တန်ရာတန်ကြေး

naywoon niMarch 15, 20131min947

မမေ့နဲ့
ခင်ဗျားဟာ ဒီမြေပေါ်မှာနေတာ ……။
မမေ့နဲ့
ခင်ဗျားဟာ ဒီမြေအောက်ကရေကိုသောက်သုံးနေတာ ……….။
မမေ့နဲ့
ခင်ဗျားဟာ ဒီမြေထွက် သီးနှံ အစာအဟာရနဲ့
အသက်ဆက်နေတယ်ဆိုတာ ….။
မမေ့နဲ့
ခင်ဗျားဟာ ဒီမြေကြီးကို အကာအကွယ် ပေးရမယ်ဆိုတာ …..။
ဒီလိုမှမဟုတ်ပဲ
ကိုယ်နေတဲ့မြေကြီး
ကိုယ်သောက်နေတဲ့ရေ
ဒီအပေါ်ကထွက်တဲ့ အစာအဟာရ မှီဝဲနေပြီးတော့
မကာကွယ် မထိန်းသိမ်းပဲ
အဆပ်ခပ်နေမယ်ဆိုရင်
ဒီနေရာကမြေကိုဖဲ့ ဟိုဖက်တစ်နေရာ ပို့နေမယ်ဆိုရင်
ဒီမြေရဲ့ ကျိမ်စာ အရမ်းကြောက်ဖို့ကောင်းတယ်နော်….။
ဒီမြေပျက်စီးခြင်းနဲ့
ခင်ဗျားပါ ဒီလောကကြီးကပျောက်သွားလိမ့်မယ် ……။
ဒီတောင်တွေ ပျောက်သွားခြင်းနဲ့
ခင်ဗျားပါ ဒီလောကက ထွက်သွားရလိမ့်မယ်….။
ဒါဟာ
ထိုက်တန်သူအတွက်
တန်ရာတန်ကြေး ပေးဆပ်ရခြင်းပဲ……။
နေဝန်းနီ

7 comments

  • မောင် ပေ

    March 15, 2013 at 8:51 pm

    တိုးတက်ခြင်းကို သူတို ့မတောင်းဆိုခဲ့ပေမယ့်
    တိုးတက်ခြင်းကိုလဲ သူတို ့မရခဲ့ပေမယ့်
    တိုးတက်သွားသူများရဲ ့ ချနင်းခြင်းကို သူတို ့ခံသွားရရှာတယ်

  • ခိုင်ဇာ

    March 16, 2013 at 5:52 am

    ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်း ထဲမှာ ထင်ပါရဲ့။
    ငလျင်လှုပ်တာကို ကြုံရတော့ စိတ်ထဲဖြစ်တာကို ရေးထားတာလေ။
    ကိုယ့်ရပ်တည် မှီခိုရာ မြေကြီး ဒီလို မတည်ငြိမ်၊ လှိုင်းထ၊ လှုပ်ခါတာမြင်ရတာ ခိုကိုးရာမဲ့သလို ခံစားရတယ် ဆိုတာမျိုးလေး။ အဲဒီလို မှတ်မိတာပဲ။

    အဲဒါလေး ဖတ်ပြီးတော့ ကိုယ်နင်းနေ၊ နေထိုင်နေ၊ လျှောက်လှမ်းနေရတဲ့ ကမ႓ာမြေ ကိုယ်တွေကို လက်မခံ၊ ခါချမှာကို စိုးရိမ်ခဲ့ဘူးတယ်။
    ပြီးတော့ သဘာဝဘေး ထဲ ငလျင်ကို အကြောက်ဆုံးဖြစ်လာတော့တာပါပဲ။
    မီးဘေး၊ ရေဘေးက ပြေးလွတ်သေးသလားပဲ။ :mrgreen:

  • kai

    March 16, 2013 at 7:52 am

    အဲဒါကြောင့်ထင်တယ်..
    ယူအက်စ်က.. အမြင်ကျယ်တဲ့သူတွေက.. တခြားကမ္ဘာကိုအသည်းအသန်ရှာနေကြတာ..။
    ဒီနှစ်ပိုင်းတင်.. အဲဒီကမ္ဘာသစ်ရှာတဲ့အလုပ်က.. ငွေကြေးမြုတ်နှံသူတွေ အသည်းအသန်စိတ်ဝင်စားလာကြတာလေ…
    အသိမမှားရင်.. ကျုပ်မသေခင်မှာ.. လူသားခြေချနိုင်တဲ့နေရာသစ်.. ကမ္ဘာသစ်တခု(အနည်းဆုံး) ရသွားလိမ့်မယ်..။

    လူကြံရင်.. ပုဂံတောင်ဇလုံဖြစ်… :kiw:
    (မှတ်ချက်..။ ကျိန်စာမိနေသော လူများမပါ..။)

    • မောင် ပေ

      March 16, 2013 at 10:24 am

      အေးပေါ့လေ
      ဦးစ မှာ နေတာဆိုတော့
      ပြောအားရှိမှာပေါ့
      ဒီကလူတွေလဲ
      ရှိတာလေးနဲ ့လှအောင် ဝတ်ရင်း ပျော်အောင် နေကြတာပါပဲ

      • နေဝန်းနီ

        March 17, 2013 at 8:57 pm

        ရှိတာလေးနဲ့ဝတ်ရတာ ဘယ်လှမှာလဲကိုပေရယ်….။ အစုတ်လေးတွေ သန့်စင်ပြီး ဝတ်နေရတာ ဘယ်မှာပျော်မှာလဲကွယ်…။
        သူကြီးပြောတဲ့ ကမ္ဘာသစ်ကို ရောက်ဖူးချင်ပါရဲ့ ဒါပေမဲ့
        လူကြံရင်.. ပုဂံတောင်ဇလုံဖြစ်… :kiw:
        (မှတ်ချက်..။ ကျိန်စာမိနေသော လူများမပါ..။)
        ဆိုလို့ အားငယ်မိပါရဲ့ ….။
        လူကြံရင်.. ပုဂံတောင်ဇလုံဖြစ်… မဖြစ်တော့မသိပါဘူး ….။ ဝ ကြံတာ လက်ပတောင်းပျောက်တော့မယ်

        • kai

          March 18, 2013 at 1:38 am

          ယူအက်စ်က.. သူ့မြေကြီးသယံဇာတကြီးတခုဖြစ်တဲ့.. ရေနံကိုမထုတ်ပဲ.. သူများဆီ(အရှေ့အလယ်ပိုင်း) ကဝယ်သုံးတယ်..။
          နောက်နှစ်ကစပြီး..သူကိုယ်တိုင်..သူ့မြေကထုတ်တော့မယ်..။
          သူထုတ်တာနဲ့.. ကမ္ဘာအထုတ်ဆုံးနိုင်ငံ ဆော်ဒီကို ကျော်တက်သွားပါမယ်..။
          အဲဒီအချိန်ဖြစ်လာမယ့်ရေနံဈေးမှန်းကြည့်ပေတော့…။
          ဒီအပြောင်းအလဲအတွေးအခေါ်ကို.. အင်မတန်သတိထားကြည့်ဖို့လိုမယ်..။

          တိုတိုပြောရရင်..
          ချိုင်းနားကို..ကြေးနီရောင်းတာ.. ရောင်းသင့်ပါတယ်..။
          ဈေးကောင်းရဖို့.. စီးပွားရေအရ.. Deal လုပ်ဖို့ပဲလိုတယ်..။
          ချိုင်းနားမရောင်းချင်ရင်လည်း.. ဈေးပေးတဲ့တယောက်ယောက်ရောင်းရမှာပဲ..။
          ကိုယ့်ဆီရှိတဲ့သယံဇာတ.. ကိုယ်ထုတ်မရောင်း.. မသုံးတတ်ရင်.. ကိုယ်ပဲငတ်ပေမပေါ့..။
          တိုင်းပြည်ဝင်ငွေဆိုတာ.. မိုးပေါ်ကကျလာတဲ့အရာတွေမှ မဟုတ်တာနော..။

          လက်ပံတောင်းတောင်ဘယ်တော့မှမပျောက်ပါဘူး..
          အဲဒီဒေသခံတွေအကုန်..အသက်ကြီးပြီးသေစေဦး.. နောင်မျိုးဆက်၃-၄-၅-၁၀.. သေချာပေါက်ကျန်မယ်အာမခံတယ်..။
          အဲဒီနှောင်းလူ(သားသမီးမြေးမြစ်)တွေက.. အခုခေတ်လူတွေကို.. ကျေးဇူးတင်မလား.. အပြစ်ပြောမလား.. တွေးကြည့်.. စဉ်းစားလုပ်ကြဖို့လိုပါတယ်..။

          သင်တို့တဦးချင်းစီဟာ.. ကျန်ရစ်မဲ့..မြန်မာ့သမိုင်းရေးနေသူတွေဖြစ်ပါတယ်..။

  • kai

    April 5, 2013 at 1:59 pm

    ကိုနေရေ
    ဒီကဗျာကို ဒီလပုံနှိပ်ဖေါ်ပြဖို့ ကဗျာအယ်ဒီတာကရွေးထားပါတယ်။
    အဲဒါ.. ပွိုင်ထဲ ၁သောင်းထည့်လိုက်ပါကြောင်း..။ :528:

Leave a Reply