တစ်ပတ်စာ သင်၏ကံဇာတာ၂၀၁၃ မတ်လ ၁၅ ရက်မှ ၂၁ ရက် အထိ

Net Ray
SONY
City Mart
Slik Air

တစ်ပတ်စာ သင်၏ကံဇာတာ

ပရောဖက်မြတ်သစ်   |   Thursday, 14 March 2013
၂၀၁၃ မတ်လ ၁၅ ရက်မှ ၂၁ ရက် အထိ

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀

သားသမီးတပည့်တပမ်းတို့ကြောင့် စိတ်ပူပန်စရာများ ပေါ်ပေါက်တွေ့ကြုံရတတ်သည်။ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ နှောင့်နှေးမှုများ ကြုံတွေ့ရတတ်သည်။ ဇာတိရပ်ရွာမှ ဝေးလံသော ဒေသများ သို့ ခရီးယာယီသွားရောက်ရလိမ့်မည်။ အမှတ်မထင် ကံပွင့်လန်း၍ ရတနာပစ္စည်းများ အကျိုးပေးလိမ့်မည်။ မဆုတ်မနစ်သော ဇွဲသတိ္တကြောင့် အဆင်မပြေမှုများ ပြီးဆုံး၍ အောင်မြင်မှုများ ရရှိလိမ့်မည်။

ယတြာ – မွေးနံထောင့်၌ အုန်းဆွမ်းကပ်လှူပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁

အစစအရာရာ လိုအင်ဆန္ဒများ ပြည့်စုံ၍ စီးပွားဥစ္စာတိုးတက်နိုင်သည်။ သို့ရာတွင် လုပ်ငန်းများ တိုးချဲ့၍ အပင်ပန်းခံ ဆောင်ရွက်နေရတတ်သည်။ အလဈဒါနကောင်းစွာ ပြုလုပ်ဆောင်ရွက်ရတတ်သည်။ ကုသိုလ်ရေးအဓိဋ္ဌာန်အောင်မြင်မည်။ ထို့ကြောင့် အလွယ်တကူနှင့် ဝင်ငွေတိုးပွားလိမ့်မည်။ အိမ်ထောင်ရေးသာယာမည်။ သားသမီးရတနာအကျိုးပေးမည်။ သားသမီးတို့၏ ပညာရေး ခရီးလည်း ဖြောင့်ဖြူးသာယာလိမ့်မည်။

ယတြာ – တရားစာအုပ်များ ဓမ္မဒါနပြုပါ။

မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂

အလုပ်ကိစ္စအတွက် ခရီးသွား ရောက်ရာမှ အကျိုးအမြတ်နှင့် ရလဒ်ကောင်းများ ပေါ်ထွက်မည်။ အလုပ်တာဝန်များ ပိုမို များပြားစွာ လုပ်ဆောင်နေရလိမ့်မည်။ လုံ့လဝီရိယအကျိုးကို ခံစားရမည်။ စီးပွားပြိုင်ဘက် များအပေါ် အသာစီးရလိမ့်မည်။ အခက်အခဲပြဿနာမှန်သမျှကို လွယ်ကူစွာ ဖြေရှင်း အောင်မြင် မှုရမည်။ ဂုဏ်သိက္ခာအရည်အချင်းတိုးတက်မြင့်မားမည်။ တန်ဖိုးကြီးမားသည့် ပစ္စည်းများ အကျိုးပေးဝင်ရောက်နိုင်၏။

ယတြာ – ပရိတ်တရားစီဒီချပ်များ ဓမ္မဒါနပြုပါ။

 ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃

ဘုရားဖူးခရီးထွက်ရန် ရည်ရွယ်ထားပါက လက်တွေ့ဆောင်ရွက်ရလိမ့်မည်။ ကုသိုလ်ရေးကိစ္စများ ဆောင်ရွက် အောင်မြင်၍ ဝင်ငွေနှင့် လုပ်ပိုင်ခွင့်၊ ပြောရေးဆိုခွင့် တိုးတက်မြင့်မားလာမည်။ သားသမီး တပည့်တပမ်းတို့ကြောင့် စိတ်ပျော်ရွှင်ချမ်းမြေ့ရလိမ့်မည်။ ၎င်းတို့ကြောင့် စီးပွားဥစ္စာတက်မည်။ အများအကျိုးဆောင်၍ ကိုယ်အကျိုးအောင်မည်။ လုပ်ငန်းများ လျင်မြန်သွက်လက်၍ အကျိုး အမြတ်ကောင်းစွာ ပေါ်ထွက်မည်။

ယတြာ – မွေးနံထောင့်၌ နှင်းဆီရောင်စုံကပ်လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃

သတိလက်လွတ်ပြုမူပြောဆို ဆောင်ရွက်တတ်သောနေ့ရက်များဖြစ်တတ်၍ အမှားအယွင်းမကင်းတတ်။ တန်ဖိုးကြီးမား သည့် အတွင်းပစ္စည်းများ ပျက်စီးပျောက်ဆုံးတတ်၍ သတိရှိသင့်၏။ အသိဉာာဏ်ထက်မြက် နေမည်။ အိမ်ခြံမြေကားလုပ်ငန်းတို့၌ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ကုသိုလ်ရေးဆောင်ရွက်ရန် ကတိပြုမှုများ ရှိထားပါက မပျက်ကွက်သင့်ပေ။

ယတြာ – တနင်္ဂနွေထောင့်၌ ပန်းရေချမ်းဆီမီးကပ်လှူပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃

၁၉ ရက်နှင့် ၂၁ ရက်တို့ ကံတရားပွင့်လန်းနေသည်။ ထိုနေ့ရက်တို့၌ လုပ်ငန်းချဲ့ထွင်ခြင်းကဲ့သို့သော အရေးကြီး ကိစ္စများ ဦးစားပေးဆောင်ရွက်အောင်မြင်နိုင်၏။ ဆုံးရှုံးထားသော ပစ္စည်းများ ပြန်လည် ရရှိနိုင်၏။ အိမ်ထောင်ဖက်နှင့် စိတ်သဘောကွဲလွဲမှု ကြုံရတတ်သည်။ သို့သော် မိမိက အိမ်ထောင်ရေးသာယာအောင် ဆောင်ရွက်နိုင်လိမ့်မည်။

ယတြာ – ဖခင်ဖြစ်သူအား လိုအပ်သည့် ဆေးဝါး၊ ဓာတ်စာတို့ဖြင့် ကန်တော့ပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃

ကံကောင်းသည့် ရက်များဖြစ်သည်။ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ အိမ်ခြံမြေ သစ်သီးခြံ၊ သတ္တုတွင်း စသည်တို့နှင့်ပတ်သက်၍ ကောင်းကျိုးရရှိအောင် ဆောင်ရွက်နိုင် မည်။ ယှဉ်ပြိုင်ရောင်းဝယ်ဖောက်ကားမှုများ အကျိုးအမြတ်ကောင်းစွာ ရလိမ့်မည်။ အမှု အခင်းများ၌ ပြီးပြတ်အနိုင်ရလိမ့်မည်။ မိတ်ဆွေတုများနှင့်ပတ်သက်၍ ဆုံးရှုံးမှုရှိတတ်သော ကြောင့် သတိပြုပါ။

ယတြာ – အင်္ဂါထောင့်၌ နှင်းဆီနီများ ကပ်လှူပါ။

 ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂

၁၆ ရက်၊ ၁၉ ရက် တို့ ကံတရားအထူးကောင်းမွန်နိုင်ပါသည်။ ကုသိုလ်ရေးလုပ်ငန်းများ ဆောင်ရွက်အောင်မြင် လိမ့်မည်။ ဖခင်အကြီးအကဲ၊ ဆရာသမားတို့ထံမှ ကောင်းကျိုးများ ရရှိလိမ့်မည်။ ပညာရပ် အမျိုးမျိုးသင်ယူတတ်မြောက်လိမ့်မည်။ အလုပ်အကိုင်သစ်များ အကျိုးပေးမည်။ ဆန်းသစ် တီထွင်ဉာာဏ်ဖြင့် ပြည့်စုံမည်။ နာမည်ဂုဏ်သတင်းကျော်စောမည်။ ပညာရေးထိပ်တန်း အောင်မြင်မှုရမည်။

ယတြာ – မွေးနံထောင့်၌ အခင်းကော်စောတစ်မျိုးမျိုးလှူပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂

၁၉ ရက်၊ ၂၁ ရက်တို့ ကံတရားတိုးတက်ကောင်းမွန်မည်။ မမျှော်လင့်ဘဲ ဝင်ငွေရုတ်တရက်တိုးနိုင်၏။ ဂုဏ် ကျက်သရေနှင့် ပြည့်စုံမည်။ ခေတ်မီကျယ်ဝန်းသော တိုက်တာနေအိမ်တို့ အကျိုးပေးလိမ့် မည်။ စီးပွားဥစ္စာတက်မည်။ စီးပွားဥစ္စာရှာဖွေရာ၌ စိတ်ရောကိုယ်ပါ ဆောင်ရွက်နေရတတ် သောကြောင့် ဆင်ခြင်တုံတရား နည်းပါးသွားတတ်သည်ကို သတိပြုပါ။

ယတြာ – တနင်္လာထောင့်၌ ငွေဖလားနှင့် သောက်တော်ရေချမ်းကပ်လှူပါ။

 မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်နဝါရီ ၁၉

မခံချင်စိတ်ကြောင့် ကြိုးစားဆောင်ရွက်ရာမှ အောင်မြင်မှုရလာမည်။ အိမ်ထောင်ရေးကိစ္စရပ်နှင့် အစုစပ်လုပ်ငန်း တို့၌ စိတ်ရင်းကိုကြိတ်မှိတ်သိုဝှက်ပြီး ကြိုးစားအားထုတ်နေရလိမ့်မည်။ အသိဉာာဏ်ပညာ တိုးတက်မြင့်မားလာမည်။ ဇိမ်ခံပစ္စည်းများ ဝင်မည်။ မည်သည့်လုပ်ငန်းအကြံအစည်ကိုမဆို အောင်မြင်မည်။ အစုစပ်လုပ်ငန်းသစ်ကို ၂၁ ရက်ကျော်မှသာ ဆောင်ရွက်သင့်၏။

ယတြာ – တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်လှူပူဇော်ပါ။

ကုံရာသီဖွား (Aquarius) ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၉

၁၆ ရက်နေ့သည် ကံတရားကောင်းမွန်နေပါလိမ့်မည်။ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ ဈေးကွက်သစ်၊ ဖောက်သည်သစ်၊ ကုန်ပစ္စည်းသစ်များ အကျိုးရှိနိုင်သည်။ သတိ္တဗျတိ္တနှင့် ဆုံးဖြတ်လုပ်ကိုင် တတ်မှုသည် အောင်မြင်ရန် အဓိကကျနေချိန်ဖြစ်သည်။ အိမ်ထောင်ဖက်ထံမှ အကြံဉာာဏ် ကောင်းများရရှိမည်။ သံတမန်ရေးရာကိစ္စများ၊ ပရဟိတလုပ်ငန်းများ အောင်မြင်မှုရရှိလိမ့် မည်။။

ယတြာ – စနေထောင့်၌ ဒူးရင်းယို၊ နာနတ်ယို၊ ဖရုံယိုများ ကပ်လှူပါ။

မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂ဝ မှ မတ် ၂၁

၁၉ ရက်နေ့သည် ကံပွင့်လန်း နေပါသည်။ ယာယီပေါ်ပင်လုပ်ငန်းများ အဆင်ပြေမည်။ သားသမီးတပည့်တပမ်းကောင်းကျိုး ပေးလိမ့်မည်။ မမျှော်လင့်ဘဲ ခရီးယာယီများတတ်သည်။ အပြောင်းအရွှေ့များတတ်သည့် အချိန်လည်းဖြစ်သည်။ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုပါဝင်ပတ်သက်လာရလိမ့် မည်။ ဖခင်ဘက်မှ အမွေအနှစ်ရရှိတတ်၏။

ယတြာ – ဗုဒ္ဓဟူးထောင့်၌ ရွှေသင်္ကန်းကပ်ရန် အလှူငွေလှူဒါန်းပါ။

ပရောဖက်မြတ်သစ်၊(နက္ခတ္တဝေဒပညာရှင်)
အခန်း(၂၀၁)၊ ဒုတိယထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း – ဝ၉ ၇၃၀ဝ ၄၉၃၂၊ ၅၆၄၇၆၅၊ ၅၇၇၉၉၁။

5 comments

  • ဦးကြောင်ကြီး

    March 16, 2013 at 11:00 am

    မေးတာတော့ ဖြေဗူး… လဇိုး..
    ပရောဖက်
    ဟောချက်
    လောမှတ်
    ထောပတ်
    ဘောလှပ်
    ဇောကပ်
    ချောသက်
    ပြောညက်…

  • MaMa

    March 16, 2013 at 4:36 pm

    အချိန်အခါမှီတင်ပေးလို့ ကျေးဇူးတင်ပါ၏။ :hee:

  • ရွှေ ကြည်

    March 16, 2013 at 5:31 pm

    ကောင်းလိုက်တာ အခုမှ ရွာမှာပိုစည်ကားတော့တယ် ဗေဒင်ခန်းပါရှိပြီ ပျော်ပါ၏။ :harr:

  • မောင် ပေ

    March 16, 2013 at 8:49 pm

    ကိုမြတ်သစ်ရေ
    ကျုပ်က မုဆိုးမသား ၊ ဖခင် ဆုံးတာ ကြာခဲ့ပါပြီခင်ဗျ
    အဲ့ခါကြ ယတြာ ကို ဘယ်လို ပြောင်းရမလဲ ခင်ဗျ

  • nature

    March 17, 2013 at 8:39 pm

    ၁၉ရက်နေ့ကိုစောင့်ကြည့်ရဦးမယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply