ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း
(နောက်ဆက်တွဲ)
သံယောဇဉ်၇စ်ပတ်ခဲ့တဲ့
အတိတ်နယ် ကာလများဆီ
ပြန်ပြန်ပြီး မျှော်ကြည့်လိုက်၇င်
မနေ့ကလိုပဲ အ၇ိပ်ထင်နေဆဲ
နှလုံးသား၇ဲ့ အိုအေစစ်
နွေနေမင်း၇ဲ့ ဆည်းဆာ
စွဲလန်းစွာ မက်ခဲ့ဖူးပြီ
စိတ်လွင်ပြင် အိပ်မက်များ
အခုဆို၇င်…
ခါးများ ခါးသွားပြီလား…
တစ်မြေခြားတဲ့အဝေးမှာ
ဘဝကို ထုဆစ်ဖို့
အုတ်မြစ်တစ်ခုကို လာချတုန်း
သုံးမိုး သုံးနွေလွန်မှ
ငါချစ်တဲ့ ဆ၇ာမလေးဆီ
ပြန်၇မည်မျှော်လ­ို့
ခေါ်သံ သဲ့သဲ့နဲ့လိုက်၇ှာ
စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု
၇ှာဖွေလို့ဖြင့်မုချတွေ့ပါ၇စေ…။
ဘုန်းနိုင်ေ၇းတဲ့ လွမ်းချင်း
ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း…တဲ့
ခံစားချက်နဲ့ အတွေး
ဦးနှောက်ကို အလုပ်ပေးသွားတယ်…
Wordsworth ၇ဲ့ Lucy
နှစ်ကာလ ကြာ၇ှည်မှ
ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း
မလန်းဝင့်ခင် နွမ်းလင့်ပြီင်္
လေနီိ၇ိုင်းကစားလို့
ကံကြမ္မာ၇ထားမှောက်
သေမင်း၇ဲ့ ထောင်ချောက်မှာ
လောကကို စွန့်ခွာလို့
ထါဝ၇ ငြိမ်းချမ်းခြင်းနဲ့
ဟိုအုတ်ဂူ သုဿာန်လေးမှာ
မှေးစက်၇ှာပြီ…။
ငြိမ်းသူ လည်း တစ်ကိုယ်ဆွေး
အလှမ်းဝေးတဲ့ လွမ်းနွယ်
ပန်းစံပယ် ငုံစဉ်ကတည်းက
ဥယျာဉ်မှူးလို ယုယခဲ့ပေါ့
နမ်း၇ှိုက်ဖို့ မ၇ဲလို့
နှစ်တွေတောင် ချို့ခဲ့၇
သုံးနှစ်ဆိုတဲ့ ကာလတိုက်စား
အခြေအနေတွေ ခြားခဲ့ပြီ
မျှော်လင့်ခြင်းကြီးစွာနဲ့ အလာခ၇ီး
၇င်နင့်ခြင်းနှင့် ဆီးကြိုလို့
နှောင်းခဲ့တဲ့ အချိန်ကာလမှာ
ပြောင်းလဲခြင်းဆိုတဲ့ သဘာဝကြောင့်
ချစ်သူသည် ဖူးစာဖက်နှင့်
ပျော်နေခဲ့ပြီ…။
ငါ၏၇င်ခွင်အိပ်မက်ေ၇ာ
ပျက်ယွင်းသွားမှာလား
ဥယျာဉ်မှူး ပန်းမခူး၇
စောင့်စည်းခဲ့၇တဲ့ သိက္ခာတ၇ား
နောင်တခါးခါးတွေဖြစ်လာခဲ့ပြီ…။
အတိတ်၇ဲ့ လွင်ပြင်ထဲမှာ
ငါ…မျောပါကျင်လည်ခဲ့စဉ်တုန်းက
အသုံးမကျတဲ့ အသိဉာဏ်ကြောင့်
ချစ်သူနဲ့ တွေဖို့ နောက်ကျခဲ့၇
စောင့်စားခဲ့၇တဲ့ နှစ်များစွာ
ငါ… ဘာတွေကို ဖြတ်သန်းခဲ့၇လဲ
ငါ့၇ဲ့ မျှော်လင့်ခြင်းမှတ်တမ်းမှာ
မျက်၇ည်မင်တွေစွန်းပေလို့
၂ဝဝဝ ပြည့်နှစ်များဆီကနေ
ဆယ်ကြိမ်မြောက် နှစ်သစ်ကူးခဲ့
အသက် တစ်ဆယ့်ခြောက်နှစ်
အထက်တန်းကျောင်းသူဘဝ
ငါ… မြတ်နိုးခဲ့၇သူ
အခုဆို…
မူလတန်းပြ ဆ၇ာမလေး
နှစ်ဆယ်ခြောက်ကြိမ်မြောက်မွေးနေ­့ကို
သူမ…နွေးထွေးစွာ ကြိုခဲ့ပြီ…
နှစ်ပေါင်းများစွာ ကြာခဲု့ပါလျှက်
မိုင်ပေါင်းများစွာ ခြားထားလျှက်က
ငါ့၇ဲ့ ဦးနှောက်မှတ်ဉာဏ်မှာ
နေ၇ာယူလို့ထားတုန်း
မျှော်လင့်ခြင်းနဲ့ အိမ်ပြန်ချိန်
လွမ်းနွယ် လိုများ
အို… ဘု၇ားသခင်
ကျွနုင်္ပ် ဘယ်လို ဆက်လက်၇ှင်သန်၇ပါ့..
အိပ်မက်ေ၇းေ၇းလေးနဲ့ ၇ပ်တည်နေခဲ့
မျှော်လင့်ချက်များစွာ
ဟာတာတာ ၇င်ခွင်
ကြမ္မာများ ငင်ခဲ့၇င်ဖြင့် 
သူမ၇ဲ့ အမုန်း
ငါ၏ ဘဝကို အဆုံးသတ်လိမ့်…
ိစိတ်၏ခြေ၇ာနောက­်
တကောက်ကောက်လိုက်၇င်း
နောက်ကောက်ကျခဲ့၇တဲ့ နေ့စွဲများ
လွဲချော်မှုတွေကြားမှာ
အမှားတွေများ ပါခဲ့၇င်
သူမ နားလည်ခွင့်လွှတ်­ပေးနိုင်ပါ့မလား…
ဆုံး၇ှုံးခြင်းဆိုတဲ့ ၇လဒ်
အိပ်မက်တောင် မက်ဖို့မ၇ဲ
အထီးကျန်ဆန်တဲ့ နယ်မြေထဲမှာ
ငါ့ဘဝ အကျည်းတန်လို့
ချို့ယွင်းချက်တွေ…
အိပ်မက်တွေကို ဖျက်ချေမွ
(ကိုယ်တိုင်)…၇င့်ကျက်လာခဲ့ပြ­ီးမှတောင်
နှလုံးသားမှာ အနာမကျက်
နေ့စဉ်၇က်ဆက် အလွမ်းတွေနဲ့ ကျင်လည်
သူစိမ်းတွေ၇ဲ အလယ်မှာ
စိတ်ကူးတွေယဉ် အိပ်မက်တွေမက်
မျှော်လင့်ချက်တွေက ၇ှင်သန်မြဲ
၇ှင်သန်လို့ နေဆဲပါ…။
သေချာတာ တစ်ခုက
၇ူးသွပ်၇ုံသက်သက် မဟုတ်ဘဲ
အမြစ်တွယ်နေတဲ့ နှောင်ကြိုး
မကျိုးပြတ်နိုင်တဲ့ သံယောဇဉ်
တည်ငြိမ်နေတဲ့ နှလုံးသားနဲ့
၇ိုးသားစွာ မြတ်နိုးတာမို့
အဆိုးထဲက မျှော်လင်းခြင်းပန်း
ငါ့အတွက် ပွင့်လန်းနိုင်ပါစေ…
တောင်းဆုခြွေ၇င်း
ကိုယ်တိုင် မပေးဖြစ်လိုက်တဲ­့
မွေးနေ့လက်ဆောင်
ကံကြမ္မာေ၇…
ေ၇ာက်အောင်ဆောင်ကြဉ်းပေးပါ…
၇ာစုအသစ်တစ်ခုမှာ
သူမ ၏မျက်နှာလေးကို
အနီးကပ်မြင်ခွင့် ရ ရပါလို၏…။ ။

တောက ကိုရင်
(အော်…ငါချစ်တဲ့ ဆ၇ာမလေးတောင် အသက် နှစ်ဆယ့်ခြောက်နှစ်တင်းတင်းပြည့­်ခဲ့ပြီကိုး…။)
(၇ှစ်၇က် ၇ှစ်လ ၇ှစ်ဆယ့်လေး…
မမေ့နိုင်သေးတဲ့သူမ၇ဲ့မွေးနေ့ေ၇­ာက်တိုင်း
ထိုင်းမှိုင်းနေတဲ့ အာ၇ုံကြောတွေက
သူမ ကျန်းမာ၇ွှင်လန်းပါစေကြောင်း
ဆုတောင်းလေးတွေ ညည်းဆိုနေခဲ့တာ
ဆယ်စုနှစ်တစ်ခုတောင် ကြာခဲ့ပြီလေ…)
အူဝဲေ၇…ဒီကဗျာ­လေးဟာ…ဝ၈.ဝ၈.၂ဝ၁ဝ အတွက် ငါ့၇ဲ့ မွေးနေ့လက်ဆောင်ပါ…
ငါ့၇ဲ့ နှလုံးသားကို ထည့်သွင်းမြှုပ်­နှံထားပါတယ်…ကိုယ်တိုင် လာမပေးနိုင်တဲ့အတွက်တော့ ခွင့်လွှတ်ပေးပါ…
ဆယ်စုနှစ်တစ်ခုကြာ အနာမကျက်နိုင်သေးတဲ့ နှလုံးသားနဲ့
ပြည်တော်ပြန် အဝင်ခက်နေတဲ့ မဲဇာတောနက်နက်ထဲက ဥယျာဉ်မှူး…

တောက ကိုရင်
08.08.2010

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…