ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူ

NovyMarch 12, 20132min38527

ဒါဇင်ပလပ် အဖွဲ့သားများရဲ့ အဌမအကြိမ်မြောက် စုပေါင်းအလှူကို  ၁၀.၃.၂၀၁၃ နေ့မှာ အောင်မြင်စွာနဲ့ သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်၊ ရွာသူားအပေါင်းလည်း သာဓုခေါ်ကုသိုယ်ယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်၊

သာကေတမြို့နယ် ၊ (၁၀) မြောက်ရပ်ကွက်ထဲက ၊ ငှက်ပျောကျွန်း သီလရှင် ပရိယတ္တိစာသင်တိုက်နှင့်နယ်စပ်ဒေသတိုင်းရင်းသူလေးများစောက်ရှောက်ရေးနှင့် ပညာသင်ကြားရေးကျောင်းဖြစ်ပါတယ်

ကျောင်းရဲ့မျက်နှာစာ – photo from အိတုံး

485975_10151386829148371_553863922_n

ကျမတို့ ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ ဆရာလေးဒေါ် ဥတ္တရဉာဏီ နဲ့ ကလေးအချိုသာတွေ့ခဲ့ရပါတယ်ကျန်တဲ့သူတွေကတော့ဘုရားဖူးသွားကျတယ်လို့ ပြောပါတယ် ဆရာလေးကိုပဲသိချင်တာလေးတွေမေးပြီး စာရေးကိရိယာပစ္စည်းတွေနဲ့ လှူငွေနဲ့ ကိုပေရဲ့ဒါန SEIKO နာရီ ကို လှူဒန်းခဲ့ပါတယ်

ကိုပေရဲ့ဒါန- photo from အိတုံး

404_10151386829088371_1135173398_n

စာရေးကိရိယာပစ္စည်းတွေ

IMG_20130310_085058

IMG_20130310_085742 အပြုံးကိုယ်စီIMG_20130310_085551

 

ဆရာလေးဒေါ် ဥတ္တရဉာဏိရဲ့ပြောပြချက်အရသိခဲ့တာတော့

ဒီကျောင်းလေးကို (၁၉၉၃)ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အခုထိတော့ မူလတန်းအဆင့်ထိပဲ ကျောင်းမှာ ပညာသင်ကြားပေးပါတယ်

အလယ်တန်းကလေးတွေကို ဗက ကျောင်းတွေမှာ ပညာသင်ကြားစေပါတယ်

မူလတန်းနဲ့ အလယ်တန်းတွေကို သီလှရှင်ဝတ်နဲ့ထားပြီး

အထက်တန်းကလေးတွေကိုတော့ လူဝတ်နဲ့သာနေစေပြီး

အထက(၄) သာကေတမှာ ပညာသင်ကြားစေပါတယ်

ကျောင်းသားစုစုပေါင်း ၁၀ဝကျော်ကျော်လောက်ရှိပါတယ်

မူလတန်း ၂၅ ၊ အလယ်တန်း ၆၇၊ အထက်တန်း ရယောက် နဲ့

တက္ကသိုလ် ၃ ယောက်ရှိတယ်လို့သိခဲ့ရပါတယ်

ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်စန္ဒာသီရိနဲ့ ဆရာလေးဒေါ်ဥတ္တရဉာဏီ တို့နှစ်ပါးဖြစ်ပါတယ်

ဒါ့အပြင် မူလတန်းပြဆရာမ ၅ယောက်ရှိပြီး

၂ယောက်ကတော့ ငှက်ပျောကျွန်း သီလရှင်ကျောင်းထွက်များဖြစ်ပြီး

ကျန်၃ယောက်ကတော့ အပြင်ကငှားရမ်းထားတာလိုသိခဲ့ရပါတယ်

ဆရာမတစ်ယောက်ကို လစာ ၅၀၀၀ဝပေးပါတယ် ၄၀၀၀ဝကိုတော့ Shine Hope Co. မှထောက်ပံ့ပေးပြီး ကျန်၁၀၀၀ဝကိုတော့ ကျောင်းမှပေးကြောင်းသိခဲ့ရပါတယ်

ကျောင်းရဲ့တစ်လကုန်ကျစရိတ်ကတော့ ၅သိန်းအထက်မှာရှိပါတယ်တဲ့

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့ပေါင်းများစွာရဖို့အတွက် တစ်စေ့ကနေစတင်ရမှာပဲဖြစ်ပါတယ်

အနာဂတ်ကြယ်လေးတွေအလင်းရောင်တောက်ပစေဖို့ စွမ်းနိုင်သမျှကူညိကျပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်

ဂုဏ်ပြုမှတ်တမ်း

IMG_20130310_085914

ဥယျာဉ်မှူးတို့ရဲ့လက်များ- photo from ကိုမတ်

New Image

မေးစရာရှိတာတွေမေး၊ လှူစရာရှိတာတွေကိုလှူ၊ ရိုက်စရာရှိတာတွေရိုက်၊

ကျောင်းထဲမှာရှိတဲ့ အင်းကြင်းပန်းတွေကို ခူးပြီး သကာလမှာတော့  အားလုံးပဲ အသီးသီးအိမ်ပြန် လမ်းခွဲခဲ့ကြပါတယ်။ ဒါဇင်ပလပ်ရဲ့ အဌမအကြိမ်မြောက်  ပညာရေးအလှူတစ်ခု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။

နဝမအကြိမ်ကို လက်ကမ်းကြိုရင်နဲ့ ဝမ်းသာပီတိတွေကတော့ အဖွဲ့သားတိုင်းရဲ့ နှလုံးသားမှာ စီဆင်းနေမယ်ဆိုတာအမှန်ပါပဲရှင် ၊

 

လေးစားစွာဖြင့်………..

ဒါဇင်ပလပ်အဖွဲ့သူ၊ အဖွဲ့သားများ

dozenplus-h-logo

 

 

 

(www.dozenplus.org)

27 comments

  • ခိုင်ဇာ

    March 12, 2013 at 12:23 pm

    သာဓု၊ သာဓု၊ သာဓု

    ကလေးလေးတွေ ကြည့်ရတာ
    ချစ်စရာကလေးတွေ။
    သနားစရာကလေးတွေ။

    သာဓုခေါ်နိုင်အောင် မျှဝေတဲ့ မနိုရေ ကျေးဇူးပါ။

    :hee:

    • Novy

      March 12, 2013 at 1:50 pm

      ဆင့်ပွားသာဓုခေါ်သွားတဲ့ခိုင်ဇာကိုလည်းကျေးဇူးပါ

  • amatmin

    March 12, 2013 at 12:33 pm

    ကျနော် ဒီရွာထဲမှာ အဲ့ မယ်သီလရှင်ကျောင်း အကြောင်းလေးကို ပို့စ်တင်ဖူးပါရဲ့..
    ၂၀၁၁ ဒီဇင်ဘာလောက်ကထင့်..
    http://myanmargazette.net/89067/society-lifestyle
    ဆိုတော့ အခု အကြောင်းတိုက်ဆိုင်လု့ိ နောက်တခေါက်
    သွားလှူခွင့်ရတဲ့ အတွက်တော့ ဒါဇင်ပလပ် မိတ်ဆွေများကို ကျေးဇူးပါနော့.
    ကြယ်ငါးလေးတကောင် ထပ်ပစ်လိုက်ရပြန်ပီကော ရယ်. 🙂

    • Novy

      March 12, 2013 at 1:53 pm

      ကိုမတ်တို့ကျေးဇူးနဲ့
      ကြယ်ငါးလေးတွေကို ပစ်ခွင့်ရတာပါ

  • ခင်ခ

    March 12, 2013 at 12:35 pm

    ( နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့ပေါင်းများစွာရဖို့အတွက် တစ်စေ့ကနေစတင်ရမှာပဲဖြစ်ပါတယ် ) လို့ ရေးလာသူ မနိုဗွီရေ ခင်ခ လည်းဒီလိုရေးမယ်
    နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်တာကို သိပါတယ်၊ ဒါပေမယ့် အဲဒီနှမ်းစေ့ကို စားလိုက်လို့ နှမ်းဆိုတဲ့ အရသာလေး ကိုခံစားသွားရရင်ဘဲ နှမ်းတစေ့ဖြစ်ရတာကို ကျေနပ်မိပါတယ်ဗျာ။
    ကျွန်တော်လို့ နှမ်းစေ့တွေ ပေါင်းမိကာများလာရင်တော့ ဆီဖြစ်ပြီပေါ့နော်။

    • ကြောင်ဝတုတ်

      March 12, 2013 at 1:21 pm

      အပေါ်က ကိုခင်ခကြီးဆိုခဲ့သလို…

      ကျွန်တော်တို့အလှူလေးကဆီမဖြစ်ရင်တောင်မှ နှမ်းထောင်းလောက်လေးဖြစ်ရရင်ကျေနပ်ပါပြီဗျာ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • Novy

        March 12, 2013 at 3:22 pm

        တစ်ယောက်အားနဲ့မစွမ်းသာ
        အများအားနဲ့စုပေါင်းရာပေါ့ ကိုခနဲ့ ဖက်ကက်ရှင့်

        • ခင်ခ

          March 12, 2013 at 3:40 pm

          ဇွန်ပန်းရုံအနီး၌ လှည်းဘီးကျွံနေသည်
          ကူ၍တွန်းပေးကြပါ၊
          လေးလွန်းလို့ မတွန်းနိုင်ဘူးလား
          ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်။
          ( ငယ်ငယ်က ဆိုဖူးခဲ့တဲ့ ကဗျာလေးလိုပေါ့ မနိုဗွီရေ။ )

  • နွယ်ပင်

    March 12, 2013 at 12:43 pm

    အလှူလေးတစ်ခု ပြီးမြောက် အောင်မြင်သွားပြန်ပါပြီ …
    ဒါဇင်ပလပ်စ်ရဲ့ အလှူတစ်ခု ပြီးမြောက် အောင်မြင်သွားတိုင်း 0မ်းသာပီတိနဲ့အတူ ကြည်နူးမူခံစားချက်လေးကိုပါ ခံစားရစေပါတယ် …
    နောက်ထပ် နောက်ထပ်လည်း ဒါဇင်ပလပ်စ်ရဲ့ အလှူများကို ကြိုလင့်ရင်း
    (သာဓု) 3 ခေါ်ဆိုသွားပါတယ် ….

    • Novy

      March 12, 2013 at 3:24 pm

      အဖွဲ့သားတွေနဲ့ထပ်တူ ဝမ်းသာကြည်နူးရပါတယ်
      နွယ်ပင်ရေ…

  • Myo Thant

    March 12, 2013 at 12:48 pm

    ရန်ကုန်က ဆိုတော့ ကျွန်တော်လည်း လှုချင်ပါတယ် ဘယ်လိုလုပ်ရမလဲဗျာ

    • etone

      March 12, 2013 at 1:04 pm

      ကိုမျိုးသန့်ရေ …. ပါဝင်လှူဒါန်းဖို့ စုံစမ်းလာတဲ့အတွက် ဒါဇင်ပလက်စ်က ကျေးဇူးအများကြီး တင်ပါတယ် ။
      info@dozenplus.org ကိုပဲအီးမေးလ်ပို့ ဆက်သွယ်ပြီးပဲဖြစ်ဖြစ် ၊ ဖုန်းနံပါတ် 09731 44421 ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ဆက်သွယ်လှူဒါန်းလို့ ရပါတယ် ။ http://www.dozenplus.org မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်နော် ။

      • Myo Thant

        March 12, 2013 at 1:22 pm

        ကျေးဇူးပါဗျာ

      • Novy

        March 12, 2013 at 3:28 pm

        ပါဝင်လှူဒါန်းဖို့ စုံစမ်းလာတဲ့ကိုမျိုးသန့်ကို ဒါဇင်ပလက်စ်ကိုယ်စား ကျေးဇူးအများကြီး တင်ပါတယ်

        ဆက်သွယ်လှူဒါန်းလို့ရမဲ့ဖုန်းလေးပေးတဲ့ အိတုံးကိုလည်းကျေဇူးပါနော်

  • ဦး ကျောက်ခဲ

    March 12, 2013 at 1:04 pm

    သာဓု… သာဓု… သာဓု… ပါခင်ဗျာ
    ဟောသည့်ငနဲ ဦးကျောက်ခဲကြီးကိုလည်း အလှုတော်ငွေရေစက်…
    ထပ်ဖြည့်ပေးဖို့အကြောင်း… တွေ့ကြရင် အားမနာတမ်း သတိပေးပါဗျာ…
    ကျုပ်က အပျော်တွေစုနေတဲ့ ငမိုက်သားကြီးမို့ပါ…
    :harr:

    • Novy

      March 12, 2013 at 3:30 pm

      ဦးကျောက် အလှူအတွက်ကြိုပြီး သာဓုခေါ်ပါတယ်ရှင်

  • Shwe Ei

    March 12, 2013 at 1:29 pm

    အလှူအတွက်လဲ ဝမ်းသာတယ်။ အင်ကြင်းပန်းတေ ဘုရားကပ်ရလို့လဲဝမ်းသာတယ် :hee:

    • Novy

      March 12, 2013 at 3:31 pm

      မနိုလည်း အင်ကြင်းပန်းတွေ ဘုရားကပ်ပြီး
      အမျှဝေလိုက်ပါတယ်ကွယ်

      • သာဓု … သာဓု … သာဓု …
        :hee:
        အဌမ အကြိမ်မြောက် ခြေလှမ်းတွေ ပေါက်ခဲ့ပြီပေါ့ …
        တကယ် ကြည်နူးစရာပါပဲဗျာ …

        အင်ကြင်းပန်း အလှူအတွက်ပါလည်း
        သာဒု ခေါ်တွားတီဟု မှတ်ဘာရန် ….
        အကျိုဂျီး ညန်ညန် ရဘာစေ .. ဂျူနိုလေးနဲ့ ညန်ညန်ညားဘာစေ … :mrgreen:

  • kyeemite

    March 12, 2013 at 2:16 pm

    ကြယ်ငါးလေးတကောင် ထပ်ပစ်လိုက်ပြန်တဲ့
    ဒါဇင်ပလပ်စ်ရဲ့ လှုတန်းမှု့အတွက်…သာဓု၊ သာဓု၊ သာဓု ……
    .ခေါ်ရင်းပီတိဖြစ်သွားပါဂျောင်း…. :hee:

    • Novy

      March 12, 2013 at 3:35 pm

      ဦးမိုက်ရေ…
      နှမ်းလုံးလေးတွေစုရင်က ဆီဖြစ်သွားပါတယ်ရှင်
      ဒါကြောင့်ကြယ်ငါးလေးတွေ ပစ်ခွင့်ရခဲ့ပါတယ်

  • Char Too Lan

    March 12, 2013 at 3:12 pm

    ထုံးဆံအတိုင်း နောက်ပါဝင်လှူဒါန်းမည့်သူများရှိလျှင်
    ကြိုဆိုပါတယ်လို့နွေးထွေးစွာ ဖိတ်ခေါ်ရင်း ….
    သာဓု သုံးကြိမ်ခေါ်ဆိုသွားပါတယ်…
    ဒီတခါရေစက်ချမယ်လို့ … ကြီးကြီးကျယ်ကျယ်တွေးထားပီး ကျောင်းရဲ့စာသင်ခန်းထဲမှာပဲ
    မတ်တပ်လှူပီးပြန်ခဲ့တာကြောင့် မောင်နှမတွေဦးတော်တောင် မချခဲ့ရဘူး 🙂
    မျောက်လွဲကျော်တွေ ပန်းခူးတာများလွန်ပါ့ တချို ့ဆိုအိမ်ကို
    အင်ကြင်းပန်းတွေကိုင်းလိုက်သယ်သွားတာဗျာ… စောင်းပြောတာမဟုတ်ပါ :mrgreen:

    • Novy

      March 12, 2013 at 3:39 pm

      ဟုတ်ပါ့ချာတူရေ…
      ဦတော်တောင်မလုပ်ခဲ့ရဘူး

      ဘယ်သူတွေလဲမသိပါဘူး
      အင်ကြင်းပန်းတွေကို တံခါးသံပန်းပေါ်ကတောင်တက်ခူးကျတယ်
      ကံကောင်းလို့ မေးစေ့မထိုးမိတယ် :harr:

  • အရီးခင်လတ်

    March 12, 2013 at 9:22 pm

    ဝမ်းသာဂုဏ်ယူ သာဓုခေါ်ပါတယ် ဒါဇင်ပလပ်စ်တို့ရေ။
    ဒါထက်ပိုပြီး နဝမ၊ဒသမ ဆတိုးပြီး အများ ပြည်သူ့အကျိုး ဆောင်နိုင်ကြပါစေ။
    ကလေးလေးတွေက ချစ်စရာလေးတွေ။

    အမှန်က သူများလှူမှ သူတို့စာသင်ခွင့် ရရမှာမဟုတ်ဘူး။
    သူတို့ စာတတ်အောင် နိုင်ငံက ပံ့ပိုးရမဲ့ တာဝန်ရှိတာ။
    သူတို့ မှာ အဲဒီ အတွက် အခွင့်အရေးအပြည့် ရှိတယ်။
    ဒါတွေကို လုပ်ပေးရမှန်းမသိ ကိုယ့်အိတ်ထဲကိုယ်ထည့်နေတဲ့ အသုံးမကျ သူတွေ ထိပ်စီးမှာ အရှက်မရှိထိုင်နေလို့ သူတို့ မှာ သူများမျက်နှာ ကြည့်နေရတာ။

    အလှူ ကို မုဒိတာပွါး ပြီး ကလေးတွေကို ဂရုဏာထားမိချိန် နောက်ဆက်တွဲ အတွေးကို ဥပက္ခာမလုပ်နိုင်တာကို ဒေါသပွါးမိနေလို့Sorry ပါ။

  • MaMa

    March 14, 2013 at 6:53 am

    ဒါဇင်ပလပ်စ်ရဲ့ ၈လှမ်းမြောက်ခြေလှမ်းကို ဖတ်ပြီး ကြည်နူးမိပါတယ်။
    အခုလို နှမ်းစေ့ကလေးတွေ စဉ်ဆက်မပြတ်လှူဒါန်းနိုင်အောင် ကြိုးပမ်းကြတဲ့အဖွဲ့သားတွေရဲ့ စုစည်းညီညွတ်မှုစွမ်းအားကိုလည်း ချီးကျူးပါတယ်။
    ရှေ့သို့ဆက်လက်ပြီး အောင်မြင်စွာချီတက်နိုင်ကြပါစေ။ :hee:

Leave a Reply