အဘဖောရဲ့ ဥရောပ ခရီးရှည် pdf

Mr. MarGaMarch 14, 20131min25824

နောက်တစ်ဖန် ပြန်လာပါပေါ့

အဘဖောရဲ့ ဥရောပသွားတောလားကို တင်တုန်းက ကောမန့် မပါတာလေးပါ လုပ်ပေးရင် ကောင်းမယ်လို့ ဝိုင်းဝန်းအကြံပြုတာကြောင့်

ပြန်လည်ပြင်ဆင်လို့ ထပ်မံ တင်ပေးလိုက်ပါသဗျို့

ပေါ့ပေါ့ပါးပါး ဖတ်ရှုမှတ်သားလိုသူများ အတွက်ပါ။

ဖိုင်ဆိုက်ကတော့ 30 MB ကို နည်းနည်း ကျော်သွားပါတယ်

အပြင်အဆင်လေးကို နည်းနည်း ပြင်ထားပါသဗျ

ရွာထဲမှာ တိုက်ရိုက် တင်ဖို ့တွေးပေမင့်

သဂျီးရဲ့ ဆာဗာက 16 MB ထက် ပို မတင်ရတာမို့

အရင်တစ်ခုလို google drive ကနေပဲရှယ်လိုက်ပါတယ်။

google ရဲ့ ဖရီး virus စစ်ပေးနိုင်တဲ့ ဖိုင်ဆိုက်ကိုလဲ ကျော်သမို့

download anyway ကိုပဲ နှိပ်ပြီး ဒေါင်းကြပါကုန်

ဒေါင်းရမယ့် လင့်ကတော့

download here

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

24 comments

  • mobile

    March 14, 2013 at 6:56 pm

    အရင်ပို့စ်မှာဂတည်းက ပြောလို့သာပြောရ… မအားလို့ မဒေါင်းရတေးဝူး…..
    အခုတိုင်းလေးဆိုတော့ အဆင်ပြေတာပေါ့….. အခုပဲ ဒေါင်းလိုက်ပါ့တော့မယ်…..
    ကျေးဇူးတင်ပါအိ အူးမာဂရေ…. ကျုပ်ကို နတ်တမီးတစ်ဗားလောက်ပေးပါအုံး……

  • Foreign Resident

    March 15, 2013 at 6:15 am

    ဦး မာဃ ။
    အဘ အခုမှ Internet ပြန်ရလို့ ခုမှ ဖတ်ရတယ် ။
    စကားပြန် နောက်ကျတာ ၊ ခွင့်လွှတ်ပါကွယ် ။

    Comment ပါတာကော ၊ Comment မပါတာကော Down ပြီးပြီ ၊ ရတယ် ။
    အရမ်းကောင်းတဲ့ PDF လေးတွေ အတွက် ၊
    ဦးမာဃကို အထူး ( အထူး ) ကျေးဇူးတင်ပါတယ်ကွယ် ။

    တကယ့် သကြားမင်းလိုပဲ ၊ တစ်ဖက် ၅၀ဝ ရပါစေကွယ် ။
    ရ ရင် အဘကိုလည်း နဲနဲ မျှနော် ။ ဟီ ဟိ ။

    • ဦးဦးပါလေရာ

      March 15, 2013 at 10:08 am

      တကယ့်သကြားမင်းမဖြစ်သေးခင် တဖက်ငါးရာ ရနှင့်ရင်
      မာလကီး သွားမှာပေါ့ ကိုဖေါရဲ့…
      (သားကျွေးမှု့မယားကျွေးမှု့တွေက တာဝန်ကြီးလို့ပါ… 😀 )
      ဒါကြောင့် ဆုတောင်းပြင်ပေးလိုက်မယ်….
      သူနိုင်သလောက် ရပါစေ…

      :harr:

      • Mr. MarGa

        March 15, 2013 at 2:07 pm

        ကဲပါလေ
        မျှမျှတတ ဖြစ်သွားအောင်
        နှစ်ယောက်လုံးပေးတဲ့ဆု တကယ်ပြည့်ပါစေဗျို့ :mrgreen:

    • kai

      March 16, 2013 at 1:33 am

      တဖက်၅၀ဝ ဆိုတော့ …၂ဖက်၁၀၀ဝပေါ့..
      .. မိန်းမ၁ထောင်နဲ့.. ပျော်စေချင်တဲ့သိကြားမင်းရာထူး.. .. ဘယ်သကောင့်သားက.. ဖန်တီးခဲ့သလည်း.. တွေးကြည့်ဖို့ကောင်းတယ်..။

      ဆိုတော့..
      သူများဘာသာများ.. ဆူဆိုက်ဗုံးနဲ့သတ်သေတာတောင်.. ကောင်းကင်ဘုံမှာအပျိုစင်.. ၇၂ယောက်ပဲရတာ..
      သနားတယ်.. :kwi:
      (စော်ကားလိုစိတ်မဟုတ်ပါဘူးနော.. အချက်အလက်ချပြတာပါ..)

      • Mr. MarGa

        March 16, 2013 at 9:50 am

        သဂျီး
        အမှန်ပြောရမယ်ဆိုရင်အဲဒီအချက်အလက်ကို ကျွန်တော် သတိထားမိတာ ကြာပြီ။
        အခုအချိန်ထိ ကျမ်းဂန်တွေထဲမှာ သေသေချာချာ ထဲထဲဝင်ဝင် ရှာမကြည့်ရသေးပေမယ့်
        တစ်မျိုးတော့ တစ်မျိုးကြီးရယ်။
        ဒါပေမယ့်
        အဲဒီ တစ်ဖက် ငါးရာရှိတဲ့ တာဝတိံသာ နတ်ဘုံဟာ
        နတ်ဘုံထဲမှာ ဒုတိယ အနိမ့်ဆုံး ဖြစ်တယ်။
        သုံးဆယ့် တစ်ဘုံ (ပြင်ထားတယ်နော်)မှာ
        တကယ့်တကယ် တွက်ကြည့်ရင် အောက်ခြေအဆင့်နားမှာပဲ ပါတယ် ဆိုတာတော့ တွက်ကြည့်မိတယ်။
        သူ့ထက် မြင့်သွားတာနဲ့အမျှ
        အဲဒီ ကာမဂုဏ် အသားပေးမှုတွေ နည်းနည်း လာတာကိုလဲ တွေ့ရတယ်။
        ဒါကတော့ ကျွန်တော် လေ့လာမိသလောက်ပါ
        ကျွန်တော့်ထက် ပိုကျွမ်းကျင်တဲ့ ဦးပါ တို့ ဘဖော တို့ ဦးကြီးမိုက်တို့ ရှင်းရင် ဒီထက် ပို တိကျတဲ့ ဖြေရှင်းချက် ရမယ်ထင်ပါတယ်။
        ကဲ ကူကြပါဦးဗျာ :hee:

        • padonmar

          March 17, 2013 at 10:38 pm

          သိကြား
          တိုးတိုးပြောမယ်။
          ရ ဘုံ ပိုနေတယ် သကြားရဲ့။

        • Mr. MarGa

          March 18, 2013 at 5:21 pm

          အဲ ဟုတ်သား
          ကျေးကျေး ဒေါ်လေးရေ
          အခု ပြင်လိုက်မယ်
          မသိသလို နေလိုက်နော်
          :kwi:

    • manawphyulay

      March 17, 2013 at 8:28 pm

      အဘနော်… ခုတစ်ယောက်တောင် ပေါ်တာဆွဲလို့… လျှောက်လိုက်နေရတာကိုများ… တစ်ဖက် ငါးရာသာ ပေါ်တာဆွဲခံရမယ်ဆိုရင်ဖြင့်…. တွေးမကြည့်တော့ပါဘူးအဘရယ်… အဟိ 😛

  • ဒါက ….
    ကွန်မန့် မပါတာပေါ့လေ ….။
    ဟုတ်စ ….
    ဟိုလူဂျီး နှီယောက်ဂ ညက်နှာဖုံး လုပ်ပေးဒဲ့ နာ့ကျ
    ဘာမှ ဆုတောင်း ပေးဘူး ….
    ခေါ်ဒေါ့ဝူးးးး နောက်ခါ နင့်လည်း လုပ်ပေးဒေါ့ဝူးးး
    ဒါဗျဲ …. :mrgreen:

    • ဦးဦးပါလေရာ

      March 15, 2013 at 5:55 pm

      အို ….. အို ….
      ချိတ်ချိုးဘာနဲ့အေ..
      ညည်းကိုလဲ ဆုတောင်းပေးပါ့မယ်…
      တဖက်ရှစ်ဆယ်သားစီရှိဘာစေ….

      • Foreign Resident

        March 15, 2013 at 7:11 pm

        ဦးပါ ပေးတဲ့ဆုထက်တော့ ပိုများရစေ့မယ် ကွယ် ။
        တဖက် တစ်ပိသာစီ ရှိဘာစေ ။
        ဦးပါ ဘာကို ပြောတာလည်းတော့ အဘ လည်း မသိဘူး ရယ် ။
        သိချင်ရင် မူလ ရှစ်ဆယ်သား ရှိဖို့ ဆုတောင်းပေးခဲ့တဲ့ ဦးပါ ကုမေးပါ ။

        • ဦးဦးပါလေရာ

          March 15, 2013 at 9:26 pm

          အကယ်ဒမီ အခေါက်ရွှေတွေ ရပါစေလို့ ပြောတာပါဗျာ..

          :harr:

      • ကိုပါ
        တစ်ဖက်ရှစ်ဆယ်သားဆိုရင် ထမ်းစင်နဲ့သွားရလိမ့်မယ်လေ
        နည်းနည်းရှော့ပေးလိုက်ပါ

    • Mr. MarGa

      March 16, 2013 at 9:40 am

      ကဲ ငအံစာ
      အောက်မှာ ဆုတောင်းပေးထားတယ်
      ဒါလောက်ဆို ကျေနပ်ပြီမလားး :mrgreen:
      မခေါ်ရင်လဲ ရပါတယ်
      ဒါပေသိ နောက်တစ်ခု ထပ်ထုတ်ရင် နင့်ပဲ အပူကပ်ရမှာဗျ
      လုပ်ပေးဘူးတော့ မပြောနဲ့ :mrgreen:

      • အမငီးးး

        ဟိုလူဂျီး နှစ်ယောက် လုပ်လိုက်ဒါ …
        နာ့မှာ ရှစ်ဆယ်သားတွေရော ….
        တစ်ပိဿာတွေရော စုံပလုံသွားတာဘဲ ….
        ဘာဖစ်ဖစ် အခေါက်ရွှေ ဆိုဘီး ထပ်ပေါဒါးလို့ တော်ရော့ဒယ် …. :mrgreen:

  • uncle gyi

    March 16, 2013 at 11:22 pm

    တစုတည်းလုပ်ပေးလို့ကျေးဇူးပါကိုမာဃရေ

    • Mr. MarGa

      March 17, 2013 at 8:16 am

      လာရောက်ဖတ်ရှုပြီး ဒေါင်းသွားလို့ ကျွန်တော်ကလဲ ကျေးဇူးတင်ပါသဗျာ

  • nozomi

    March 17, 2013 at 10:31 pm

    အခုပဲဒေါင်းလိုက်တယ်
    စာအုပ်အပြင်အဆင်လေးက သပ်သပ်ရပ်ရပ် နဲ ့ ဆွဲဆောင်မှ ု ရှိတယ်
    ဖတ်ဘို ့ သိမ်းဘို ့ လဲ အဆင်ပြေသွားတယ်
    မူရင်းရေးသူ စာအုပ်လုပ်သူ အဖုံးလုပ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်

    သဘောကျလွန်းလို ့ အမှတ်တရ သိမ်းထားဘို ့ ဒီလို တအုပ်လောက်တောင် အလုပ် အပ်ချင်လာတယ်
    လုပ်ပေးမယ် ဆို မိန်းမများတဲ့ ဦးမာဃ အတွက် မိန်းမ ကိုယ့်ကို ချစ်နည်းလေး လက်ဆောင်ပေးမယ်

    • Mr. MarGa

      March 18, 2013 at 5:28 pm

      တစ်အုပ်လောက် အပ်ချင်သပဆိုရင်လဲ အပ်ပါဗျ
      ရပါတယ်
      အပေါ်မှာ ပြောထားတယ်လေ
      အခါအခွင့်သင့်ရင် လက်တည့်စမ်းပါမယ်လို့
      အဲဒီ ပေးမယ့် လက်ဆောင်လေးလဲ လိုချင်သဗျို့ :mrgreen:

  • padonmar

    March 17, 2013 at 10:57 pm

    သိကြားရေ
    ဒေါင်းပြီးပါကြောင်း။
    ဖတ်လို့ကောင်းပါကြောင်း။
    တစ်ခုလောက်လျှာရှည်ချင်လို့ တကယ်များစာအုပ်ထုတ်ရင်တော့ အဘ မျက်နှာပေါ်က ဘဲဥပုံကြီး ဖယ်စေလိုပါကြောင်း။
    (အဘ ရဲ့ ပြည်ထဲရေးဝန်ကြီးကတော့ အဘသဘောပေါ့နော)

  • Mr. MarGa

    March 18, 2013 at 5:31 pm

    ကဲ ဘဖောရေ
    ဘဲဥ ဖယ်ပါတဲ့ဗျို့
    တောင်းဆိုတဲ့သူ ထွက်လာပြီ
    ဘယ်လို လုပ်မလဲ :hee:

Leave a Reply