2013 ဖေဖော်ဝါရီလက standardtime ဂျာနယ်မှာပါတဲ့လူထုအော်သံကိုပြန်လည်တင်ပြခြင်း

silver heroMarch 16, 20131min670

အယ်ဒီတာ ရှင့်
မီဒီယာ ကို အလွန်အားကိုးလို ့အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။ ရေးဖို ့အကြောင်းဖြစ်လာရတာကတော့ ကျွန်မတို ့အိမ်မဲမြို ့မှာ ရပ်ကွက် ကျေးရွာ
အုပ်ချုပ်ရေးမှူးတွေကိုရွေးကောက်ပွဲ လုပ်တော့ မီဒီယာနဲ ့ပတ်သက်လာပြီး မီဒီယာအပေါ် ပြည်သူအားကိုးလာတာတွေ သိလာရတယ်။ အဲ့ဒါကြောင့်
ဒီစာကိုရေးလိုက်ရတာပါ။ အဲ့ဒီ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ရာမှာ မမျှမတလုပ်တယ် မမှန်မကန်လုပ်တယ် စဉ်းမျဉ်းသက်
မှတ်ချက် နဲ ့မညီပါဘူး ဥပဒေ နဲ ့မညီဘူး စသဖြင့် တိုင်လိုက်ကြတာ အိမ်မဲမြို ့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာရော ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်
ရုံးမှာရော တခြားမသိတဲ့ နေရာတွေ မှာပါ ရွေးကောက်ပွဲအပေါ် တိုင်ကြားချက်တွေကို စစ်ဆေးကြတယ်။
၈၊၂၊ ၂၀၁၃ နေ ့က အိမ်မဲမြို ့ လွှတ်တော်ကို်ယ်စားလှယ်ရုံးမှာ စစ်ဆေးတဲ့ ကိစ္စ အပေါ် အိမ်မဲမြို ့က သတင်းစာ ဆရာကြီး ကဗျာ ဆရာကြီး ဆိုတဲ့သူက
သတင်းယူပြီးတော့ သတင်းဂျာနယ်တွေထဲမှာ ပါမယ်လို ့ အများပြည်သူတွေကိုပြောခဲ့တယ်။ အများပြည်သူဆိုတာ မီးအိမ်ရှင်တို့လိုမီဒီယာမှာပါလာတာ
ကို တွေ ့ချင်ကြတဲ့ပြည်သူတွေ ကစိတ်ဝင်တစား မေးလာကြတယ်။ မီးအိမ်ရှင် အယ်ဒီတာထံ ပေးစာ ဂျာနယ်ထဲ ပါတုန်းကဆိုရင် မီဒီယာရဲ ့အကျိုးကို
အိမ်မဲမြို ့က ခံစားရတော့ တိုင်ကြားမှုစစ်ဆေးတဲ့သတင်းပါမယ်ဆိုပြီး ဘယါဂျာနယ်မှာမှမပါတော့ဘယ်လိုဖြစ်ပါလိမ့်ဆိုပြီး တစ်ဦးနှင့်တစ်ဦး စုံစမ်းမေးမြန်း နေကြပြီ။
စုံစမ်းစစ်ဆေးရေး လုပ်တဲ့လူကြီး လူကောင်းတွေ စုံစမ်းခံရတဲ့ ပြည်သူတွေကို သတင်းဂျာနယ်မှာ ပါအောင်ဆိုပြီး ရုပ်တွေဖမ်း အသံတွေဖမ်း လုပ်သည့်တိုင်
သတင်းမီဒီယာထဲ မှာ မထည့်တော့တာလား ဒါမှမဟုတ် ဘယ်သတင်းမီဒီ ယာ မှ မပါအောင်လုပ်နိူင်တဲ့ သူတွေ ရှိနေတုန်းပဲလား။ သတင်းမီဒီယာမှာပါဖို ့ ဘာတွေ လိုအပ်ပါသလဲ?
မီးအိမ်ရှင် အယ်ဒီတာထံပေးစာ ပထမပါတုန်းက ဟုတ်လိုက်လေ မီးအိမ်ရှင်ရယ်လို ့ အိမ်မဲကဝိုင်းပြီး ချီးမြှောက်နေချိန်မှာ အဲ့ဒီ သတင်းစာဆရာကြီး ကဗျာ
ဆရာကြီးက အင်တာနတ်ထဲမှာ အယ်ဒီတာ့ထံ ပေးစာ ဆိုတာသူတို ့လောက်စာပေ အဆင့်အတန်း မရှိဘူ လို ့နှိမ်ချတဲ့ အပြင် ပုဒ်မတွေနဲ ့လည်း ခြိမ်းခြောက်
ခဲ့သေးတယ်။
ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် အရေးယူနိုင်အောင်တိုင်ကြားသူ၊သက်ဆိုင်ရာဌာနတွေကိ်ုအားကိုးတကြီး တိုင်ကြားတဲ့ ပြည်သူတွေကိုလည်းမမှန်မကန်တိုင်ကြားတဲ့အတွက်
ထောင်ခုနှစ် နှစ်နဲ ့ဒဏ်ငွေ ၅၀၀၀ဝ ဖြင့် ဒဏ်ခံရမယ်လို ့ ဘာကို အားကိုးမှန်းမသိတဲ့လူတွေက အိမ်မဲက ပြည်သူတွေကို ခြိမ်းခြောက်နေပြန်ပါပြီ။
ယခုအခါမှာဆိုရင် ရပ်ကျေး ရွေးကောက်ပွဲ အပေါ် စဉ်ဆက်မပြတ်စစ်ဆေးမှု ့တွေ ပြုလုပ်နေပေမဲ့ ရွေးကောက်ပွဲ ရလာဒ် အတိုင်း အလုပ်လွှဲခိုင်းခြင်း ရွေး
ကောက်ခံအုပ်ချုပ်ရေးမှူးတွေကို သင်တန်းပေးတာတို ့ပြုလုပ်ပြီး ရပ်ကွက်ကျေးရွာတွေကို အုပ်ချုပ်နေကြပြီ။
လွှတ်တော်ဂျာနယ်ထဲမှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲ နှင့်ပက်သက်လို ့သတင်းတွေ အများကြီးပါလာကြပြီိ။ အဲ့သလိုသတင်းမီဒီယာမှာ ပါလာ
တာကြောင့်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ ဘာဖြစ်ကြဦးမလဲ မီဒီယာကို ဂရုမစိုက် စုံစမ်းစစ်ဆေးမှု ့ကိုဂရုမစိုက်ပဲ အုပ်ချုပ်ရေးမှာ သူတို ့
တွေပဲ ဆက်လက်အုပ်ချုပ်ရေးမှာ မှူးနေကြဦးမလား
ရပ်ကွက်ကျေးရွာ အဆင့်ကိုပြည်သူက ရွေးချယ်တင်မြှောက်ခွင့်နဲ့ ရွေးချယ်တင်မြှောက်ပွဲအပေါ်

တိုင်ကြားခွင့်တွေရလို ့ရပ်ကွက်ကျေးရွာအတွက်ပြည်သူ၏ဆန္ဒ
နဲ ့အသိစိတ်တွေကိုအရေးတယူရှိလာချိန်မှာ တိုင်းပြည်ရဲ ့အုပ်ချုပ်ရေး အဆင့်ဆင့်မှာအရေးကြီးဆုံးဖြစ်တဲ့မြို ့နယ်အုပ်ချုပ်ရေးမှူး နဲ ့ခရိုင်အုပ်ချုပ်ရေးမှူးတွေ
ကိုတော့ မြို ့မိမြို ့ဖတွေ ခရိုင်မိ ခရိုင်ဖ တွေဦးထိပ်ထားပြီး ပြည်သူကဖြစ်စေ ပြည်သူ ့ကိုယ်စားလှယ်တွေက ဖြစ်စေ ရွေးချယ်ခွင့်တော့ မရသေးပါဘူး
အိမ်မဲမြို ့က မြို ့နယ်အုပ်ချုပ်ရေးမှူးဆိုရင် အထူးတလည်လေ့ကျင့်သင်တန်းပေးပြီး သင်တန်းကပြန်လာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သင်တန်း
ပြန်ပေးနေပြီ ဖြစ်ပါတယ်။အသက်ကြီး ဝါရင့်ဝန်ထမ်းတွေ နဲ ့ပြည်သူကရွေးပေးတဲ့ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အသက်ငယ်ငယ် ဝါနုနု အုပ်ချုပ်ရေးမှူး
ကလေးက ဆရာလုပ်ပြီး အုပ်ချုပ်နေပါပြီ။
မြို ့နယ်အုပ်ချုပ်ရေးမှူး ကလေးက ဆရာလုပ်တဲ့ အုပ်ချုပ်ရေးမှူးသင်တန်းမှာ အသက်ကြီးကြီး ဝါရင့်ရင့် လူထုဆန္ဒ နဲ ့ရွေးချယ်ပေးထားတဲ့ရပ်ကျေးအုပ်
ချုပ်ရေးမှူး တစ်ယောက်ကို လူထုရွေးပေးထားတဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများရှေ ့မှောက်မှာ ပါးရိုက်မယ်လို ့ ဆုံးမသွန်သင်တာကို ခံလိုက်ရပြန်ပြီ။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များအတွက် ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူးဖြစ်ရန်ရှိရမည့် အရည်အချင်းများ စံနှူန်းသက်မှတ်ချက်များကို ဥပဒေ နည်း
ဥပဒေ များဖြင့် သတ်မှတ်ပြဌာန်းသည် ဟုသိရပြီး ပြဌာန်းသတ်မှတ်ချက်မရှိ မြို ့နယ်အဆင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများအပေါ် ပြည်သူနဲ ့ပြည်သူကရွေး
ချယ်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မည်သို ့မည်ပုံ ထောက်ပြဝေဖန်ခွင့်ရှိမလဲ(သို ့မဟုတ်) ပြည်သူ ့ကိုယ်စားလှယ်မဟုတ်သူက အဆင့်
မြင့်မြင့် က အုပ်ချုပ်နေတာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအဖြစ်အုပ်စိုးမှု ့ကိုသည်းခံနေရမည်လား အယ်ဒီတာကြီးရှင့်…..
မီဒီယာကိုပဲ အားကိုးရတော့မှာပါ။ သိတယ်မဟုတ်လား မီဒီယာ အားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆိုပြီး ချေမှုန်းရင်ဖြင့် အသေဆုံးသည်ထိ ခံယူပြီး မီဒီယာကို
အားကိုးသွားမယ့် အိမ်မဲ မီးအိမ်ရှင်
မီးအိမ်ရှင်(အိမ်မဲ)

လူထုအော်သံထဲကအတိုင်းဆိုရင်အိမ်မဲမြို့ကသတင်းစာဆရာတွေကိုယ့်အလုပ်ကိုယ်မလုပ်၊ကိုယ့်တာဝန်ကိုယ်မကျေဖြစ်နေသလား?  ဒါတော့မသိနိုင်ပေမယ့်လူထုအော်သံအရေးအသားလေးကိုသဘောကျတော့

ပြန်လည်မျှဝေပေးချင်ခဲ့မိတယ်။လူထုကအော်မယ်ဆိုလဲအော်စရာပါမြို့တွင်းတွေမှာတစ်ချို့ဆိုလမ်းမီးတိုင်အကြောင်းပြပြီးမီးလင်းရေးကော်မတီဖွဲ့၊မီတာရှိတဲ့အိမ်တွေကတစ်အိမ်ထောင်ငွေ(၆၀၀၀)တောင်းယူကြတယ်။

မြို့လူထုကသဘောမကျလို့သတင်းစာဆရာဆီပြောချင်ပေမယ့်အဲဒီ့သတင်းစာဆရာကမီးလင်းရေးကော်မတီမှာဥက္ကဌဖြစ်နေတော့ပြည်သူတွေအခက်တွေ့ပြီပေါ့။သတင်းသမားဆိုတာအမှန်တရားကိုမြတ်နိုးပြီးပြည်သူ

ဘက်ကရပ်တည်တယ်လို့ပြောတဲ့ဟံသာဝတီဦးဝင်တင်သာသူရေးပြီးပြည်သူကိုတင်ပြတဲ့စာသားနဲ့လက်တွေ့မှာမကိုက်ညီတာတွေ့ရင်၊  စိတ်မကောင်းဖြစ်ရမှာအမှန်ဘဲ။ကဲ…..ကဲ….အိမ်မဲမြို့ကသတင်းစာဆရာတွေရေ…..တာဝန်ကျေကြပါ..ကွယ်ရို့..။