တစ်ခါက တစ်ဘဝ (၅)

MAUNGMarch 15, 20131min1248

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန် ပြန်သွားဖြစ်တယ်။ ဘုရား ဖူးရ၊ မိသားစု နဲ့ပြန်ဆုံရ၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရ၊ လျှောက်လည် ရတာတွေဟာ အရမ်းပျော်ဖို့ ကြည်နူးဖို့ ကောင်းပါတယ်။ သွားရင်း လာရင်း နဲ့၊ စိတ်အနှောက် အရှက် ဖြစ်စရာ လေးတွေကြုံ ခဲ့ရတာကို ပြောပြချင်တာပါ။ မိုးလင်း ကမိုးချုပ် လျှောက်သွား၊ လျှောက်စား နဲ့၊ စည်းမရှိ ကမ်းမရှိ တော်တော် ပျက်စီးခဲ့တာပေါ့။  ရန်ကုန်မှာ တစ်ခါမှ မစားဘူး တဲ့ ဟော့ပေါ့ ဆိုတာကြီး လဲစား ခဲ့တယ် ။ အခုပြောမဲ့ ပထမအကြောင်း အရာက အဲဒီ ဟော့ပေါ့ ဆိုတဲ့ ဟာစားရင်းနဲ့ ကြုံရတာပါ။ ထုံးစံအတိုင်း မိသားစု စုံစုံ ညီညီနဲ့ ဆိုတော့ စကားတွေ ဖောင်ဖွဲ့၊ စကြနောက် ကြ၊ စားကြသောက်ကြ တာအဲဒီ ဆိုင်မှာတော်တော် ကြာပါတယ် ။ စားရင်းသောက်ရင်း နဲ့ (မရိုသေ့စကား) အပေါ့သွား ချင်လို့ အိမ်သာသွား တော့၊ အိမ်သာထဲမှာ အသက် ၁၄ နှစ်လောက်ဝန်ထမ်း ကောင်လေး တစ်ယောက်တွေ့ပါ တယ်။ သူကစ နှုတ်ဆက်တာနဲ့ ကျွန်တော်လဲပြန်နှုတ်ဆက်ပါတယ် ။ အဲ..သတိထားမိတာက ရိုးရိုး တမ်းတမ်း နှုတ်ဆက် တာမဟုတ် ဘဲ၊ ခါးကို အလွန်အကျွံ ကိုင်း၊ ခေါင်း ကိုဒူး နဲ့ထိမတပ် ညွတ် နှုတ်ဆက်တာပါ၊ ကျွန်တော်လဲ သူ့ကို သိပ်ဂရုမစိုက် အားဘဲ ကိုယ့်ကိစ္စ ကိုယ် မြန်မြန်ရှင်း ပြီးလက် ဆေးဖို့ လုပ်တော့ နောက်ကနေ လိုက်လာပြီး ရေ အတင်းလိုက်ဖွင့်ပေး၊ ဆပ်ပြာရေ အတင်းလိုက်ပေးနဲ့ တော်တော် စိတ်ရှုပ်စရာ ကောင်းပါ တယ်။ ဒါနဲ့ ကျွန်တော်လဲမျက်နှာ နဲနဲတည်တည် နဲ့ ညီလေး မင်းဟာမင်းနေ၊ ကိုယ့် ဟာကိုယ် အဆင်ပြေတယ်လို့ ပြောလိုက်တော့မှ နောက်ဆုတ်သွားတယ် ။ လက်ဆေးပြီး တော့ တစ်ခါ လက်သုတ်ဖို့ တစ်ရှူး ပေးရင်း၊ နောက်တစ်ခါ ခါးကို အလွန်အကျွံ ကိုင်း၊ ခေါင်း ကိုဒူး နဲ့ထိမတပ်၊ အလေးပြု ပြန်ရောဗျာ ။ တစ်ကယ်ကို စိတ်ညစ်စရာ၊ ကျွန်တော်ဆိုလိုတာ လိုအပ်တဲ့လူမျိုးကို ကူညီတာမျိုးဆို မပြောလို ပါဘူး။ ဒါမှမဟုတ် ကပ်စတန်မာ ဆီကနေ တစ်(ပ) မန်းနီး လေးမျော်နေတာမျိုး ဆိုရင်တော့ မဖြစ် သင့်ဘူးထင်ပါတယ်။ ဒါမှမဟုတ် ဆိုင်က တာဝန် ရှိသူတွေက အဲလို လုပ်လို့သင်ထားရင်တော့ လဲမပြောတတ် ဘူး။

စားပွဲ ကိုပြန်ရောက်တော့ အစ်မရဲ့ အမျိုးသားကို ဘာရယ်မဟုတ် ပြန်ပြောပြဖြစ်တယ်။ သူက အဲဒီ ဆိုင်ကိုမကြာ မကြာသွားစားနေကျလေ ။ သူ့ကို တော့သိပ်အလေးမပြုဘူး တဲ့၊ ဘာလို့လဲ ဆိုတော့ သူက ခဏ ခဏသာလာစားတာ၊ တစ်ခါမှ တစ်(ပ) မန်းနီးလဲ မပေးဘူး ဘူး တဲ့။ ကဲ…ကောင်းရော 😀

 

နောက်တစ်ခုကတော့ ကားငှါး စီးလို့ကြုံရတာ။ တစ်ညပေါ့၊ ဆယ့်တစ်နာရီ ခွဲ လောက်ရှိမယ် ။ ကျွန်တော် တစ်ယောက်ထဲ သမိုင်း လမ်းဆုံကနေ မြို့ထဲ ကိုသွားချင်လို့ကားငှါးဖို့၊ တိုင်စီ ငါးစီးလောက် ရပ်ထားတဲ့ ဆီကိုရောက်သွားပါတယ်။ အခြေ အနေကြည့်ပြီး အဆင်ပြေမယ်ထင် တဲ့ ကားဆရာ တစ်ယောက် ကိုဈေးပြောပြီး ကားပေါ်တက် မယ်လဲလုပ်ရော အဲဒီ ကားဆရာ သူ့အလှည့် မဟုတ်ဘူးဆိုပြီး အလှည့်ကျ တဲ့ကားဆရာ ကိုခေါ်ပေးပါတယ်။ လူငယ် ပါဘဲ၊ အသက် တစ်ဆယ့်ကိုး၊ နှစ်ဆယ်လောက် ရှိမယ်။ ပထမ ကားဆရာက သူပြောပေး ထားတဲ့ဈေး ကိုပြန်ပြော ပြလို့ ကျေနပ်ပြီး ကားပေါ်တက် စက်နှိုး၊ သွားမယ် လဲလုပ်ရော ဗြုံးကနဲ ကားနောက်ခန်း ထဲကို လူ၂ယောက် ဝင်လာတယ်။ ဟ..ဘာလဲလို့ မေးတော့ ကားမောင်းတဲ့ သူက သူ့သူငယ်ချင်းတွေပါတဲ့၊ ရှေ့နားမှာ ဆင်းမှာလို့ ပြောလဲပြော၊ ကား ကိုလဲ မောင်းထွက် လိုက်ပါတယ်။ ကျွန်တော် ဘာမှကိုပြန်ပြောချိန် မရလိုက်ပါဘူး ။ကျွန်တော် က ဒရိုင်ဘာ ဘေးမှာထိုင်နေတာလေ။ ကျွန်တော်လဲ ထိုင်နေတဲ့ပုံစံ ကိုမသိမသာလေးပြောင်း၊ အနောက် ကဆရာ တွေကို နဲနဲတော့ အကဲခတ် ရတာပေါ့ ။ ကြောက်တတ် လို့မဟုတ်ပေမဲ့ သုံးယောက် တစ်ယောက်လေ။ ကိုယ်လဲ ဂျက်လီ မှမဟုတ် တာ၊ မတော် မှုခင်း ဂျာနယ်တွေ ထဲမှာဖတ် ဖူးသလို၊ နောက်က နေ ဓားနဲ့ ထိုးရင် ဒွတ်ခ ။ ကျွန်တော့ ဘောင်းဘီအိပ် ထဲမှာ လဲ ငွေ သား ရှစ်သိန်း လောက်ရယ်၊ ဖုံး ရယ်ပါတယ်။ ဖုံးဟန်းဆက် ကဝယ်ထားတာ မကြာ သေးဘူး၊ ဖုံးက အင်ဆူးရန့် ရှိတော့သိပ် မပူပါဘူး ။ ဒါပေမဲ့ အရေး အကြောင်းကြုံလာတော့ ပိုက်ဆံကို လဲဂရုမစိုက်နိုင်တော့ပါဘူး။ တစ်ခုခုဆို ဘာလုပ်မလဲ ဦးနှောက် ကိုအမြန် အလုပ်ပေး၊ ဓား ထောက်လုရင် ပြေလည်အောင် ပြောပြီး ရှိသမျှအကုန်ထုတ် ဘိန်းမုန့် လုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဟုတ်တယ်လေ၊ ကိုယ့် အသက်ထက်ဘာမှပို အရေးမကြီးနိုင်ပါဘူး ။ခလုတ်ထိ မှ အမိတ ၊ မေမေ့ ကိုပြေး သတိရမိတယ်။ မေမေ ကအမြဲတမ်းစိတ်ပူ ပြီးပြောနေကျလေ၊ သွားတာ လာတာသတိနဲ့သွား၊ အသွားမတော် တစ်လှမ်းလို့ အမြဲအပြင် ထွက်တိုင်းမှာနေကျ ။ ကိုယ်တိုင် လဲ တိုက်ဖူး ခိုက်ဖူး တဲ့ အတွေ့ အကြုံ ရှိပေမဲ့ ရုတ်တရက် နောက်ကနေ တစ်ခုခုဆို ဘာမှလုပ်နိုင် မှာမဟုတ်ဘူး ။ နောက်ဆုံး တော့ ဘုရားတ နေရင်း နဲ့ လှည်းတန်း မရောက်ခင် ကားမှတ်တိုင် တစ်ခုမှာ၊ ကားရပ် လိုက်ပြီး ကျွန်တော့ နောက်မှာထိုင်နေတဲ့ တစ်ယောက်ကဆင်းသွား တယ်။ ကားဆရာ ကကျန်တဲ့ တစ်ယောက် ကိုမြို့ထဲ ဆက်လိုက်ခဲ့ကွာဆိုပြီး ခေါ်လာတယ် ။ ကားလဲပြန် ထွက်ရော ဒရိုင်ဘာ နောက်မှာထိုင်နေတဲ့တစ်ယောက် က၊ ချက်ချင်း ကျွန်တော့ နောက်ကို ရွှေ့ထိုင်တယ် ။ ကဲ…ဖြစ်သမျှ အကြောင်း ပေါ့ ကွာ၊ လာချင်တာ လာစမ်းလို့ ဆုံးဖြတ် တားပြီး၊ စကားနည်းနည်း ပြောကြည့်မှ လားလား ကိုရွှေဒရိုင်ဘာ ကကိုယ့်ကို ပြန်ကြောက်ပြီး ဂိတ် ကသူ့ဘော်ဒါ ကိုမျက်နှာ ရိပ် မျက်နှာကဲ ပြပြီး မလာတာကိုး ။ ကျွန်တော် သွားချင်တဲ့ နေရာထိ ဒရိုင်ဘာ ကသာ စကားတွေဖောင်ဖွဲ့လို့၊ ညဖက် ကားမောင်းရတာ သတိပို ထားရကြောင်း၊ ကားလာငှါး တဲ့သူ အခြေ အနေကို လဲအကဲခပ် ရကြောင်း၊ အဖော် တစ်ယောက် ခေါ်ထား တာပိုစိတ်ချရကြောင်း ပြောပါတယ် ။ ကျွန်တော့ နောက်ကဆရာ ကတော့ တုတ်တုတ်မှ မလှုပ် ဗျာ။ကားဆရာ ပြောပြတဲ့ အနေအထား တစ်ခုကိုနားလည်ပေးနိုင်ပေ မဲ့၊ ကျွန်တော် ဆိုလိုတာ ကား စငှါးထဲက အကျိုးအကြောင်း လေးပြောပြသင့်တာပေါ့၊ အဖော် ခေါ်လာချင်လဲ။ ခုဟာက မလိမ့်တစ်ပါတ် ပုံစံနဲ့ ။ဘာဘဲ ပြောပြောသင်ခန်းစာ တစ်ခုတော့ရသွားတာပေါ့ ဗျာ…

ဘာရယ်မဟုတ်ဘူး။ ရန်ကုန်မှ နေတုံးကြုံဘူး တာလေး တွေကို ရွာသူ၊ ရွာသားတွေ အတွက်အပျင်းပြေ လေး ရှယ် ကြည့်တာပါ

ကျေးဇူးတင်ပါတယ်။  ။

8 comments

  • padonmar

    March 15, 2013 at 11:06 pm

    အမှန်တော့ တက်စီစီးရင် ကားသမားနောက်ကနေထိုင်ရမှာ။
    ကားသမားကလည်း ခရီးသည်ရန်မူမှာကြောက်ရင် သူ့ဘေးခုံမှာ သူငယ်ချင်းကို ထိုင်ခိုင်းပေါ့နော်။

  • MAUNG

    March 16, 2013 at 5:08 am

    မပဒုမ္မာ ပြောတာဟုတ်တယ်ဗျ၊ နောက်ကထိုင်ရမှာ ။ ကိုယ်တိုင် ပေါ့လျော့မိတာလေ။

  • ဦးဦးပါလေရာ

    March 16, 2013 at 5:38 am

    အခုက
    တက္ကစီမောင်းသူတွေထဲမှာလဲ လူစုံ ဖြစ်လာပြီ
    အဲဒီတော့ တစ်ခါတစ်ရံ တက္ကစီသမားက ခရီးသည်ကို လုယက်တယ်
    ခရီးသည်ယောင်ဆောင်ပြီး တက္ကစီသမားကို လုယက်တာမျိုးကတော့ မကြာခဏပဲ..။
    ရန်ကုန်ဟာ တော်တော်ရှုပ်ထွေးပြီး မလုံခြုံတဲ့နေရာတစ်ခုလိုဖြစ်လာပြီ။

    လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျုပ်တို့ကျောင်းသားဘဝကများ-
    တစ်ခါတစ်ရံ မြို့ထဲမှာ ကိုးနာရီခွဲပွဲကြည့် ကမ်းနားဘက်ဆင်းပြီး နံပြားပူပူလေးနဲ့ လဘက်ရည်သောက် – ကမာရွက်ကအဆောင်ကို ညဆယ့်နှစ်နာရီ တစ်ချက်ထိုး လမ်းလျှောက်ပြန်တာ
    တစ်မြို့လုံး အေးချမ်း ဆိတ်ငြိမ်ပြီး
    မီးတွေလဲလင်းပြီး
    ဘာပြဿနာ ဘာအနှောက်အယှက် ဘာအများအယွင်းမှ မရှိဘူး။
    လမ်းမှာ တစ်ယောက်တစ်လေတွေ့ရတဲ့ ပတ္တရောင် ရဲ ဆိုလဲ
    အိပ်ရေးဝဝအိပ်ထားရတော့ ကြည်လင် လန်းဆန်း ပြုံးရွှင် နေတာပဲ။

    • MAUNG

      March 16, 2013 at 6:54 pm

      ဟုတ်ပါတယ်ဗျာ အတော်ကြီး ကိုပြောင်းလဲသွားပါပြီ

  • MaMa

    March 16, 2013 at 6:51 am

    သူ့ငါမယုံ
    ငါ့သူမယုံ အဖြစ်တွေပေ့ါ။
    စာရေးသူလန့်မယ်ဆိုလည်း လန့်စရာပါပဲ။
    တကယ်ဆိုရင် အဲလိုလူစိမ်း၂ယောက်အပိုပါလာတာမျိုးဆိုရင် အဲဒီကားကို မစီးသင့်ဘူး။
    လူပိုပါရင် မစီးဘူးဆိုပြီး ကားမထွက်ခင်ကတည်းက ကားပေါ်က ပြန်ဆင်းလာသင့်တယ်။

    • MAUNG

      March 16, 2013 at 6:57 pm

      ကျွန်တော် ကကားရှေ့ခန်းမှာ စီးဖို့ ကိုအကျင့်လို ဖြစ်နေတာ။ သတိ တစ်ချက်လွတ်သွား သာလဲပါပါတယ်

  • ဦးကြောင်ကြီး

    March 16, 2013 at 10:33 am

    မောင်……
    ထောင်နဲ့နော်
    ဒေါင်ကနဲခေါက်လိုက်လို့
    ယောင်တက်လာရင်သိဝူး
    ရှောင်နိုင်ရင်ရှောင်
    ပြောင်တောင်တောင်
    လာမညောင်နဲ့
    ဟောဒီကကြောင်… :kwi:

  • MAUNG

    March 16, 2013 at 6:58 pm

    ဦးကြောင်နော် း)

Leave a Reply