ခေါင်းမြှီးခြုံလို့သာ အိပ်ယုံပေါ့

 

အချိန်ကာလက ၁၉၈၈ ခုနှစ် ၀န်းကျင် စစ်အစိုးရအာဏာရလာပြီး ညလမ်းမပေါ်မထွက်ရ အမိန့်ထုတ်ပြန် ထားစဉ် ရန်ကုန်မြို့ရဲ့ လမ်းမကြီးတစ်ခုတွင် သွားလာသူကင်းမဲ့နေသော ည အချိန်၌ ထိုလမ်းမကြီးကို တိုက်ခန်း ၀ရံတာ လေးတစ်ခုကနေ လူတစ်ယောက်ငေးမောကြည့်နေစဉ် စစ်သား ၁၅ ယောက်ခန့် လက်နက်အပြည့် အစုံနဲ့ အုပ်စုလိုက် ကင်းလှည့်သည့်သဘော လျှောက်လာကြပြီး ထို စစ်သားများလျှောက်လာသည့် လမ်းမ လယ်တွင် ဖားတစ်ကောင်ကလည်း မလှုပ်မယှက်နေ နေတာကို ခုန ၀ရံတာပေါ်ကလူသည် မြင်တွေ့နေပါ၏၊ အဲဒီလူရဲ့ စိတ်ထဲမှာ ဒီဖားတော့ စစ်ဖိနပ်အောက်မှာ သေတော့မှာဘဲလို့လဲ ထင်နေတယ်ပေါ့၊ မကြာပါဘူး ခုန ကင်းလှည့် လာတဲ့စစ်သားတွေ ဖားအပေါ်က ဖားနားက ဖြတ်လို့ချီတက်သွားကြတယ်တဲ့၊ အဲလိုနဲ့ စစ်သား အုပ်စုလိုက် ဖားပေါ်ကနင်းပြီး ဖြတ်ကျော်သွားပြီးအခါ ၀ရံတာပေါ်က ခုနမြင်နေရတဲ့ ဖားကိုသေချာ လှမ်းကြည့် နေစဉ်မှာဘဲ ဖားကလည်း ခုန်ပျံကာ လမ်းဘေးကို သွားနေလိုက်တာ မြင်ရတယ်ပေါ့။

ဒီအဖြစ်ကို စဆုံးမြင်ခဲ့တဲ့ လူက ကောက်ချက်ချမိတယ်  “သြော် စစ်ဖိနပ်အောက်မှာ ဖားနေတတ်ရင် မသေ ဘဲကိုး။´´

 

အချိန်ကာလက အခုအုပ်ချုပ်တဲ့ အစိုးရတက်လာပြီး ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ပါတီတွေ စည်ရုံးရေး အမြို့မြို့ အနယ်နယ်ကို ဆင်းပြီးမဲအောင်နိုင်ရေး ဟောပြောကြတော့ ဒေါ်အောင်ဆန်းစုကြည် မန်းကိုရောက်ပြီး ဟောပြောမယ်လုပ်တော့ ပြည်သူလူထုများစွာ ဟောပြောမည့်ကွင်းအပြည်ုရောက်နေကြတော့ လူထု ခေါင်းဆောင်က ရှေ့က မတ်တပ်ရပ်တဲ့သူတွေ စနစ်တကျလေးထိုင်ပေးကြရင်ကောင်းမယ်လည်းဆိုရော ရှေ့မှာ ရပ်နေတဲ့ ပြည်သူလူထုက တစ်ညီတစ်ညာတည်း ထိုင်လိုက်ကြတယ်၊ အဲဒီမှာ ပြည်သူလူထုတစ်ယောက်က ထိုင်လိုက်ပြီးမှ ချက်ချင်းပြန်ထကာ သူထိုင်တဲ့နေရာကိုငုံကြည့်လိုက်ပြီ ဟာ ဒီဖားကြောင့် တင်ပါးအေးကထဲဖြစ် သွားတာကို အတော်ရှုပ်တဲ့ဖားဆိုပြီး ဖားကိုဖမ်းကိုင်ကာ အဝေးကိုလွင်ပစ်လိုက်တယ်လေ၊ အဲဒါကို ထိုလူအုပ် ထဲက လူတစ်ယောက်က အစအဆုံးသတိထားမြင်တွေ့နေတယ်ပေါ့။

ဒီအဖြစ်ကို စဆုံးမြင်ခဲ့တဲ့ လူက ကောက်ချက်ချမိတယ် “သြော် ပြည်သူလူထုက ဖားတာရှိရင် မကြိုက်တတ် ဘဲကိုး။´´

 

မိုးရာသီအစ မိုးလေးတစ်ခေါက်နှစ်ခေါက်လောက် စရွာပြီဆိုရင်တော့ ဟိုနေရာက အုံးအင် ဒီနေရာက အုံးအင် အဲလို အုံးအင် အုံးအင်နဲ့ ဖားမျိုးစုံ မိုးခေါ်ကာ သံပြိုင်အော်ကြလေရဲ့လေ၊ အဲဒီအခါကျ နားညီးလို့ မီးတုတ်ဆွဲ ကာ အော်တဲ့ဖားတွေ တုတ်နဲ့လိုက်ရိုက်လည်း အကုန်လုံးမရိုက်နိုင်ဘဲ အများကြီး ပတ်ပတ်လယ်ဝိုင်းကာ အော် နေတာမို့ ဘယ်တတ်နိုင်မလဲ၊ ထိုအခါ ဖားတွေအော်သံ နားမခံသာရင် စောင်ကိုခေါင်းမြှီးခြုံလို့သာ အိပ်ခဲ့ရ ပါတယ်လေ။

အဲလိုအဖြစ်ကြုံခဲ့တဲ့ လူကလည်း ကောက်ချက်ချမိတယ် “သြော် တက်ညီလက်ညီ အများစုကာ ပြိုင်တူဖားသံ ပေးနေကြရင်တော့ ဘယ်တတ်နိုင်မလဲ ခေါင်းမြှီးခြုံလို့သာ နားပိတ်အိပ်ပေတော့လို့…………..´´

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..