ဆြာဂီ pdf လုပ်ဖူးတယ်နော်)

ဘယ်လိုပဲဖြစ်ဖြစ်ပါ

အခု pdf ဟာ ဘဖော အတွက်လဲ အမှတ်တရ ဖြစ်မယ့် အရာလေးတစ်ခု ဖြစ်သလို ဦးမာဃ အတွက်လဲ ရွာနဲ့ ပိုပြီး နီးစပ်လာစေတဲ့ အရာလေးတစ်ခု ဖြစ်တာမို့ ဒီစာအုပ်(စာအုပ်ပါပဲနော်) ကို တတ်သလောက် မှတ်သလောက်နဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။

ပညာရှင်အဆင့်မဟုတ်ဘဲ အပျော်တမ်းအဆင့်သာ ရှိသူမို့ အရည်အသွေး၊ အထားအသို စနစ်မကျတာတွေ၊ အဆင်မပြေတာလေးတွေလဲ ရှိပါလိမ့်မယ်

အဲဒီအခါမှာ ဟောဒီ ဦးမာဃ လက်သရမ်းလှချေလားလို့သာ မေတ္တာပို့ကြပါကုန်။

စာအုပ်ရဲ့ အဖုံးဒီဇိုင်းကိုတော့ ဘယ်လောက် ဖြစ်ညှစ်ကာ လုပ်ပါသော်လဲ လုုံးဝ စိတ်တိုင်းမကျတာကြောင့် ဦးမာဃ လက်လှမ်းမီရာ ခြောက်မျက်နှာ မာတလိ (အဲလေ) မဟာဘာဂျာ အံစာတုံးကိုပဲ အကူအညီတောင်းပြီး ထည့်လိုက်ပါတယ်။

(ပြောသာပြောတာ အဲဒီ ကာဗာကိုလဲ လက်ထဲရောက်တော့ လက်တည့်စမ်းလို့ ဖျက်ဆီးလိုက်သေးတယ် :mrgreen:  )

ပထမဆုံး လက်တည့်စမ်းကာ လုပ်ထားတဲ့ အရာလေးမို့ အဆင်မပြေမှုများကို သည်းခံခွင့်လွှတ်(ဝိုင်းကာသာ) ဆဲကြပါ လို့။

ဒါမှမဟုတ်ဘဲ အတော်ကို ကောင်းမွန် ချောမော အဆင်ပြေနေရင်ဖြင့် ပို့စ်ရေးသူ ဘဖောကိုသာ ကျေးဇူးတင်ကြပါကုန်။(ဦးမာဃ ရေးတာ တစ်ခုမှ မပါဘူးလေ)

နောက်များမှာလဲ အဆင်ပြေမယ်ဆိုရင်ဖြင့် ရေးထားတဲ့ အခန်းဆက်များကို လက်တည့်စမ်းပါဦးမယ်။

ကဲ ဖိုင်အကြောင်းကို ဆက်ရရင်ဖြင့်

အခု တင်ပေးလိုက်တဲ့ pdf ကို ဦးမာဃ ပုံစံ နှစ်မျိုးနဲ့ တင်ပေးလိုက်ပါတယ်။

ပထမ တစ်မျိုးက အစကနေ အဆုံးထိပါတဲ့ pdf ဖိုင်ပါ။

သူ့ကိုတော့ အောက်က လင့်မှာ သွားဒေါင်းနိုင်ပါတယ်ဗျာ။

အစအဆုံး ဒေါင်းရန်

နောက်တစ်မျိုးကတော့ (လိုင်းမကောင်းတဲ့ နေရာတွေအတွက် ရည်ရွယ်ထားတဲ့) zip ဖိုင်ပါ။

အဲဒီ zip ဖိုင်ကို အပိုင်းသုံးပိုင်း ခွဲထားပါတယ်။

သုံးပိုင်းလုံး ဒေါင်းပြီးမှ zip ဖိုင်ကို ဖြည်လို့ ရပါလိမ့်မယ်။

အစက ဒီအတိုင်း တင်ဖို့ စဉ်းစားထားပေမယ့်

စာမျက်နှာပေါင်း လေးရာကျော်နဲ့ ဖိုက်ဆိုက်က 30MB တောင် ကျော်သွားသမို့

ခွဲပြီးတော့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ကြိုက်ရာ အမျိုးအစားနဲ့ ဒေါင်းကြပါကုန်။

ဥရောပသွားတောလား.part1

ဥရောပသွားတောလား.part2

ဥရောပသွားတောလား.part3

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

18 comments

  • ဦးဦးပါလေရာ

    March 12, 2013 at 9:17 am

    စောင့်နေတာမို့ ကျေးဇူးတင်ပါတယ်လို့ ကြိုပြောထားရမှာပဲ သိကြားမင်းရေ
    ဒေါင်းလို့ရ/မရကတော့ဖြင့် ဒီနေ့ညမှ အဖြေပေါ်မယ်ဖြစ်ကြောင်း
    နေ့ပိုင်းမှာတော့ ဒီပိုစ့်တောင် ကံကောင်းလို့ ကွန်မင့်နည်းသေးလို့ ဖတ်လို့ရတာဖြစ်ကြောင်း…
    🙁

    • Mr. MarGa

      March 12, 2013 at 9:20 am

      ဦးပါရေ
      ကျွန်တော် စမ်းကြည့်ထားတာတော့ အဆင်ပြေပါတယ်။
      အဆင်မပြေရင် အောက်က သုံးပိုင်း ခွဲထားတာကိုပဲ ဒေါင်းလိုက်ပါခင်ဗျ
      တတ်နိုင်သမျှ အဆင်ပြေအောင် တော့ လုပ်ထားပါတယ်
      အဆင်မပြေရင် နောက်တစ်နည်း ရှာပေးပါမယ်နော်။

  • ရွှေ ကြည်

    March 12, 2013 at 9:34 am

    Thanks alot U Mar Ga 😆

  • အလင်းဆက်

    March 12, 2013 at 10:08 am

    အူးမာဃ….
    ကျေးး…..ဇူး….တင်….ပါ…ဒယ်….
    ( အိုဘားမားလေသံ )
    :kwi:

  • နေဝန်းနီ

    March 12, 2013 at 10:17 am

    http://www.mediafire.com/ ကနေတင်ပေးရင် ကျွန်တော်ဆို့ ဒေါင်းရတာပိုလွယ်ပြီး မြန်မယ်ထင်တယ် ဘဖောရဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒေါင်းနေကြ ဖြစ်လို့ အဲဒိမှာကျတော့ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ အတွေ့နဲ့ စမ်းလုပ်ရင် သိနေတယ်လေ……..။ ကျန်တာတွေကျတော့ ဟုမ်းပ်ိတ်ကျလာဖို့ကိုတော်တော်စောင့်နေရတဲ့ နေရာတွေဖြစ်နေတယ်

  • ဦးဖွတ်ကျား

    March 12, 2013 at 10:37 am

    ၄၄၈မျက်နှာတောင်ပါတဲ့ 34.1MB တောင်ရှိတဲ့ စာအုပ်ကြီးပါလား ဟရို့ …။
    အထားအသို စာအုပ်ဒီဇိုင်း နဲ့ ကွာလတီ အားလုံး အားလုံး အားလုံး ပြောစရာမရှိပါကြောင်း..
    ဧရာမ ဗယာကြော်ကြီးပါ အူးသိကြားရေ…။

    စကားမစပ် .. ကောမန့်တွေမပါတဲ့ ဗားရှင်းလေးပါ ရမယ်ဆိုရင်….
    ရွာအပြင်ကလူ(ကော်မန့် မဖတ်လိုတဲ့လူ) ၊ ပေါ့ပေါ့ပါးပါး ဒေါင်းချင်တဲ့လူ
    ခရီးစဉ်သက်သက်သာ သိမ်းချင်သူ စတဲ့ လူ တွေအတွက်ပါ အဆင်ပြေမလားလို့ဗျို့ …
    (ကြပ်ပေးတာမဟုတ်ပါ..)

    :528:

  • ခိုင်ဇာ

    March 12, 2013 at 11:53 am

    အဟွပ်၊ အဟွတ်၊ အဟု၊ အဟမ်း၊
    သကြားများလို့ ချောင်းဆိုးနေတယ်။
    :kwi:

    ဂလိုကျတော့ င တို့ သကြားလေးက တော်ပြန်ရော။

    စာကျက်တဖက်နဲ့ ကြိုးစားထားရရှာတာပါ အရပ်ကတို့။
    :harr:

  • kyeemite

    March 12, 2013 at 11:58 am

    ကောမန့်တွေပါတဲ့ ဗားရှင်း ကတော့ ကာယကံရှင်(ဘဖေါ)အတွက်
    ပိုပြီးမှတ်တမ်းဖြစ်တာပေါ့….ကျန်သူတွေအဖို့တော့ ဖိုင်ဆိုဒ်မကြီးအောင်
    ကိုဖွတ်ကျား ပြောတဲ့ဗားရှင်းလေးရရင်ကောင်းမယ်ဗျို့…(ချောင်ပေးတာပါ) :kwi:

  • awra-cho

    March 12, 2013 at 1:52 pm

    ဒေါင်းလို့မရဘူး ဖြစ်နေတယ်၊ ဇစ်နဲ့ကို မရဘူး၊

  • kai

    March 12, 2013 at 3:30 pm

    http://myanmargazette.net/Ad/europefull.pdf
    အဲဒီအပေါ်လင်ခ့်မှာလည်း တင်ပေးထားပါတယ်..။ ဆာဗာပေါ် တိုက်ရိုက်တင်ပေးလိုက်တာပါ..။
    ကျုပ်ကတော့. ကွန်မန့်တွေနဲ့.. ဖတ်သွားတာအရသာရှိတယ်..။ အဘဖောကလည်း ဝင်ရေးဖြည့်တာမို့ ပိုပြည့်စုံတယ်ထင်မိတာ…။

    • သဂျီး လင့်ကနေ ဒေါင်းလိုက်တာ …
      (၂၅) မိနစ် ကြာပါတယ် ….။
      GSM ဖုန်း ကွန်နက်ရှင်နဲ့ ဒေါင်းခြင်း ဖြစ်ပါကြောင်း ….။


      {…
      File Size : 34.185 MB
      Download Time :
      Start -> 4:40 PM
      End Time -> 5:05 PM
      …}

  • နေဝန်းနီ

    March 12, 2013 at 7:59 pm

    ပို့စ်မှာပါတဲ့ အပေါ်ကလင့်က
    Sorry, we are unable to scan this file for viruses.

    The file exceeds the maximum size that we scan. Download anyway
    အဲဒိလိုပေါ်နေတယ် …။ သူကြီးလင့် ခ်ကတော့ ကြာမဲ့ပုံ ဘယ်လောက်ကြာမယ်မသိနိုင်သေးဘူး အဲဒိကဒေါင်းတာက Remaining Time မပေါ်ဘူးလေ………။ ခုဒေါင်းနေတာတော့ အနက်စင်းပေါ်မှာ မျှင်းမျှင်းလေးပဲရသေးတယ် 10 မိနစ်ကျော်နေပီ

    • ဦးဖွတ်ကျား

      March 12, 2013 at 8:26 pm

      အဲ့ဒါ ဂူဂယ်လ် က သတ်မှတ်ဖိုင်ဆိုက် ၂၅ မက်အထိထင့် အလကားဖရီး ဗိုင်းရပ်စ်ပါမပါ စစ်ပေးတဲ့ဖီချာကြောင့်ခည
      ခုဖိုင်က ၂၅မက် ထက်ကျော်နေလေတော့ သူမစစ်ပေးနိုင်ဘူး. ကိုယ့်ဖိုင်ကိုယ်
      အကောင်မပါတာ သေချာရင်ဒေါင်း. သူကတော့ အာမမခံဘူး လို့ ဆိုလိုတဲ့ စာခည

      ရဲရဲသာဒေါင်းပါအဘနီ
      ကျနော်ဒေါင်းပြီးပါကြောင်း
      ပြသနာမရှိ ( အကောင်မပါ ပါကြောင်း)

    • အိုက်ဒါ …
      Download anyway ကို နှိပ်လိုက်လေ …
      Download Box လေး ပေါ်လာလိမ့်မယ်ဂျ ….
      သဂျီး ဟာ ဒေါင်းရတာက နည်းနည်း ကြာမယ် ထင်ဒယ် ….။
      ကျုပ်ဂဒေါ့ IDM နဲ့ ဒေါင်းလိုက်တာ … ၂၅ မိနစ်လောက် ကြာဒယ် …။

  • mobile

    March 12, 2013 at 9:31 pm

    ကျုပ်ကဒေါ့ အိုစခေ လေ၏……
    ဒေါင်းလိုက်တာဒေါ့ ဟုက်ဖူး….. ဦးမာဂ ကွန်ပျူတာထဲကဖိုင်ကို….
    လှမ်းဟက်လိုက်တာ…………
    ဘိုဗဲဖစ်ဖစ် ဦးမာဂ ဂိုဒေါ့ ကျေးဇူးတင်ဗါအိ……..

  • Mr. MarGa

    March 14, 2013 at 10:37 am

    လူက ခုတစ်လော လိုင်းပေါ် မတက်နိုင်တာကြောင့်
    စာမပြန်ဖြစ်တာ ခွင့်လွှတ်ပါခင်ဗျ
    ကိုဩရချိုခင်ဗျာ
    လုံးဝ ဒေါင်းလို့ မရရင် ပြန်ပြောပေးစေလိုပါတယ်
    နောက်တစ်နည်း ထပ်ရှာဖို့ပါ
    ဆာဗာပေါ်တင်ပေးတဲ့ သဂျီးကိုလဲ ကျေးဇူးတင်ပါတယ်
    ကော်မန့် မဖတ်လိုတဲ့သူ၊ ရွာအပြင်ကလူတွေအတွက်
    ကော်မန့်မပါတဲ့ ဖိုင် ထပ်တင်ပေးပါမယ်
    (သေးသေးမွှားမွှားတော့ ဖြစ်လောက်ဘူး ကိုဂီရေ ဒါလဲ စာမျက်နှာ သုံးရာကျော်သေးတယ်)
    လာရောက်ဖတ်ရှု အားပေးသွားကြသူ၊ အကြံဉာဏ်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

  • Foreign Resident

    March 15, 2013 at 6:16 am

    ဦး မာဃ ။
    အဘ အခုမှ Internet ပြန်ရလို့ ခုမှ ဖတ်ရတယ် ။
    စကားပြန် နောက်ကျတာ ၊ ခွင့်လွှတ်ပါကွယ် ။

    Comment ပါတာကော ၊ Comment မပါတာကော Down ပြီးပြီ ၊
    ရတယ် ။
    အရမ်းကောင်းတဲ့ PDF လေးတွေ အတွက် ၊
    ဦးမာဃကို အထူး ( အထူး ) ကျေးဇူးတင်ပါတယ်ကွယ် ။

    တကယ့် သကြားမင်းလိုပဲ ၊ တစ်ဖက် ၅၀ဝ ရပါစေကွယ် ။
    ရ ရင် အဘကိုလည်း နဲနဲ မျှနော် ။ ဟီ ဟိ ။

    • Mr. MarGa

      March 15, 2013 at 2:00 pm

      အမငီး အဘရဲ့
      အဘက ဇွဲမလျှော့သေးပါလားနော်
      တကယ်ရရင် တကယ် မျှမယ်ဗျို့
      အခုက စလို့ ရွာထဲက အပျို(စစ်စစ်) များ စာရင်းပေးနိုင်ပါပြီ :mrgreen:

Leave a Reply