ရွာသူား များခင်ဗျာ

ေမာင္ရိုးMarch 13, 20131min36463

ဘာဖြစ်မှန်းတော ့ သေသေချာချာမသိပါ ။သို ့သော် ကိုယ်လုပ်စရာရှိတာတော ့ လုပ်ရမယ်ထင်ပါတယ်

ကဲ …စလိုက်ကြစို ့ ဗျာ ….
https://myanmargazette.net/102954/creative-writing
မန်းဂဇက် ( သင်္ကြန်စာ)
https://myanmargazette.net/122427/creative-writing
မျက်မမြင်ပုဏ္ဏား ခြောက်ယောက်နှင် ့ AD 2212 ခုနှစ်
https://myanmargazette.net/140154/creative-writing
မန်းဂေဇက်ရံပုံငွေဘောလုံးပြိုင်ပွဲကြီး
https://myanmargazette.net/142196/creative-writing
မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး
https://myanmargazette.net/151718/creative-writing
ဆားပုလင်းဆာမိနှင် ့ဘလက်ဘရားသားဂိုဏ်း
https://myanmargazette.net/168996/society-lifestyle/aha-jokes
မီးးးး ဗျို ့ မီး မီး

အထက်ပါ ပို ့စ်များရေးသားခဲ ့ရာမှာ ကျနော် ့ဘက်က လိုအပ်ချက်မှာ သက်ဆိုင်ရာအမည်ပါဝင်သူများကို
ခွင် ့တောင်းခွင် ့မရခဲ ့ပါ ။ ကြိုတင်အသိပေးခြင်း မလုပ်နိုင်ခဲ ့ပါ ။ မန်ဘာအရေအတွက် ၁၀ဝ ကျော် ခန် ့ရဲ ့
အမည်များကို ရေးသားခဲ ့သော်လည်း ရေးပြီးမှသာ ကော်မန် ့ဖြင် ့ တောင်းပန်ခဲ ့ရပါတယ် ။

ဟို တုန်းက ရေးခဲ ့တာဖြစ်ပေမဲ ့ အခုချိန်မှာ စဉ်းစားမိတာကတော ့ ဝတ္တရာပျက်ကွက်သလိုများဖြစ်နေမလား
ဆိုပြီး ဒီပို ့စ်ကိုရေးလိုက်တာပါ ။ဘာပဲဖြစ်ဖြစ် စိတ်အနှောက်အယှက်များဖြစ်ခဲ ့ရင် ကျနော် ့တာဝန်မကင်းဖြစ်
ရမှာမို ့ စိတ်မကောင်းပါဘူး ။

အကယ်၍များ ကျနော်ရေးသားခဲ ့သောပို ့စ်များထဲမှ ပါဝင်ခဲ ့လေသော မန်ဘာရွာသူားများအနေနဲ ့ မိမိတို ့ရဲ ့
အမည်တွေ ရေးသားခံရတာကြောင် ့ စိတ်အနှောက်အယှက်မြျားဖြစ်ခဲ ့ရင် ကျနော်မောင်ဆာမိမှ လေးစားစွာ
အနူးအညွတ်တောင်းပန်ပါ တယ် ဆိုသည် ့အကြောင်း ……..
နံမည်သော်လည်းကောင်း ပို ့စ်ကိုသော်လည်းကောင်း ဖျက်စေလိုပါကလည်း ကျေကျေနပ်နပ်
ဖျက်ပေးပါမည် ့အကြောင်း ……..
ခင်မင်ရသော ရွာသူားများကို အသိပေးပါတယ် ခင်ဗျား

ပို ့စ်များ နံမည်များ ဖျက်ဖို ့ရှိပါက သက်ဆိုင်ရာ မော ့ များနှင် ့တကွ သဂျီးမင်းကို အကူအညီတောင်းပါတယ်ဗျို ့

လေးစားလျှက်
မောင်ဆာမိ

63 comments

  • surmi

    March 13, 2013 at 12:25 pm

    သဂျီးမင်းနဲ ့ မော ့များခင်ဗျာ
    member only မလုပ်လိုက်ရလို ့ ကူညီပါခင်ဗျ
    ကျေးကျေးပါဗျို ့ 🙂

  • ခိုင်ဇာ

    March 13, 2013 at 12:32 pm

    ဘာဒုန်း။ ဘာဒုန်း။

    ကဆာမိ။

    အဲဒီ ပို့(စ) တွေ အားလုံးထဲမှာ အနော့ နာမည်မပါလို့ အသစ်ရေးပေးပါ။ :mrgreen:
    ဒါပဲ။
    ကျန်တာတော့ သူများပြောလိမ့်မယ်။ :harr:

    • surmi

      March 13, 2013 at 1:20 pm

      မခိုင်ဇာ ရေ
      ရွာနဲ ့ အဆက်ပြတ်နေလို ့ ဘာမှန်းမသိ ဖြစ်နေရတာ
      ဟိုဖတ်ဒီဖတ် ကြည် ့ရင်းနဲ ့ နဲနဲ တွန် ့သွားလို ့ ကြိုတင် တောင်းပန်ထားတာလေ
      ရွာထဲမရောက်တာ တစ်ပတ်လောက်ကြာရင် လိုက်မမှီတော ့ဘူးဗျို ့

  • တယ်ပိုင်တဲ့ကိုဆာမိ
    သူ့ပိုစ်တွေ မဖတ်မိတဲ့သူတွေပြန်ဖတ်အောင်
    ခင်းလိုက်တဲ့ အခင်းလေးက တော့ လှမှလှပါဘဲ။

    • surmi

      March 13, 2013 at 1:28 pm

      @ကိုကြီးပေါက်
      ဘယ်ရမလဲ … တခါက ကျနော်လည်း မားကက်တင်းသမားဘဲ
      နောက်ဆုံးပေါ်နည်းနဲ ့ ပွိုင် ့ရှာလိုက်တာပေါ ့ ဟဲဟဲ …….

      @ကိုရွှေတိုက်
      မလှုပ်ဝံ့ ပါဘူးဗျာ အသံကြားရင် လန် ့ လန် ့နေလို ့ ဟဲဟဲ
      ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြိုပြေးထားရတာဗျို ့
      ဘာဘာ ဘာမှမသိဘူးလေ :kwi:

  • ရွှေတိုက်စိုး

    March 13, 2013 at 1:07 pm

    အော်ကိုရင်ဆာမိတော့ ဒီမှာ ခုံပေါ်တက်အော်နေပါတယ်ဆို ခုံကို လာလှုပ်နေပြန်ပီ……..
    တူတယ်ဗျာ တူတယ်… အဲဒီပို.စ်တွေဘာလို.ဖျက်ရမှာဒုံးဗျ.. ဘယ်နှယ့်ဗျာ..
    ဒီလောက်ကောင်းဒဲ့ဟာကို ဟာဘဲ ဟာဘဲ အဟွန်. အဟင့်ဟင့်…

    အခုတော့ အဲဒီပို.စ်တွေ ပြန်ဖတ်လိုက်အုံးမယ်.. သင်းခရု

  • ကြောင်ဝတုတ်

    March 13, 2013 at 1:16 pm

    ကိုဂျီးဆာမိ….
    ဘာမှမဖြစ်ဘူး… ပြန်အိပ်…ကျွတ်…ကျွတ်… ကျွတ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ဦး ကျောက်ခဲ

    March 13, 2013 at 1:20 pm

    မရဘူးဆရာ… ဒီလိုနဲ့ပြီးကြေးလား
    ၂ရရက်နေ့မနက် လက်ဖက်ရည်တိုက် မုန့်ပါကြွေးမှအဆင်ပြေမယ်…
    ပွါးရအောင် ဟိုကောင်နာလေးတွေပါ ခေါ်ခဲ့ဦး… အား ဟိ
    :harr:

    • surmi

      March 13, 2013 at 1:43 pm

      @ဖက်ဖက်ကက်
      သိပါဘူးဗျာ …အိမ်မက် မက်ပြီးလန် ့နိုးလာလို ့ပါ
      ပြန်အိပ်ပြီဗျို ့ …. 🙂

      @ဦးကျောက်
      ဟားးး ပြန်လာမယ်ပေါ ့ ဟုတ်စ
      စိတ်ချ စောင် ့နေမယ် ။ စုထား စုထာား ပွားစရာတွေ ဟဲဟဲ

      @ကိုမတ်
      ဦးကျောက်ပြောနေတယ် ၂ရ တဲ ့
      အနားနီးပြန်ချိန်းမယ်နော
      အရက်သမားတော ့မရေးပါရစေနဲ ့တော ့ဆရာရယ်
      အိမ်မက်တွေ မကောင်းလို ့ပါ :harr:

  • amatmin

    March 13, 2013 at 1:20 pm

    မကျေနပ်ဘူးဗျာ..
    ကျုပ်ကို အရက်သမားနေရာမှာ
    တခါမှ ထည့်မသုံးခဲ့လို့.. 🙂
    ဆိုတော့ နောက်အသစ်ရေးရင် .
    အရက်များများသောက်ရမဲ့ အခန်းတွေ ပြောင်းသုံးပေးပါ…
    (ကိုယ်နဲ့ ရင်းနှီးလို့ ချစ်လို့ ခင်လို့ မန့်ချင်လို့ကို ဝင်မန့်ပါ၏.. )
    :harr:

  • ဦးဖွတ်ကျား

    March 13, 2013 at 1:33 pm

    ကျော့်ကိုလည်း အယက်သမားနေရာမှာ ထား သုံးပေးစေလိုပါဂျောင်းးး
    အဆိုတင်သွင်းဘာဒယ်….

    ကျော်နဲ့ ကိုမတ် လည်ပင်းဖက် အယက်သောက်ရင်း သွားလေသူ ဖွတ်တီးကတ်အကြောင်း
    တမ်းတမ်းတတ ပြောဂျတာမိုး တဇာတ်လောက်ရေးပေးဘာ…

    :harr:

    • surmi

      March 13, 2013 at 1:50 pm

      ဟေ ….. ဖွတ်တီးကက်ကြီးသွားပြီလား
      ဘယ်ကိုလည်း ….ရထားသွားစီးတာတော ့ ဟုတ်လောက်ပါဘူးနော ဟေးဟေး
      အယက် အကြောင်း ရေးရင် အရင် အယက်သောက်ရလိမ် ့မယ်ထင်တယ်
      ကဲ ကဲ အရက်သွားချက်လိုက်ဦးမှ
      ပြီးရင်ခေါ်လိုက်မယ် ဝေ ့ ….. :kwi:

      • amatmin

        March 13, 2013 at 2:12 pm

        သစ်ဆွေးလှေ အစုတ်လေး တစီး
        လှော်ခတ် စီးသွားတယ် လို့
        ကြားမိတာပဲ ကိုရင်ဆာမိရယ်..

        :harr:

  • Moe Z

    March 13, 2013 at 2:11 pm

    ဪ ဘယ်သူများလည်းမှတ်တယ် မိုးစက်ကို ပေါင်လယ်လောက်စကပ်အကွဲနဲ့ စင်ပေါ်တက်ခိုင်းတဲ့ အူးလေးကြီးပဲ.. ခါတော်မီပွိုင့်ရှာနည်းလေး အတုခိုးသွားပါတယ်ရှင့် ..
    နာမည်သုံးထားတာ ကျေကျေနပ်နပ်သဘောတူကြောင်း ပို့စ်တင်ပြီးပြောပေးရမလားဟင်င်င်င် 😉

    • surmi

      March 13, 2013 at 2:29 pm

      @မိုးစက်
      ရပါပြီခင်ဗျ …. ဟဲဟဲ တော်ကြာ ပုံပြင်ထဲကလို သူ ့ကနုယ်လိုက်ပ်ို ့
      ကိုယ် ့သူလိုက်ပို ့နဲ ့ မိုးလင်းသွားပါလိမ် ့မယ်ခင်ဗျ
      :hee:

      @ကိုမတ်
      ဪ … ဟော်
      တော်တော်လေး ကံဆိုးရှာတဲ ့ ဖက်ဖက် ပါလားကွယ် 🙂

  • Shwe Ei

    March 13, 2013 at 2:29 pm

    နောက်တခါပို့စ်ရေးရင် သများကို မင်းသမီး အဓိဇာတ်ဆောင် ဇာတ်ပို့ ဇာတ်ရံ မီးထိုး မှန်ပြ မိတ်ကပ်ပြင်နေရာမှာ ထားပါလို့ ေိေိ :mrgreen:

    • surmi

      March 13, 2013 at 2:55 pm

      @မရွှေအိ
      ဟုတ်ပြီဗျာ …. မှတ်ထားလိုက်ပြီ
      နောက်တစ်ခါ မင်းသမီးဖြစ်စေရမယ် ။
      မင်းသားကတော ့စိတ်ကြိုက်ရွေးပေး …. )

      @ဦးခ
      တော်တော်လျှင်သားပဲ ဟဲဟဲ
      ဒီလိုပဲအစ်ကိုရေ အသစ်မထုတ်နိုင်တော ့ အဟောင်းကိုပြန်ဆိုကြတဲ ့
      ပြန်ဆိုတေး သမားတွေလိုပေါ ့
      ပွိုင် ့ကလည်း တစ်သိန်းပြည် ့ဖို ့ ရှစ်သောင်းလိုနေတော ့ …….
      :harr:

  • ခင်ခ

    March 13, 2013 at 2:41 pm

    ကိုဆာမိ ကတော့ လုပ်ချလိုက်ပြန်ပြီ၊
    အတော်လူလည်ကျတယ် အမည်ပါမပါ မသေချာရင် သူတင်ခဲ့တဲ့ ပိုစ့်တွေ အားလုံးပြန်ပြီ
    တစ်ခေါက်ပြန်ဖတ်ရတော့မယ်။
    အတော်လည်တဲ့ ကိုလူလည်ဘဲနော်။
    ဒါကြောင့်လည်း ကိုဆာမိရိုက်ချက် လို့ ခေါ်ရလောက်ပေတယ်ဗျ။
    ( အခြားဟုတ်ဘူးနော် ကီးဘုတ်နဲ့ ရိုက်ပြီပိုစ့်တင်လို့ပြောတာပါ)။

    ကျွန်တော် အမည်နာမ ခင်ခ ကို သုံးစွဲခွင့်ပေးပါတယ် ကိုဆာမိရယ် ပြန်ဖျက်ရန်မလိုပါကြောင်း ….. အဲဒါပြောမလို့။

  • ဗုံဗုံ

    March 13, 2013 at 3:52 pm

    မိဗုံလည်း ဦးလေးဆာမိကို ထည့်ရေးဖူးတယ် တောင်းပန်ပါတယ်လို့ အဲ့ဒီတုန်းက ဦးဆာမိဆိုတာ ဒီလောက်ချောမှန်း သိဘူးလေ ခုသိသွားလို့ နောက်တစ်ခါရေးရင် မင်းသားနေရာက ရေးတော့မယ် :mrgreen:

    • surmi

      March 13, 2013 at 10:43 pm

      @မဗုံဗုံ
      ကျုပ်အတွက်က မလိုပါဗျာ ။လုပ်ချင်သလိုလုပ်နိုင်ပါတယ်ဗျ ။မြှောက်ပြောပေးလို့ ့ နောက်တစ်ခါရန်ကုန်လာရင် မုန် ့ဝယ်ကျွေးမယ် ကျေးကျေး …

      @မောင်အံ
      လကဘက်ရည်တိုက်ဖို ့ ချိန်းခဲ ့ပါရောကွယ်
      မောင်ရင်မှမအားပဲ ။ ဦးကျောက်ပြောတယ် ၂ရ တဲ ့ မှတ်ထားဦး
      အနားနီးမှထပ်ချိန်းမယ်နော

      @ဦးပေါက်
      လက်ဘက်ရည်နဲ ့ မရရင် ဘီဘီ နဲ ့ လဘ်ထိုးမယ်ဗျာ …ကဲ ဘယ်လိုလဲ 🙂

        • surmi

          March 13, 2013 at 11:39 pm

          အိုဗျာ ဘာကြိုက်ကြိုက် ရစေရမယ် …..
          မဒမ်ပေါက်ကိုတော ့ ကိုယ်ဟာကိုယ် ကြည့်ပြောနော်
          ကျနော်မပါ ဘူး :hee:

        • Foreign Resident

          March 15, 2013 at 7:55 pm

          ” အိုဗျာ ဘာကြိုက်ကြိုက် ရစေရမယ် ”

          ဟီ ဟိ ၊ ဒီ အပြောကိုတော့ ၊ ကြိုက်သွားပြီ ။
          ဦး ဆာမိ ကို ချော့ပေါင်းထားရမယ် ။

          ဟီ ဟိ ၊ အဘ ကြိုက်တာတွေက အများကြီးရယ် ။
          အခုက ၊ နွား မြင်တိုင်း လက်ညှိုး ထိုးနေသလိုကို ဖြစ်နေတာ ။

  • အရီးခင်လတ်

    March 13, 2013 at 4:21 pm

    အဖွားကြီးမို့မေ့တောင်နေပါပြီ ကဆာမိ ရယ်။
    အခု ဖြစ်တဲ့ အမှု ကိစ္စက ဖြစ်သင့်လို့ ဖြစ်ခဲ့လိုက်တာပါ။

    အရင် ကစာတွေမှာ မကျေနပ်ရင် အရင်ကထဲ က ဖြစ်ခဲ့မှာပါ။
    ဒီတော့ အရင်က ရေးခဲ့တာတွေက အမှု ကိစ္စ မဖြစ်သင့် လို့ မဖြစ်ခဲ့တာမို့ တောင်းပန်နေစရာ မလိုဘူး လို့ ထင်ပါတယ်။
    ကဆာမိ ရဲ့ စာတွေ ကိုလဲ ပျောက်မသွားစေချင်ပါဘူး။
    ဆက်ရေးပါရှင်။
    :-)))

    • surmi

      March 13, 2013 at 11:03 pm

      @အရီးလတ်
      မတွေ ့တာတောင်ကြာပေါ ့အရီးရေ
      ခုကိစ္စကတော ့ဘာမှန်းမသိပါဘူး ။ သူများတွေရေးကြတာက လက်ပွန်းတတီး
      ရင်းနှီးတဲ ့သူတွေရေးကြလို ့ အဆင်ပြေပေမဲ ့ ကျနော်လုပ်လိုက်မိတာက
      ကျနော် ့ကိုမသိကြတဲ ့သူတွေတောင်ပါတယ် ။ အလွှာစုံလည်းရေးထားတာဆိုတော ့
      နဲနဲဖျားသွားတယ်အရီးရယ် ။
      ဘာပဲဖြစ်ဖြစ် အရီးလာအားပေးတာကျေးကျေးဗျို ့ ….

      @ ကြည်ဆောင်း
      ကျေးဇူးပါဗျို ့ ။ ဝမ်းသာတယ်ဆိုလို ့ ဝမ်းသာမိပါကြောင်းးးးးးး

      @ပီချိုကြီး
      ကိုချိုရေ
      ရွာနဲ ့အဆက်ပြတ်သွားတုန်း သဂျီးစည်းကမ်းကြည် ့ပြီး လန် ့သွားလို ့ဗျို ့ ။လိုရမယ်ရ ကြိုကာထားတာ 🙂

      • ရဲစည်

        March 14, 2013 at 12:52 am

        အခု ဖြစ်တဲ့ အမှု ကိစ္စက ဖြစ်သင့်လို့ ဖြစ်ခဲ့လိုက်တာပါ။

        အင်း …
        ဘက် မတူ အသက်မတူပေမဲ့
        ပဝါမကူ ရေမရှူတဲ့ ပွဲတော့ ရွာထဲ ဖြစ်တော့မယ်ထင် …
        ဦးကြီးမိုက် နှုတ်စီးတယ် …. တကယ့် လက်ဝှေ့ပွဲကြီးတော့ ဖြစ်လာတော့မယ်
        ၂ခါရှိပီဆိုတော့ ၃ခါမြောက်အောင်တော့ စောင့်ရမည် ဖြစ်ကြောင်း ………….။

        ဆောရီး ဦးဆာမိရေ ဦးလေးပို့စ်ကို ဖတ်ရင်း သွားတွေ့မိလို့

        • အရီးခင်လတ်

          March 14, 2013 at 3:40 am

          မောင်ရဲစည်ရေ

          အရီးလဲ ရှင်းလေရှုပ်လေဖြစ်တော့မယ်ထင်ရဲ့။
          အဲဒါ မင်းကို တမင်ရည်ရွယ်ပြီး ပြောတာမဟုတ်တာမို့ အဲဒီလို ထင်ခဲ့ရင် အရီး တောင်းပန်ပါတယ်။
          ရွာထဲက ကိုယ့်ညီအစ်ကို ညီအစ်မ တူ/တူမ တွေ နဲ့ ချစ်ချစ်ခင်ခင်ဘဲ နေလိုတာပါ။
          အညိုးထားပြီး ထေ့ငေါ့ ရန်ဖြစ်ဖို့ စိတ်ကူးထဲမှာတောင် တွေးမကြည့်မိခဲ့ဖူးပါဘူး။
          မင်းကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့မိတာ တကယ်ဘဲ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။

          ဒါထက် ……
          ဒီရက် ရွာမှာ ပြသနာ စုံ နေတာလေး ကိုတော့ မင်းလဲ သိမယ်ထင်ပါရဲ့။
          ဒီတော့ အချင်းချင်း သံသယ တွေ ပွါးနေမဲ့အစား ရွာကိုလုံအောင်သာထိန်းဖို့ ကြိုးစားရမှာပါ။
          ကိုယ့်ရွာကို တကယ်ချစ်ခဲ့ကြရင်ပေါ့။

        • koaung

          March 14, 2013 at 5:17 am

          စိုုင်းထီးဆိုုင်သီချင်းလေးကိုု သတိတရှိမိတာက ငါ့အတွေ ့အကြုုံနဲ ့မင်းကွာခြားလေတော့ ငါ ့စကားမင်းနား
          လည်ဘိုု ့ မလွယ်ဘူး မနုုဿသ ဒုံ လဘ ::::))))

        • amatmin

          March 14, 2013 at 8:54 pm

          ခုနင်ကဖတ်လိုက်လိုက်မိတာတော့ ..
          ဘာဒဲ့ ယောက်ကျားမှန်ရင် မစောင်းမြောင်းရဘူးဆိုလား..
          အဟက်(တမင်သုံးပါသည်)ဆိုတော့ အရီးပြောတာ (စေတနာပါမှန်းကို)သဘောပေါက်နားလည်ခံစားလို့ရပါ၏..။
          တခုပါ..အသက်ကြီးတိုင်း အတွေ့အကြုံတွေ များတိုင်း ဖင်ထောင်ဘုရားထူးလုပ်ရမယ်လို့ ဒီရွာမှာ စည်းကမ်းများရှိလားမသိ..
          ဘာဒဲ့..ဒီမိုရွာဆို(ဒီဘဇပ်ကထွက်ပြန်ဘီရယ်)..
          မတူတဲ့ အမြင်တွေ ဆွေးနွေးလို့ရတယ်ဆို..
          ဘိုလိုကြောင့် လူကြီးဆိုသူပြောရင် ဘဇပ်ပိတ်နှုတ်ဆိတ်
          လက်ခံဖို့ လိုက်သတိပေးနေရသဒုန်း ကိုယ့်ဆြာအပေါင်း တို့ရယ်..
          ချဉ်ချက်..များ..ဗျာ. 👿

        • surmi

          March 15, 2013 at 1:13 am

          ကိုရဲစည်ရေ
          အေးဆေးပါဗျာ
          လွှတ်တော်မှာသွားချောင်းနေလို ့ ခုမှ Reply လုပ်ဖြစ်တာ
          လာအားပေးတာ ကျေးကျေးဗျို ့ ….

        • surmi

          March 15, 2013 at 1:21 am

          ဗျို းးးးးးး ကိုအောင် နဲ ့ ကိုမတ်
          လက်ဘက်ရည်သောက်ကြမယ်ဗျို ့ …..
          ပြီမှရွာထဲတူတူ ပတ်ကြတာပေါ ့ နော ….

        • koaung

          March 15, 2013 at 2:17 am

          ကိုဆာမိရေ ပြည်ပက ကျနော်ကကျနော်ဒို့ရဲ့ မရှိလည်းစား ရှိလည်းစား မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ပါဗျာ နေသားကျနေပါပြီ မြန်မာပြည်ပြန်ဖို့မခေါ်ပါနဲ့ဗျာ ဆလံမာလေးကိုးပါ (ဆရာဖောပြောတာတွေမှန်တယ်) ပြည်တွင်းကလူတွေကြံစည်တိုင်း အောင်မြင်ကြ ဖို့ လိုတရင်ရဖို့ပဲ ဆုတောင်းပေးလိုက်ပါတယ်

        • အရီးခင်လတ်

          March 15, 2013 at 2:57 am

          အောင်မယ်။ အမတ်မင်း က ဒီမှာလာပြီး ကွန့်နေပြန်ပြီ အစ်မပဒုမ္မာရေ့။
          ခေါင်းခေါက်လိုက်ရမလား။
          နောက်တာပါ။ 😉

          အတည်ပြောရရင်
          ကလေးတစ်ယောက်ကို သူ့အဖေက ကားမောင်းသင်ပေးတယ်။
          တစ်ခြားအချိန်မှာ ဒီကလေး က သူ့အဖေ ကို ပြန်ဆင်ခြေ တက်ခွင့် ရတယ်။
          ဒါပေမဲ့ ဒီလို ကားမောင်းသင်ချိန်မှာ ခိုင်းတာလုပ်၊ ဆင်ခြေမပေးနဲ့ လို့ ပြောရင် သူ့အဖေ ကို လွန်တယ် ပြောမလား။
          ကားမောင်းရင်း ရှေ့မှာ ဖြစ်နိုင်ခြေ ရှိတဲ့ အန္တရာယ်တွေ အတွက် ကားမောင်းသင်စ ကလေး မှာ အတွေ့အကြုံမရှိ လို့ သူ့အနေနဲ့ သူ့ကိုယ်ပိုင်စိတ် နဲ့ မဖြေရှင်းနိုင်တာ နားလည်ရမယ်။
          ကွန်ပျူတာကို ကလိတာ သူ့အဖေထက်တော်ချင်တော်မယ်။ အဖေကို ပြန် ဆရာ လုပ်နိုင်တယ်။
          ဒါပေမဲ့ ကားမောင်းရာမှာတော့ သက်တမ်းရှည်ပြီး အတွေ့အကြုံများ တာ သူ့အဖေမို့ သူမကျွမ်းကျင်ချိန် အဖေ့ စကားကို တသွေမတိမ်း နားထောင်မှ ဘေးကင်းမယ်။
          အရှိန်လျော့ဆိုရင် လျော့ဘဲ။ ဘာလို့လဲဆိုပြီး ကွန့်နေရင် ရှေ့မှာ တိုက်ကုန်မှာ။
          ဒါကို အဖေ က အသက်ကြီးတိုင်း အတွေ့အကြုံတွေ များတိုင်း အနိုင်ကျင့်တယ် ပြောလို့ မရဘူး။
          ပုံပြင်လေးကတော့ ဒါပါဘဲ မောင်မတ် ရေ။
          ဒီပုံပြင်လေးကို မင်းရဲ့ ကလေး ကို ကားမောင်းသင်ပေးချိန် သတိရ ပေးနော်။

          အခုလဲ ဒီလိုပါဘဲ။
          ရွာထဲမှာ ဘယ်လူကြီးမှ အလကားနေရင်း အတွေ့အကြုံတွေ များတဲ့ ငါကွ လို့ ယစ်မူးမနေကြပါဘူး။
          (အဓိက အရက်မသောက်တဲ့ အရီး တို့ အဖွားကြီးတွေပေါ့။)
          😆

        • amatmin

          March 15, 2013 at 7:06 am

          အရီးလတ်ရေ..
          ကျနော်ရေးချင်တဲ့လိုရင်းက လူကြီးတွေရဲ့ အတွေ့အကြုံကြွယ်ဝတယ်ဆိုတာကို ပျက်ရယ်ပြုချင်တာမဟုတ်ပါဘူးနော့.. လူတိုင်းကိုယ်စီ ကိုယ့်အတိုင်းအတာနဲ့ ရှိကြတာပဲ.. ဆိုတာကိုလက်သင့်မခံချင်ပဲ. လူကြီးတွေနဲ့ ဘာလို့ဖက်ပြိုင် ဘက်တိုက်ပြောနေတာလည်းဆိုပီး ဝင်ထောက်ချင်သူများ. ဝင်နှိမ်ချင်သူများ.ဝင်ကလိချင်သူများကို ဆိုလိုတာပါ နော့..။ ကျနော်လည်း စာဖတ်သူအစွဲရှိတာပဲရယ်..ကျနော်လည်းကိုသစ်မင်း၊အရီးလတ်တို့ကို သဘောကျပါတယ်.တော်တာကိုး.စာရေးကောင်းကြတာကိုး.
          ဒီလိုကျနော်ကြိုက်မိတာနဲ့ပဲ.အရီးတို့တွေ တခြားကိစ္စ.အယူအဆမှာ ငြင်းသယောင်ဖြစ်တာနဲ့ပဲ.မနှစ်သက်တဲ့တဘက်ကို အယူအဆသဘောတရားမပါဘဲ ဝင်ထောက်လိုက်တာ.ရိလိုက်တာမျိုးမလုပ်မိအောင်နေပါတယ်..
          လုပ်တဲ့သူတွေကိုလည်း စိတ်ပျက်တာ ချဉ်တယ်ဆိုတာအမှန်ပါ ။
          ကျနော့အရေးအသားမှာ အရီးတို့လူကြီးများရဲ့အတွေ့အကြုံတွေကို စော်ကားလိုရင်းမပါဘူးဆိုတာ နားလည်ပေးပါ..လို့…။
          နောက်တခု.မြန်မာပြည်ကလူတွေကို.အလကားနေနှိမ်ပြနေပီး ကျုပ်တို့က ကိုယ်တွေကဘယ်လိုပါ ဆိုပီး ကိုယ့်ဂုဏ်ဖော်ပြချင်တဲ့ ခပ်ညံ့ညံ့ အတွေးမျိုး(သူတို့အဖို့တော့ကြီးကျယ်မှာပေါ့)
          လုပ်ကွက်မျိုး သုံးနေကြသေးတာလည်း ချဉ်ဖို့ပိုကောင်းသဗျ..

        • Foreign Resident

          March 15, 2013 at 8:08 pm

          က ရဲစည် ရေ ။

          အခုဖြစ်နေတဲ့ ပြဿနာ က ၊ က ရဲစည် နှင့် လုံးဝ မဆိုင်ပါဘူး ။
          သူကြီး ဘာကိုပြောသလဲ ဆိုတာကို တကယ် သိတဲ့လူ ၊ နည်းနည်းလေးပဲ ရှိပါတယ် ။
          အဲဒီ သိတဲ့လူ နည်းနည်းလေး ကလည်း ၊ ပြန်ပြောလို့တော့ လုံးဝ မရပါဘူး ။
          သူကြီး ဘာကြောင့် အဲလို ပြောခဲ့ရတယ် ဆိုတာကိုလည်း နားလည်နေကြတယ် ။
          အဲဒီမှာ ၊ သူကြီး ကို စာနာပြီး သူကြီး ဘက်က ကာကွယ်ပေးနေမိ ရတယ် ။

          အဲဒီတော့ ၊ ကျေးဇူးပြုပြီး ၊ စိတ်ရှည် ၊ သည်းခံပေးပါကွယ် ။

          အဘ ၊ ကြားက တောင်းပန်ပါတယ် ။

          အခု နောက်ဆုံး ၊ သူကြီးလဲ Satire ရေးတာကို မတားတော့ပါဘူး ။

  • ကြည်ဆောင်း

    March 13, 2013 at 4:34 pm

    ကြည်ဆောင်းလဲ တစ်ခါပါဘူးပါရဲ့ …
    ကိုယ့်နာမည်မြင်တော့ဝမ်းသာသွားခဲ့တာကိုလဲ မှတ်မိတယ် ..

  • P chogyi

    March 13, 2013 at 6:20 pm

    နံမည်ပါတာပဲ ပဲ့သွားတာမှတ်လို့
    ကျွန်တော်တို့က မူပိုင်ခွင့်မထားပါဘူး

  • nozomi

    March 13, 2013 at 6:30 pm

    အမည် ကို ခွင့်ပြုချက် မယူပဲ သုံးထားတဲ့ အတွက် လုံးဝ(လုံးဝ) မကျေနပ်ပါဘူး
    အရမ်း အရမ်းကို တင်းနေတဲ့ အတွက် လျော့သွားအောင် ဘီယာတိုက်ပြီး အနှိပ်ခန်း လိုက်ပို့ပေးပါ

    နောင် ထည့်ရေးမှာတွေ အတွက်လဲ ကြိုတိုက်လို့ ရပါတယ်

    အရင်ကပဲ ရေးရေး နောက်ပဲ ရေးရေး အေးဆေးဖြစ်ကြောင်း လာ လက်တို့ တာပါ

    • surmi

      March 13, 2013 at 11:15 pm

      @ကိုနိုဇို
      တကယ်တိုက်ပါ ့မယ်ဗျာ ဟဲဟဲ
      လိုက်လည်းပို ့ပါ ့မယ်ဗျာ …ထွက်မပြေးကြေးနော် 🙂
      မအားတဲ ့ကြားက လက်လာတို ့တာလည်း အားနာပါ ့ဗျာ
      ကျေးကျေး (တကယ်တိုက်လို ့မသောက်ရင်တော ့ တိုင်ပြောမယ် :harr: )

      @အစ်မပဒုမ္မာ
      တကယ် လန် ့သွားတယ်ဗျို ့
      ဒါမျို း သဂျီူ းမပြောဖူးဘူးလေ ။
      ဒါကြောင် ့ ဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်စရာရှိတာ လုပ်လိုက်တာ ….
      :hee:

  • padonmar

    March 13, 2013 at 7:26 pm

    ဘာခုမှ ကြောက်ပါပြီလဲ။
    ဒီလို တောင်းပန်ရုံနဲ့ ရကြေးလား။
    အကုန်ပြန်လိုက်ဖတ်ပြီး နာမည်မပါတဲ့ ပို့စ်ရှာမယ်။
    မပါတဲ့အတွက် လျော်ပေးရမယ်။

  • မောင် ပေ

    March 13, 2013 at 7:48 pm

    ကိုဆာမိ သာ ကျုပ် ရဲ ့ဂေဇက်နာမည် မောင်ပေ ဆိုတာ ကို သုံးပြီး ရေးမယ်ဆိုရင်
    ဘယ်အခန်းကပဲ ထည့်ရေးရေး
    ဥမပါ ကြာကူလီ အခန်းနှိုက်သော်လည်းကောင်း
    တဏှာရူး အခန်းနှိုက်သော်လည်းကောင်း
    သို ့ဒါမှမဟုတ် ၊ အခြား မည်သည့် ဇါတ်ခန်းနေရာတွင် လည်းကောင်း
    အိုဗျာ သုံးချင်သလို သုံးဗျာ
    ဟုတ်ပီလား
    ဗုံ
    မောင်ပေ

    • mobile

      March 13, 2013 at 9:45 pm

      အတော်ဂို ကြာဂူလီ ဖစ်ချင်နေဒယ်ပေါ့လေ…………
      ခပ်ကင်းကင်းနေမှပဲ………….
      :harr:

      • surmi

        March 13, 2013 at 11:30 pm

        @ကိုပေ
        သိပြီးသားလေ ဆရာပေရဲ ့။ယုံပါတယ်ဗျ
        တားမြစ်ထားပြီဆိုတော ့ နောင်ရေးဖြစ်မယ်မထင်ပါဘူး
        အခြားသူတွေကိုလည်း အားနာမိလို ့ပါ ။ ကျေးဇူးဗျို ့

        @ကိုရင်မိုဘိုင်း
        ချဲထုးိချင်ရင်တော ့ ရွတ်လို ့ကောင်းတဲ ့ဂဏန်းထိုးဗျာ
        ကိုရင်လည်း ရွာထဲ သိပ်မရှိတော ့ မျက်စိလည်နေပြီထင်ပါ ့

        @အလင်းဆက်
        ကိုယ် ့ညီရေ …. ပြောပေးမယ်ကွယ် စိတ်ချ
        နောက်နှစ် ဝါမကျွတ်စေရဘူး 🙂

  • အလင်းဆက်

    March 13, 2013 at 9:40 pm

    ကျွန်တော့်ကိုလည်း…ချစ်သုဝေတို ့က အသည်းအသန်လိုက်ကြိုက်နေရတဲ ့
    လူပျိုချောလေးနေရာကနေ..ထည့်ရေးဗျာ.။
    အမှန်ရေးတာပဲ. ။ ဘာ စိတ်ဆိုးစရာရှိလဲ. ။
    နော့
    🙂

  • mobile

    March 13, 2013 at 9:48 pm

    ခေါင်းစဉ် ကြည့်ပီး ရွာသူားများခင်ဗျာ ဆိုတော့………
    ဘိုးတော် ဆာမိ ဂဏန်းများပေးမလို့လား ဆိုပီး အပြေးအလွှား ဝင်ဖတ်လိုက်တယ်………
    လက်စသက်တော့ ဂလိုဖစ်နေဗာလား…………………………

  • uncle gyi

    March 13, 2013 at 10:43 pm

    နောက်ကျမှခွင့်တောင်း
    မတောင်းတာထက်ကောင်း
    ဟိုလူကြီးတွေအမျိုးထင်ပါ့ကိုဆာမိ

    • surmi

      March 13, 2013 at 10:49 pm

      ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော ့ ကန်တော ့ဆိုတာဒါမျိုးပေါ ့ အန်ကယ်ကြီးရေ ……
      :kwi:

  • MaMa

    March 14, 2013 at 6:26 am

    ဘိုဆာရေ-
    အော်တိုမစ်တစ် အန်ဒါစတွတ်ထင်ပါတယ်။
    ရွာထဲမှာ ရွာသူားအချင်းချင်း ချစ်ခင်တဲ့စိတ်နဲ့ ထည့်ရေးတာ စနောက်တာ အားလုံး….
    နဲဗားမိုင်းးးးးးးးးးးးးး :hee:

    • surmi

      March 15, 2013 at 12:54 am

      အန်တီမမရေ
      လွှတ်တော်မှာသွားချောင်းနေလို ့ ခုမှအကြောင်းပြန်ရတယ်ဗျ ။
      ခုတော ့လည်းအားလုံးပြေလည်သွားပါပြီဝ
      ကျနော်လည်း ပွိုင် ့အတော်ကြီးခိုင်သွားပါပြီ :kwi:

      ဦးမာဃရေ
      ကျုပ်ကိုခွင် ့လွှတ်ဗျာ ။ ဦးမာဃဆိုတာဒီရွာမှာရှိမှန်းသိပေမဲ မထိရဲလို ့ပါ
      တော်ကြာမိုးကြိုးသွားနဲ ့ခွင်းမှာကြောက်လို ့ 🙂

      ဗျို ့ …ကိုဩရကြီး
      ကျနော် ့ပို ့စ်တွေမှာ လာအားပေးနေကြဆိုတာသိပါ ့ဗျာ
      နောက်တစ်ခါ အခွင် ့သင် ့ရင် …… စိတ်ချဗျို ့

  • Mr. MarGa

    March 14, 2013 at 9:36 am

    ဘယ်သူ ကျေနပ်နပ် မကျေနပ်နပ်
    ဦးမာဃကတော့ လုံးဝလုံးဝ မကျေနပ်ဘူး
    ဘယ့်နှယ်ဗျာ
    သရော်စာ ရေးပါတယ်
    သိကြားမင်းကို ဘယ်ချောင်ထိုးထားကြမှန်းမသိဘူး
    တစ်ပုဒ်လုံးသာ ဖတ်တယ် သိကြား မပါဘူး
    နောက်တစ်ပုဒ် ထပ်ဖတ်တယ် သိကြား မပါဘူး
    ထပ်ပြီး ဖတ်ပြန်တယ် သိကြား မပါဘူး
    နောက်တစ်ခါ ဦးဆာ ရေးလို့သိကြား မပါရင်
    လူ့ပြည်ဆင်းပြီး ဝရဇိန်နဲ့ ကို ပစ်မယ်
    (အခုတော့ ဝရဇိန်က ပန်းတိမ်ရောက်နေလို့ သက်သာသွားတယ်)
    :kwi:

    • MaMa

      March 14, 2013 at 7:52 pm

      သကြား သကြား ..
      ဝရဇိန် ပန်းတိမ်ရောက်နေတာ ဟုတ်ရဲ့လား။
      ဟိုတစ်နေ့က အပေါင်ဆိုင်မှာ တွေ့မိလိုက်သလားလို့ 😆

  • awra-cho

    March 14, 2013 at 10:32 am

    မောင်ဝဏ( မရိုက်တတ်လို့ပါဗျ) တို့လဲ တကယ့် နိုင်ငံကျော်တွေ ရေးခဲ့သေးမှတ်တယ်၊ သူတို့လဲ ဒီလိုပဲ ရယ်နေကြတာ ပါပဲ။ အနော်လဲ စိတ်ဆိုးတယ်ဗျို့ ။ကိုယ်က ရွာထဲ အရောက်နည်းတော့ ဘုူမှမသိ ဘူမှရေးကြဘူး၊ နောက်တခါ ပါအောင်ရေး၊ ဒါဗျဲ။

  • etone

    March 14, 2013 at 2:49 pm

    ဘာတွေ ဘီလိုဖြစ်နေတာလဲတော့ မသိဘူး .. ယောက္ခမကြီး .. ။ ပျော်လို့ ဝင်နောက်နေတာ … ခိခိ …
    တခါကများ ဆို .. တူညားကို လူပုံအလယ် ပန်းဦးလွှတ်ပဲတောင် ရေးထားသေး .. ဟေးဟေး………. ။ တမီးကတော့ ယောက္ခမဂျီး ချိလို့ ရေးတယ်လို့ပဲ မှတ်ပါတယ် .. ဟီး … ။ တားငယ်လေး ပေးနော် … :hee:

    အတည်ပြောပါမယ် …… တမီးနာမည်သုံးချင်တဲ့ အချိန် သုံးချင်တဲ့ နေရာမှာ ရေးချင်တာရေး .. အေးချေးပါ … ။
    စိတ်မထင်ရင် တခါတခါ .. ထဆဲ တတ်တာက လွဲလျှင်ပေါ့ ..အဟီးးးးးးးးးးး နောက်တာပါ :kwi: ရေးလိုက ရေးနိုင်ပါအိ .. ပြတနာ မချိပါဝူးးးးးးးးး စကားကုန်ပြောထားဘီးဘီ .. ဂျိုကျိုးနားရွက်ပဲ့ ခွာလိပ်အမြီးကုတ်….. ဘယ်နေရာထားထားပါ .. စာရေးသူရဲ့ စေတနာပေါ့အေ … ခိခိ ခွိခွိ ။ :mrgreen:

    • surmi

      March 15, 2013 at 1:07 am

      ဒေါ်အိတုန် >>>>>
      ဆိုးဆိုးဝါးဝါး ဘယ်ရေးပါ ့မလဲ ချွေးမ ဆိတော ့….
      သရဲကောင်းတွေအချိန်မှီကယ်ခိုင်းထားပါတယ်လေ
      :hee:

      ကိကမ်း >>>>>
      မအားတဲ ့ကြားကအရောက်လာတာကျေးဇူးဗျို ့
      နောက်တစ်ပွဲကတော ့ အပြင်မှာဘဲ နွဲကြတာပေါ ့နော

      ကဲ ကဲ ရွာသူားများခင်ဗျာ
      အားလုံးလဲ သူ ့နည်းသူ ့ဟန်နဲ ့ ဗလုံးဗထွေးပြေလည်သွားကြပါပြီ
      ကျနော်မောင်ဆာမိလည်း ခါတော်မှီဝင်လုပ်စားလိုက်တာ
      နေ ့တွက်အတော်စီသွားပြီမို ့ ခဏနားပါဦးမည်ခင်ဗျာ
      🙂 🙂 🙂 🙂 🙂

  • marblecommet

    March 15, 2013 at 12:21 am

    အဓိက နဲ့ သာမည ကို
    ခွဲကျိမယ်ဆိုရင်
    ကိုဆာ အရေးတယူ
    လုပ်ပြီးကျော့်နာမည် ထည့်ရေးပေးတဲ့အတွက်
    ကျေးဇူးတောင်
    အပုံကြီး တင်ပါတယ် ဗျာ…
    လေးစားတဲ့
    ငကမ်း

  • Shwe Ei

    March 15, 2013 at 9:30 am

    အန်ကယ်ဆာရေ ပြောဖို့ကျန်သွားလို့။
    နစ်ခ်နိမ်းသုံးမယ်ဆိုရင်လေ အနော်တို့လို ပြည်တွင်းက မျက်နှာမွဲလေးတေကို ဦးစားပေးပြီး
    ရှေ့တန်းတင် (စစ်မြေပြင်မပါ) ရေးစေလိုကြောင်း :mrgreen:
    ပြည်ပကလူတွေအနေနဲ့က လိုတိုင်းတ ရကြပြီးသားမို့
    ပြည်တွင်းက အခုမှ တောင်းမယ်ကြံ ဟန်ပြင်နေတဲ့ လူပြိန်းလေးတွေကိုယ်စား
    တောင်းဆိုလိုက်ရပါကြောင်းခညာ :kwi:

    • ဟုတ်တယ်..ဟုတ်တယ်.. နောက်တစ်ခါရေးရင် လုံမလေးကိုလည်း ထည့်ရေးပေး… အနော်လည်း ပြည်တွင်းနေ … မြန်မာငွေစား.. မျက်နှာမွဲလေးပါ… 🙂

  • Crystalline

    March 15, 2013 at 12:38 pm

    အန်ကယ်ရေ…နာမည်ထည့်လို့စိတ်မဆိုးပါဘူး.. ဆန်ပြုတ်ကျွေးရင်တော့ တမျိုးပေါ့ 😛

  • Char Too Lan

    March 15, 2013 at 12:55 pm

    လေးဆာမိ ပိုစ့်တွေထဲမှာ ကျနော်မပါဝူး ပြန်ထဲ့ရေးပီးတင်ပေးပါ.. သားလဲပါချင်တယ်.. သားလဲပါချင်တယ်.. သားလဲပါချင်တယ်………….. အိမ်သာထဲမှာ :mrgreen:
    လေးလေးခ…………… ဖားအော်သံတွေဆူနေတယ် သားနားညီးတယ် အိပ်မရဝူး
    အိပ်မရဝူး အိပ်မရဝူး အိပ်မရဝူး အိပ်မရဝူးးးးးးးးးးးးးးးးးးး 😥

  • နေဝန်းနီ

    March 15, 2013 at 9:46 pm

    နာ့ကို ဗီလိန်ခန်းက ပေးမယ်ဆိုရေးလေ……… အရက်ဒွေမူးပြီး ကောင်မလေးဒွေကို ဆွဲလားရမ်းလားလုပ်တဲ့နေရာမျိုး ကလွဲရင် ကျန်တဲ့နေရာတွေ လျှောက်မရေးနဲ့ အပြင်မှာမလုပ်ခဲ့ရဖူးလို့ တစ်ခါတစ်လေး စိတ်ကူးကြည့်ဒါ …… အဲဒိလို လုပ်ခဲ့မိရင် ဘယ်လိုနေမလဲမသိဘူးဆိုပြီး ….။

  • စုန်း ဘု ရင်

    March 18, 2013 at 10:26 pm

    ဟူးးးးးးး
    ပို့စ်ထက် ကော့မတ်တွေဖတ်ရင်း
    မူးသွားပါကြောင်းးးးးးးးးးးးးးးးးး 😛

Leave a Reply