စွဲလမ်းခဲ့ မိဘူးသော စာအုပ်တစ်အုပ်

IrisMarch 13, 20131min19129

အစ်မ ဝင့်ပြုံးမြင့် ရဲ  ့အဌမနေ ့ပို ့ကိုဖတ်ပြီး  ငယ်ငယ်တုန်းက စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ ့ဘူးတဲ ့”Wuthering Heights” ကိုသွားသတိရမိတယ်.. မူလတန်း စတက်ကာစ ကျမ ဖတ်ဖြစ်ခဲ ့တာ မူရင်းစာအုပ် မဟုတ်ခဲ ့ပါဘူး. ဘယ်သူရေးမှန်းလည်း မသိပါဘူး..အခုထိ အဲဒီစာအုပ် က ပေးချင်ခဲ ့တဲ့ရည်ရွယ်ချက်ကို မသိသေးပါဘူး..ဒါပေမဲ့ ဒီစာအုပ် က ကျမ ကို တော်တော်လေး ဆွဲဆောင်လွန်းခဲ့ပါတယ်….

အဲဒီအတွက် သောကြာနေ ့ညနေ တွေမှာ ဝါးခယ်မ မြို ့ကနေ ကျမတို ့ရွာကိုလာမဲ ့သင်္ဘောသေးသေးလေးကို မျော်ရတာ အမောပေါ ့. အဲဒီ ့သင်္ဘောသေးသေးလေးကို ကျမတို ့ဒေသ က ပဲ့ထောင်လို ့ခေါ်ကြတယ်. ကျမချစ်တဲ ့ ရွာလေးဟာ ချောင်းကမ်းဘေးကိုမျက်နှာမူပြီး အနောက်မှာ လယ်ကွင်းတွေ တမျှော်တခေါ်နဲ ့မြို ့နဲ ့တော်တော်အလှမ်းဝေးလှပါတယ်. မြစ်ချောင်းတွေ ထူပြောလှတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေရဲ  ့ထုံးစံအတိုင်း ကျမတို ့ဟာ ရေကြောင်းလမ်းကိုပဲအထိက အားပြုရပါတယ်.ကျမ တို ့ရွာက လူကြီးတွေရဲ  ့အိမ်မက်ဟာသူတို ့ရဲ  ့ဘဝမှာ တစ်ခါလောက် ရွှေတိဂုံဘုရား ကို ဖူးမြှော်ခွင်ရဖို ့လို ့ဆိုရင် ရန်ကုန် က လူတွေက ရယ်ကြမလားပဲ.. ဒါတွေဟာလွန်ခဲ့တဲ့ အတိတ်မှာ တကယ့် ဖြစ်ရပ်တွေပါ.

ကျမ မျော်လင့်စောင့်စားနေရတဲ ့သောကြာနေ ့မှာ မြို ့ကျောင်းကပြန်လာတဲ ့ မမ ဟာ အဲဒီ စာအုပ်ကိုသူ ့ရဲ ့လွယ်အိတ်ထဲမှာထည့်ပြီး အိမ်ပြန်လာခဲ ့တယ်. မမ ကို အိမ်ရှေ့ကသင်္ဘောဆိုက်တဲ့ တံတားထိပ်မှာပြေးကြို တယ် ပြီးတော့ သူ ့ရဲ့လွယ်အိတ်ကိုလွယ်ပြီး အိမ်အပေါ်ထပ်ကိုတက်လာခဲ ့တယ်. လွယ်အိတ်ကို ကြိုးက ကိုင်ပြီး မှောက်သွန် ပစ်လိုက်တယ်…ဟီးဟီး…တွေ ့ပါပြီ ကျမရဲ  ့ချစ်လှစွာသော စာအုပ်ထူထူလေး.. မမ တို ့ကအဲလိုစာအုပ်မျိုး ကိုအထူးထုတ်လို ့ခေါ်ကြတယ်. မမ တို ့ရဲ ့အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်း ကို မြန်မာလို ဘာသာပြန်ထားတာပါ. အသံထွက်တွေလဲပါတယ်. ့အင်္ဂလိပ်လိုတစ်ပိုဒ် ပြီးရင် အသံထွက် ပြီးတော့ ကျမရဲ့ စိတ်ဝင်းအစားဆုံးအပိုင်း မြန်မာပြန်. အင်း ကိုရီးယားကား ကြည့်ခဲ့ ရသလိုပါပဲ အပတ်စဉ် မမ အိမ်အပြန် ကိုမျော်ရတာ. မမကိုတစ်ခါလောက်တော့ပြန်မေးကြည့်ချင်သေးတယ် အဲဒီ သင်ခန်းစာကို အမှတ်ရသေးရဲ  ့လားလို ့. မမနဲ ့က အသက်ကွာတော့ အဲဒီ အချိန်တုန်းက မမ က ကျမ ကိုသူငယ်ချင်းလို မဆက်ဆံပါဘူး. မမ ကိုကြောက်လို ့စာအုပ်ကိုခိုးဖတ်ပြီးရင် သူ ့လွယ်အိတ်ထဲ ပြန်ထည့်ထားရတယ်. အခုတော့ အဲဒီ ဇာတ်လမ်းကိုသေသေချာချာမမှတ်မိတော့ဘူး..ဒါပေမဲ့ တော်တော်လေးငိုခဲ့ဘူးတာတော့မှတ်မိနေသေးတယ်.အခုတော့အရာရာမှုန်ဝါးဝါး ဖြစ်သွားပြီ…

ကျမ ငယ်ငယ်တုန်း က စာဂျပိုးတစ်ကောင်ပေါ့..ဒါပေမဲ့ ကျမ နှစ်နှစ်သက်သက် ဖတ်ဖြစ်ခဲ့တာတွေက ကျောင်းသင်ခန်းစာတွေ မဟုတ်ခဲ ့ပါဘူး.. နည်းနည်းရယ်စရာကောင်းခဲ ့တဲ ့အဖြစ်အပျက် တစ်ခုကိုအခုထိ မှတ်မိနေသေးတယ်. အဲဒီနေ့က ကျမ ဆုရခဲ့တယ်..ပြီးတော့အရိုက်ခံရတယ်…ဆုပေးတာက ပြီးခဲ့တဲ့စာသင်နှစ်အတွက်..အရိုက်ခံရတာက အဲဒီနေ ့ကအိမ်စာ လုပ်မသွားဘူး.

ကျမ စာစဖတ်တတ်တော့ ကျမ မေမေ က အရမ်းဂုဏ်ယူခဲ ့တယ်. ငါ ့သမီးက ငယ်ငယ်လေးနဲ ့စာဖတ်တတ်တယ် ကြီးလာလို ့ပညာတတ်ကြီးဖြစ်ရင် ပင်ပင်ပန်းပန်း အလုပ် လုပ်စရာမလိုတော့ဘူးလို ့အမြဲပြောလေ့ရှိတယ်. မေမေကိုယ်တိုင်လည်း ပညာတတ်ကြီး ဖြစ်ချင်ခဲ့ပေမဲ့ သမီးအကြီးဆုံး ဖြစ်ခဲ့တဲ့ မေမေ့ မှာရွေးချယ်ခွင့်တွေ အများကြီး မရှိခဲ ့ပါဘူး. တောရွာဓလေ့ အတိုင်း ဘုန်းကြီးကျောင်း ပညာရေးနဲ ့အဆုံးသတ်ခဲ့ရပြီး မြို ့ကျောင်းမရောက်ခဲ့ပါဘူး. အဲဒီအတွက်မေမေဟာ ကျမတို ့ကိုစာကြိုးစားဖို ့ ကိုအမြဲတိုက်တွန်းလေ့ရှိတယ်.

ရွာမှာရှိတဲ့ မူလတန်း ပညာရေး ပြီးဆုံးသွားတဲ့ အခါမှာတော့ မျော်လင့်ချက်တွေအတွက်ခါးသက်လွန်းလှတဲ့လောကဓံ ကိုရင်ဆိုင်ရပြီပေါ ့. ဆင်းရဲတဲ့ မိသားစုက လာတဲ့ကျမ အတွက်အရာရာဟာ ခက်ခဲလွန်းခဲ့ပါတယ်. တခါတလေ ဘဝကိုအရှုံးပေးခဲ့ ချင်မိပေမဲ ့ကိုယ်ကို ံကိုယ်တည့်မတ်နိုင်ခဲ့ပါတယ်. ပြင်ပ ဗဟုသုတ စာပေတွေကို ဖတ်ခဲ့တဲ့ အကြိုးကျေးဇူးလို ့ပဲ လို ့အခုထက်ထိ ယုံကြည်နေတုန်းပါပဲ.

Mandalay Gazette ကိုနှစ်ချိုက်မိတာကလည်း  ကျမ ကို ဗဟုသုတ ရစေလို ့ ပါပဲ..ကျမ မသိသေးတဲ ့အကြောင်းအရာတွေ သိခွင့်ရခဲ့တယ်. သူကြီးရဲ ့Open Minded ကိုလေးစားပါတယ်.. စာရေးသူတွေရဲ ့ စိတ် တံခါးပေါက်ကိုဖွင့်ပေးပြီး လွတ်လတ်စွာနဲ ့စဉ်းစားတွေးခေါ်ခွင့်ပေးထားတယ်လို ့ယူဆပါတယ်..တခါတလေတော့ ဝင်ပြီးတည့်မတ်ပေးတယ်လို ့လည်းထင်ပါတယ်.  အရီးလတ်ရဲ့ စေတနာ ကို ပိုစ့်တွေနဲ ့ကောမန် ့တွေမှာခံစားရတယ်.. (အရီးလတ်က မုန် ့ကျွေးမယ်ဆိုလို ့ှဖားထားတာ..ဟီး.. တကယ်ပြောတာပါ) ဂီဂီ ရဲ့ အချက်အလက်ပြည့်ပြည့်စုံစုံ နဲ ့ပို ့စ် တွေကိုလည်းအားကျမိပါရဲ  ့. ကျမက အချက်အလက် စုရတာ ပျင်းတယ်. အခုတောင်စာရေးရတာ ပျင်းသွားပြီ….ကျမ အားကျရတဲ ့စာရေးဆရာတွေ အများကြီးကျန်သေးတယ်……

“ ဆရာမ ဝင့်ပြုံးမြင့်.. ဆရာမ  TTNU, ဦးဖော , မမ..မဝေ.ဆူး. ဦးကြောင်..ဦးပု…ဦးဘလက်ချော. The Winner,

အကုန်လုံးကိုလေးစားပါတယ်…ကိုဖုန်းကျော် ရောပဲ..မတူညီတဲ့ ရှု ့ထောင့်ကနေ ပွင့်လင်းတဲ့ အမြင်တချို ့ကို  မြင်ရသလိုပဲ…

29 comments

    • ခိုင်ဇာ

      March 13, 2013 at 2:46 pm

      မန့်တာကို စိုင်းကို လွတ် အောင် မန့်စေချင်ပါဒယ်။
      :kwi:

      ဝူးသဒင်းဟိုက်ကို ရေးခဲ့တာ ပုညခင် ဘာာာ။ ဟိဟိ။
      ပြီတီနဲ့ အိမ်သာ တို့ ရုပ်ရှင်ရိုက်ပြီးသွားပါဘီ.။ ခိခိ။။
      :mrgreen: :mrgreen:

      လီလီရေ။ အတည်ပြောမလို့။
      ကျနော်က အင်္ဂလိပ်လို မဖတ်ဖူးဘူးဗျ။ ပထမမျက်နှာမှာတင် အိပ်ပျော်ပျော်သွားလို့။ :mrgreen:
      ဘာသာပြန်ကိုဖတ်ဖူးတော့ ၁ဝတန်းအောင်ပြီးကာစ။
      ဖတ်ပြီး မငိုတော့ မငိုဖူးဘူး။
      Heathcliff ကို ချစ်တယ်။
      စိတ်ထဲ တော်တော်ကြာကြာရှိခဲ့ဖူးတယ်။
      :hee:

      ဒါပေမည့် အသက်ကြီးတော့ သူ့ရဲ့ အပူတို့ စိတ်ရဲ့ ပူလောင်မှုတွေကို မြင်တတ်ပြီး ကြောက်တတ်လာတာ။
      အညှိုးတို့ အမုန်းတို့ဆိုတာ ပတ်သက်တဲ့ လူတိုင်းကို ပူလောင်စေတာကလား။

      • lele

        March 13, 2013 at 3:02 pm

        ွှအင်း….ခိုင်ဇာရေ ကျမက မမရဲ ့ကျောင်းသင်္ခန်းစာ ကိုခိုးဖတ်ခဲ့တာ. အဲဒီ တုန်းက ကလေးတစ်ယောက်ရဲ ့ခံစားမှူကြောင့်လို ့ထင်ပါတယ်. အခုနေ ပြန်ဖတ်ဖြစ်ခဲ ့ရင် တော့ ဘယ်လိုခံစားရမလဲ မသိဘူး.. မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့တာကြာပြီ..အစ်မ ဝင့်ပြုံးမြင့် ရဲ ့အဌမနေ ့ကြောင့် သတိရသွားတာ…

      • ဦးဖွတ်ကျား

        March 13, 2013 at 3:08 pm

        ဟုတ်ကဲ့ …နောက်ကို စိုင်း မပါဇီယပါပူး..
        စဂါးမစပ် (ဦး)ဘွဲ့မှူး အတော်ကံကောင်းတယ်နော်..
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .ဒင်းမပေါ်ခင် သေသွားလို့…
        :kwi:

        ဒက်ဂလောက် .. ဒက်ဂလောက်..

  • lele

    March 13, 2013 at 2:38 pm

    ဟီးဟီး…စိုင်းဆိုင်း ခမ်းလှိုင် မဟုတ်မှန်းတော့ သိတာပေါ့. အခုတော့ ဦးဖွတ်ကျား မဟုတ်မှန်းလည်း သိသွားပြီ..:) လင့်ခ် အတွက် ကျေးဇူးပါ..

  • အရီးခင်လတ်

    March 13, 2013 at 4:25 pm

    ကျေးဇူးထပ်တင်ပါတယ် lele ရေ။
    တကယ်ကြီးကို ကျွေးမှာ။ 😛

    အဲဒီ စာအုပ်တော့ မဖတ်ဖူးဘူး။
    ဇာတ်လမ်းတွဲ တော့ ကြည့်ဖူးလိုက်တယ်။
    lele စာတွေလဲ ဖတ်ချင်ပါတယ်။

    • lele

      March 14, 2013 at 7:17 pm

      အရီးလတ်ရေ ဇာတ်လမ်းတွဲ တွေရှိတာမသိခဲ့ဘူး..နောက်ပိုင်း ကိုရီးယား လှိုင်းနဲ ့မျောပါသွားတယ်… ဟီး
      Google မှာရှာကြည့်အုံးမှပဲ… 😀

  • nozomi

    March 13, 2013 at 6:05 pm

    ၁ဝ တန်းတုန်းကတော့ ပြဌာန်းစာအုပ်အနေနဲ့ သင်ခဲ့ရတာပဲ
    ကောင်းတယ် ကြိုက်ခဲ့တယ် ရယ် တချို့ ဇတ်ကောင် စရိုက်တွေရယ် နဲနဲ မှတ်မိတာက လွဲလို့ သေချာ မမှတ်မိတော့ဘူး

    တစ်ခါ တစ်လေ ငယ်ငယ်က အဖြစ်အပျက်လေးတွေက
    ဘာကြောင့်မှန်း မသိပဲ အချိန်တော်တော်ကြာ သတိရနေတတ်တာ အံဩဘို့ ကောင်းတယ်

  • lele

    March 13, 2013 at 6:44 pm

    ဟုတ်တယ် ကိုNozomi…ဘာကြောင့်မှန်းမသိဘူး သေသေချာချာလည်းနားမလည်ပဲနဲ ့အဖြစ်အပျက်အချို ့ကိုမှတ်မိနေတတ်တယ်. မေ့မေ့ရဲ့ရှေးဟောင်းသစ်သား သေတ္တာကြီးထဲက စာအုပ်တွေကိုလွမ်းမိတယ်. ဆရာ ပီမိုးနင်းရဲ ့စာအုပ်တွေလဲ တော်တော်များများရှိခဲ ့တယ်..ဘဝတစ်သက်တာ မှတ်စုလို စာအုပ်တွေရော သေသေချာချာမသိတော့ဘူး.. ရုပ်ပုံတွေပဲလိုက်ကြည့်ခဲ့ဘူးတဲ့ အင်္ဂလိပ် စာအုပ်တစ်အုပ်ကို ဆရာတာရာမင်းဝေက ဝတ္ထုတစ်ပုဒ် အနေနဲ ့ထုတ်ခဲ ့ဘူးတယ်. ကျမ တို ့မြို ့ကိုအပြီးပြောင်းတော့ မေမေ ဘယ်သူ ့ကိုပေးခဲ့လဲမသိဘူး..

  • ဝင့်ပြုံးမြင့်

    March 13, 2013 at 9:17 pm

    အားကျတယ်ဆိုလို့ သွေးတောင်နားထင်ရောက်သွားပြီ။ အကြောင်းမသိလို့ အားကျတာပါ ညီမလေးရယ်။ အကြောင်းသိရင် ဘာမှအထင်ကြီးစရာမရှိ။ အမ ငယ်တုန်းက အချစ်ဝတ္ထုတွေလှိမ့်ဖတ်၊ ရည်းစားစာ အရေးကောင်းလို့ ခုလောက်ဖြစ်လာတာပါ။ စာကြီးပေကြီး သိပ်မဖတ်ဖူးဘူး။ တကယ်ဆိုရင် အချစ်နယ် အလွမ်းတောထဲမှာပဲ ပျော်မောနေချင်သူပါ။ ဘာပဲပြောပြော ညီမကြောင့် အဠမနေ့ကို ဆက်တင်ဖို့ အားတွေ ရှိသွားပြီ။

    • lele

      March 14, 2013 at 7:27 pm

      အစ်မရေ..တကယ်ပြောတာပါ…အစ်မတို ့လိုစာရေးဆရာတွေကို သိပ်အားကျတာ..စာရေးဆရာကောင်းဖြစ်ဖို ့စာတွေအများကြီးဖတ်ရတာရယ်. စာအစုံဖတ်ရတာရယ်. နိုင်ငံတကာကစာအစုံဖတ်နိုင်အောင် ဘာသာစကားကျွမ်းကျင်ရမယ်….ပြီးတော့ စာဖတ်သူတွေ နူးညံ့စွာနဲ ့ပေးချင်တဲ ့အတွေးအခေါ်…တကယ်အားကျလေးစားရပါတယ်.

  • padonmar

    March 13, 2013 at 9:36 pm

    Wuthering Heights ကို မသင်ခဲ့ရတော့ သိပ်ပြီးမစွဲလမ်းမိဘူး။
    ကျမတို့က ရှိတ်စပီးယားပြဇာတ်တွေ သင်ရတဲ့ ခေတ်ကိုလည်း မမီလိုက်ဘူး။
    အလယ်လပ်ကြီး။
    စကားအတင်းစပ်..ပို့စ်ထဲမှာ ဝါးခယ်မလို့ တွေ့လိုက်သလားလို့ ။

    • lele

      March 14, 2013 at 7:42 pm

      အန်တီ ပဒုမ္မာရေ…ကျမတို ့ရွာလေးက ဝါးခယ်မနဲ ့ကျုံမငေး ကြားမှာပါ. ကျမကတော့ ဝါးခယ်မ နဲ ့တော်တော် စိမ်းပါတယ်..လေးတန်းအောင်တော့ မြို ့ကျောင်းတက်ရမယ်မှတ်နေတာ..ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျုံမငေးမြို ့ကနေ သင်္ဘောနဲ ့နှစ်နာရီ. သုံးနာရီလောက်ထပ်သွားရတဲ ့အဒေါ်တွေနေတဲ ့ရွာကအလယ်တန်းကျောင်းကိုရောက်ခဲ့တယ်. အဲဒီတုန်းက သူငယ်ချင်းတွေကိုလွမ်းသွားပြီ… 🙂

  • အလင်းဆက်

    March 13, 2013 at 9:36 pm

    အဲဒီစာအုပ်ကိုရေးခဲ့တာ..
    ဘသူထင်လို့လဲဗျ ။

    အကြည်တော် ….( အဲ..အကြည်တော် စာအုပ်တွေက အဲသလောက် ထူပါဘူး .။ ပါးပါးလေးရယ်…ဖတ်ရတာ တန်ဝူး…. )

    🙂
    ——————
    အခုရေးသားတဲ ့ ပိုစ့် ရှင်ကလည်း..
    စာအရေးအသားသွက်လက်ပြီး…ဖတ်ရတာ အဆင်ပြေချောမွေ့နေတာ သိသာပါတယ် ။
    ရသ တွေ ရေးရေး..
    သုတတွေရေးရေ…
    ခံစားမှု / အက်ဆေး… ကဗျာ…ဘာရေးရေး..
    ဖတ်တဲ ့သူ..ရသ ရအောင် ရေးနိုင်မယ့် လက်မျိုးလို ့…
    ယုံကြည်မိပါတယ် ။
    ရေးပါဦးဗျ…။

    ခင်မင်လေးစားစွာ…
    အလက်ဆင်း

    • lele

      March 14, 2013 at 7:49 pm

      ဟုတ်ပါတယ် မောင်လေး အလင်းဆက်….အကြည်တော်က ဘီလူးပါ.. ဝက်သားဟင်းလည်းမချက်တတ်ဘူး ဟီး…နောက်တာပါ… အခုလို မြှောက်ပြောတဲ့ အတွက် အရီးလတ်မုန် ့ဝယ်ကျွေးတဲ ့အခါ တစ်ဝက်ခွဲပေးမယ်နော်..

  • ဦးကြောင်ကြီး

    March 14, 2013 at 8:59 am

    ဝက်သားဟင်းဟိုက်ကို ရေးခဲ့တာ တရုတ်စာရေးဆရာဂျီး ဟူကျင့်တောင်ပါ။ အဲဒါကို ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်းက တထောင့်တည ပုံပြင်များဆိုပြီး မှီငြမ်းရေးခဲ့ပါဂျောင်း…

    • lele

      March 14, 2013 at 7:58 pm

      ကြောင်သားဟင်းကိုချက်ခဲ့တာ…..ဒိုဘာမန် ဦးခိုင်ပါ….ဆာကေးနဲ ့အမြီး လုပ်မလို ့ပါ…. 🙂
      စကားအတင်းစပ် (credit to Kai) ကျမ Mandalay Gazette ကို စ ဖတ်တော့..ဦးကြောင်ရယ်..သူကြီးရယ် ..ဦးပုရယ် ကို တစ်ယောက်တည်းလို ့ထင်နေတာ..သူကြီးသုံးကိုယ် ခွဲထားတယ်ထင်နေတာ…နောက်တော့ ဦးပုမဟုတ်မှန်းသိလာတယ်…

      • ဦးကြောင်ကြီး

        March 15, 2013 at 10:16 am

        သဂျီးနဲ့က မကြာခင် အမျိုးတော်မှာပါ၊ အဲဒီကြမှ သူရှာသမျှ စည်းစိမ်တွေ ဖြုန်းပစ်မယ်၊ အိမ်ဦးခန်းမှာ ဝိပဿနာ တရားစခန်းဖွင့်မယ်… လာကြနော် အခုထဲက နေရာဦးထားဂျ။။ ဝင်ကြေးအခမဲ့ (သဂျီးစည်းစိမ် မကုန်သရွေ့ :kwi: ) အစားအသောက် – သက်သက်လွတ် မွန်းလွဲညစာ မကျွေးပါ၊ ဥပုသ်စောင့်ရမည်။

  • mamanoyar

    March 14, 2013 at 10:23 am

    စာဖတ်ရတာဝါသနာပါတယ်ထင်တယ် lele က
    lele စာတွေလဲဖတ်ချင်ပါတယ်ရှင်
    ကြည့်ရတာ စာရေးတော်မယ့်ပုံပဲ

    • lele

      March 14, 2013 at 8:04 pm

      မမနိရာရေ…စာဖတ်ရတာအရမ်းဝါသနာထုံခဲ့တယ်…အခုတော့အပျင်းကြီးနေတယ်.. 🙁

  • awra-cho

    March 14, 2013 at 10:25 am

    ပျင်းလောက်အောင် သင်ခဲ့ရတာပါ၊ ဒါပေမယ့် ရင်ထဲ ကျလိကျလိ ဖြစ်တဲ့ ဇတ်ဝင်ခန်းလေး မှတ်မိတုန်းပဲ။ ကိုရီးယား လွဲတာလောက်တော့ ပျင်းသနားတယ်၊ ကောင်မလေးက သူ့အကြောင်းပြောနေတာ သူက ခုံတန်းလျားမှာ အိပ်နေရင်း ကြားလိုက်တာလေ၊ မကောင်းပြောတာ တောက်လျှောက်နားထောင် ပြီးမှ၊ ဘာပဲ ပြောပြော သဘောကျ တယ်ဆိုတဲ့ စကား၊ ကောင်းတာကျ၊ နားမထောင်မိသွားပဲနဲ့ လူဆိုးဖြစ်၊ ပြီး ဒီဇာတ်လမ်း ဖြစ်လာတာကို အဲဒီတုန်းက တနုံ့နုံ့ နဲ့၊ သူသုံးတဲ့ စကားလုံးတွေက ရှေးရှေး စကားလုံး တွေဆိုတော့ ဆယ်တန်းအရွယ်နဲ့ ကြီးလွန်းတယ် ထင်ခဲ့တာဗျ။ အခုတော့ ပိုနေမြဲ ကျားနေမြဲ ခေတ် ထင်ပါ့။

    • lele

      March 14, 2013 at 8:11 pm

      🙂 ကျောင်းသင်္ခန်းစာဆိုရင် ကျမလည်းစိတ်ဝင်စားမယ်မထင်ဘူး.. မမဖတ်စာအုပ်က ကျမအတွက် ဝထ္ထုတစ်ပုဒ်လို ဖြစ်ခဲ့လို ့စွဲလမ်းခဲ့ရတာပါ…..

  • ရဲစည်

    March 14, 2013 at 12:54 pm

    အဲ့ ဝဲသရင်းဟိုက်တော့ ကျောင်းစာထဲ ဖတ်ဖူးတယ် …
    အဲ့လောက်တော့ မကြိုက်ဘူး … အဲ့အချိန်မှာ ဖတ်ဖြစ်နေတာက မောင်ထင်၊ သော်တာဆွေ၊ မြသန်းတင့်
    တကယ်စွဲလမ်းခဲ့ဖူးတာက တက္ကသိုလ်ဘုန်းနိူင်ရေးတဲ့ တောင်ကြီးက ကျောက်တောင်ချွန်းကြီးနဲ့ ကောင်မလေး ၂ယောက်အကြောင်း ဝတ္ထုနာမည်တော့ မမှတ်မိတော့ဘူး။ နောက်တအုပ်က ကြယ်နီရဲ့ ကိုတံငါ ဝတ္ထုတွေ။ အဲ့ချိန်တုန်းက ရေဒီယိုက စန္ဒယားထွန်းညွန့်ရဲ့ ကိုယ့်ရပ်ဌာနေသီချင်းကို လွှတ်ခိုက်မိတယ် ….
    ပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့ …
    သူ့အကြိုက် ကိုယ့်အကြိုက် မျှဝေကြည့်တာ …

    • lele

      March 14, 2013 at 8:24 pm

      ကျမ လည်းဆရာကြီး မောင်ထင်. ဆရာသော်တာဆွေ စာအုပ်တွေ ဖွဖူးတယ်..ဆရာကြီးသော်တာဆွေမှာပြောမနာဆိုမနာ စာရေးဆရာ သူငယ်တစ်ယောက်ရှိခဲ ့တယ် မှတ်တယ်… “သော်တာဆွေ….တော်ရာနေ” ဆိုတဲ့ နောက်ပြောင်ခနဲ ့ထားတဲ့ စာကိုဖတ်မိခဲ့သလိုပဲ. ဆရာမြသန်းတင့်လဲဖတ်ဖူးခဲ့တယ်..ဆရာမ သန်းမြင့်အောင်ရောပဲ.. ဆရာတက္ကသိုလ်ဘုန်းနိူင်ရောပဲ.. ကမာရင်ကွဲ ရေးတဲ့စာရေးဆရာတော့ မမှတ်မိတော့ဘူး.

      • marblecommet

        March 15, 2013 at 12:15 am

        ဆရာ သော်တာဆွေ
        အရင်းနှီးဆုံး ရေးတာကတော့
        ဆရာ ဒဂုန်တာရာလို့ ထင်ပါတယ်ခင်ဗျ
        သူ့ကိုယ်သူ တော်ရာ ခွေလို့ရေးသလို
        ဆရာ ဒဂုန်တာရာကိုလည်း
        ဂဠုန်ခွာနာ တို့ ဘာတို့ ရေး တာ ဖတ်ဖူးပါတယ်
        ဖိုးသော်တာ စန္ဒာ လကိုကွယ် ဆို တဲ့ ဝတ္ထုတိုလေးမှာလည်း
        အဲလိုရေးထားတာ ပါတယ်ဗျ
        မှတ်မှတ်ရရ အဲဒီ ဝတ္ထုလေးကို မှီးပြီး ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်
        လွန်ခဲ့တဲ့နှစ်များက မဂ္ဇဇင်းမှာ ဆုရဖူးလို့ မှတ်မိနေပါတယ်ဗျို့
        ဆရာကလည်း သူ့ရဲ့ အဲဒီ ဝတ္ထုကို
        အေ ဂျန်းနီး တူးအေ စတား ဆိုတဲ့ ရုပ်ရှင်က
        မှီးတာလို့ မှတ်သားဖူးပါတယ် မ လီခင်ဗျား
        အားပေးနေပါတယ်
        လေးစားတဲ့
        ငကမ်း….

  • ဦး ကျောက်ခဲ

    March 14, 2013 at 1:18 pm

    ကျုပ်ငယ်ငယ် အထက်တန်းကျောင်းသားဘဝတုံးက အသားမည်းပြီး ဆံပင်ကောက်လို့ Heathcliff တဲ့လေ…
    Ghostly Catherine ရဲ့ “Let me in… let me in” ဆိုတာလေးကို မေ့မရသေးသလို…
    ဟို… Linton မိသားစုကိုလည်း သနားမိပါရဲ့…

    • lele

      March 14, 2013 at 8:29 pm

      ဦးကျောက်ရေ…အပေါ်မှာ ခိုင်ဇာပြောသွားတယ်…ပြီတီ နဲ ့အိမ်သာ ရိုက်ပြီးသွားပြီတဲ ့…ဦးကျောက်အတွက် ဇာတ်လမ်းအသစ်ရှာပေးမယ်… 🙂

  • MaMa

    March 14, 2013 at 4:37 pm

    Wuthering Heights ကို ကျောင်းစာအနေနဲ့ မဖတ်ခဲ့ရဘူး။
    ဘာသာပြန်တွေသဘောကျလို့ ဖတ်ဖြစ်ခဲ့တာ။
    အကြောင်းအရာတွေလောက်ပဲ မှတ်မိပြီး စာအုပ်နံမည်တောင် မမှတ်မိလို့ Wuthering Heights ကို ဖတ်ချင်တယ်ဆိုပြီး ပြန်ရှာတော့မှ ဖတ်ဖူးပြီးသား ဖြစ်နေတယ်။
    ဘာသာပြန်စာတွေရဲ့ အားသာချက်က ကိုယ်နဲ့ နေထိုင်မှုဘဝမတူတဲ့ နိုင်ငံစုံ လူမျိုးစုံတွေကို သိခွင့်ရတာပဲ။
    အခုဆိုရင် ဆရာမ ဝင့်ပြုံးမြင့်နဲ့ မောင်ဘလှိုင်တို့ရဲ့ ဘာသာပြန်တွေ ရွာထဲမှာ တင်ကြတာ အားရစရာကောင်းတယ်။
    ဟိုတလောက ဆရာဆန်နီရဲ့ သင်ကြားရေးပုံစံနဲ့ တင်တဲ့ ပိုစ့်တွေလည်း သဘောကျတယ်။
    ဆရာမကြီး TTNU ရဲ့ သင်ခန်းစာတွေတော့ Bookmark ထဲမှာ 😛
    lele ဖတ်ဖူးတဲ့ စာအုပ်အကြောင်းလေးတွေလည်း ဖတ်ချင်ပါသေးတယ်။ :hee:

  • lele

    March 14, 2013 at 8:56 pm

    ဟုတ်..မမ….:)
    ကျမ လည်းဘာသာပြန်တွေကို ကြိုက်တာ အဲဒီ အချက်တွေကြောင့်ရယ်….
    ပြီးတော့ ကျမ ကိုအစိုးမိုးဆုံးက ဆရာမဂျူးပါ…သူရေးသမျှအကုန်းလုံးကိုကြိုက်ခဲ ့တာ..ဆောင်းပါးရေးလဲဖတ်မိတာပဲ..”ကျမချစ်သော မြို ့” “ကျမချစ်သော နိုင်ငံ” စာအုပ်ဆိုင်က ဦးလေးကြီးရယ်. သူ ့သမီးရယ် က ဆရာမ ဂျုး စာအုပ်အသစ်ထွက်ရင် အမြဲသိမ်းထားပေးတယ်.. မှတ်မှတ်ရရ ကျမရဲ ့မုန် ့ဖိုးနဲ ့ဝယ်ခဲ့တဲ့ စာအုပ်တစ်အုပ်ရှိခဲ ့တယ်…”ချစ်သူရေးတဲ့ ကျမရဲ ့ညတွေ” ပန်းချီကားတွေကို ငွေစက္ကူတွေနဲ ့ဝေဝေဆာဆာထည့်ပေးထားတာအရမ်းနှစ်သက်မိတယ်…ပြီးတော့ ဆရာ တာရာမင်းဝေ…အတွေးတွေအများကြီးပေးပြီးဆင့်ပွားတွေးခေါ်စေတယ်..ဆရာမင်းခိုက်စိုးစံ.
    ဆရာချစ်ဦးညိုရဲ ့ရာဇဝင် စာအုပ်တွေဖတ်ပြီး ဝမ်းနည်းလွန်းလို ့ငိုခဲ့ဘူးတယ်……ဆရာကြီး ဦးသုခရဲ ့စာအုပ်တစ်အုပ် လည်းသူငယ်ချင်းဆီက ယူဖတ်ဖူးတယ်.

Leave a Reply