ဧပြီ လတွင် ဖုန်း တစ်လုံး ဝယ်မယ်

htet wayMarch 15, 20131min32322

”ဖုန်း လိုချင်တယ်.. ဒါပဲ ကျောင်း ပို့ ကျောင်းကြို ကလေးကိုလုပ်နေရတာ ဖုန်းတလုံးတော့ ရှိရ မယ် ..ဘယ်နှယ် ဧပြီလထဲ တန်ဖိုးနည်းဖုန်းတွေ ထွက် မယ် ရှင် ခုထိ ဖုန်းဝယ်ပေးမယ် မစဥိ်းစား ဘူး..”
ဘေးအိမ်က ကို ဘသာ ဇနီးရဲ့ မြည် တွန် တောက် တီးနေတဲ့အတွက် ရေး လက်စ စာ တစ်ပုဒ်ကို ခဏရပ်ပြီး နားထောင် လိုက်မိတယ်
“ ဟာ မိန်းမရယ် ကလေး ကျောင်းကြို ကျောင်းပို့ နဲ့ ဖုန်း နဲ့ဘာဆိုင်လို့ လဲ”
ကိုဘသာကလည်း း ညည်းပြောလေး ပြောနေသံကြားသည် ့.။ ဖုန်း တန်ဖိုးနည်း တွေ လာမယ် ချမယ် ပြောနေတာပဲ ဇန်နဝါရီ လထဲက ဂျာနယ်တွေထဲမှာရေးထားတာဖတ်နေရတယ် ။ တလောက တောင် ရွာက ကောင်လေး တယောက် ဖုန်း လိုချင် လို့ နှစ်သိန်းတန်ဖုန်း နယ်မြို့
အရောင်းဆိုင်မှာ လိုက် ဝယ် တာမရတော့ ဘူး။ဆိုင်တွေက မတင် ရဲတော့ ဘူးတဲ့ ။ တခါရန်ကုန် မှာ လည်း လျှော့ဈေးနဲ့ ရောင်းတယ် ကြားလို့ ရန်ကုန်ကို ဆက်သွယ်တော့ လည်း မရတော့ ဘူးတဲ့။ ဒါကြောင့် ဖုန်း ဝယ် ပြီး ပြန ်ရောင်း ချင်တဲ့ သူ တစ်ဦး ဆီ က ဝယ်ပေး လိုက်ရတယ် ။တစ်သိန်း ခြောက် သောင်းနဲ့ ။ ရွာက ကောင်လေးကို မင်း ဘာလို့ အရေး တကြီးဖုန်း လို ချင် တာလည်း ဆိုတော့ “ ချစ်သူနဲ့ စကားပြောမယ် ဆရာ.. ညဆိုလွမ်းဖို့ သက်သက်ပါ တဲ့ ..”
အင်း နား မလည် နိုင်စရာ စကားတွေ။
ဖုန်း ပိုက် ဆံကဒ်တွေ တစ်သောင်းမှ ငါးထောင် တန် တွေ ထွက်လာတော့သိပ်ကောင်း တယ် ပေါ့။ လူတွေ က တစ်သောင်း အစား ငါးထောင် တန် ကဒ်တွေကိုသုံးးစွဲ လာကြတယ် ။CDMA ဖုန်းတွေ ထဲက 800 ဖုန်းတွေ အတွက်တော့ နယ် မှာမရောင်း ဘူး ငွေ ကုန်ရင် ပုသိမ် ရန်ကုန်မှာလူကြုံ နဲ့ မှာပေတော့ ။ နယ် မြို့မှာသုံးစွဲ သူ မရှိ သလောက် နည်းတော့ ဆိုင်တွေ ကလည်း မရောင်းကြ ဘူး။ ဂျီ တွေချည်းပဲရှိတာကိုး။
ဖုန်း ကို အခု လူတိုင်းနီးပါး ကိုင်လာကြပြီ ။ ဒီမှာ စိတ် ညစ်စရာ ကကိုယ့် ဆီ ဖုန်းခေါ် ပြီး ပိတ်လိုက် miss call လုပ်တယ် ဆိုရမယ် ။ဒါမျိုးတွေက
များလာတယ် ။ အမျိုးသမီး လေး တစ်ယောက် ဆို သူက မစ်ကော လုပ်
ကိုယ်က ပထ မတော့ ပြန်ခေါ် အော် ..ဘာများ ဖြစ်လဲပေါ့ ။ နောက်တော့ အားမနာပဲ ပြောလိုက်ရတယ်
အကြောင်း မရှိဘဲ မခေါ် နဲ့ ညီမရယ် လို့ ။ နည်းနည်းတော့ ရိုင်းမလားပဲ တကယ်တော့ စိတ်ထဲ လည်း အထင်သေးမိတာပါ။ဖုန်းပြောတာ တစ်မိနစ် ၅ဝကျပ် ကျတာကို ဖုန်း ကဒ် ချွေတာ တဲ့ စနစ် နဲ့ (miss call) မစ်ကော လုပ်တာ ကို အထင်သေးမိတာပါ။တလောက လည်း ဂျာနယ် က တစ်စောင်က
ဖုန်း ခေါ်တယ် ကိုင် လိုက်တော့ ဆရာရေ့ ..ပြန် ခေါ်လိုက် ဗျာ တဲ့ ။ ကိုယ်က ခေါ် လိုက်ပါတယ် ။ ဒီလို မျိုး အသိ ထဲက လူတွေ ၊ ဆွေ မျိုး ထဲက လူတွေ လုပ်နေကြ ဆိုတော့ မဆန်းတော့ ဘူး။
အခု သမ္မတကြီးရဲ့ ရေ ဒီယိုမိန့် ခွန်း ကို နားထောင် ပြီး ကို ဘသာ ဇနီးက တန်ဖိုး နည်း ဖုန်းတွေ ရတော့ မယ် ဆိုပြီး ပူဆာ တာပါ။ တန်ဖိုး နည်း လို့ပဲ ပြောတာပါ။ တဆင့်ပြောတဲ့ သူတွေက ကျပ် နှစ်သောင်း ပြောလိုပြော၊ ရှစ်သောင်း ပြောလို ပြောကြ၊ တစ်ချို့ကလည်း တစ်သိန်း ဆိုပဲ၊ မိတ်ဆွေ
တစ်ယောက်က ၅သိန်း တန် ဖုန်းကို တစ်သိန်း ခွဲနဲ့ ပြန်ရောင်း လိုက်တော့ ကိုယ်က ဟာ … ခင် ဗျား ဗျာ ကို်ယ် ပေးထားရတာ ၅သိန်းလေ ဘာလို့ တစ် သိန်းခွဲနဲ့ ရောင်းရတာလဲ ဆိုတော့ သူက ကိုယ့်ကို `အ´ရန် ကောဆိုပြီး ကြည့်တယ် ။` ခင် ဗျား တန်ဖိုးနည်း ဖုန်းတွေ ထွက် တော့မှာ မသိ ဘူး ထင်တယ် ´
ဆိုပြီး သတင်း မသိ ၊ ခေတ်မသိ တဲ့ လူ ဆိုတဲ့ အကြည့် နဲ့ ကြည့်တာ ခံလိုက်ရပါတယ် ။
ဟို တုန်းက ဖုန်းတွေ ရှားတယ် မန္တလေး သိန်းဇော်ရဲ့ ကဗျာလေး ကို သတိရ မိတယ် ။ ချစ်သူကို မကြာ ခဏ ရွတ်ပြ တဲ့ ကဗျာလေး ပါ။
` ညကြီး မင်းကြီးး
လမ်းမီးတိုင် ဝါဝါတွေ အောက် ၌
နှင်းတွေ နိပ် စက်သမျှ
တယ် လီ ဖုန်းလေး ခိုက်ခိုက်တုန ်ချမ်းရ၏
ခုနှစ်ဆောင် ဘုံမြင့် ထက်၌
နှင်းဆီ ပွင့်လေးရော အိပ်ပျော်ပါရဲ့ လား..။
လမ်းဘေးဖုန်းလေးကနေ ချစ်သူရဲ့ အိမ်ဖုန်းကို ဆက် သွယ် ပြောဆိုဖို့ စောင့် ဆိုင်းနေရ သူ တစ်ယောက်ရဲ့ ခံစား ချက် လေးကို ရွှေ ပွင့် လွှာ တေး စီးရီးမှာ ကို သိန်းဇော် သရုပ်ဖေါ် ထား ချက်ကို လည်း ကြည့်ရတယ်
ဂဏန်းတွေကို လက်လှည့် ဖုန်းလေး နဲ့ လှည့်ရင်း နောက် ဆုံး ဂဏန်းတစ်လုံးလေး မှာ စိတ်လျှော့ လိုက်ပြီး ဆက် မလှည့်ပဲ လွှတ်ချ လိုက်တဲ့ပုံ လေး က ခံစား မှု သရုပ်ပေါ်တယ် ။ မျက်စိ ထဲ စွဲနေတယ် ။
အခုတော့ နှစိ် သိန်းတန် ဖုန်း တွေ ပေါ် နေပြီ တစ် မိနစ် ၅ဝကျပ် မှာ လက်လှည့် ဖုန်းလေးလို နောက် ဆုံး ဂဏန်း လေး တစ်လုံးကို ဆက် မလှည့်ပဲ ကိုသိန်းဇော် လို ရပ် လိုက်မ ိတယ် ။ ချစ်သူဆီ ဖုန်းဆ က်မယ် ဆိုပြီး
ကိုယ့် ဖုန်း ထဲရှိတဲ့ ငွေ ကြေးက တစ်ထောင် လောက်မှာ ချစ် သူနဲ့ ပြောရရင် ကုန်မယ် ။ ဝယ် ဖြည့် ဖို့က လည်း အနည်းဆုံး ၅၀၀ဝကျပ် ၊
အင်း….. နောက် ဆုံး ဂဏန်းလေး ကို မနိပ် ရက် တော့ ဘူး။
တခါက ကိစ္စ အရေး တကြီးရှိလို့ သူငယ် ချင်း ဆီက ဖုန်း ယူ ဆက် လိုက်မိတယ် ဖုန်းက ပြောနေရင်း ပြတ်သွားတော့ ဟာ ဘယ်လို ဖြစ်တာလဲ ဆိုတော့
ပိုက် ဆံကုန်တာလေ…တဲ့ ။ ဒီတော့ ကိုယ်က `မင်းကွာ ပိုက် ဆံ လုံလောက် အောင် ထည့် ထားလေ´ ဆိုတော့
`ဟာကွာ … တစ်ခါ ထည့် ထားရင် (၃)ရက် လောက်ပဲ ခံတယ် ငါ က လည်းပြောတာကိုးကွ အဂ္ဂိရ ထိုးသလိုပဲ ရှိထည့် ..ရှိ ထည့် ..နဲ့ မရှိ မကောင်း ရှိမကောင်း အိမ်က မိန်း မလိုပဲ ´တဲ့။
တန်ဖိုး နည်း ဖုန်းတွေ ပေါ်လာတာကို အင် မတန် ဝမ်းသာပါတယ် ၊ ကြို ဆို ဂုဏ် ယူပါတယ် ။သို့သော် ဖုန်းပြောခ က တစ် မိနစ် ၅ဝ ကျပ် မှာ တယ်
လီဖုန်းပြောဖို့ က အရေးကြီးမှ ပြောရပေ အုံးမယ် ။
ဖုန်း က တစ်နေရာနဲ့ တစ်နေရာဆက် သွယ် မှု အတွက် အလွန်ပဲ လို အပ် ပါတယ် ။နယ်တွေမှာ ဖုန်း လိုင်တွေ မကောင်းသေးပါဘူး။ ဖုန်းခေါ် လိုက်ရင်
ဆက် သွယ် မှု ဧရိယာ ပြင် ပ၊ လူကြီး မင်းခေါ် ဆိုသော ဖုန်းသည် ..ဆိုတာ မျိုးတွေ နဲ့ ကြုံ တွေ့ နေရပါတယ် ။နယ် မြို့က ကဗျာ ဆရာလေးက
သူ့ ချစ်သူ ကို ဖုန်းခေါ် တယ် မရဘူး သိပ် မဝေးလှတဲ့ နေရာလေးက ချစ်သူ ဖုန်းက ဆက်သွယ် မှု ဧရိယာ ပြင် ပ ဆိုတော့ သူကြေကွဲ ခဲ့တယ် ။
ဒီတော့ ကဗျာ ဆန်ဆန်လေးပဲ ခံစား လိုက်ပုံရပါတယ် ။
အမြတ်တနိုး နား စွင့် မိတဲ့ အခါ
ဆက်သွယ် မှု ဧရိယာ ပြင် ပတဲ့
တယ်လီဖုန်းလေးရေ
ဘာကြောင့် အစိမ်းရောင် သမ်းနေရတာလဲ
အမှန်တော့ ဖုန်းတွေက များ နယ်မှာ ဖုန်း လိုင်းတွေ က ကောင်းအောင် မလုပ် နိုင်သေးတော့ လိုင်း မမိ ဖြစ်နေတာပါ။ သူ့ မှာ ဖုန်း လိုင်းကို အပြစ် မတင် ပဲ
ကဗျာ ဆရာ ပီသစွာ ပဲ တယ်လီဖုန်းလေးရေဘာကြောင့် အစိမ်းရောင် သမ်းနေရတာလဲ..တဲ့ ။
ဟုတ်ကဲ့ ….. တန်ဖိုးနည်း ဖုန်းတွေ မြန်မြန် ရ ချင်ပါတယ် ။ဖုန်းပြောခ တွေ လည်း ဈေးကျ ချင် မိပါတယ် ။
ဆက်သွယ် မှု ဧရိယာ ပြင် ပ မဖြစ်အောင် လည်း နယ် တွေမှာ စီစဉ် ဆောင်ရွက် ပေး စေချင် ပါတယ် ။
ဧပြီ လတွင် ဖုန်း တစ်လုံး ဝယ်ပါမယ် ခင် ဗျား

22 comments

  • surmi

    March 15, 2013 at 11:58 am

    ဖုန်းပြောခ ဈေးနဲနဲ သက်သာရင် ကောင်းတာပေါ့ ဆရာထက်ရေ
    ဟိုနေ ့က ကြားတာတော ့ တစ်သောင်းအောက်ဆိုလားပဲ
    တစ်ခုကောင်းတာကတော ့ ကြာကြာပြောတဲ ့အကျင် ့ မရှိတောဘ့တာပေါ ့
    ကျနော်လည်း ဧပရယ်လကျရင်ဖုန်းတစ်လုံးဝယ်မယ်
    ပြီးတော ့ ….. ဖုန်းလာရင် မည်တတဲ ့အသံကို ဒီလိုလုပ်ထားမယ်
    လိုရင်းတိုရှင်း ….ဖုန်းပြောခတွေဈေးမကျသေးဘူးးးးး လို ့ ။

  • ခင်ခ

    March 15, 2013 at 12:16 pm

    မျှော်လင့်စောင့်စားနေကြပါတယ်။
    တကယ်ဘဲ ပြောသလိုဈေးနဲ့ သာရောင်းခဲ့ရင်ဖြင့် ကောင်းပါပေ့ ကောင်းပါပေ့ကွယ်။
    အဲ ဖုန်းလိုင်းတွေကလည်း မကောင်းပါပေ့ မကောင်းပါပေ့ တော့ မဖြစ်ပါစေနဲ့လို့ …………။

  • ဦးဖွတ်ကျား

    March 15, 2013 at 12:38 pm

    ဖုန်းဝယ်တာက ကနဦးကုန်ကျစားရိတ်ထက်… သုံးစွဲမှု ကုန်ကျစားရိတ်က
    အများကြီးပိုတဲ့ အစားပေါ့ဗျာ …ဟုတ်ပါတယ်…။ အဲ့ဒါ ..

    စီးပွားရေးလုပ်ငန်းတခုအနေနဲ့ ရောင်းသူ သုံးသူတွေကြားမှာ တကယ်ကြီးကို
    အကျိုးများစေတဲ့ အရာ ပါဗျာ ..တခုပဲ တဖက်ဖက်က လက်တဆုံးမနှိုက်ဖို့…
    fair play ဖြစ်နေဖို့ပါပဲ..။

    miss call ယဉ်ကျေးမှုကတော့ etiquette ကိစ္စ manner ကိစ္စ ဖြစ်သွားပြီခည..။
    တမိနစ် ငွေ၅ဝ ဆိုတော့ ငါးဆယ်တန်သိက္ခာကို အပွန်းပဲ့ခံသူများ လို့ပဲ ကဗျာဆန်ဆန်
    သမုတ်ချင်ခဲ့ပါရဲ့…

    တော်သေးဘီ
    ခင်တဲ့
    ဂီ..

    • Foreign Resident

      March 16, 2013 at 7:29 am

      ငါးဆယ်တန်သိက္ခာကို အပွန်းပဲ့ခံသူများ
      😛

  • Crystalline

    March 15, 2013 at 12:52 pm

    ဖုန်းဈေးတွေကျတာထက်..လက်ရှိဖုန်းတွေကိုဘယ်နေရာရာမှာပြောပြောလိုင်းမိစေချင်တာပါ.. အခုတော့ ဘေးနားကတိုက်မြင့်တွေခံနေတော့ ဖုန်းလာတိုင်း အော်ဟစ်ပြီး ခြံပြင်ထွက်ပြော.. မရရင် လိုင်းဖုန်းနဲ့ပြန်ခေါ်ရပြန်.. 🙁

  • Good™

    March 15, 2013 at 12:53 pm

    ကျနော် လဲ ဝယ်ချင်တယ် ၁သောင်း အောက်ဈေး နဲ့ ဆိုရင် ပြောတာ။
    ဟန်းဆက် ဈေး ကလဲ ရှိသေးတယ်။ တသိန်း ဝန်းကျင်ပေးမှ 3G လဲရ အင်တာနက်လဲ အတော် အသင့် လေး သုံးရမှာ။ဈေး သက်သာတာလေးရှိရင် လက်တို့ ကြပါအုံး။

  • cherry kyawlin

    March 15, 2013 at 12:55 pm

    ဖုန်းပြောခတွေကိုဈေးပိုသက်သာစေချင်တယ်
    ဖုန်းကဒ်တခါထည့်ရင် သိပ်မပြောလိုက်ရဘူး
    ကုန်သွားရော ဝန်ထမ်းဘဝဆိုတော့တလတလဖုန်းဖိုးနဲ့
    တင် ကိုယ်အတွက်သိပ်တောင်မကျန်ဘူး
    ဖုန်းပြောခ တစ်မိနစ်50ကိုလျှော့ပေးရင်တော့ကောင်းမှာပဲ

  • Mr. MarGa

    March 15, 2013 at 1:57 pm

    မျှော်နေဆဲ မျှော်ရင်းမောနေတဲ့
    ထို တန်ဖိုးနည်းဖုန်းပေါ့
    တစ်သောင်းအောက်သာဆိုလို့ကတော့
    ဝယ်……..ဦး…………မှာ
    missed call တွေလဲ
    ပေး………..ဦး………..မှာ
    (ဖုန်းဘီလ် ကုန်ရင် ဘာနဲ့ ဆက်မတုန်းးးးးးးးးးးး)
    ထိုအခါများမှာ
    ခွေးလွှတ်…….ပေး………..ကြ……….ပါ

  • etone

    March 15, 2013 at 2:13 pm

    ဖုန်းခ ဆိုလို့ … ညဘက် 11 နာရီ ကျော်လျှင် ထက်ဝက်ဈေးဆိုလား ဘာလားပဲ … ။ တမိနစ် 50ဆိုလျှင် 11နာရီနောက်ပိုင်း ဆက်လျှင် တမိနစ် 25ကျပ်ဆိုတာမျိုးလို့ ကြားမိတယ် … ။
    ဟီး … ဒါပေမယ့် SMS နှုန်းကျတော့လည်း ဘယ်အချိန်ဖြစ်ဖြစ် 25ကျပ်က မလျော့ဘူးပဲ … ။ ဒါပေမယ့်လည်းလေ …. အရင်ခေတ်ကလို ရန်ကုန် ၊ မန်းလေး စာပို့လျှင် ဆယ်ရက်လောက်ကြာမယ့် အစား … စက္ကန့်ပိုင်းတွင်း ဆက်သွယ်ပြီး စကား ပြောလို့ ရနေတဲ့ အနေထားမို့ ….. 50လည်းပေး ပျော်ပါတယ် ။ ဒီထက် ဖုန်းခေါ်ခတွေ ပိုလျော့လာမယ်ဆိုလျှင်တော့ ပိုကောင်းတာပေါ့လေ ။
    တစ်လ တစ်လ … ဖုန်းဖိုးတင် သုံးသောင်းနဲ့ သုံးသောင်းခွဲ ကြားမှာ ရှိနေတယ် … ဖုန်းက သိပ်မပြောဖြစ်ပါဘူး ။ အလုပ်ကိစ္စဘာညာ စိတ်မရှည်လျှင် တမိနစ် ငါးဆယ်လည်း မမြင်တော့ပဲ ၊ ရုံးဖုန်း မသုံးဘူး လွယ်လွယ်ခေါ်လို့ ရတဲ့ ကိုယ့်ဖုန်းကိုယ်သုံးပစ်လိုက်တယ် … ။ ဒါ့ပြင် ဆယ့်နှစ်ရာသီ အွန်လိုင်းပေါ်က ဂိမ်းတွေဆော့နေတာကြောင့်ပါ ။

    ညကတင် ချန်နယ်လ်7 မှာ ကြည့်လိုက်ရသေးတယ် .. ဖုန်းတွေနဲ့ ပတ်သတ်ပြီး ဟာသ ရိုက်ထားတဲ့ ဇာတ်လမ်းတိုလေး … ကုန်စိမ်းသည်ရော ၊ ဆိုက်ကားသမားရော အလုပ်ကို ပီပြင်အောင် မလုပ်တော့ပဲ ၊ ဖုန်းနဲ့ ဆက်ပြီး အော်ဒါ လက်ခံ တဲ့အကြောင်း ၊ သရော်ပြီး ရိုက်ထားတာ … ရယ်လိုက်ရတာ တဝါးဝါးနဲ့ … ။ :hee:

    • Mr. MarGa

      March 15, 2013 at 2:17 pm

      မယ်အီးတုန်း
      အဲဒါက ညနေက လာတာ မှုတ်ဖူးလား
      ဦးမာဃတောင်ကြည့်လိုက်သေး
      တဝါးဝါး တဟားဟားနဲ့ပဲ

  • Traditional

    March 15, 2013 at 2:50 pm

    TM တို့ ကတော ညဘက်ရောက်ရင် Ph book ထဲက သူငယ်ချင်း အားလုံကို miss call လိုက်ပေးတယ်
    သူတို့ ကလည်းmiss call ပြန်ပေးတယ် အဓိပ္ပာယ် က သူငယ်ချင်းမင်း ကို ငါအခု သတိရနေတယ်
    မင်းဒီနေ့ အဆင်ပြေလားပေါ့ သူကလည်း ok ဆိုတဲ့ အဓိပ္ပာယ်ပါ။ ထူးခြားတဲ့ အကြောင်းရှိ ရင်တော့
    ၁၁ နာရီထိ စောင့် ပြီးပြောတယ် လေ ..ဟိ

    • Foreign Resident

      March 16, 2013 at 7:37 am

      တော်လိုက်တာကွယ် ။
      MPT တော့ မျက်ရည်ကျတော့မှာပဲ ။

      ပြောရဦးမယ် ။
      အဘတို့ ဩဇီမှာ Missed Call လုပ်လဲ ပိုက်ဆံပေးရတယ် သိလား ။

  • ရင် နင့် အောင်

    March 15, 2013 at 4:09 pm

    စာရေးသူဆိုတော့လည်း ရေးထားတဲ့ အကြောင်းအရာထက် ရေဟန်တွေ ဝါကျတွေကို ပိုလို့ သတိထားမိနေတာ အကျင့်ဖြစ်နေတယ်။

    ဒီအက်ဆေးလေးကို ကျွန်တော် သဘောကျတယ်ဗျာ။

    ဝါကျလေးတွေ ပုဒ်မ ပုဒ်ထီးတွေကို ကွန်ပျူတာ မကျွမ်းကျင်လို့လား။ စနစ်တကျ လုပ်ဖို့ အချိန်မရတာလား။

    ဒါမှ မဟုတ် တခြား တစ်ခုခုကြောင့်လား မသိ။ သေသေချာချာ လေးတော့ ရှင်းရှင်းလင်းလင်း လေး ဖြစ်အောင် ထည့်စေချင်ပါတယ်။

    ကျေးဇူးပါ။ ဖတ်ခွင့်ရတဲ့ အတွက်။

    ရင်နင့်အောင်

  • မောင် ပေ

    March 15, 2013 at 6:57 pm

    ဆမ်ဆောင်း ဂလက်ဆီ အက်စ်4 ထွက်မှာနဲ ့ကွက်တိပဲ

  • နေဝန်းနီ

    March 15, 2013 at 9:22 pm

    ဆရာဝေးရယ် ဧပြီလမှာ ဖုန်းရောင်းမှာကောသေချာရဲ့လားဗျာ…။ ကိုယ်နဲ့ဘာမှတော့မဆိုင်ပါဘူး သယ်ရင်းအချင်းချင်းမို့ဝင်နှောက်တာ :harr: :hee: :hee:

  • ဦးဦးပါလေရာ

    March 15, 2013 at 9:36 pm

    ဆရာထက်တော့
    ဟိုတစ်လောကလဲ ကားဝယ်မယ်တဲ့
    အခုလဲ ဖုန်းဝယ်မယ်ဆိုတော့
    တော်တော်ထောနေပုံရတယ်..။
    မေ လ ကျရင် မိန်းမများယူနေဦးမလားမသိ…
    :harr:

  • အလင်းဆက်

    March 15, 2013 at 9:43 pm

    ဖတ်ရှုရင်း..ခံစား..
    ခံစားရင်း..ဖတ်ရှု…
    အိမ်အပြန်လမ်းမှာ..
    တွေးရမယ့်..အတွေးတွေတော့..
    ရပြီ ။

  • padonmar

    March 15, 2013 at 10:49 pm

    ကျမတော့ အဲဒီ missed call ယဉ်ကျေးမှုကြီး မကြိုက်ပါဘူး။
    ကိုယ့်မိတ်ဆွေနဲ့ ကိုယ်နဲ့ကြားမှာ တစ်မိနစ် ၅ဝ တွက်နေရမှတော့ ပေါင်းမနေပါနဲ့တော့ လို့သာပြောချင်ပါတယ်။
    ဖုန်းဆိုတာလည်း အရေးကြီးကိစ္စတွက် သာသုံးသင့်ပြီး ထမင်းစားပြီးပြီလား ဘာဟင်းနဲ့လဲလောက်နဲ့တော့ ပြောမနေသင့်လို့ထင်ပါတယ်။

  • Foreign Resident

    March 16, 2013 at 7:07 am

    “ ချစ်သူနဲ့ စကားပြောမယ် ဆရာ.. ညဆို လွမ်းဖို့ သက်သက်ပါ တဲ့ ..”
    ” အင်း နား မလည် နိုင်စရာ စကားတွေ ”

    ကြည့်စမ်း ၊ လူငယ်တွေရဲ့ ခံစားချက်ကို နားမလည်နိုင်သူကြီး ၊
    အသည်းမာသူ ၊ အဖိုးကြီး ဖြစ်နေပြီ ။

  • htet way

    March 16, 2013 at 9:19 am

    ဆရာ ရင် နင့်အောင် သို့ ရိုသေစွာ ပြန်ကြား အပ်ပါသည်။
    ` ဝါကျလေးတွေ ပုဒ်မ ပုဒ်ထီးတွေကို ကွန်ပျူတာ မကျွမ်းကျင်လို့လား။ စနစ်တကျ လုပ်ဖို့ အချိန်မရတာလား။
    ဒါမှ မဟုတ် တခြား တစ်ခုခုကြောင့်လား မသိ။ သေသေချာချာ လေးတော့ ရှင်းရှင်းလင်းလင်း လေး ဖြစ်အောင် ထည့်စေချင်ပါတယ်။´
    ကျွန်တာ်က နက် ဆိုင်မှာ တစ် ထိုင် ထဲ ရေးတာပါ ၊ ဆရာပြောသလို အကုန ်မှန်ပါတယ် ။
    ကျွန်တော် နောက်ကို ကြိုးစားပေးပါ့မယ် ။ အခုလို အားပေးတာ ကျေးဇူးပါ ခင်ဗျား။
    ပြီးခဲ့တဲ့ အပတ်က နွေ ဦးပေါက်ရင် ကား တစ် စီး ဝယ် မယ် … ဆောင်းပါး မွန်းတည့်နေ ဂျာနယ် တွင်
    ပြီး ခဲ့သော သောကြာ ထုတ်မှာ ဖေါ်ပြ ခံရပါတယ် ။
    ကျွန်တော် က ဂေဇက်ကို အရင် တင်ပြီး မှ ဂျာနယ်ပို့တာပါခင် ဗျား။
    ခင်မင် စွာဖြင့်
    ထက်ဝေး

  • htet way

    March 16, 2013 at 9:26 am

    အဘဆရာForeign Residentခင်ဗျား
    ကြည့်စမ်း ၊ လူငယ်တွေရဲ့ ခံစားချက်ကို နားမလည်နိုင်သူကြီး ၊
    အသည်းမာသူ ၊ အဖိုးကြီး ဖြစ်နေပြီ ။
    ဟုတ်ပါတယ် အဘရာ … စိတ် က နုပြီး လူက အဖိုးကြီး ဖြစ်နေတာ
    နားမလည် နိုင်စရာ ဆိုတာ ကျွန်တော် တစ်သက် တစ်ခါမှ သူတို့ လို သိဂ င်္ါ ရ ..ရသ
    မကြုံ ဖူး လို့ ..အင်း နား မလည် နိုင်စရာလို့ ရေး မိတာပါ။
    အဘ ကျန်းမာရွှင် လန်းပါစေ

  • ခင်ခ

    March 16, 2013 at 9:37 am

    ဟုတ်လေလား မဟုတ်လေလား မသိဘူးနော်
    အခုကြားနေတာတော့
    GSM ကဒ်က ၂၀၀ဝ ကျပ်
    WCDMA ( GSM ) ကဒ်က ၅၀၀ဝ ကျပ် နဲ့ ရောင်းပေးမယ်ဆိုဘဲ။

Leave a Reply