သေနတ်များထုတ်လုပ်နိုင်မည့် ထိတ်လန့်ဖွယ်ရာသုံးဘက်မြင် ပုံနှိပ်နည်းပညာ

Mr WorldWideMarch 13, 20131min1556

3D Printing နည်းပညာဖြင့် သေနတ်တစ်လက်၏ အစိတ်အပိုင်းများကို ထုတ်လုပ်နိုင်ကြောင်းကို 3D Robotic ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ အနိုဒါဆန်မှ ပြောကြားခဲ့ပါသည်။ သို့သော်စောင့်ကြည့်ထိန်းသိမ်းသူများအတွက် အလွန်အမင်း စိတ်မပူသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် သေနတ်များအား ယခုနည်းပညာ အသုံးပြု၍ ခက်ခက်ခဲခဲ ကြိုးပမ်းထုတ်လုပ်နေမည့်အစား အမေရိကန် Walmart တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

3d

သုံးဘက်မြင်ပုံနှိပ်လုပ်ငန်းကြောင့် အရာဝတ္တုများနှင့် ပတ်သတ်၍ မူပိုင်ခွင့်ချိုးဖောက်မှု ပြဿာနာများဆီသို့ ဦးတည်လာနိုင်ကြောင်းကိုလည်း စိုးရိမ်လျက်ရှိပါသည်။ အဆိုပါနည်းပညာဖြင့် အရာဝတ္တုများအား ဓာတ်ပုံရိုက်၍ ၎င်းအရာဝတ္တုနှင့် ပုံစံအရွယ်အစားတူ ပစ္စည်းတစ်ခုကို ပုံနှိပ်ထုတ်ယူနိုင်ခဲ့ပါသည်။ အဆိုပါ 3D နည်းပညာကို အသုံးပြုခြင်းအားဖြင့် အမေရိကန်နိုင်ငံတွင် လုပ်သားအင်အား မြောက်မြားစွာ အသုံးပြုရန် မလိုတော့ဘဲ စက်မှုလုပ်ငန်းတစ်ခုလုံးအပေါ် ကြီးမားသည့် ပြောင်းလဲသက်ရောက်မှု ဖြစ်ပေါ်လာတော့မည်ဟု ယူဆ၍ မရနိုင်သေးပေ။ သို့သော် ယခုနည်းပညာ၏ အကျိုးဆက်အနေဖြင့် ယခင်ကျွန်ုပ်တို့ မမျှော်လင့်ခဲ့ဖူးသော လုပ်ငန်းသသောသဘာဝ အသစ်များ၊ တီထွင်မှုအသစ်များ ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

Source:http://www.wired.co.uk/news/archive/2013-03/07/chris-anderson-3d-printing

Chris Anderson: 3D printing is a terrible technology for making guns

Regulators shouldn’t worry about 3D printers being used to build guns because it’s easier to buy them in Walmart, says Chris Anderson, CEO of 3D Robotics and former editor of Wired US.

Referring of course to the United States, Anderson told the audience at The Economist‘s Technology Frontiers event: “3D printing is a terrible technology for the working components of a gun. There is no tensile strength. It would blow up in your face. You can buy guns in Walmart — they are not a scarce product. And if you want a good barrel you can go and get a bit of plumbing from the store.”

 

6 comments

  • မှတ်ထားလိုက်ဘီ …
    ကျုပ် လူဇိုးဂျီး လုပ်ဒဲ့အခါ …
    အိုက်နည်းပညာကို အသုံးချပီးး
    ကိုယ်ပိုင် ဂန်းတွေ ထုတ်သုံးပလိုက်မယ် …
    သေနတ်ဒင်မှာလည်း ဂလိုလေး ထွင်းထားမယ် …
    “မဟာရာဇာ အံစာတုံး” :mrgreen:

    • ခိုင်ဇာ

      March 13, 2013 at 4:21 pm

      နာ့ တစ်လက်လောက်ရောင်းပါ။ ခြစ် ဒါးည တိုက်မို့။ :mrgreen:

      • လူဇိုးတောင် လုပ်ရသေးဝူးးး
        ဖောက်သည် တီယောက် ရနေဘီ ..
        ဟီဟိ …
        အိုကီ … ခညား ဘာလုပ်လုပ် …
        ပထမဆုံး ဝယ်ဖို့ စာရေးပေးလို့မို့ … ဒစ်စကောင့်ပေးမယ် .. ငွင်းးငွင်းး :mrgreen:

  • lele

    March 13, 2013 at 5:01 pm

    အင်း..နည်းပညာက တော်တော်ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေတယ်.. ရုံးမှာ “Live Conference Meeting” လုပ်တော့ သူကြီးရဲ ့ ကော်မန် ့ကိုသွားသတိရမိလေရဲ့..”အနောက်နိူင်ငံတွေ မှာ On Line ကနေဈေးဝယ်လာကျတဲ့ အတွက် အဝယ်တော်တွေခန် ့စရာမလိုအပ်တော့ဘူး.” ကျမ တို ့ရဲ ့project အသစ်မှာလည်း ပိုင်ရှင်က အရေးကြီးတဲ့ System တွေ အတွက် “Remote Diagnostic System” ထည့်ခိုင်းတယ်..ဆိုတော့ ပြသနာဖြစ်ရင် Service Engineers တွေ သင်္ဘောပေါ်ဆင်းလာစရာမလိုတော့ပါဘူး..အဝေးကနေ ညွှန်ကြားပါမယ်.ဲ ပြီးတော့ Unmanned Vessel တွေမှာ Crew တွေအများကြီးမလိုတော့ပါဘူး..CCTV တွေဆင်ထားမယ်.. Control Room တွေရယ်, Captain Room ရယ်ကနေကြည့်မယ်. အရေးမကြီးရင် ဘယ်သူမှ Engine room ထဲမသွားဘူး. System တွေတော်တော်များကလည်း Automation system တွေ..Control Room တွေက ကလစ်နှိပ်ရုံပါပဲ.. သိပ်အရေးမကြီးတဲ့ စနစ်တွေကိုတော့ Control မလုပ်ပါဘူး. Monitoring ပဲလုပ်တယ်…ဒါက ကျမ ရဲ့ ဒီဇိုင်း ပိုင်းအမြင်ပါ..တကယ်လက်တွေ ့တော့ ဦးဖော ကပိုပြီးသိလိမ့်ပါမယ်….အဲလိုနည်းပညာတွေ ကျမတို ့ အားကျ စိတ်ကူးယဉ်ဖို ့ပဲတတ်နိုင်ခဲ ့တာလား…
    အင်း…..ကျမ တို ့Company ရဲ ့Core Value တစ်ခုကတော့ “Can Do” တဲ ့

  • mobile

    March 13, 2013 at 9:41 pm

    အော်သေနတ်လုပ်တဲ့ နည်းပညာလား မလိုဘာဘူးဗျာ………
    ဒီတိုင်းလည်း ဝယ်လို့ရနေဒါပဲ…………..
    စိတ်ဝင်စားရင် မောင်မိုဘိုင်းဆီ ဆက်သွယ်လိုက်………..
    အခု သင်္ကြန်နား နီးနေပီဆိုတော့ သင်္ကြန် သေနတ်တွေ အသစ်ထွက်တယ်………..
    လေ့လာသွားပါ၏…. မောင်ခိုင်မာ ချောင်းစမ်းရေ………..

    • နေဝန်းနီ

      March 13, 2013 at 10:04 pm

      ပလပ်စတစ်တွေ ပလပ်စတစ်တွေ …။ ဟင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး တဲ့နော်…။ အကုန်လုံးရှိရှိသမျှ ဒီမှာလာပြီးအမှိုက်ပုံ သလိုပုံကြတော့မှာလား ……….။

Leave a Reply