ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည်

ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည်

…………………………………….

ငါမကြားချင်ဘူး ဒီသတင်း

ငါမသိချင်ဘူး ဒီသတင်း

ငါ မမြင်ချင်ဘူး ဒီမြင်ကွင်း

ဒါပေမယ့်………

ငါ မလွန်ဆန်နိုင်ဘူး

သူ လျှောက်သွားခဲ့လမ်း

သူ ဖောက်သွားခဲ့လမ်း

သူ ချပြသွားခဲ့တဲ့ ပုံရိပ်တွေ

ငါ လုပ်နိုင်ပါ့မလား

သူ့ ပြောခဲ့တဲ့စကားတစ်ခွန်းလို

ငါ ပြန်ရနိုင်ပါ့မလား

အရာရာ ရှေ့ဆုံးကာမားမားမတ်မတ်

သမာဓိရှိရှိ ရက်တည်ခဲ့တဲ့သူ

ငါ ရှာတွေ့ နိုင်ပါအုံးမလား

မလွန်ဆန်နိုင်တဲ့ သင်္ခါရတရားက

ငါ့ကို သရော်ခဲ့ပြီပေါ့

နွေရူး လေရူး နွေရာသီမှာ

သွေးရှုးသွေးတန်းနဲ့ငါဖြတ်လျှောက်ခဲ့ရပြီ

သူ့ရဲ့ ပုံရိပ်တွေက ငါ့နှလုံးသားမှာ

ကျောက်သံပမာ မာကျောနေခဲ့

အရည်မပျော်မျက်ရည်စက်တွေက

သူ့အတွက် အလွမ်းမျက်ရည်တွေ

ငါ ကျဆင်းခဲ့ရပြီ

မဖြစ်ချင်သော အာသာဆန္ဒကို

မဖြစ်ခင်က အကြီမ်ကြီမ်တောင်းဆိုခဲ့ပေမယ့်

ငါ အလိုဆန္ဒမပြည့်ဝခဲ့ဘူး

ပူလောင်တဲ့ မီးတောက်တွေ

ငါ့ရင်မှာပြည့်ကျက်နေခဲ့

ငါ့ကိုနားလည်ပေးပါ

ငါ…….ငါ………ငါဟာ

အတ္တသမားလို့ပြောမယ်ဆိုရင်လည်း

ပြောလိုက်ပါစေတော့

အစားယူခွင့်မရတဲ့ဆုံးရှုံးမှုကို

ရင်နာနာနှင့်ဆုံးရှုံးလိုက်ရပြီ

ဘယ်သူငါ့ကို ပြန်လည်မတ်ပေးမှာလဲ

ငါ့ စိတ်ဓာတ်တွေ လည်းပြိုခဲ့ပြီ

ငါ့အလွမ်းမျက်ရည်တွေကျဆင်းခဲ့ပြီ

ငါ မလိုချင်တဲ့ စာမျက်နှာသစ်ကို

သူ……ရေးထိုးလို့ တိတ်ဆိတ်စွာထွက်ခွာခဲ့ပြီပေါ့

ငါ့ရင်မှာတော့ ပူလောင်မှုတွေလက်ခံရင်း

ခေါင်းစဉ် တပ်ခွင့်မရှိသောမျက်ရည်တွေနဲ့

သူ့ကို ငါနှုတ်ဆက်လိုက်ရပြီ

သူ(သို့မဟုတ်) ဆရာ ကောင်းရာသုဂတိရောက်ပါစေ…။ ။

ဇွဲမာန်(အင်းဝ)

(မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရာကြီးအား ဤကဗျာဖြင့် နောက်ဆုံးပူဇော်ပါသည်)

3 comments

  • ဇွဲမာန်(အင်းဝ)

    March 14, 2013 at 2:56 pm

    ဆရာတော်ဘုရား ကောင်းရာသုဂတိရောက်ပါစေ

    • မောင် ပေ

      March 14, 2013 at 8:36 pm

      ဆရာတော်ဘုရားကြီး ရဲ ့ဈာပနာ ကို တစ်ပတ်ထားမယ်တဲ့ဗျ

  • kai

    March 15, 2013 at 6:10 am

    မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ဝါသည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်။

    အပေါ်ကသတင်းလေးပြန်ရှာတင်ပေးလိုက်တာပါ..
    မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံပျံလွန်တော်မူတဲ့သတင်းပါပဲ..
    ဆရာတော်ကြီး.. နယူးယောက်မှာ.. သီတင်းသုံးစရာနေရာအခက်အခဲ.. ကျောင်းအခက်အခဲတွေကြားက.. ပျံလွန်တော်မူခဲ့တယ်..။
    အဲဒီအကြောင်းတွေ.. နယူးယောက်ခါ-မြန်မာ တယောက်ယောက်က.. ပြန်ရှင်းရေးပြရင်..ကောင်းမှာ…

Leave a Reply