ဖြစ်တည်မှု အဇ္ဇုတ္တ
(ဝန်ခံခြင်း)
ခွင့်လွှတ်ခြင်းဆိုတာ
မေတ္တာတရားရဲ့
အခြေခံ စိတ်ထားပါ…
ဒါကို မသိခင်
ငယ်စဉ်က
ခွင့်လွှတ်ခြင်း ဆိုတာ
အရှုံးပေးခြင်းပဲလို့
ထင်ခဲ့တယ်…..။­
ကလေးတစ်ယောက်ရဲ့
နုနယ်တဲ့ ရင်မှာ
ခွင့်လွှတ်ခြင်းရ­ဲ့
ငြိမ်းအေးမှု ရောက်မလာဘဲ
သိမ်ငယ်ကြောက်မက်ဖွယ်
အထီးကျန်မှုကိုသာ­
ရခဲ့တယ်…..။
တစ်ယောက်တည်း
ငြိမ်းချမ်းတည်ငြိမ်နေတာ
မဟုတ်ပါဘူး
ဒါဟာ…
ကြောက်လန့်နေတာ
ရှက်ရွံ့နေတာ
တုန်လှုပ်နေတာ
အဲဒီ…
ငြိမ်သက်အေးချမ်းတဲ့
လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ
ကြောက်မက်ဖွယ်
ချောက်ကမ်းပါးကြီးတွေ
ရှိခဲ့တယ်…..။
ခွင့်လွှတ်ခဲ့တာလား
(ဟင့်အင်း…)
ဘယ်လိုမှ
တုန့်ပြန်ချေပနိင်စွမ်း မရှိလို့
ခေါင်းငုံ့ပြီး
အရှုံးပေးခဲ့ရတာ…..။
နူးညံ့ခဲ့တာလား
(ဟင့်အင်း…)
အရာရာကို
ဆုံးရှုံးရမယ်ဆိုတာ
သိနှင့်နေလို့
စိတ်ကို ဖော့ထားလိုက်ရတာ…..။
သည်းခံခဲ့တာလား
(ဟင့်အင်း…)
အရှုံးကို
ရှောင်မရတော့လို­့
ပေတေ ကြိတ်မှိတ်ပြီး
အံကြိတ် ခံခဲ့ရတာ…..။
နာနာကျင်ကျင်
ရိုက်ပုတ်တဲ့ ဒဏ်ကို
အလူးအလဲ ခံခဲ့ရတဲ့
လူသားတစ်ဦးဆီမှာ
ဖြူစင်မြင့်မြတ်တဲ့
စိတ်ကောင်းစေတနာဟာ
ဘယ်လိုလုပ်ပြီး
ပေါ်ထွက်လာနိုင်မှာလဲ…..။
ရှိခဲ့ရင်တောင်
ဒီဖြူစင်မှုဟာ
ဘဝနဲ့
လောင်းကြေးထပ်ထားရတဲ့
ခံစားမှုမျိုးပါ…..။
ကိုယ့်ကိုယ်ကို
ပြန်ရယူဖို့အတွက­်
မျက်နှာလွဲပြီး
ပေးဆပ်လိုက်ရတဲ့
တန်ရာတန်ကြေးပါ…..။
တမင်
လှည့်ဖြားဖို့အတွက်
ကိုယ့်ကိုယ်ကို
ပြန်ပြီး သုံးလိုက်ရတဲ့
မုသားချိုတစ်ခုပါ…..။
ခွင့်လွှတ်ခြင်းဆိုတာ
မြင့်မြတ်မှုတစ်ခုလို့
မသိခင်ကတည်းက
ခွင့်လွှတ်နေခဲ့ရတာ
ဘယ်လိုလုပ်ပြီး
မှန်ကန်နိုင်ပါ့မလဲ…
ဘယ်လိုလုပ်ပြီး
စနစ်ကျနိုင်ပါ့မလဲ…
ဘယ်လိုလုပ်ပြီး
ငြိမ်းချမ်းနိုင်ပါ့မလဲ…..။
တကယ်တော့လည်း
ခွင့်လွှတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို
ညာလို့အကောင်းဆုံး
ခံစားမှုကြီးပဲလေ….။
လူတစ်ယောက်ဟာ
သူ့ထက်
အင်အားကြီးပြီး
ကြောက်မက်ဖွယ်ကောင်းတဲ့
ပတ်ဝန်းကျင်ဆိုတာကြီးနဲ့
တိုက်ခိုက်ရတဲ့အခါ
သူ့ရဲ့
တည်ရှိမြဲမြံရေးအတွက်
ဒီလောက်တော့
ကိုယ့်ကိုယ်ကို
လိမ်လည်ခွင့်
ရှိတယ် မဟုတ်လား…..။
သာမန်လူတွေ လုပ်သလို
လိုက်မလုပ်ခဲ့တာဟာ
မုန်းခဲ့တာ မဟုတ်ဘူး
ရှောင်ခဲ့တာ မဟုတ်ဘူး
တမင် မလုပ်ခဲ့တာ မဟုတ်ဘူး
လုပ်ခွင့်ကို မရှိခဲ့တာပါ…..။
တကယ်တော့
ကိုယ့်ရဲ့ အားနည်းချက်အတွက­်
သာမန်လူတွေထက်
အဆ သန်းပေါင်းများစွာ
(ပိုပြီး…..)
ရက်..စက်..ချင်..နေ..သူ..ပါ…..။ ။

(နီကိုရဲ၏ တောင်ပံမပါတဲ့ ပန်းတစ်ပွင့်ကိုဖတ်ပြီး
ကိုယ်တိုင်ရင်ဘတ်ဖြင့်ခံစားရေးသ­ားမိသော ကဗျာ ဖြစ်ပါသည်…)

တောက ကိုရင်
15.09.2006 (FRI)
10:10 (p.m)
Post on 01.05.2011

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…