လုပ်စားလို့ရမယ့်နေရာလေး တစ်ခု

1 ရှင်းလင်းထားပြီဖြစ်တဲ့ အမရပူရက ရွှေတိုက်
1 ရှင်းလင်းထားပြီဖြစ်တဲ့ အမရပူရက ငွေတိုက်တော်

 

2 အရင်ကတော့ ဒီအဆောက်အဦပေါ်မှာခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေပါတယ်
2 အရင်ကတော့ ဒီအဆောက်အဦပေါ်မှာခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေပါတယ်
3 မှတ်တမ်းတိုက်
3 မှတ်တမ်းတိုက်

 

လုပ်စားလို့ရမယ့်နေရာလေး တစ်ခု

 

 

လွန်ခဲ့သောသင်္ကြန်တွင်းတစ်ခုမှာလည်ကြပါတ်ကြရင်းနဲ့ လမ်းမှားပြီးဝင်သွားပါတယ်။

အမှန်ကတော့ ဆင်ကျုံးဆိုတဲ့အရပ်နားက မိတ်ဆွေအိမ်ကိုလည်မယ်သူ့ကိုဝင်ခေါ်။

ဖြစ်ချင်တော့ကိုယ်ခေါ်တဲ့လူကပါသွားပြီ။

အဲဒါနဲ့ဘဲ တောင်သမန်အင်းသွားမယ်ဆို ထွက်လာကြပါတယ်။

ကားကတောင်ဘက်ကိုအတွက် အနောက်ဘက်ကွေ့ရမှာကို အရှေ့ဘက်ကွေ့လိုက်ပါတယ်။

အဲတော့သစ်လုံးပုံကြီးတွေကြားထဲရောက်ပြီးလမ်းပျောက်။

နောက်တော့မှဟိုမေးဒီမေးနဲ့တောင်သမန်အင်းဘက်ထွက်တဲ့လမ်းကိုတွေ့ပါတယ်။

 

အဲဒီမှာ အတော်ကြီးမားတဲ့ အဆောက်အဦပျက်ကြိးနှစ်ခုမှာခြုံနွယ်ပိတ်ပေါင်းတွေ

ဖုံးလွှမ်းနေတာတွေ့ရပါတယ်။

ကျနော်အတော်လေးစိတ်ဝင်စားပါတယ်။

အိမ်ရောက်တော့စာအုပ်ပုံမှာမွှေကြည့်တော့ အမရပူရခေတ်က

ငွေတိုက်နဲ့ မှတ်တမ်းတိုက်ဖြစ်နေပါတယ်။

ရှေးလက်ရာအစစ်ပါဘဲ။

ဒါပေမယ့် မေ့မေ့ပျောက်ပျောက်။

 

2010ခုနှစ်မှာတော့ အဲဒီဘက်ကို မကြာခဏရောက်ပါတယ်။

ကျနော်လမ်းသလားပြီးလက်ဆော့နေတဲ့အချိန်လဲဖြစ်ပါတယ်။

အဲတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ပွထနေတဲ့အဆောက်အဦဘေးမှာအမိူက်ပုံ။

လမ်းဘေးမှာရှိတဲ့ငွေတိုက်ထဲဝင်ကြည့်တော့ အညစ်အကြေးတွေစွန့်ပစ်ထားတာမြင်ရ။

ဒါနဲ့ဘဲရသလောက်ဓါတ်ပုံရိုက်ခဲ့ပါတယ်။

တောင်ဘက်ခြမ်းမှာရှိတဲ့ မှတ်တမ်းရုံးကတော့ ကန့်သတ်နယ်မြေဖြစ်တော့ အဝေးကဘဲ

လှမ်းလက်ဆော့ခဲ့ရပါတယ်။

အဲဒါတွေကို တစ်ခါ တင်ပေးဘူးပါတယ်။

 

 

 

 

4 အနီးကပ်မှတ်တမ်းတိုက်
4 အနီးကပ်မှတ်တမ်းတိုက်

 

5ဘေးတို်က်အမြင်
5ဘေးတို်က်အမြင်

 

6ငွေတိုက်ကို ဘေးမှမြင်ရခြင်း
6ငွေတိုက်ကို ဘေးမှမြင်ရခြင်း
7 ဗြဲတိုက်နဲ့ရွှေတို်က် နှစ်ခုစလုံးမြင်ရတာပါ
7 ဗြဲတိုက်နဲ့ရွှေတို်က် နှစ်ခုစလုံးမြင်ရတာပါ

 

8လွမ်းစရာ
8လွမ်းစရာ

 

ပြီးခဲ့တဲ့ 11-3-2013 နေ့ကတော့ အဲဒါကြီးတွေကို ပြန်သတိရလာပြန်ပါတယ်။

ဒါနဲ့ဘဲ နေပူကျဲကျဲမှာဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။

အဝေးကလှမ်းမြင်ရတဲ့အခါစိတ်ထဲမှာထူးခြားတယ်လို့ထင်မိပါတယ်။

အနားရောက်မှကြည့်လိုက်တော့ အပင်တွေကိုခုတ်ပြီးသန့်ရှင်းထားကြတာကိုး။

ဟိုဘက်က မှတ်တမ်းတိုက်ကြည့်တော့လဲ ခြုံတွေရှင်းထားတာမြင်ရ။

ဒါနဲ့ဘဲဓါတ်ပုံရိုက်။

နောက်တော့ မှတ်တမ်းတိုက်ဘက်ကိုသွားပြီးဓါတ်ပုံရိုက်ချင်တယ်လို့

အစောင့်ကောင်လေးကိုပြောတော့ ခေါင်းငြိမ့်ပြတော့ပျော်သွားပါတယ်။

 

နိုင်ငံခြားသားတွေအလည်လာတဲ့အခါ ဒီအဆောက်အဦတွေကို

ခေါ်ပြပြိးရှေးမြန်မာတွေ ပိသုကာပညာမညံ့ကြောင်းပြရင်ကောင်းမလား။

ဒါမှမဟုတ်ကျနော်တို့ရှေးမြန်မာတွေဖြစ်သလိုမနေခဲ့ပါဘူးဗျာလို့ ပြရင်ကောင်းမလား။

သေချာတာကတော့ ဒီရှေးဟောင်းလက်ရာကို သမိုင်းကြောင်းချီပြီးပြောပြမယ်ဆိုရင်နိုင်ငံခြားသားတွေ

စိတ်ဝင်စားမှာကတော့ သေချာပါတယ်။

ကိုပေါက်လမ်းသလားနေသည်

14-3-2013

 

9 အရှုပ်အထွေးများကြားမှ
9 အရှုပ်အထွေးများကြားမှ

25 comments

  • Myo Thant

    March 14, 2013 at 9:56 am

    သွားလည်း သွားနိူင်ပါ့ ရိုက်လည်းရိုက်နိူင်ပါ့
    အန်းနီးဝေး ကျေးဂျူးကဘာ
    မရောက်ဖူးတာမြင်ရလို့ပါ

  • ဦးဦးပါလေရာ

    March 14, 2013 at 10:06 am

    အရင်က မြင်ခဲ့ဘူးတယ် ကိုပေါက်ရဲ့
    ဘာမှန်း မသိလို့…
    တောင်မြို့မှာ ဘာမှန်းမသိတာတွေ အများကြီး။
    ရထားလမ်းဘေးက ဆောင်း/နွေ ရာသီဆို ပေါ်လာတတ်တဲ့ ခြေသွားလမ်းလေးအတိုင်းစက်ဘီးစီးဘူးတယ်။
    တကယ့်ကို ရှေးဟောင်းနေရာတစ်ခုကိုရောက်သွားသလိုပဲ…။

  • ကိုခိုင်ရေ
    အရင်က ဒီနေရာလေးကိုရိုက်တင်ထားတဲ့လင့် ရှာမတွေ့လို့ ဖြစ်နိုင်ရင်ရှာပြီးတင်ပေးစေလိုပါတယ်။
    အကူအညီတောင်းတာပါခင်ဗျာ။

  • ကိုစွယ်တော်ရွက်က နေရာတွေမှတ်တမ်းတွေကျနော်ကိုပေးထားပါတယ်။
    အဲဒါကိုကြည့်ပြီး ဓါတ်ပုံလိုက်ရိုက်ဘို့တွေးထားပါ၏။
    အလုပ်ပိတ်ရက် 2ရက်လောက်ရမှ ရိုက်ဖြစ်မှာပါ။
    တောင်မြို့ ကို တံခွန်တိုင်ဘက်ကနေစပြီး ပါတ်ပါတ်လည်ရိုက်ရမှာမို့ပါ။
    နောက်ဒီနားမှာဘိုးတော်ဘုရားအုတ်ဂူလဲရှိတယ်။
    နောက်တစ်ခါသွားရင်ရိုက်မယ်။
    အဲဒီနေ့က ခြံတွေပိတ်နေတာရယ်နေပူတာရယ်တစ်ယောက်ထဲသွားတာရယ်ကြောင့်
    အထဲမဝင်ခဲ့တာပါ.

  • ရွှေတိုက်စိုး

    March 14, 2013 at 11:10 am

    ဟေ ရွှေတိုက် ဆိုပါလား…. ကျွန်တော် တိုက်ပေါ့နော်..လေးပေါက်..
    မန်းလေးလာရင် အဲဒီလိုက်ပို… ရွှေတိုက်နဲ. ရွှေတိုက် ဓာတ်ရှင်ရိုက်မယ်….နှစ်ကိုယ်ခွဲပေါ့.. ဟဲဟဲဟဲ…

    • မောင် ပေ

      March 14, 2013 at 7:31 pm

      အဲဒီ ဓါတ်ပုံထဲက တိုက်တွေ ထဲ မှာ
      တစ်ယောက်ထဲ တစ်ညအိပ်မယ် ဆိုရင်ဖြင့်
      ဂျော်နီဝေါကား ဘလက် 1လီတာ တစ်လုံး ပေးမည် ဖြစ်ပါကြောင်း
      အဲဒါ အဲဒါ

  • အတော်ဘဲ မိတိုက် မင်းလာရင် အဲဒီကိုထပ်သွားပြီ အပေါ်ဆုံးထိတက်ရမှာ။
    လှေခါးတော့ မရှိဘူး တွယ်တက်ရမှာမောင် ။

  • ခင်ခ

    March 14, 2013 at 12:16 pm

    ရှေးဟောင်းသုတေသနဦးစီးဌာနက ကိုပေါက်နဲ့ တွေချင်လို့တဲ့ဗျ။
    အကြောင်းက သူတို့ဥထားတာကို ဖွလိုက်လို့တဲ့လေ။

  • ဟဲဟဲ
    ကိုခရေ
    ညှိကန်ထားတဲ့ပွဲပါဗျ။
    သူတို့ထဲကလူကဘဲသတင်းပေးတာပါ၊
    ဓါတ်ပုံရိုက်ကောင်းအောင်ရှင်းပေးထားတယ်ဆိုတဲ့အကြောင်း။
    လာမှာတွေက လဲ ရှိပါသေး၏။

    • မမာရေ လက်တို့ရုံမက ကွန်ချက်ပါပြထားပါတယ်။
      ဖေစ်ဘုတ်ကကျနော်ဝေါပေါ်မှာလည်းတင်ထားပါတယ်။

  • TheWinner

    March 14, 2013 at 1:36 pm

    အတော်လှတဲ့ လက်ရာတွေပါပဲနော်။ ကင်မရာမင်းရဲ့ ရိုက်ချက်ကြောင့် အလှက ပိုပြီး ပြည့်စုံသွားပါတယ်။

  • ခိုင်ဇာ

    March 14, 2013 at 1:44 pm

    ငွေတိုက် ထဲမှာ ငွေတို ငွေစ
    ရွှေတိုက် ထဲမှာ ရွှေတိုရွှေစ တွေ ကောက်ရခဲ့ဘူးလား။
    :kwi:

    အဆောက် အဦး ထဲ ဝင်လို့ရော ရလား။

  • အထဲကိုဝင်လို့တော့ရပါတယ်။
    အပေါ်တက်လို့မရဘူးလေ။
    အဲဒါနဲ့ ရွှေတိုက်စိုးကို စောင့်နေတာ။
    လောလောဆယ်တော့ ခြုံပြီး ဘဲတွေ့ခဲ့ပါတယ်မယ်ခိုင်ဇာ။
    သင်္ကြန်မှာရွှေတို်က်စိုးပြန်လာမှ သူနဲ့ကျနော် ဖရဲမကိုခေါ်ပြီးရတနာသိုက်တူးဘို့
    အစီအစဉ်ဆွဲထားပါတယ်ခင်ဗျာ။
    လောလောဆယ်တော့ ခြုံပြီး ဘဲတွေ့ခဲ့ပါတယ်မယ်ခိုင်ဇာ။
    ပါချင်ပါသေးသလား?
    ရတနာသိုက်တူးမယ့်အဖွဲ့ထဲကို.

  • kyeemite

    March 14, 2013 at 2:03 pm

    ကိုပေါက်ရေ..အဲဒါကြီးတွေက ကျနော်တို့ နေခဲ့တဲ့တပ်ဝန်းထဲမှာ…
    ကျနော်လာလည်တုန်း ကတောင်အဲဒီပုံတွေ ရိုက်ခဲ့သေးတယ်…မန္တလေးတဝိုက်ဓါတ်ပုံတွေ
    ကိုပေါက်တင်နေကျမို့ ကျနော်မတင်တော့တာပါ…ဟိုသုံးဆင့်နဲ့တိုက်ကြီးကို
    ငယ်ငယ်ကတော့ ရဲတိုက်ကြီးလို့ပဲခေါ်ကြတယ်…အဲဒီအလယ်ကောင်မှာ
    မြေကွက်လပ်ကျယ်လေးရှိတယ်ဗျ..အဲနေရာမှာငယ်ငယ်က ကရာတေးသင်ခဲ့ဖူးသေးတယ်…
    လွမ်းသဗျာ… :hee:

    • အမှန်က ကျနော်ကိုမိုက်နဲ့ အဲဒီနေရာကို နှစ်ယောက်သွားချင်တာဗျ။
      ကျနော်က မြင်ဘူးသူ ။
      ကိုမိုက်က ကျင်လည်ခဲ့သူ။
      ကိုစွယ်တော်ပါ ပါလာရင်ပွဲပြီးဘဲ။

  • ဗုံဗုံ

    March 14, 2013 at 3:47 pm

    လုပ်စားဆိုရင် ဘာလုပ်စားရမှန်းမသိဘူး တူတူပုန်းတမ်းတော့ ကစားချင်တယ် ဂယ်ပြောတာ :mrgreen:

    • ခက်တာအေ့
      အစောင့်ထားပြိီး အတွဲတွေလာရင်……………………….
      ဝင်ပြီးလေ့လာပါခင်ဗျာလို့ပြောရမှာအေ့

  • mobile

    March 14, 2013 at 5:21 pm

    ဘကြီးပေါက်ရေ အခုတင်ပေးတဲ့ ပုံလေးတွေကတော့ အဆန်းပါလားဗျ……
    ကြိုက်လို့ ကူးယူထားလိုက်ပါ၏………..

  • MaMa

    March 14, 2013 at 5:51 pm

    အမြင်ဆန်းတဲ့ အရှုပ်အထွေးတွေ ကြားထဲက ပုံကို ကြိုက်တယ်။ :hee:

  • မမရေ
    အခုရက်က အရွက်ကြွေချိန်ဆိုတော့အံကျဖြစ်သွားတယ်။
    ကျနော်လဲအဲဒီပုံလေးကို ကြိုက်၏။

  • padonmar

    March 14, 2013 at 9:39 pm

    ဒီလိုနေရာတွေ ပြစားရမှာနော်။
    တိုးကမ်ပနီတွေကို လက်တို့ပါ ကိုပေါက်။

Leave a Reply