အော်… သင်္ကြန်…

၂၀၁၃ခုနှစ် မတ်ချ်လ (၁၂)ရက်နေ့…

ပူပြင်းသောနေရောင်အောက်မှာ… တစ်ကိုယ်တည်းစဉ်းစားမိသည်…

နောက်တစ်လတင်းတင်းပြည့်ချိန်မှာတော့… အတာကူးသောလ… ထန်းခူးသောလဟုဆိုသော မြန်မာ့ရိုးရာတန်ခူးလသင်္ကြန်မဟာရောက်ရှိတော့ပေမည်…

သာသနာ့ဘောင်ဝင်ကြမည့်သူများလဲ… ပြင်ဆင်လျက်ရှိသလို…

ပျော်စရာတွေကြားထဲ စီးမြောကြမယ့်သူများလဲ… ငွေစများစုကြသလို… အလျိုလျိုစည်းရုံးစုရုံးလျက်ရှိကြပေသည်…

ဘဝတာဝန်တွေကြား အိမ်နဲ့ဝေးနေသူများလဲ… အားလပ်ရက်အိမ်ပြန်ချိန်ကို… မျှော်လင့်လျက်…

4

 

 

 

 

 

 

 

 

 

 

ကျွန်ုပ်အိပ်မက်တစ်ခုရှိခဲ့ဖူးပါသည်… မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏…

ချစ်ခင်ရင်းနီးကြသော သူများ၏စုပေါင်းအင်အားဖြင့် မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏…

ရရှိမည့်ငွေကြေးအမြတ်အစွန်းထက်… ပိုမိုသောနွေးထွေးသော မိသားစုစိတ်ဓာတ်များကို လိုချင်မိ၏…

ဤသည်ကား ကျွန်ုပ်၏အလှမ်းဝေးကွာလှသော အိပ်မက်တစ်ခုဖြစ်ပေတော့သည်…

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စားပွဲပေါ်တွင်တင်ထားသော တယ်လီဖုန်းမှ Ringtone အသံလေးကြားလိုက်ရ၏…

” ဘယ်မဏ္ဍာပ်မှမဖိတ်ခဲ့ဘူး… ရေတွေရွှဲလို့ တစ်ယောက်ထဲမူး… ဟိုဒီသွားရင်း… သွားရင်း သင်္ကြန်ရက်ထဲမှာ…. ရေများရွှဲကိုယ့်တစ်ယောက်ထဲ…”

ဖုန်းကို ချက်ခြင်းမကိုင်သေးဘဲ… အဆိုတော်ကိုညီထွဋ်ရဲ့ ပိတောက်များနဲ့တစ်ယောက်ထဲဆိုတဲ့သီချင်းလေးကို မျက်လုံးလေးမှိတ်ပြီးနားထောင်လိုက်မိ၏…

ထိုမှတစ်ခါ သတိပြန်ဝင်လာပြီး ဖုန်းကောက်ကိုင်လိုက်ရာမှာ…

??????? ။           ။ ကိုဖက်ကက်လားမသိဘူး….

ဖက်ကက် ။          ။ ဟုတ်ကဲ့ ကျွန်တော်ဖက်ကက်ပါ…

??????? ။           ။ ဒီလိုပါဗျာ… ခင်ဗျားတို့စာရေးနေတဲ့ မန္တလေးဂဇက်က ရန်ကုန်မြို့မှာမဟာသင်္ကြန်မဏ္ဍာပ်တစ်ခုလုပ်မယ်ဆိုရင် ကျွန်တော်တို့အဖွဲ့အစည်းတွေက စပွန်ဆာပေးမလို့ပါ….

ဖက်ကက် ။            ။ ခင်ဗျာ…ဘယ်လို…

???????? ။            ။ အော်… ဒီလိုလေ… ခင်ဗျားတို့စာရေးနေတဲ့မန္တလေးဂဇက်က သင်္ကြန်မှာမဏ္ဍာပ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ကုန်ကျစရိတ်ကို စပွန်ဆာပေးချင်ပါတယ်… အဲဒီတော့ ဂဇက်ရဲ့တာဝန်ရှိသူများအပြင်… ရန်ကုန်မှာရှိနေကြတဲ့ဂဇက်ရဲ့ဖတ်ရွေးအဖွဲ့ကလူကြီးများနဲ့လဲ တိုင်ပင်ချင်လို့ပါ… အဲဒီလိုပဲ… ပါဝင်လှုပ်ရှားကြမယ့်… လူငယ်လေးတွေနဲ့လဲ ဆွေးနွေးချင်လို့ပါ… အဲဒါခင်ဗျားကကြားထဲကနေ အော်ဂနိုက်(စ)လုပ်ပေးလို့ရနိုင်မလားလို့ပါ…

ဖက်ကက် ။          ။ ခင်ဗျာ… ရနိုင်ပါတယ်… ဒါပေမယ့် အခုဖုန်းဆက်တာက ဘယ်သူလဲ… ဘယ်အဖွဲ့အစည်းတွေကလဲဆိုတာလေး….

???????? ။           ။ အခု ဆက်တာကတော့ ကျွန်တော်ကကိုယ်စားလှယ်ပါခင်ဗျာ…. ခင်ဗျားတို့အဖွဲ့ကိုစပွန်ဆာပေးမယ့်အဖွဲ့ကတော့ စုစုပေါင်း (၃)ဖွဲ့ရှိပါတယ်… ပထမဆုံးအဖွဲ့ကတော့  ညီလေးရယ်… မြန်မာနိုင်ငံထောက်လှမ်းရေးပညာရှင်များအသင်း…. ဒုတိယအဖွဲ့ကတော့… မြန်မာနိုင်ငံလုံးဆိုင်ရာစစ်ကြောရေးဆပ်ကော်မတီ… ကျန်နေသေးတဲ့အဖွဲ့အစည်းကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးလှုံဆော်သူများထိန်းသိမ်းရေးကော်ပရေးရှင်းတို့ပါပဲညီလေးရယ်…

ဖက်ကက် ။             ။ ဗျာ………………..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

thingyan

 

 

 

 

 

 

 

 

 

 

အလုပ်လုပ်ရင်း အိပ်ငိုက်သွားရာမှ လန့်နိုးလာသွားမိ၏….

ကျွန်ုပ်၏အိပ်မက်လေး… တစ်စစီလွင့်ပျောက်သွားပေတော့သည်…

ထိုစဉ် ဘေးနားမှလုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ဖုန်း Ringtone သံလေးကိုကြားလိုက်မိပါ၏…..

” အိပ်မက်စေတမာန်… ညှင်းသွဲ့ဝန်းရံလေသွေးပြန်… ဥဩတွန်သံကြားရလေးမှ နိုးထလာခဲ့ပြန်… အော်…သင်္ကြန်… အော်… သင်္ကြန်……..”

ခင်မင်လျက်-

ဖက်ဖက်ကက်

39 comments

  • ဦးဖွတ်ကျား

    March 12, 2013 at 4:03 pm

    ရေချိုဖြုန်းတဲ့ ပွဲပါဗျာ..
    ဟိန္ဒူယဉ်ကျေးမှုကနေ ကူးစက် ပူးသတ်ခြင်းခံရရှာတဲ့ ပွဲပါဗျာ…။
    ကျားမမဟူ သူရာ ဂလုပြီး ဒိုးဒိုးဒန့်ဒန့်
    ရှက်ဖလင်းန် ကြ ဂဏန်းစတိုင်ကြမယ့်ပွဲပါဗျာ..
    အဲ့၁ဝရက်စာ လုပ်အားစွမ်းအား ဖြုန်းတီးတဲ့ပွဲပါဗျာ…

    ဒုက္ခ

    :byae:

    အနှစ် ၁ထောင်ကျိမ်စာ

    • နေဝန်းနီ

      March 12, 2013 at 7:27 pm

      ရေချိုဖြုန်းတဲ့ ပွဲပါဗျာ.. အဲဒိအတွေးမျိုး 80% လောက်က တွေးမိမယ်ဆိုရင် ???????! ! ! ! !@ @ @
      ရေချိုတင်မဟုတ်
      အင်းအားတွေ ငွေကြေးတွေပါဖြုန်းတီး
      ဟီး လားတိုက်ပြီး စိတ်ဓါတ်တွေပါကြွေပြုန်း
      အော် ……. သင်္ကြန်မုန်းတာ အပြစ်လားဟင် ……..။

    • ရွှေတိုက်စိုး

      March 13, 2013 at 9:21 am

      နိုင်ငံခြားသားဒွေ ဒီ ဖီးလ်ကို မခံစား တတ်တာ အပြစ်မဆိုသာပါဘူးဗျာ…
      ကျုပ်တို.နိုင်ငံမှာ ရိုးရာယဉ်ကျေးမှု ပွဲတော်လေးတွေ ရှိနေသေးတာ ချစ်စရာဓလေ့လေးတွေ ရှိနေသေးလို.. ကျွန်တော်တို.နိုင်ငံ လူရှိနေသေးတာ…
      နိုမဟုတ်ရင် ကျုပ်တို.ဆီမှာ ကိုရင်တို.လို နိုင်ဂျားကို အလုပ်ထွက်လုပ်ကုန်မှာပေါ့ဗျာ..

      ရေချိုဖြုန်းတဲ့ ပွဲဆိုတဲ့ စကားလုံးလေး မကြိုက် မိကြောင်းပါ ကိုရင်…
      အနှစ် ၁ထောင်ကျိန်စာ ဆိုတဲ့ စကားဆိုရင်ဖြင့် လားလားမျှမဆိုင်ဘူးထင်ပ….

      သင်္ကြန်ကိုမုန်းပါ ကိစ္စမရှိပေမယ့် အဆိုးမမြင်သင့်ပါဘူး ကိုရင်ရယ်… ကျုပ်တို.မှာ ဒီရက်ကလေး ရက်ရှည်နားပြီး အပန်းတော်ဖြေရတာပါ..
      ယဉ်ကျေးမှု မရှိ သောင်းကျန်းကြတာတော့ မပြောလိုပါကြောင်းးးးးးးးးးးးးးးးးး

      • ဦးဖွတ်ကျား

        March 13, 2013 at 10:13 am

        အွန်း .. ဖြစ်ရမယ်..
        ကျုပ်က ကကြောင်ဝတုတ် ဒီပိုစ့်ကို စရေးမဟေ့
        ဆိုကတည်းက လှမ်းနောက်မယ်ဆိုတာ ကာယကံရှင်ကို ပြောထားပြီးသားခည..။

        အဲ့ဒိ ရေချိုကိစ္စက ဒီမိုသဂျီးကို လှမ်းရိထားတာပါဗျာ..။(အဲ့သည့်စကားလုံးက တခါက သူ့တော်ကီလေ)
        ထားပါတော့ … အနှီကိစ္စ ..။

        ကျုပ်အနေနဲ့ကတော့ သင်္ကြန်ကို ချစ်တယ် မုန်းတယ် တခါမှ မပြောဖူးဘူး ရယ်..။
        (ချစ်ရင် သို့ မုန်းရင်လည်း ကျနော့်ကိစ္စ သာ ဖြစ်တယ် မဟုတ်လား..)
        ပြည်ပထွက်တာမထွက်တာ ရိုးရာတာ မရာတာ ထက်
        ရက်ရှည်ပိတ်လို့ နားရတာကိုတော့ ဝန်ထမ်းတယောက်သာဖြစ်တဲ့ ကျုပ်လည်း
        နှစ်သက်ပါကြောင်း..။

        :kwi:

        • ရွှေတိုက်စိုး

          March 13, 2013 at 10:25 am

          ဒါဆိုလဲ ပီးရောအေ……..ဟွန်. ဒီက သင်္ကြန်မင်းသားနော်.

  • ခိုင်ဇာ

    March 12, 2013 at 4:07 pm

    သတိတော့ထားနေ…….
    လူလည်ချည်းပဲလေ…….
    မင်း အနားမှာ ဝဲနေ……
    ဒုက္ခပဲ။

    ဟဲလေးရဲ့ သင်္ကြန်သီချင်း ဆိုတာပါ။

    :harr: :harr: :harr:

  • အော် .. ဒဂျန် … ဒဂျန် …
    ကျုပ်တော့ ရွာပြန်ချင်တာပဲ သိတယ် ….
    ကျန်တာ သိဝူးးး
    ဘူ စပွန်ဆာ ပေးမဲ … အပြန် ထန်းရည်စစ်စစ် မ,လာခဲ့ဘာ့မယ် … :mrgreen:

  • ဦးဦးပါလေရာ

    March 12, 2013 at 6:46 pm

    ဂဇက်မဏ္ဍပ်လား………
    နေပါစေ….
    ရပါတယ်…
    ကျေးဇူးပါ….
    ရေစိုကြီးနဲ့ ရိပ်သာမဝင်ပါရစေနဲ့…
    :harr:

    • ကြောင်ဝတုတ်

      March 12, 2013 at 9:33 pm

      ဟုတ်ပါ့ ခင်ဗျားတို့အလိုက်ကမ်းစိုးကိုမသိဘူး
      ဘယ့်နှယ်ဗျာ လူကြီးရေစိုကြီးနဲ့ အအေးခန်းဧည့်ရိပ်သာဝင်မှ
      ဖျားနာကုန်ပါမယ်.

      ခင်မင်လျက်
      ဖက်ဖက်ကက်

  • ဦးဦးပါလေရာ

    March 12, 2013 at 6:51 pm

    အပေါ်က ညီလေးလဲ သင်္ကြန်ကို တော်တော်နာနာကျည်းကျည်း ဖြစ်နေရှာသဟဲ့ …….
    အဟောင်းတွေ အသစ်ဖြစ်လာလို့ထင်တယ်…
    စာနာကြပါအေ..
    :harr:

    • ဥဥပါ တီယောက် ….
      သူ့ကိုယ်သူ ပြန်ခေါ်လိုက်ဒါဂ …
      “ညီငေး” ……. ဒဲ့ … ဟီဟိ …
      ကိုင်း ကိုင်း
      ဒီဂမှာ … ဥဥပါ က ပြန်ငယ်ဂျင်နေဒါ …
      နောက်ခါ ဥပါ လို့ ခေါ်ဂျနဲ့ဒေါ့ … ညီငေးပါ လို့ဘဲ ခေါ်ဂျဒေါ့ … :mrgreen:

  • အလင်းဆက်

    March 12, 2013 at 9:02 pm

    အင်း…
    နီးလာပြန်ပြီ ။
    ဆူဆူညံညံ….အသံတွေ..။
    ဘယ်ပြေးနေရပါ့ ။

  • kai

    March 12, 2013 at 11:22 pm

    မဏ္ဍပ်လေးဘာလေး.. ဆောက်ဖို့စိတ်မဝင်စားကြဖူးလားဟင်င်င်…
    အယ်လ်အေက ဗော့ကာတလုံးပို့လိုက်မယ်..။
    တခွက် ၅ထောင်တောင်း..

    ရန်ပုံငွေရှာပေါ့..။ :kwi:

    • ဦးဦးပါလေရာ

      March 13, 2013 at 8:10 am

      မဏ္ဍပ်ဆောက်ပြီး စတုဒိသာ မုန့်လုံးရေပေါ်ကျွေးဖို့ များ ပြောမလားလို့….
      ဗော့ဒ်ကာ ….တဲ့

      ငါးထောင်ဆို ဒီမှာ ဟိုက်ကော်မရှင်နာတစ်လုံးရတယ်
      တော်ရုံလေကြီးမိုးကြီးလောက်တော့ အမှောက်ပဲ…
      ဘယ်သူက ရင်လဲပူ ရေလဲငတ် မူးလဲမမူးတဲ့ဟာကြီးသောက်မှာလဲ….
      :kwi:

      • ခိုင်ဇာ

        March 13, 2013 at 9:16 am

        အဲလာ က ဂလိုရှိပါတယ် ဦးပါရယ်။
        ဗော့ဒ်ကာ က သောက်ပြီး ဟန်းအိုဗာ ဖြစ်ခဲပါတယ်။
        ဟိုင်း ကော်မက်ရှင်နာက အမူးမြန်၊ ပြီးရင် သောက်ရတာနဲ့ မတန်အောင် ခေါင်းကိုက်တတ်တော့ တဂျီးက စေတနာ ဘဗဘွနဲ့ ဗော့ဒ်ကာ ကို အောဖာ လုပ်တာ နေမှာ ပါ။
        (ဧပလယ် ပူတာနဲ့တော့ မကိုက်ဘူး။ အဲဒါ ဟုတ်တယ်)
        .
        အဲ! အဟွာ။
        ကြားဖူးတာတွေ လာပွါးတာပါ။ :mrgreen:

        တဂျီးရယ် ပို့မဲ့ပို့ တော့ E & J Gallo Winery ဆိုတာလေးရော ပို့လိုက်ပါ့လားဟင်။
        :528: :kwi:

    • etone

      March 13, 2013 at 8:58 am

      မဏ္ဍပ်လေးဘာလေး.. ဆောက်ဖို့စိတ်မဝင်စားကြဖူးလားဟင်င်င်… ဆိုလို့ …. စဉ်းစားခဲ့ဖူးပါတယ် ။
      သများပြောပါဒယ် ကမ်ပဏီတွေဆီကနေ စပွန်ဆာ ရှာပေးပါမယ် ဆိုဒါကို ….. ဟို ဘေထုတ်သည် ဖွတ်တီးကတ်က ၊ ပုံးကြောက်သလေး(ရေပုံးဖြစ်မယ်) ၊ ဘာလေးနဲ့ ….. အုံးလက် မဏ္ဍပ်ပဲ ထိုးချင်ထိုးပြောနေပါတယ် … ခိခိ ….. ။ :harr:

      အတည်ပေါ .. အဲ ပြောပါမယ် ။ တကယ်တမ်း မဏ္ဍပ်ဆောက်မယ်ဆိုလျှင် အခု အချိန်က ပြင်ဆင်ဖို့ နောက်ကျနေပါပြီ ။
      မဏ္ဍပ်ဆောက်တာ ခန့်မှန်းခြေ သိန်း ရာဂဏန်း အောက်ထစ်ရှိပြီး ၊ ဆောက်လုပ်ခွင့် ၊ ရေငှားရမ်းသုံးစွဲခွင့် ဘာညာ ကြိုလုပ်ထားရပါသေးတယ် ။ ပြီးတော့ …. ကုန်ကျစရိတ်က စပွန်ဆာ မရှိလျှင် တော်ရုံလူ လက်လှမ်း မမှီပါဘူး ။ company နှစ်ခု သုံးခုဆီက စပွန်ဆာရမှသာ နည်းနည်း အသက်ရှုချောင်တာမျိုးပါ ။ ဆားဗစ်ပေးရတဲ့ အပိုင်းတွေလည်း ရှိပြီး ၊ လုံခြုံရေးအတွက်ကိုလည်း စက္ကျူရတီတွေ အများကြီး ထားပေးရမှာပါ ။ rules တွေတော့ ရှိတယ် …. မဏ္ဍပ် အကြီးသေးကို လိုက်ပြီးတော့။ … သေချာ မမှတ်မိတော့ဘူး .. အရင်နှစ်တွေက သူငယ်ချင်းတွေ မဏ္ဍပ်လုပ်ဖို့ တာဆူခဲ့ဖူးလို့လေ … ။ တာဝန်ယူလုပ်ရမယ့်လူ ခေါင်းကြီးတဲ့အနေထားမျိုးပါ ။

      • ရွှေတိုက်စိုး

        March 13, 2013 at 9:34 am

        အဲဒါရန်ကုန်မို.လို အဲလောက်ကုန်တာ မန်းလေးမှာဆို လိုက်ထရက် ကားတစ်စီး ရေစုပ်စက် နဲ. ပိုက် တရက် ၅၀၀၀ဝ ပဲလိုတယ်…. ကျုံးဘေးချ ပက်ရုံပဲ……ငှဲငှဲငှဲ

        • ကြောင်ဝတုတ်

          March 13, 2013 at 9:45 am

          အဲ့လောက်လွယ်လား… အခုသွားကြမယ်….

      • kai

        March 13, 2013 at 10:29 am

        သင်္ကြန်တွင်း.. သင်္ဘောတစင်းဌားပြီး.. ရန်ကုန်မြစ်တဝိုက်… ပါတ်မောင်းရင်.. ဘယ်လောက်ကုန်သလည်းဟင်င်င်..
        အဲဒီပေါ်မှာပဲ.. သင်္ကြန်ကျတော့.. :kwi:

  • ကြောင်ဝတုတ်

    March 13, 2013 at 9:43 am

    အဲ့တော့ဗျာ….

    အိတုန်းကတော့ဖြင့် စပွန်ဆာရှာပေးမယ်တဲ့…

    (၁) မြန်မာနိုင်ငံထောက်လှမ်းရေးပညာရှင်များအသင်း
    (၂) မြန်မာနိုင်ငံလုံးဆိုင်ရာစစ်ကြောရေးဆပ်ကော်မတီ
    (၃) မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးလှုံဆော်သူများထိန်းသိမ်းရေးကော်ပရေးရှင်း

    အဲဒီတော့ မန်းဂဇက်မဏ္ဍာပ်ထိုးဖို့အတွက် မြေနေရာကို ကျွန်တော်စုံစမ်းလိုက်တဲ့အခါမှာ
    ရန်ကုန်-ပြည်လမ်းပေါ်… ကျို့ပင်ကောက်အနီး မှာမြေနေရာရနိုင်ပါတယ်တဲ့…

    စကျူရတီကတော့ ရွာမဏ္ဍာပ်ကို သေချာထိန်းသိမ်းနိုင်မယ့်အနေအထားရှိသူများဖြစ်တဲ့…
    (၁) ကိုရွှေတိုက်စိုး
    (၂) ကိုအံဇာတုံး
    (၃) ဂန္ဓာရီဆြာအုပ်
    (၄) ကိုလုလင် သူတို့ (၄)ဦးအား တာဝန်ပေးအပ်ထားပါကြောင်း….

    နောက်ထပ် သင်္ကြန်ယိမ်းအတွက်-
    (၁) မင်းသမီးကြီးအန်တီပဒုမ္မာ
    (၂) အန်တီမမ တို့ကဦးဆောင်မည်ဖြစ်ပါကြောင်း

    စတိတ်ရှိုးမှာ အလန်းအတိုအပြတ်တွေနဲ့ ပွဲဆူစေဖို့…
    (၁) ရွှေအိ
    (၂) ချာတူးလန်
    (၃) အိတုန်း
    (၄) နွယ်ပင် တို့မှ အက… အလှများဖြင့် ဖျော်ဖြေပါမည့်အကြောင်း…

    အကြွေးအမွေးအတွက်
    (၁) အစ်မကြီးဝေဝေ
    (၂) အစ်မကြီးနိုဗီ
    (၃) အစ်မကြီးကျောက်ခဲ အဲ… ဟင်းချက်ကောင်းသူ အစ်ကိုကြီးကျောက်ခဲ တို့မှ စားဖိုဆောင်အားကြီးကြပ်မည်ဖြစ်ပါကြောင်း…

    အဖျော်ယမကာအတွက်တော့
    (၁) ကျွန်တော် ဖက်တီးကက်
    (၂) အစ်ကိုကြီးအမတ်မင်း
    (၃) မောင်ဂီ
    (၄) ကိုကမ်းဝေး
    (၅) မောင်အာဂ
    (၆) ညီမငယ်လေးခိုင်ဇာဝင်း (ခေတ္တ-ချင်ကားပူး) တို့က စွမ်းစွမ်းတမံတာဝန်ယူပါ့မယ်ခင်ဗျား

    ရိပ်သာဝင်ကြမယ့် (အအေးခန်းဧည့်ရိပ်သာ) သူများ
    (၁) ဦးဦးပါလေရာ
    (၂) ဦးဦးကြီးမိုက်
    (၃) ဦးဦးဘလက်ချော
    (၄) ဦးဦးထူးဆန်း
    (၅) ဦးဦးပီချိုကြီး
    (၆) ဦးဦးစိုင်းကွမ်းခေး (ခ) အဘရှုံး
    (၇) ဦးဦးဆွေ (ခ) အဘဆွေ
    (၈) အဘပု (ခ) အန်ကယ်ဂျော်နီအောင်ပု
    (၉) ကြီးကြီးလတ် (ခ) အရီးလတ်
    (၁၀) ကြီးမေအုံ (ခ) ရိုစ့်မင်း
    (၁၁) ဖွားလေးခိုင်ခိုင် တို့အား… ရိပ်သာတွင် ကြိုတင်စာရင်းသွင်းထားပြီးဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • နာ့ဂို စကျူရီတီ … ဒဲ့ …။
      ကျိုက်တွားဘီ …
      လာဒမျှလူဒွေ အတုန်လုံးကို …
      သေသေဂျာဂျာဂျီးဂို စစ်ဆေးပလိုက်မယ် ….။
      ဒါမယ့် … ကျား မပါ .. မ ဒါလျှင် .. ငွင်းး ငွင်းး .. :mrgreen:

      • ကြောင်ဝတုတ်

        March 13, 2013 at 10:23 am

        ရွာထဲက လူကောင်အကြီးဆုံးလူများကိုသေချာရွေးထုတ်ပြီး စကျူရတီခန့်ထားတာပါ…

        မိန်းခလေးစကျူရတီအဖြစ် ပန်ပန်ချစ်ကို တွဲဖက်ခန့်အပ်လိုက်ပါတယ်… ခိခိ

        ခင်မင်လျက်-
        ဖက်ဖက်ကက်

    • ခိုင်ဇာ

      March 13, 2013 at 10:28 am

      ရက်(စ) ဆား:::::::
      အစ်ကိုကြီးပေးအပ်တဲ့ တာဘွန်ကို ကျေဘွန်ဇွာ ထမ်းဆောင်ပါမီ ဟု ဂလိ ပြုပါဒီ။

      :kwi:

    • ကထူးဆန်း

      March 13, 2013 at 10:49 am

      အအေးခန်း ဧည့် ရိပ်သာ ဆိုရင်တော့စိတ်ဝင်စားတယ် … တခြားရိပ်သာ တော့ လုံးဝ မစဉ်းစားဘူးနော ် .. ကြိုပြောထားတာ.. ဒါပေမဲ့ …. ဒါပေမဲ့ ..
      မီးသတ်ပိုက် ကိုင်မဲ့ သူ မတွေ့ဘူး .. အဲ့ဒီ့ နေရာ ကို ရွှေ့ ပေး …… ဒါဗြဲ… :harr:

    • amatmin

      March 13, 2013 at 12:19 pm

      ကျုပ်ကို ရွာ့ပွဲမှာ နေရာချပေးတာ
      ဒီတခါ အသင့်တော်ဆုံးပဲ.. 🙂
      ရွာ့ အရက်သမား အစစ်ဖြစ်ကြောင်း
      ကိုယ်တိုင်သောက်သုံးခြင်းဖြင့် အာမခံပါမည်..။
      :harr:

    • P chogyi

      March 13, 2013 at 6:52 pm

      ကြောင်ဝတုတ်က ရိပ်သာဝင်ဆိုတော့လည်း ဝင်ရတော့မှာပေါ့
      ကိုယ်ကစိတ်ပါလို့မဟုတ်ပါဘူး။

  • Char Too Lan

    March 13, 2013 at 9:55 am

    မူးကြမယ့်ပုလင်းသံ.♫…♫ ပျံ ့လွင့်လို့နေ…♫.. ကူးပြောင်းစတန်ခူးလေမှာ..♫. တယောက်တခွက်မို့ ကမ်းကာ လှမ်းသောက်ကြစဉ်.♫…♫ မသောက်ဘူးပြောပီး ကုန်အောင်သောက်သူရေ..♫..♫
    ခေါင်းကြီးစိုက်လို့.♫….♫ မသောက်ဘူးပြောပီးကုန်အောင်သောက်သူရေ…♫…..♫….♫…..♫………♫
    =========
    ဪ…. သီချင်းသံကြားတော့လည်း လွမ်းထှာသင်္ကြန်ရယ်… ငယ်ငယ်ကဒီလိုအချိန်ဆို ရေဗျွတ်တွေ ခွက်တွေ ပလုံးတွေဝယ်ဖို့ ပိုက်ဆံဆုနေရပီ၊ နို့ဆီခွက်တွေ ကျွဲရိုင်းဘူးခွံတွေ သိမ်းထားနေရပီ….. ခုတော့ ဘယ်နေလို့ ဘာလုပ်ရမှန်း ကိုယ့်ဟာကိုယ်မသိရဝူး သနားလိုက်တာ… :byae:

    • နွယ်ပင်

      March 13, 2013 at 10:01 am

      ခိခိ သီချင်းတော့ ခိုက်သွားပြီအေ့ …
      သူဖြင့် သင်္ကြန် ရန်ကုန်မှာပဲ မရှိဘဲ ဘာလုပ်လို့ ဘာကိုင်ချင်တာတုန်းအေ့ …
      တို့တွေကတော့ ကားနဲ့လည်မလားတွေးနေတယ် … ကိုဖက်ကြီးလည်း လည်မယ်ပေါတယ်
      ရန်ကုန်ရှိရင် ဆက်သွယ်လိုက်ပါ အန်တီချာ … မရှိဘဲ ဘာမှ လာမပေါနဲ့ မတနားဘူးအေ့ .. :mrgreen:

      • etone

        March 14, 2013 at 11:52 am

        အွန် ..အ ဲ့ ဘေထုတ်သည် ဖွတ်တီးကပ်ပါတဲ့ ကား စီးဝူးးးးးးးးး သူနဲ့ သူ့လေဒီပါလာရင် ကားက တနာရီ 1 မှိုင်နှုန်းတောင် မောင်းရမှာ ဟုတ်ဝူးးးးး :mrgreen:
        မဏ္ဍပ်မှာသွားကရင်လည်း ထားခဲ့ပါဗျို့ ….စင်ကျိုးမှာ စိုးလို့ …. ခိခိ :harr:

  • lele

    March 13, 2013 at 10:04 am

    ငယ်ငယ်တုန်းက သင်္ကြန်ကို တော်တော်ရင်ခုန်ခဲ ့ဖူးတယ်… ပိတောက်ပန်းရနံ ့သင်းထုံ နေတဲ ့ လေပြလေညင်း နဲ ့ အတူတူလွင့်မျောလာတဲ့ သင်္ကြန် သီချင်း ချိုချိုလေးတွေကိုချစ်တယ်..အရာရာဟာ လွတ်လတ်အေးချမ်းပြီး စိမ်းလန်းနေတယ်လို ့ခံစားခဲ ့ဘူးတယ်. မိတ်ဆွေ တချို ့က မေးဘူးတယ်.. “မင်းတို ့ရဲ ့ နှစ်သစ်ကူးက အနောက်တိုင်းနှစ်သစ်ကူးလား? တရုတ်နှစ်သစ်ကူးလား? တဲ ့” အဲဒီ အမေးကို ဂုဏ်ယူဝင့်ကြွားစွာနဲ ့ပြန်ဖြေ ခဲ ့ဘူးတယ် “ ငါတို ့မှာ ကိုယ်ပိုင် နှစ်သစ်ကူး ရှိတယ်လို ့” အဲဒါဆို မင်း နှစ်သစ်ကူးရောက်တိုင်း အိမ်ပြန် မှာပေါ ့တဲ ့..အဲဒီ မေးခွန်း အတွက်တော့ကျမ ဆွံ ့အ နေခဲ ့တယ်.

  • ရွှေတိုက်စိုး

    March 13, 2013 at 10:30 am

    ဟေ့လူဟေ့လူ ခင်ဗျားနော်.. နစ်နမ်း ထည့်သုံးဖို. သဘောမတူသေးတဲ့သူဒွေ ပါနေဒယ်နော်… ဟွန်.
    ပြန်ဖျက် ပြန်ဖျက် ခိခိ

  • ကြောင်ဝတုတ်

    March 13, 2013 at 11:10 am

    အပျော်သဘောနဲ့ ရေးထားပေမယ့် စိတ်ထဲမှာ တကယ်ကိုအကောင်အထည်ဖော်ချင်တဲ့ကိစ္စပါဗျာ…
    မန်းဂဇက်သင်္ကြန်မဏ္ဍာပ်လေး တစ်နှစ်လောက်လုပ်ဖြစ်ရင်ကောင်းမယ်….

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kyeemite

    March 13, 2013 at 11:36 am

    မဏ္ဍပ်လေးဘာလေး.. ဆောက်ဖို့စိတ်မဝင်စားကြဖူးလားဟင်င်င်…
    သဂျီးရေ….အပေါ်က ဒေါ်အီးတုံးကွန်မင့်သာဖတ်ကြည့်ပေတော့…
    ဟဲဟဲ…ရွာ့လူကြီးသူမတွေကို အသက်တိုအောင်လုပ်နေပြန်ပီ..
    အခု လက်ရှိ ဖတ်ရွေးအဖွဲ့တောင် မနဲထိန်းထားရတယ်… :harr:

  • ရွာမဏ္ဍာပ်လုပ်ရင် ရန်ကုန်မှာနေမယ်… မလုပ်ရင် ဒေးဒရဲပြန်မယ်.. ဒါဗျဲ…
    ချစ်လွန်းတဲ့အမေနဲ့ နယ်ကို ရွာမဏ္ဍာပ်နဲ့ လဲမှာနော်.. နည်းနည်းနောနောချစ်တာ မဟုတ်ဝူး… အဲ့ဒါ..အဲ့ဒါ (ခွက်ဒစ်တူ ကပေ) :mrgreen:

  • ဦး ကျောက်ခဲ

    March 14, 2013 at 8:39 am

    ငယ်ငယ်တုံးက ကမ႓ာအေးဘုရားလမ်းပေါ်မှာ နှစ်တိုင်းမဏ္ဍပ်ထိုးပြီး သောင်းကျန်းဖူးတယ်ပေါ့ဗျာ…
    မနှစ်ကတောင် Alpine မှာနန့်လိုက်သေးတယ်… ဟီ ဟိ
    ရွာမဏ္ဍပ်ဆိုရင်တော့စိတ်ဝင်စားတယ်… ချက်ပြုတ်ရေးလည်းတာဝန်ယူမယ်…
    သမီးလေးတွေကိုလည်း ဘေးမသီရန်မခအောင် စောင့်ရှောက်ပေးမယ်လေ…
    :harr:

  • ကြောင်ဝတုတ်

    March 14, 2013 at 9:23 am

    ဦးကျောက်နဲ့ ညီမလေးရေလုံပြုတ်မွန်မွန်ရေ…

    ရွာမဏ္ဍာပ်လုပ်ဖို့တော့ ဖတ်ရွေးနဲ့ဂဇက်လူကြီးမင်းများက ခေါင်းအတော်ကြီးသမို့ သိပ်ဖြစ်နိုင်ဖို့မလွယ်ဘူးထင်ပါ့…
    ဦးဦးပါလေရာကလဲ ရိပ်သာဝင်မယ်တဲ့ (အအေးခန်းဧည့်ရိပ်သာ)… ခိခိ

    ငှက်ကထကြီးအန်တီပဒုမ္မာကလဲ… ဘယ်သူလက်တို့ထားလဲမသိ… ဒီကိစ္စမှာ ငြိမ်နေလေရဲ့…ဟိ
    (ဆွပေးနှိုက်ယူ… ခွက်ဒစ်တူ=ချစ်သူငယ်ချင်းနီပေပါ…)

    လေးမိုက်ကလဲ အသက်တိုမှာစိုးသတဲ့… ဟိ…
    ဖြစ်နိုင်တော့ဘူးထင်ပါ့အေ…

    သူကြီးကလဲ ဗော်လကာတစ်လုံးနဲ့ နှစ်သိမ့်လေရဲ့… ကျေနပ်ဘူး… ဒါဗြဲ… (အမူအရာမပါ)

    အဲဒီတော့ ကျုပ်တို့ရွာထဲက ဟိုမရောက်ဒီမရောက် ကျုပ်တို့အရက်သမားသမဂ္ဂကပဲ လှုပ်ရှားရတော့မယ်ထင်ပါ့…

    ဘယ်လိုလဲဟေ့… အရက်သမားတို့ရေ…
    ညီတယ်ဟေ့… ညီတယ်ဟေ့…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • Shwe Ei

      March 14, 2013 at 10:57 am

      ပျံဘာအုံးမယ် ပျံအုံးမယ် နှုတ်ခွန်းဆက်ပါတယ်…ဟေ့
      နောင်နှစ်ကိုလဲ ဆီးလို့ကြိုကွယ် အန်ကယ်ကျောက်လာဘာမယ်…
      အွမ်…ဘာမှလဲမဆိုင်ဝူးး..ခိခိ :mrgreen:

  • Mr. MarGa

    March 15, 2013 at 2:06 pm

    ရွာမဏ္ဍပ် လုပ်ဖြစ်ရင် ခွေးရေပုရပိုက် ချောင်ထိုးပြီးတော့ အပီတောင် ကဲပလိုက်ချင်သေး
    ဒါပေမင့် ဦးမာဃရဲ့ သမိုင်းပေးတာဝန်နဲ့မို့ ရွာမဏ္ဍပ် လုပ်ဖြစ်ရင်တောင် တာဝန်တစ်ဖက်နဲ့လာရောက်ကာ ကဲရမည်ဖြစ်ပါကြောင်း
    (တစ်ခုတော့ ရှိတယ် အဲဒီမဏ္ဍပ်က လူတွေအကုန်လုံးကို ခွေးရေပုရပိုုက်စာရင်းက ဖျက်ပေးမဗျို့ )
    :kwi:

Leave a Reply