ဖြစ်ရပ်မှန်လေးပါဗျာ ကိုယ်တွေ့

ကျွန်တော် ၈ တန်းကျောင်းသားချိန်ပေါ့… ညက လည်းသိပ်မနက်သေးပါဘူး ၈ နာရီခွဲ အချိန်ပေါ့… သူငယ်ချင်းများနဲ့ သူငယ်ချင်းထဲမှာတော့ အရွယ်စုံပေါ့ ၆ တန်းလောက်က နေ တက္ကသိုလ်တက်နေတဲ့ အကိုကြီးတွေပါပါတယ်…ညဘက်

ကြီးပုန်းကျတာလေ.. ခါတိုင်းရက်တွေပုန်းနေတာ ခေါက်မိုးပေါတက်ပုံးလိုက် အိမ် နောက်ဖေးတွေထဲ ဝင်ပုံးလိုက်နဲ့… တနေ့တော့ ဇာတ်လမ်းက စတာပဲ… ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်း တွေ တုတုပုံးတိုင်းက ကစားကြပါလေရော စောနကပြောသောအချိန်လောက်ပါပဲ… လိုက်တဲ့ သူက ဇော်နိုင်ထွန်းပါ… သူက အိုက်တုန်းက 6 တန်း… ကျွန်တော်တို့က ပုန်းတာပေါ့ ခေါက်မိုးပေါ်တတ်ပုံးတဲ့လူက လည်းပုံး ၁၅ ယောက်လောက်ရှိမယ် တစ်လမ်းလုံး ပုံးတာဆိုတော့ လူစုက ကွဲတာပေါ့… ဒါပေမယ့် ညဘက်ဆို တော့ အနည်းဆုံးနှစ်ယောက် တတွဲစီပုံးကြတယ်… ကျွန်တော် တို့က တော့ ၄ ယောက်ပေါ့…ဖြစ်ချင်တော့ ကျွန်တော် တို့လေးယောက်က သာကေတ ၇ အနောက်ရပ်ကွက်( ) လမ်းထဲက အိမ်အောက်ထဲကို ဝင်ပုံးလိုက်တာ… ၄ ယောက်သား နှစ်ယောက်က အတန်းတူ သူငယ်ချင်း 10 တန်းကျောင်းသား ကျွန်တော် နဲ့ နောက်တစ်ယောက်က ဇော်ဇော် အတန်းတူသူငယ်ချင်း– 10 တန်းနှစ်ယောက်က အိမ်အောက်ထဲမှာ

ကျွန်တော်တို့ နှစ်ယောက်က အိမ်ကြားထဲမှာ ပုံးနေတာ ကျွန်တော်က အရင်ဦးဆုံးစမြင်လိုက်တာပါဗျာ…အိုက်ဘက်က

ဘောလုံးကွင်းကြီးနဲ့ နီးတယ်လေ အိုက်ကနေမျက်လုံး စိမ်းစိမ်းကြီးနှစ်လံးလှမ်းမြင်လိုက်တာပဲဗျာ…ဒါနဲ့ ကျွန်တော်က ကြောင်ထင်ပြီး အမှုမဲ့အမှတ်မဲ့နဲ့နေလိုက်တယ်… မှီထားတဲ့အိမ်က အဒေါ်ကြီးက လည်း စက်ချုပ်နေတုန်း

၉ နာရီဆိုတော့… ပြီးတော့ အိုက်အဒေါ်ကြီးက ဖယောင်းတိုင်သွားဝယ်ဖို့ထွက်သွားတယ်… အိုက်မှာ ဇာတ်ရှိန်က မြင့်လာပြီ… နောက်ထက်ထပ်ကြည့်လိုက်တော့ အိုက် စိမ်းစိမ်းကြီး နှစ်လုံးက ကြည့်နေတုန်းပဲ ဒါနဲ့ ကျွန်

တော်လည်း နည်းနည်းတုန်လှုပ်သွားပြီ. သူငယ်ချင်း ဇော်ဇော်ကို ဒီကွင်းဘက်ကိုလာခိုင်းတယ် ကျွန်တော်က လမ်းမဘက်ကနေ နေတယ်…သူ့ကို ကျွန်တော် က တိုးတိုးလေးပြောလိုက်တယ် “ဟေ့ ရောင် မင်းဟိုဘက်ကိုကြည့်လိုက်စမ်း မျက်လုံးစိမ်းစိမ်းကြီးနဲ့” ဆိုပြီပြောလိုက်တော့ သူက ကြည့်ပြီး မင်းက လည်းကြောင်

ပါကွာ… စွပ်ကြောက်နေတယ်ဆိုပြီပြောရော…ဒါနဲ့ ဟိုလိုက်တဲ့ ဇော်နိုင်ထွန်းလာရင် အိမ်ကြားထဲဆိုတော့ မိနိုင်တယ်ပေါ့ ဒါနဲ့ နှစ်ယောက်သား အိမ်အောက်ထဲကို ဝင်လိုက်တယ်။။ အောက်မှာလည်း 10 တန်းအစ်ကိုကြီးနှစ်ယောက်က ညိမ်နေတာပဲ… သူတို့က အေးဆေးပဲ သူများအိမ်အောက်မှာ ဝတ်နေတယ်။။ ကျွန်တော်

တို့ သူတို့ဆီကို မရောက်ခင်2ပေအလိုလောက်မှာ အိမ် အပေါ်ကနေ မီးဖွားလေးတွေကျလာပါတယ်… အဲ့ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်က အိမ်ပေါ်ကိုလှမ်းကြည့်လိုက်ကြပါတယ် အိမ်ပေါ်ကို ကြည့်တော့ ကြမ်းက ဟနေတဲ့အပေါက်ကြီးတွေရှိတယ် အိုက်က နေ မြင်တွေ့လိုက်တာကတော့ မီးခွက်ကြီး မီးလင်းပြီး လျှောက်သွားနေတာ.

လေပေါမှာဗျာ။။ ဒါကို လည်းသတိမထားမိဘူး အိုက်အိမ်မှာက နည်းနည်းစိတ်မမှန်တဲ့လူ ရှိတယ် အိုက်လူထင်ပြီးကျွန်တော်တို့နှစ်ယောက် သတိမထား ပဲ ဒီအတိုင်းဆက်နေလိုက်တယ်… ခဏကြာတော့ လိုက်တဲ့ ဇော်နိုင်ထွန်းက အမလေး သရဲ သရဲ သရဲ… ဆိုပြီ အသံနက်ကြီးနဲ့ အော်ပြေးတာကြားလိုက်ရတော့ ဟိုအစ်ကိုကြီး နှစ်ယောက်လည်း လန့်သွားတာပေါ့….ကျွန်တော် တို့လည်းလန့်သွားတာပေါ့…ဒါနဲ့ ချက်ချင်း 4 ယောက်သား အိမ်အောက်က ထွ့က် ပြီး “ဟေ့ရောင် မင်းမလိုက်ချင်လို့ ဒီလိုလျှောက်ပြောနေတာလား” လို့မေးလိုက်တော့ မဟုတ်ဘူးတကယ် အေးဒါဆိုပြောစမ်း မင်း ဘယ်လိုမြင်တာလဲ တဲ့ ဟို 10 တန်းအစ်ကိုကြီးထဲမှ

တစ်ယောက်က မေးလိုက်တယ်… သူဖြေတာက အစ်ကိုကြီးတို့ အိမ်ပေါ်မှာပဲပုံးနေမယ်ထင်လို့ ကျွန်တော် က အိုက်အိမ်

ပေါ်ကိုကြည့်လိုက်တာ အိမ်ဆိုလို့ သူတို့က အိမ်ကို အရှေ့မှာက အပေါက်တွေဘာတွေမထားထားဘူး ဟောလောကြီး။။

ပစ္စည်းတွေဘာတွေလည်းမယူကြပါဘူးဗျာ…ခုနက အိမ်ပေါ်မှာရှိမယ်ထင်လို့ကြည့်လိုက်တာ သောက်ရေအိုးစဉ်

ထောင့်မှာ မျက်လုံး စိမ်းစိမ်းကြီးနဲ့ သူ့ကိုကြည့်နေတာ… ကျွန်တော်လည်းမထင်ဘူး ဗြန်းကနဲ ဆိုတော့ နောက်ပြန်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်ပြီး အနားနားတဖြည်းဖြည်း တိုးလာတော့ သရဲ သရဲ ဆိုပြီး အော်ပြေးတာ လမ်းက ကွေ့ကိုတန်းနေတာပဲ… ကျွန်တော် တို့ နှစ်ယောက်လည်း သူပြောမှ သတိထားမိကျတယ်

ပထမ မျက်လုံးစိမ်းစိမ်းကြီး က သရဲကို နောက် မီးဖွားတွေကျလာတာ လက်ဖမိုးပေါ်ကို သို့ပေမယ့် အလွန်ထူးစန်းတာ

က မပူတာပဲ… အိုက်ကျမှ သရဲမှန်း သိကြတယ် အကုန်လုံး… သေချာပြန်သုံးသပ်လိုက်တော့ အဲ့ဒီ စိမ်းစိမ်းကြီးက

ထိုင်နေတာ ဘုရားစင် ရဲ့အောက်နားလောက်မှာ… သရဲ ဖြစ်ရင်ဖြစ် မဖြစ်ရင် နတ်က များအယောင်ဆောင်ထားတာလား

မသိဘူးဗျာ လူကြီးတွေပြောကြတယ်လေ ညဘက်ပုန်းရင် နတ်ဖွက်မယ်တဲ့ … နတ်က ပုံးတဲ့ လူများလို့ မဖွက်ပဲ ခြောက်

လိုက်တာလား မသိဘူး.. အခု ချိန်ထိအဖြေရှာကြည့်လို့မရသေးပါဘူးဗျာ အစ်ကိုတို့ရောဘယ်လိုထင်မလဲ…?

မှတ်သွားတာတော့ ကျွန်တော် တို့ အခု ချိန်ထိ ညဘက် မပုန်းတော့ပါဘူး…

About ar kar

ar kar has written 1 post in this Website..