ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း(နောက်ဆက်တွဲ)

koyinMarch 12, 20131min711

ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း
(နောက်ဆက်တွဲ)
သံယောဇဉ်ရစ်ပတ်ခဲ့တဲ့
အတိတ်နယ် ကာလများဆီ
ပြန်ပြန်ပြီး မျှော်ကြည့်လိုက်ရင်
မနေ့ကလိုပဲ အရိပ်ထင်နေဆဲ
နှလုံးသားရဲ့ အိုအေစစ်
နွေနေမင်းရဲ့ ဆည်းဆာ
စွဲလန်းစွာ မက်ခဲ့ဖူးပြီ
စိတ်လွင်ပြင် အိပ်မက်များ
အခုဆိုရင်…
ခါးများ ခါးသွားပြီလား…
တစ်မြေခြားတဲ့အဝေးမှာ
ဘဝကို ထုဆစ်ဖို့
အုတ်မြစ်တစ်ခုကို လာချတုန်း
သုံးမိုး သုံးနွေလွန်မှ
ငါချစ်တဲ့ ဆရာမလေးဆီ
ပြန်ရမည်မျှော်လ­ို့
ခေါ်သံ သဲ့သဲ့နဲ့လိုက်ရှာ
စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု
ရှာဖွေလို့ဖြင့်မုချတွေ့ပါရစေ…။
ဘုန်းနိုင် ရေးတဲ့ လွမ်းချင်း
ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း…တဲ့
ခံစားချက်နဲ့ အတွေး
ဦးနှောက်ကို အလုပ်ပေးသွားတယ်…
Wordsworth ရဲ့ Lucy
နှစ်ကာလ ကြာရှည်မှ
ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း
မလန်းဝင့်ခင် နွမ်းလင့်ပြီင်္
လေနိရိုင်းကစားလို့
ကံကြမ္မာရထားမှောက်
သေမင်းရဲ့ ထောင်ချောက်မှာ
လောကကို စွန့်ခွာလို့
ထါဝရ ငြိမ်းချမ်းခြင်းနဲ့
ဟိုအုတ်ဂူ သုဿာန်လေးမှာ
မှေးစက်ရှာပြီ…။
ငြိမ်းသူ လည်း တစ်ကိုယ်ဆွေး
အလှမ်းဝေးတဲ့ လွမ်းနွယ်
ပန်းစံပယ် ငုံစဉ်ကတည်းက
ဥယျာဉ်မှူးလို ယုယခဲ့ပေါ့
နမ်းရှိုက်ဖို့ မရဲလို့
နှစ်တွေတောင် ချို့ခဲ့၇
သုံးနှစ်ဆိုတဲ့ ကာလတိုက်စား
အခြေအနေတွေ ခြားခဲ့ပြီ
မျှော်လင့်ခြင်းကြီးစွာနဲ့ အလာခရီး
ရင်နင့်ခြင်းနှင့် ဆီးကြိုလို့
နှောင်းခဲ့တဲ့ အချိန်ကာလမှာ
ပြောင်းလဲခြင်းဆိုတဲ့ သဘာဝကြောင့်
ချစ်သူသည် ဖူးစာဖက်နှင့်
ပျော်နေခဲ့ပြီ…။
ငါ၏ရင်ခွင်အိပ်မက်ရော
ပျက်ယွင်းသွားမှာလား
ဥယျာဉ်မှူး ပန်းမခူး၇
စောင့်စည်းခဲ့ရတဲ့ သိက္ခာတရား
နောင်တခါးခါးတွေဖြစ်လာခဲ့ပြီ…။
အတိတ်ရဲ့ လွင်ပြင်ထဲမှာ
ငါ…မျောပါကျင်လည်ခဲ့စဉ်တုန်းက
အသုံးမကျတဲ့ အသိဉာဏ်ကြောင့်
ချစ်သူနဲ့ တွေဖို့ နောက်ကျခဲ့၇
စောင့်စားခဲ့ရတဲ့ နှစ်များစွာ
ငါ… ဘာတွေကို ဖြတ်သန်းခဲ့ရလဲ
ငါ့ရဲ့ မျှော်လင့်ခြင်းမှတ်တမ်းမှာ
မျက်ရည်မင်တွေစွန်းပေလို့
၂ဝဝဝ ပြည့်နှစ်များဆီကနေ
ဆယ်ကြိမ်မြောက် နှစ်သစ်ကူးခဲ့
အသက် တစ်ဆယ့်ခြောက်နှစ်
အထက်တန်းကျောင်းသူဘဝ
ငါ… မြတ်နိုးခဲ့ရသူ
အခုဆို…
မူလတန်းပြ ဆရာမလေး
နှစ်ဆယ်ခြောက်ကြိမ်မြောက်မွေးနေ­့ကို
သူမ…နွေးထွေးစွာ ကြိုခဲ့ပြီ…
နှစ်ပေါင်းများစွာ ကြာခဲု့ပါလျှက်
မိုင်ပေါင်းများစွာ ခြားထားလျှက်က
ငါ့ရဲ့ ဦးနှောက်မှတ်ဉာဏ်မှာ
နေရာယူလို့ထားတုန်း
မျှော်လင့်ခြင်းနဲ့ အိမ်ပြန်ချိန်
လွမ်းနွယ် လိုများ
အို… ဘုရားသခင်
ကျွနုင်္ပ် ဘယ်လို ဆက်လက်ရှင်သန်ရပါ့..
အိပ်မက်ရေးရေးလေးနဲ့ ရပ်တည်နေခဲ့
မျှော်လင့်ချက်များစွာ
ဟာတာတာ ရင်ခွင်
ကြမ္မာများ ငင်ခဲ့ရင်ဖြင် ့
သူမရဲ့ အမုန်း
ငါ၏ ဘဝကို အဆုံးသတ်လိမ့်…
ိစိတ်၏ခြေရာနောက­်
တကောက်ကောက်လိုက်ရင်း
နောက်ကောက်ကျခဲ့ရတဲ့ နေ့စွဲများ
လွဲချော်မှုတွေကြားမှာ
အမှားတွေများ ပါခဲ့ရင်
သူမ နားလည်ခွင့်လွှတ်­ပေးနိုင်ပါ့မလား…
ဆုံးရှုံးခြင်းဆိုတဲ့ ရလဒ်
အိပ်မက်တောင် မက်ဖို့မရဲ
အထီးကျန်ဆန်တဲ့ နယ်မြေထဲမှာ
ငါ့ဘဝ အကျည်းတန်လို့
ချို့ယွင်းချက်တွေ…
အိပ်မက်တွေကို ဖျက်ချေမွ
(ကိုယ်တိုင်)…ရင့်ကျက်လာခဲ့ပြ­ီးမှတောင်
နှလုံးသားမှာ အနာမကျက်
နေ့စဉ်ရက်ဆက် အလွမ်းတွေနဲ့ ကျင်လည်
သူစိမ်းတွေရဲ အလယ်မှာ
စိတ်ကူးတွေယဉ် အိပ်မက်တွေမက်
မျှော်လင့်ချက်တွေက ရှင်သန်မြဲ
ရှင်သန်လို့ နေဆဲပါ…။
သေချာတာ တစ်ခုက
ရူးသွပ်ရုံသက်သက် မဟုတ်ဘဲ
အမြစ်တွယ်နေတဲ့ နှောင်ကြိုး
မကျိုးပြတ်နိုင်တဲ့ သံယောဇဉ်
တည်ငြိမ်နေတဲ့ နှလုံးသားနဲ့
ရိုးသားစွာ မြတ်နိုးတာမို့
အဆိုးထဲက မျှော်လင်းခြင်းပန်း
ငါ့အတွက် ပွင့်လန်းနိုင်ပါစေ…
တောင်းဆုခြွေရင်း
ကိုယ်တိုင် မပေးဖြစ်လိုက်တဲ­့
မွေးနေ့လက်ဆောင်
ကံကြမ္မာေ၇…
ရောက်အောင်ဆောင်ကြဉ်းပေးပါ…
ရာစုအသစ်တစ်ခုမှာ
သူမ ၏မျက်နှာလေးကို
အနီးကပ်မြင်ခွင့် ရ ရပါလို၏…။ ။

တောက ကိုရင်
(အော်…ငါချစ်တဲ့ ဆရာမလေးတောင် အသက် နှစ်ဆယ့်ခြောက်နှစ်တင်းတင်းပြည့­်ခဲ့ပြီကိုး…။)
(ရှစ်ရက် ရှစ်လ ရှစ်ဆယ့်လေး…
မမေ့နိုင်သေးတဲ့သူမရဲ့မွေးနေ့ေ၇­ာက်တိုင်း
ထိုင်းမှိုင်းနေတဲ့ အာရုံကြောတွေက
သူမ ကျန်းမာရွှင်လန်းပါစေကြောင်း
ဆုတောင်းလေးတွေ ညည်းဆိုနေခဲ့တာ
ဆယ်စုနှစ်တစ်ခုတောင် ကြာခဲ့ပြီလေ…)
အူဝဲေ၇…ဒီကဗျာ­လေးဟာ…ဝ၈.ဝ၈.၂ဝ၁ဝ အတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင်ပါ…
ငါ့ရဲ့ နှလုံးသားကို ထည့်သွင်းမြှုပ်­နှံထားပါတယ်…ကိုယ်တိုင် လာမပေးနိုင်တဲ့အတွက်တော့ ခွင့်လွှတ်ပေးပါ…
ဆယ်စုနှစ်တစ်ခုကြာ အနာမကျက်နိုင်သေးတဲ့ နှလုံးသားနဲ့
ပြည်တော်ပြန် အဝင်ခက်နေတဲ့ မဲဇာတောနက်နက်ထဲက ဥယျာဉ်မှူး…

တောက ကိုရင်
08.08.2010

One comment

  • မယ်ဇာတောထဲက ဥယျာဉ်မှူး ဆိုဒေါ့ …
    ကိုရင် က ဘာစိုက်စားဒါဒုံး … :mrgreen:
    နောက်တာပါဗျို့ …
    ကဗျာလေး အားပေးသွားပါတယ် ဆိုတာလေး ….

Leave a Reply