ရေဆန်… လှေဆန်…

လှော်လေသည့်လှေ… သစ်ဆွေးတစ်ပိုင်း

တက်မရိုင်းဖြင့်… အစွန်းအစွယ်…

ရေပေါ်ထွက်မျှ… ဂရုမထား…

ကိုယ့်အင်အားဖြင့်… အားသွန်ခွန်စိုက်…

လှော်ခဲ့သည်…

 

လှော်လေသည့်လှေ… ရေစိမ့်ဝင်လဲ

ခပ်ထုတ်အားဖြင့်… လှိုင်းလေရေအောက်…

ရောက်မသွားအောင်… အကြောက်မထား

ကိုယ့်သွေးသားဖြင့်… တင်းခါအံကျိတ်…

လှော်ခဲ့သည်…

 

လှော်လေသည့်လှေ… တက်မကျိုးလဲ…

ခန္ဒာလက်အားဖြင့်… ခရီးရောက်အောင်…

အင်အားကုန်ခမ်း… သေလမ်းမသွားအောင်…

ဝိရိယဖြင့်… ဇွဲဖြင့်တင်းခါ

လှော်ခဲ့သည်…

 

လှော်ပင်လှော်ငြား… ရှေ့သို့သွားဖို့…

လမ်းမမြင်သည်… ခန္ဒာခြောက်ခမ်း…

အားအင်ခမ်း၍… သေမင်းနှုတ်ခမ်း…

ဆီသို့လှမ်းလေ…

လှော်သောလှေသည်…

ကြမ်းသောရေဆန်… လှေဆန်ဖြင့်…

ပြင်းစွာချီတက်… လှော်ခဲ့သည်…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

14 comments

  • ဦးဖွတ်ကျား

    March 12, 2013 at 3:10 pm

    လှော်လေသည့်ပဲ… ဂက်စ်လိုင်းတလိုင်း..
    ယောင်းမရိုင်းဖြင့်… အစွန်းအစွယ်…
    ဒယ်ပေါ်မဖိတ်…တစိတ်တောင်မှ
    ကိုယ့်လုံ့လဖြင့်… အားသွန်ခွန်စိုက်…
    လှော်ခဲ့သည်…

    လှော်လေသည့်ပဲ… ညှော်နံ့ထွက်လဲ
    မတွန့်မဆုတ်.. မီးညွန့် အုပ်အုပ်..
    ဆုတ်မသွားအောင်..အကြောက်မထား
    ကိုယ့်သွေးသားဖြင့်… တင်းခါအံကျိတ်…
    လှော်ခဲ့သည်…

    လှော်လေသည့်ပဲ… လက်မောင်းညောင်းလဲ…
    ညာဘက်လက်ဖြင့်အားဖြင့်… ကျက်သည့် အထိ…
    အင်အားကုန်ခမ်း… ဂွမ်းမသွားအောင်…
    ဝိရိယဖြင့်… ဇွဲဖြင့်တင်းခါ
    လှော်ခဲ့သည်…

    လှော်ပင်လှော်ငြား… ကျက်သွားစေဖို့…
    လမ်းမမြင်သည်… ခန္ဒာခြောက်ခမ်း…
    အားအင်ခမ်း၍… မီးခိုးလွှမ်း၍…
    မိုက်ခရိုဝေ့ဖ်..
    စောင့်ငဲ့ကျိမိ
    ငါသိလိုက်ပြီ
    ပန်းကန်ထဲပြောင်း
    စက်ကိုရင်ခွဲ
    ဆွဲထည့်လိုက်ကာ
    ဖိုက်ဟန်ဒွက်ဝပ်
    ဖိုက်မိနစ် ဖြတ်
    ပျင်းစွာချီတက်… လှော်ခဲ့သည်…

    ဘာမှမဟုတ်ပါဘူး …
    စနေနေ့က သင်္ဘောသီးထောင်းပြီးစားတုန်းက
    မြေပဲလှော်တဲ့ အကြောင်းလေးပါ..

    အာ..ဟိ

    ဒက်ဂလောက်..ဒက်ဂလောက်..

    :harr:

    • ခိုင်ဇာ

      March 12, 2013 at 3:48 pm

      ဒီ ဆြာ ၂ ယောက် က ဒီ လို လည်း ရသကိုး။

      လေးစားပြီး ရင်း လေးစားရတော့တာပါပဲအေ။
      :hee:

      ဒါနဲ့ ဖက်ဖက် လှော်တာ လှေလား၊ ဖောင်လားဟင်။
      :harr:

  • Myo Thant

    March 12, 2013 at 3:14 pm

    တက်မစုံ ရွက်မပါ မင်းရှိရာအလာကွယ် နေပူကျဲကာကြုံတယ် မိုးကသည်းလာတစ်ဖုံကွယ်

    ဆိုတဲ့သီချင်းလေးသတိရမိတယ်

  • ခင်ခ

    March 12, 2013 at 3:46 pm

    ဘဝခရီး
    ရှည်သည်ရှိသလို
    မရှည်သည်လည်းရှိ၏
    သို့သော်
    လှော်မြဲ လှော်သာ ပြုကြရကုန်၏။

  • amatmin

    March 12, 2013 at 3:56 pm

    လှေကို လှော်လို့ ရှေ့မတိုးတာလည်း မပြောနဲ့လေ ဗျာ..
    လှော်ကတည်းက .. ပျင်းနေပုံများ.. ကြည့်…

    ပျင်းစွာချီတက်… လှော်ခဲ့သည်.. ဆိုပဲ…

    ပြီးတော့ လှေကလည်း သစ်ဆွေးတပိုင်းဖြစ်လို့…
    အပျင်းထူပီး မဖာထေးတော့ ရေက ဝင်သေး.
    နောက်ဆုံး တက်ကျိုးလို့ လက်ထိုးလှော်တာလည်း
    စကားပုံထဲမှာ ပဲ ကောင်းပါတယ် ဗျ..
    :harr:

    • ကြောင်ဝတုတ်

      March 12, 2013 at 4:02 pm

      ပြင်လိုက်ပြီဟေ့လူ…
      ခင်ဗျားဗျာ… မြင်ပဲမြင်တတ်တယ်…
      ခင်ဗျားတို့တတွေကလဲ… စာအကောင်းရေးပြန်တော့လဲ အကောင်းမတွေးဘူး… ခိခိ
      အဲဒီတော့ ကျုပ်တို့မလဲ စာအကောင်းတစ်ခုမှမထွက်တော့ဘူး… ဟီး

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • kai

    March 12, 2013 at 4:05 pm

    လှော်ပင်လှော်ငြား အားအင်ကုန်ခမ်း
    နွမ်းလျှပျက်သွင် ရှိပေလျှင်သည်
    ရေဆန်လေပြန် လှော်သောကြောင့်..။

    လှော်ပင်လှော်ငြား အားအင်ကုန်ခမ်း
    ပန်းလျှပျက်စဉ် ရှိလေမြင်သည်
    ကြိုးတဲလှေငယ် လှော်သောကြောင့်..။ :kwi:

  • ဗုံဗုံ

    March 12, 2013 at 4:14 pm

    လှေကလေးကို လှော်မည် ဘေးမသန်းဘဲ အေးချမ်းတော့မည် ရှိသောအားနဲ့ ဆက်၍ လှော်ပါမည်
    ကြားဖူးတာလေး ဆိုပြတာပါ အူးလေးဖက်ကက် :mrgreen:

    • နေဝန်းနီ

      March 12, 2013 at 8:03 pm

      မိဗုံ ရေ နာကြာဖူးတာကတော့
      လှော်ကလေးကို လှေမည်….။ ဘန်းမသေးဘဲ ချမ်းအေးတော့မည် ….။
      လှော်သာလှော် ကြောင်ဝတုတ်ရေ….။ နင့်လှေကို ရေစပ်က တိုင်ငုတ်နဲ့ ကြိုးတွဲချည်ထားခဲ့တာ

  • သွေးပျက်လောက်တဲ့ လှိုင်း ….
    ရို့ … ရို့ …
    အဖိုးဂျီး … မိုးသီး … ဂွေးသီး .. ရို့ … ရို့ …
    ကိုလေဖြူ သီချင်း ဆိုကျိဒါ … မီရလို့ ဝါးချလိုက်ဒါ … ဟီးး :mrgreen:

    ဒါ့ထက် .. လှေလှော်မယ့် အစား …
    မော်တော်ဘုတ်လေး တစ်စီးလောက် ဝယ်ထားဘာလား …
    အိုက်ဒါဆို အေးဆေးဘဲ …

  • ကြောင်ဝတုတ်

    March 12, 2013 at 9:38 pm

    အော်ဗျာ
    ခက်တော့နေပါပီ
    ကျုပ်လဲ ခံစားချက်ရသကဗျာလေးရေးမိပါတယ်
    ဟိုတစ်ခါလဲ ဘာအကြောင်းလေးတို့ထိမိပါတယ်
    အရာရာရယ်စရာချည်းမှတ်နေကြတယ်
    အင်းပေါ့လေ
    ရော်ဘီဝီလီယန်က ဒရာမာရိုက်တော့ ရယ်နေရတာပေါ့

  • padonmar

    March 13, 2013 at 3:38 am

    သစ်ဆွေးလှေက ဒီခန္ဓာကြီးကို နိုင်ပါ့မလားလို့။

  • ရွှေတိုက်စိုး

    March 13, 2013 at 9:13 am

    ဘယ်ရှေ.ရောက်မလဲ. နင့်ကိုနင်လဲ ပြန်ကြည့်အုံးဟဲ့ မိဖက်ကပ်ရဲ… သင်္ဘောတောင်မနိုင်တဲ့ ကိုယ်လုံးနဲ.ကို
    ရှေ.မရောက်ပဲ မြုပ်သွားမှဖြင့်..

  • kyeemite

    March 13, 2013 at 11:47 am

    တစ်ခုသွားသတိရတယ်ဗျာ…မြန်မာသီချင်းလှလှလေး…တစ်ပိုင်းတစ်စ…
    “xxxxxxx…သူ့မျက်နှာပြုံးဖြီးဖြီး နဲ့လှော်ပုံရယ်ဆန်းကျယ်….” :hee:

Leave a Reply