ဆူးလေစောရများရဲ့အဆက်

thunderstormMarch 12, 20131min12911

ကျွန်တော်လဲ လွန်ခဲ့တဲ့ ရနှစ်လောက်ကခံရဖူးပါတယ်၊ တစ်ထုတ်ကို၂သောင်းကျော်နဲ့

၄ထုတ်ဆိုတော့၁သိန်းနီးပါး ပါသွားတာပါ၊ ရှေ့မှာတင်တစ်ရွက်ချင်းရေခိုင်းတာဘဲ၊

ဒါပေမဲ့ မျက်လှည့်ကသိပ်ကောင်းတယ်လေ၊ ဝယ်စရာရှိလို ့ဆိုင်ရောက်ပြီးရှင်းတော့မှ ပက်လက်ကိုလန်သွားတာဘဲ။

ဘယ်သူမှမပြောခဲ့ပါဘူး၊ ရှက်စရာကောင်းလို ့ပါ၊ အခုpostတွေ ့တော့စိတ်နာနာနဲ ့တင်လိုက်တာပါ။

ပုံပါအတိုင်းဟိုလိုလိုဒီလိုလိုနဲ့ရပ်နေတဲ့ ငမိုက်သားများဖြစ်ပါတယ်၊ အနားကဖြတ်သွားရင်

ကျိုက်ထီးရိုးက အချို ့သောအလှူခံများလို အတင်းကြီးလိုက်မေးတတ်ပါတယ်၊ ဒီကောင်တွေကြောင့်

တိုးစိုက်ဆင်းတစ်ခု ့ဖြစ်တဲ့အဲ့ဒီနေရာဟာ ဂုဏ်သိက္ခာကျဆင်းခဲရတာ အတော်ကြာပါပါပြီ၊

လိုကယ်များတင်ခံရတာမဟုတ်ဘဲ ၊ဖောရိန်နာများကိုပါလိမ်ကြတာပါ

၊ပြသနာခဏခဏတက်ပါတယ်။ ရဲဆိုတာကလဲသိတဲ့အတိုင်းလေ၊ ရှိရှိသိသိကြီးနဲ့ကိုလုပ်စားနေကြတာ၊

 

DSC00289

 

 

11 comments

  • koyinmaung

    March 12, 2013 at 10:57 am

    ဘယ်လို လိမ်လည်တယ်ဆိုတာ
    ပြည့်ပြည့်စုံစုံလေး
    ရေးပေးယင်ကောင်းမယ်ထင်တယ်…

    • ဦးဖွတ်ကျား

      March 12, 2013 at 11:18 am

      ဂလိုဗျ.. သာမန် ပိုက်ဆံ တစ်အုပ် ဆိုတာ ..ပိုက်ဆံအရွက် ကို အလျားလိုက်ထားဗျာ။.
      ဘယ်ဘက် ကနေကြည့်ရင် ၅ပုံ ၂ပုံ (ဒါမှမဟုတ် ၃ပုံ ၁ပုံ )မှာ သားရေကွင်းနဲ့ စည်းပြီး
      အုပ် အဖြစ် စုစည်းလေ့ရှိတယ်။ ပိုက်ဆံရေဖို့အတွက် ညာဘက် ၅ပုံ၃ပုံ ဒါမှမဟုတ် (၃ပုံ၂ပုံက)
      လွတ်လွတ်လပ်လပ် ရှိနေလေ့ရှိသဗျ။

      လိမ်တဲ့အုပ်တွေကတော့ ပိုက်ဆံရဲ့ ဘယ်ဘက်ကနေ
      ပုံမှန်အတိုင်း ၅ပုံ ၂ပုံ (ဒါမှမဟုတ် ၃ပုံ ၁ပုံ )မှာ စည်းသလို .၅ပုံ ၃ပုံ ဒါမှမဟုတ် ၃ပုံ ၂ပုံ မှာ
      နောက်ထပ် တခေါက် ထပ်ပြီး စည်းထားလေ့ရှိတယ်။ သဘောကတော့ ရေဖို့ အလွတ်ထားတဲ့
      အခြမ်းက ၃ပုံတပုံ (ဒါမှမဟုတ်) ၅ပုံ၁ပုံပဲ ကျန်တဲ့ သဘော ဆိုပါတော့…။

      အဓိက Twist ကတော့ ချုပ်ထားတဲ့အပိုင်းက တဝက် (၅၀% )ကျော်နေ ဖို့ပါပဲ …။
      ဒါမှသာ ပိုက်ဆံတရွက်ကို ၂ခေါက် ခေါက်ထည့်လို့ ရမယ် မဟုတ်ပါလား…။

      သည်တော့ အရွက်၁၀ဝမှာ ခေါက်ထည့်အရွက် ၁ဝရွက် ထည့်ရင် အရွက် ၉ဝတည်းနဲ့
      အုပ်မဖြည်ဘဲ ရေကြည့် ရွက်ရေ တရာ ပြည့်သယောင် ထင်ရတဲ့ ငွေတအုပ်ကို ဖန်တီးနိုင်ပါလိမ့်မယ်။

      အသိတယောက်က သူခံခဲ့ရတဲ့အတိုင်း ပြန်လည်သရုပ်ပြတာကို ရေးလိုက်တာပါ။
      တခြားနည်းတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ အထင်ကရမြို့လည်ခေါင်
      ဆိုတာ လူလိမ်လူကောက် တွေ ကျက်စားဖို့ နေရာလိုဖြစ်နေတာတော့
      အလွန်စိတ်မကောင်းကြောင်း..။
      လက်ကျောမတင်းတဲ့ ကလိန်ခြုံတွေရော .. ခြစားနေတဲ့ တာဝန်ရှိသူတွေ ပါ
      ရှက်တတ်ဖို့ လိုကြောင်း..။

      တော်သေးဘီ….
      ခင်တဲ့
      ဂီ

  • နေဝန်းနီ

    March 12, 2013 at 11:36 am

    အဲဒါက အပြင်ဘက်မှာဖြစ်တာပါ….။ နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ ဘဏ်မှာတောင် ညံ့တဲ့သူခံလိုက်ရသေးတာပဲ…။ ခွေလက်ခံကောင်တာရဲ့ ခုံမှာ အပေါက်သေးသေးရှည်ရှည်လေး ဆွဲထားတယ်လေ….။ အကြောင်းမသိရင်တော့ ဆက်ကြောင်းလိုလိုဘာလိုလိုပေါ့….။ ငွေလာသွင်းရင် ငွေစက္ကူတွေကို သားရေကွင်း ဖြည်ပြီးခါတယ် ညီအောင် ခုံပေါ်ကို ခေါက်ပြီး ဆောင့်တယ်…။ ကျသွားပြီလေ…။ ခုဏက အပေါက်သေးသေးလေးကနေ ရွက်ရေ တစ်ရာဆိုရင် တစ်ချက်ေဆောင့်တစ်ရွက် …။ သုံးချက်လောက်ဆောင့်ရင် သုံးရွက်လောက် …။ အဲဒါ လေးဆယ်ငါးကျပ်တန်…။ ကိုးဆယ်တန်ခေတ်ကပါ…။ နောက် လူပြောများလာတော့ အဲခုံတွေပေါ်ကို မှန်ချပ်တွေ ပြန်ချပေးထားလို့ နို့မို့ဆိုရင်………… အရင်တုန်းကပြောတာပါ…။ လူတွေကကို စာရိတ္တ ဆင်းရဲနေတာ စနစ်ကြောင့်မဟုတ်ဘူး…။ ကျုပ်တို့ဆီမှာ ဝင်ငွေနဲ့ မလောက်ရင် အငတ်ခံနေမယ် ဆိုတဲ့စိတ်မရှိဘူး …။ ဘယ်လိုနည်းနဲ့ရရ ကိုယ့်အတွက်ရရင်ပြီးရောဆိုတဲ့စိတ်ပဲရှိတယ် …။ ကြီးကြီး လတ်လတ် ငယ်ငယ် အတူတူ ပဲ ခိုးလို့ရတဲ့သူက ပိုခိုးချင်တယ် …။ ခိုးခွင့် လုံးဝမရတဲ့သူက ဗြောင်တောင်းစားမယ်…။
    ကျန်တဲ့ တရားသောနည်းလမ်းနဲ့ ဝင်ငွေရဖို့ မတွေးဖူး မကြံဆဘူး…။ တစ်ယောက်က ဒီနားက ခိုးလို့ရတယ်ဆိုရင်နောက်က လိုက်ပြီးခိုးဖို့ ဝန်မလေးဘူး …။ တစ်ယောက်က ဒီနားကတောင်းလို့ရတယ်ဆိုရင် နောက်က တစ်သီတစ်တန်းကြီးလိုက်တောင်းကြတော့တာပဲ….။ အစဉ်းစားအဆင်ခြင်နဲတဲ့ သိုးတွေလိုပဲ…။ အဲဒါကြောင့် တစ်ချိန်က ကဗျာဆရာ မောင်လေးအောင်က ” သိုးတွေက ကဗျာ မရေးဘူး”လို့ ပြောခဲ့တာ………။

  • awra-cho

    March 12, 2013 at 12:42 pm

    ဩရတို့တော့ အဲ့နားသွားရင် အမေးခံရတာကိုပဲ ဂုဏ်ယူနေတာဗျို့၊ သူတို့က တော့ ခိုးလာလဲ တယ်ထင်လို့ မေးလားတော့ သိပါဘူး၊ ခပ်တည်တည်ပဲ မလဲဘူး၊ အထာကြီးနဲ့ ခေါင်းခါပြ၊ မိုက်တယ်ဗျ။ နောက်ပြီး အဲ့ကောင်တွေက ကုလားများတယ်ဗျ၊ လူမျိုးရေး မပါပါဘူး၊ ပြောပြတာပါ၊ ဒီလိုလုပ်တဲ့ ကောင်တွေ တသက်လုံး လူမွေးလူတောင် ပြောင်မှာ မဟုတ်ပါဘူးလေ၊

  • koyinmaung

    March 12, 2013 at 3:00 pm

    ၁ဝရွက်ပါတအုပ်မှာ…၉ရွက်ကိုတရွက်နဲ့အုပ်ခေါက်ထားတာတယ်ဆိုယင်…
    ၅ရွက်တအုပ်၄ရွက်တအုပ် လုပ်ပြီး အုပ်တဲ့အရွက်အတွင်းဘက်က
    မျက်နှာချင်းဆိုင်ထိတဲ့အုပ်ထားတဲ့အရွက်ကိုတဝက်ပြန်ခေါက်ထားလိုက်
    ဲပြီးယင်ဆယ်အုပ်ပေါင်းပြီး အုပ်တဲ့အရွက်ဘက်ကနေသရေပင်နဲ့စည်းလိုက်…
    သရေပင်မဖြေဘဲနဲ့ ရေကြည့်လိုက်ယင် ၉ရွက်တွေချည်းရေမိလိပ်မယ်…
    အုပ်ရေကိုပြန်စစ်ကြည့်ယင်လဲဆယ်အုပ်ပြည့်နေတာတွေ့ရလိပ်မယ်…
    ဒီလိုလိမ်တာတော့တွေ့ခဲ့ဘူးပါတယ်..

  • aanyar thar

    March 12, 2013 at 6:36 pm

    အနည်းငယ်ပြောပါရစေဦးဗျာ..ကိုယ့်ရဲ့ချွေးနှဲစာ နှိုင်ငံခြားငွေလေး..လှဲမယ်..တရားဝင် နေရာတွေမှာမလဲချင်ဘူး.အကြောင်းအမျိုးမျိုးကြောင့်ပေါ့..ဟုတ်ပြီ ဆူးလေ စောရတွေစီမှာ လဲမယ်..ရန်ကုန်မှာ နေတဲ့သူဆို ကားပါသလား.နယ်ကလူဆို ငွေပမာဏ.နဲသလား.၃…၄..သိန်းဆို…ကျနော်အညာသား ပလက်ဖောင်းပေါ် ငုတ်တုပ်ထိုင် သရေပင်ဖြေပြီး ၁..ရွက်ချင်းရေပါတယ်..ရောင်းတဲ့စောရ ဟာ..အကိုအဲ့လိုရေနေရင် ကြာမယ်ပြောပါတယ်.အိုကေ ဒါဆို ငါကပိုတောင် အချိန်မရလို့ မရောင်းတော့ဘူးကွာ..ငွေပမာဏများသလား ဆယ်ချီမယ်ဆို ဟိုဖက်လမ်းလေးမှာ လက္ဘရည်ဆိုင်လေး ရှိ့ပါတယ် စောရကို ကို့ရဲ့ငွေပမာဏပြောပြီး ခေါ်ခဲ့ပါ.(ကားပါရင် ကားပေါ်ခေါ်လိုက်ပါ.)..သရေပင်လေး ဖြုတ်ရေရတာ သိကာ္ခကျသလားဗျာ..၉၆ ကတည်းက မြန်မာအလည်ပြန်တိုင်း ကျနော်အညာသားဆူးလေစောရတွေစီမှာ ငွေထုပ်ကို သရေပင်မဖြေပဲ တစ်ခါမှ့ မရေခဲ့ပါဘူးခင်ဗျာ.သူတို့ကတော့ တွေးမှာပါ..အတော်ပိန်းတဲ့ကောင် နှိုင်ငံခြားကပြန်လာတယ်လည်းပြောသေး..ငွေထုတ်ကို အထုပ်လိုက်မရေဘူး..သရေဖြေပြီးရေတွက်တယ်.ဆိုပဲဗျ(ယခု့လောလော ဆယ်နေသော နှိုင်ငံရှိ့ လမ်းဘေးငွေထုတ်စက်လေးတွေမှာတော့ ငွေထုတ်ပြီးပြီးခြင်း ကိုယ်ထုတ်လိုက်တဲ့ ငွေပမာဏ ပြည့်မပြည့် မရေတွက်ရဲပါခင်ဗျာ..) ၄..လပိုင်း အလည်ပြန်တဲ့အချိန် ဆူးလေစောရတို့စီ ငွေရောင်းဖြစ်ရင်တော့ ပလက်ဖောင်းပေါ်ပုဆိုးကတောင်းကြိုက် (အိုပါး..စောင့်ကြောင့်ထိုင်) ပြီး ငွေထုပ် သရေပင်ဖြုတ်လို့ ၁ ..ရွက်ခြင်းရေပါဦးမည်..ငွေပမာဏများရင်တော့ သူငယ်ချင်းတွေကို ငွေရေတွက်ခိုင်းပြီး ဘီယာတိုက်ဖို့ခေါ်ခဲ့ပါတယ်.အထုပ်မဖြေပဲ ရေမယ်ဆိုရင်တော့ လွမ်းခြင်းလွမ်း ကိုယ်တိုင်ပဲ လွမ်းရမယ်ဗျိုး..လိမ်တာ သူတို့အလုပ်ပါ ..ဒါပေ့မယ့်သူတို့ စီရောင်းရတာ တရားဝင် နေရာတွေထက် ပိုကောင်းပါတယ်..ဟိုနေရာတွေက တရားဝင် ဆိုပြီး ကိုယ့်ချွေးနှဲစာလေး ကိုယ်ရှာပြီးလာရောင်းတာကို တောင် သူခိုးကြည့်ကြည့်ပါတယ်.ဟိုစာအုပ်တောင်း ဒီစာရွက်တောင်းတောင်းပါတယ်.ဆူးလေစောရတွေကလည်း သူခိုးကြည့်ကြည့်တာပဲဆိုတော့ တူတူပါပဲဗျာ.

  • ဦးဦးပါလေရာ

    March 13, 2013 at 9:16 am

    တစ်လောက မတော်တဆဂျောက်ကျပြီး ခြင်္သေ့ကျွန်းခဏသွားဘို့ မဲကျမယ်ထင်လို့
    ပန်းဆိုးတန်းက အထင်ကရဟဲဗီးဘဏ်ကြီးမှာ စလုံးသုံးထောင်လောက် သွားဝယ်တော့
    အထောက်အထားတောင်းပါတယ်။
    ဘာအထောက်အထားလဲလို့မေးတော့ ဘာလုပ်ဖို့ဆိုတဲ့အထောက်အထား….တဲ့
    ၆မြင်ကပ်ကပ်နဲ့ သီလရှင်လောင်းဖို့လို့ ဘုပြောပြီးထွက်ခဲ့တယ်…။
    အဲလို….

  • အဲလို ဘုပြောထွက်တော့
    ဘုန်းကြီးရောမလောင်းဘူးလာလို့မမေးလိုက်ဘူးလား
    ိုကိုပါကို လဲရောပေးလိုက်ရဲ့လားဗျ

    • ဦးဦးပါလေရာ

      March 13, 2013 at 1:46 pm

      မလဲလိုက်ရပါဘူး ကိုပေါက်ရယ်
      ဘုပြောလိုက်တော့ အဲဒီကောင်တာကအမျိုးသမီး မျက်နှာပျက်ပြီး တဖက်လှည့်သွားတာနဲ့
      ကျွန်တော်လဲ ပြန်ထွက်ခဲ့တယ်..။
      လုပ်ပေးဘို့ ဝတ္တရားရှိတဲ့ ပုံမှန်အလုပ်လေးကိုတောင် ထင်ရာမြင်ရာ supporting documents တွေ လျှောက်လျှောက်တောင်းတာ ဒီနိုင်ငံမှာ အကျင့်ကို ဖြစ်နေပြီ။
      အဲဒါတောင် ပုဂ္ဂလိက ဝန်ထမ်းနော်…။

  • ဦးကြောင်ကြီး

    March 14, 2013 at 10:09 am

    တိုင်ပြည်ဂျီးမှာ ရဲတပ်ဖွဲ့အင်အား သိန်းကျော်ရှိလျက်နဲ့ ဒါမျိုးတွေ ဖြစ်နေတုံးပဲလားဗျ…..

    • တိမ်မည်း

      March 14, 2013 at 10:51 am

      ဦးကြောင် ရဲတပ်ဖွဲ ့အင်အား သိန်းကျော်ရှိလို ့လားဗျ…………
      ရန်ကုန်လိုမြို ့ကြီးတောင် သောင်းဂဏန်းပြည့်ပြည့်လေးပဲရှိတာနော်……

Leave a Reply