“ပဲပြုတ် ပဲပြုတ် ……. ´´

ခင္ခMarch 16, 20131min26019

“ပဲပြုတ် ပဲပြုတ် ……. ´´

 

 

“ပဲပြုတ် ပဲပြုတ် ……. ´´

မနက်ဖက် အရပ်ထဲ လှည့်လည်ရောင်းတဲ့ ပဲပြုတ်သည် ကလေးမလေး

ခင်ခ နေတဲ့ လမ်းထဲဝင်လာပြီး အော် သံကြားတော့ မနက်ထမင်းကြော်ကို

ပဲပြုတ်လေးထဲ့ကြော်လိုက်မယ် စိတ်ကူးပြီး

“ လာပါအုံး ´´

လို့ ခင်ခ ခေါ်လိုက်တယ်။

ဒါနဲ့ဘဲ ဈေးသည် ကလေးမလေးလည်း ခင်ခ အိမ်ရှေ့ တောင်းလေးချကာ

“ ဘယ်လောက်ဖိုးလဲ ဦးလေး ´´

“၃၀ဝ ဖိုးပေါ့´´

ဆိုပြီး ပုဂံလေးပေးတော့ ဈေးသည်ကလေးမလေးလည်း ပဲပြုတ် ၃၀ဝ ဖိုး ချိန်ကာ ခင်ခ

ပေးတဲ့ ပုဂံလေးထဲထဲ့ ကာ ပုဂံကို ခင်ခ အား အပေးမှာ

“ဦးလေး … ဦးလေးတို့အိမ်မှာ ဖုန်းရှိလား´´

လို့ ဈေးသည်ကလေးမလေးကမေးတော့

“ရှိတာပေါ့ ဘာလုပ်မလို့လဲ အရေးကြီး ဖုန်းဆက်ချင်လို့လား´´

“မဟုတ်ပါဘူး ဦးလေးရဲ့ လဆန်းရောက်ရင် သမီး ဦးလေးတို့ ဖုံးနံပါတ်တွေ လာမှတ်မလို့´´

“ဟေ ဘာလုပ်မလို့တုန်းကွယ့်´´

ခင်ခ လည်း အံဩစွာမေးမိလိုက်တယ်

“အခု ဧပြီလဆန်းဆို ဖုန်းကဒ်တွေက ၂၀၀၀/၅၀၀ဝ လောက်နဲ့ရမှာဆိုတော့ သမီးက

ဖုန်းတစ်လုံးဝယ်မှာလေ၊ ပြီးတော့ ဒီရပ်ကွက်ထဲက အိမ်တွေရဲ့ ဖုန်းနံပါတ်တွေ

လိုက်မှတ်ထားပြီး ညဖက်ပဲပြုတ်ရင်းနဲ့ ဆက်ပြီးမေးမှာပေါ့ မနက်ဖြန်မနက် လူကြီးမင်းတို့

ပဲပြုတ်ယူအုံးမလား ယူမယ်ဆိုရင် ဘယ်လောက်ဖိုးယူမလဲ အဲလိုမေးပြီး တစ်ခါတည်း

မနက်မထွက်ခင် အိတ် ကလေးတွေနဲ့ထဲ့ပြီး အိမ်တွေကိုလိုက်ဝေပြီး ရောင်းလိုက်ရုံဘဲ

အခုလို ဝယ် မဝယ် မသိဘဲနဲ့  လမ်းတကာလည်း အော် ပြီး သွားစရာမလိုတော့ဘူး

ခြေထောက်လည်း မညောင်းတော့ဘူး  အချိန်လည်း မကုန်တော့ဘူး အဲ သမီးရဲ့ ဖုန်းနံပါတ်လည်း

ပေးထားမယ်လေ အကယ်လို့ ဦးလေးတို့က မနက်ဖြန် ပဲပြုတ်လာပို့စေချင်ရင် တစ်ရက်ကြိုပြီး

အော်ဒါမှာလည်း ရတယ်ပေါ့ မဟုတ်ဘူးလား ဦးလေရေ နောက်လကြရင် ပဲပြုတ်မဝယ်တဲ့နေ့

သမီးအသံမကြားရတော့ဘူးနော်´´

ဆိုကာ သူစိတ်ကူးကို ပြောပြီး တောင်းလေးခေါင်းပေါ်တင်မယ်လုပ်တော့ ခင်ခ က

“ဒီလိုလား သမီးရေ အခုလို လိုက်ပြီ အော် ရောင်းတာကမှ အဆင်ပြေ ပဲတွေ အမြန်ကုန်အုံးမယ်နော်´´

လို့ ခင်ခ ကပြန်ပြောတော့ ပဲပြုတ်သည်ကလေးမလေးက

“ဦးလေးကလည်း အခုလို လမ်းတကာ ဝယ်ဝယ် မဝယ်ဝယ် မသွားချင်လို့ ဖုန်းဝယ်ပြီး ဖုန်းနဲ့မေးလို့

ရောင်းပါ့မယ်ဆိုမှ ခေတ်ကိုမဆန်ဘူး´´

လို့ဆိုကာ ခေါင်းပေါ်ဈေးတောင်း တင်ကာ

“ပြဲပုတ် ပဲပြုတ် …….. ´´

ဆောင့်ကာအော်လို့ ပဲပြုတ်သည်ကလေးမလေး ထွက်သွားတာကို

ခင်ခ ခဏမျှကြည့်ရင်း

“ ဒီကလေးမလေး လူကြီးမင်း… နဲ့ မတွေ့ကြုံဘူးသေးတော့လည်း ဒီလိုဘဲ တွေးကာပြောမှာပေါ့ကွယ်´´

လို့သာ ရေရွတ်မိပါတော့တယ်လေ။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

19 comments

  • အဲတော့မှအရင်းပြုတ်မှာသေချာတယ်ဗျို့။
    ဖုန်းခေါ်လို့မရတော့ ယူမယ် မယူဘူးမမေးလိုက်ရတာတို့။
    မှာထားပြီးမှ ကိစ္စရှိလို့အိမ်ပိတ်ပြီးခရီးထွက်သွားတာတို့ ။
    ဆိုတာလေးတွေရှိနိုင်ပါတယ်နော်။

    ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတာပါ။
    လူ့သဘာဝအရ ကောင်းတဲ့ နှစ်သက်တဲ့အပိုင်းဘဲ အရင်တွေးတတ်တာပါဘဲ။

    • ခင်ခ

      March 16, 2013 at 1:34 pm

      ကိုပေါက်ရေ လဆန်းကျရင် သူလည်းဝယ်မယ် ငါလည်းဝယ်မယ် နဲ့ ကြားနေရလို့
      တွေးမိတာလေး လှောင်ပြောင်ရေးလိုက်တာပါ။ ဦးဆုံးကွန်မန့်အတွက်ကျေးဇူးပါဗျ။

  • ဦး ကျောက်ခဲ

    March 16, 2013 at 1:28 pm

    အကြံပိုင်တဲ့ ပဲပြုတ်သည်မလေးတော့…
    မြန်မာ့ဆက်သွယ်ရေးအကြောင်း သင်ခန်းစာကောင်းကောင်းရသွားရင်…
    ဟန်းဖုန်းဝယ်မယ့်အစား လော်စပီကာဝယ်တာမှ လူသက်သာဦးမယ်လို့…
    သံဝေဂ ရသွားလိမ့်မယ်…
    :harr:

  • ခင်ခ

    March 16, 2013 at 1:38 pm

    ဟုတ်ပ ကိုကျောက်ရေ ဟင် ကနဲ ဟာ ကနဲ ကို ဖုန်းကဒ်ဈေးကရ
    ဟာ! ကထဲ ဟင်း! ကနဲကို ဖုန်းခေါ်ရင်းနဲ့ အသံတွေထွက် မှာပေါ့ဗျာ။
    အဲဒီလိုကောင်းတဲ့ မြန်မာ့ဆက်သွယ်ရေး ဖြစ်လာမှာပေါ့။

  • kai

    March 16, 2013 at 2:52 pm

    လူတွေက.. အင်ဖရာစရပ်ချာမရှိပဲ.. တိုင်းပြည်ကနေတာဝန်ယူဆောက်ဖို့လည်း(ဘက်ဂျက်မရှိ)ငွေမတတ်နိုင်ပဲ.. ဖုန်းဈေးချဖို့ချည်း..အော်ကြတာ.. လူတိုင်း..ဖုံးကိုင်နိုင်တဲ့ခေတ်ရောက်လာတော့မယ်..
    ဖုံးပဲကိုင်နိုင်မှာနော..
    လိုင်းက ၁သောင်းပဲဆန့်တဲ့နေရာ ၁သိန်းပစ်ထည့်ထားမှာမို့..
    နားထောင်ပါလေဦး.. လူကြီးမင်း.. :kwi:

    • ခင်ခ

      March 16, 2013 at 3:07 pm

      ဟုတ်ပ သူကြီးရေ။ လူကြီးမင်း …… တော့ အားရမယ်ကိုရှိမှာဟုတ်ဘူးလေ။
      ဒါပေမယ် လတ်တလောစီးပွားရေး အမြင်အရတော့ ဖုန်းဟန်းစက် အရောင်းဆိုင်တွေတော့ အလုပ်ဖြစ်ကြအုံးမှာ မြင်ယောင်မိသေးတယ်ဗျ။

    • ဦးဦးပါလေရာ

      March 18, 2013 at 9:35 am

      အဆဲမခံရတာကြာလို့….

      အဲဒီတော့ ဖုန်းတလိုင်းကို
      ၃၄ သိန်း၊ ၃၂ သိန်း၊ ၂၆သိန်း ၊ ၂၃ သိန်း။ ၁၅သိန်းခွဲ ပေးဝယ်ထားရသူတွေလဲ
      အတူတူရောပြီး လူကြီးမင်းနဲ့တွေ့ရတော့မှာပေါ့…. အဲလိုလား…..

  • နောက်ဆိုလူကြီးမင်းတောင် နားထောင်ရမယ်မထင်
    တူတူ နဲ့တင်ပြီးသွားမှာမြင်ယောင်ပါ၏

  • ဗုံဗုံ

    March 16, 2013 at 3:47 pm

    လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ပဲပြုတ်သည်မလေးအား ငေးကြည့်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် :mrgreen:

  • MaMa

    March 16, 2013 at 4:23 pm

    ပဲပြုတ်သည်ရဲ့ စိတ်ကူးလေးကောင်းသားပဲ။
    (လူကြီးမင်းသာ မရှိရင်) :kwi:

  • ရွှေ ကြည်

    March 16, 2013 at 4:36 pm

    ဟလို လေးခင်ခလား ကြားလား ကြားလား ဟုတ် ထမင်းစားပြီးပြီလားမေးမို့ပါ ဒါပဲနော် :mrgreen:

    • ခင်ခ

      March 16, 2013 at 4:42 pm

      စကားချွေတာပြောလို့ အဆင်ပြေစွာ ပြောရတယ်မှတ်။
      လေကြောတာရှည်နေရင် အသံတွေ လေထဲမှာပျောက်သွားပြီး ဟလို ဟလို ဟလို နဲ့ ဟင် ခုနကဘဲပြောရသေးတယ်ဆိုပြီး ………….. ဖုန်းလေးကိုကြည့်ကာ လွမ်းသွားမယ် သမီးရွှေကြည်ရေ။

  • Mr. MarGa

    March 16, 2013 at 6:15 pm

    အားခဲထားကြသူတွေကတော့ များသဗျ
    ဧပရယ် တစ်ရက်နေ့ဆိုတော့ ဧပရယ်ဖူး လုပ်တာတော့ မဟုတ်တန်ကောင်းပါဘူးရယ်လို့ တွေးရင်းသာ
    ဦးမာဃလဲ ဖုန်းတစ်လုံး ဝယ်မကွယ်……………………………

  • မောင် ပေ

    March 16, 2013 at 7:47 pm

    ဖုန်းတွေပေါလာရင်
    ကောလ်စန်တာတွေ သေချာပေါက် စီးပွားဖြစ်လာမယ်လို ့ထင်ပါတယ်
    ခက်တာက ဒီမှာ ကောလ်စန်တာက ရတနာပုံ တယ်လီပို ့ပဲ ရှိသေးတယ် မှတ်တာပဲ
    ပိုက်ပိုက်များ ချမ်းသာလို ့ကတော့ ကောလ်စန်တာ ထောင်ပစ်လိုက်ချင်စမ်းပါရဲ ့

  • ဦးကြောင်ကြီး

    March 16, 2013 at 10:39 pm

    ဖုံးထက် အီးမေးနဲ့ ကွန်ဖန်းလုပ်ရင် ပိုကောင်းမည်ထင်အိ၊ ဒါမှမဟုတ် တက်စ်မက်ဆေ့ချ်သုံး။ နိုင်ငံခြားမှာလည်းရှိတယ်၊ အစားအသောက် ဥပမာ ပီဇာ၊ ဟမ်ဘာဂါ နေ့လည်စာ အော်ဒါ အင်တာနက်ကနေ မှာလို့ရတယ်၊ ခရက်ဒစ်ကတ်နဲ့ ပိုက်ဆံပေးထား၊ အော်ဒါနံပါတ်နဲ့ ဆိုင်မှာသွားယူ။ မှာသူအတွက် အချိန်ကုန်သက်သာတယ်။ ဆိုင်ကလည်း အော်ဒါကြိုသိလို့ အလေအလွင့်ရှိမှာ မပူရဘူး။ တချို့ဆိုင်တွေ အဲသလိုပဲ လုပ်တယ်။ ရှိုးကေ့စ်မှာ နည်းနည်းပဲ တင်ထားပြီး အော်ဒါဦးတည်လုပ်တယ်။ နေ့လည်စာ အချိန်မျိုးမှာ သိပ်ထိရောက်တယ်။ များသောအားဖြင့် အမယ်နည်းနည်းနဲ့ လူအစားများတဲ့ မုန့်မျိုးတွေမှာ လုပ်လို့အဆင်ပြေတယ်။ အော်ဒါတခုခြင်းစီ လုပ်ပေးရမယ် ဆိုရင်တော့ လွယ်ဘူး။ လူတိုင်းတော့ မသုံးဘူး၊ များသောအားဖြင့်က စားမယ်ဆိုမှ ကိုယ်ကြိုက်တာ ကိုယ်ရွေးတာလေ၊ ကြိုမစဉ်းစားချင်ကြဘူး။ ဘာပဲဖြစ်ဖြစ် ရောင်းအားနဲ့ ဝန်ထမ်း မမျှမတဖြစ်နေချိန် နေ့လည်စာလိုမျိုးအတွက် နည်းပညာရှိရင် ဝန်ဆောင်မှုတခုအဖြစ် စဉ်းစားသင့်တယ်။

  • uncle gyi

    March 16, 2013 at 11:10 pm

    အဲလိုတကယ်စ်ိတ်ကူးပေါက်ရင်ဖုန်းတွေချပေးပြီးမကြာမှီ
    ကုန်ဈေးများတက်တော့မည်ဖြစ်ပါကြောင်း
    ၁ဝအိမ်ဖုန်းဆက်လို့တအိမ်ဝယ်ချင်မှဝယ်မှာဆိုတော့
    ဖုန်းဖိုးတွေကအကုန်အရင်းထဲပေါင်းလိုက်ပြီး
    ဈေးတက်ရောင်းမှဖြစ်မှာလေကိုခရဲ့
    အတော်ပါပဲလစာတွေလည်းတိုးတော့မှာနဲ့

  • နေဝန်းနီ

    March 17, 2013 at 9:28 pm

    ကိုခင်ခ ခင်ဗျား ……….။ ကျုပ်ကတော့ ဂွကျကျ ပဲတွေးနေမိတော့တာ …။ ဒီတော့ ခင်ဗျားတော့စိတ်မဆိုးလောက်ပါဘူး … ကျုပ်အတွေးကို ဘာလို့ဆို ကိုခ အကျိုးစီးပွားမှမထိခိုက်တာကို…။
    ဒီလိုဗျ…။ ဦးပေါ်ဦး လျှောက်ထုံးထဲမှာလား မသိဘူး “လေဝန်ကြီး ” ဆိုတာ …။ အခုလည်းဒီလိုပဲ ….။ ခင်ဗျားတို့ ကျုပ်တို့ကို ” လေခွန်” ကောက်တယ်လို့ ထင်တယ်ဗျ….။ ခင်ဗျားတွေးကြည့် စကားတစ်ခွန်းပြောရင် တစ်ဆယ် အခွန်ဆောင်ရမယ်ဆိုရင် ဘယ်သူမှလက်ခံမှာမဟုတ်ဘူး …။ အကုန်လုံး ဆန္ဒ ပြကြမှာ …။ ဒီတော့ အားလုံးကို ကျုံးသွင်းလိုက်ပြီး ဆင်းကတ်ကို ထောင်ဂဏန်းနဲ့ရောင်း စကားပြောခ ဈေးမချနဲ့ ဆိုရင် ဘယ်သူဖြစ်ဖြစ် ဝယ်ကြတော့မှာ စောစောက ကျုပ်ပြောတာတွေးမိမှာမဟုတ်ဘူး …။ အဲဒါထက် အကျိုးဆက်ရှိသေးတယ်ဗျ…။ ဆင်းကတ် ဈေးကျတာနဲ့အတူ ” ဘယ်နီုင်ငံကမှ ဝယ်မသုံးတဲ့ တန်ဘိုးနဲ ဟမ်းဆက်တွေ တလုပ်ပြည်က အမှိုက်လာပုံဦးမှာ” အဲဒိတော့ ကိုယ့်ကိုကို မချစ်တတ်တဲ့သူဟာ မွဲဆေး ဝယ်စားမိတာနဲ့ဘာမှခြားမှာမဟုတ်ဘူး …။ အဲဒိတော့ ခင်ဗျားပြောသလို ရှေ့လ ဖုန်းဝယ်မဲ့သူများ ကိုယ့်အတွက် အသုံးလိုမလို သေချာစဉ်းစားကြစေလိုပါတယ်…။ ကျုပ်တစ်ခါတုန်းက ရေးဖူးတဲ့ “အသုံးချ GSM ” ကိုဆက်ရေးရဦးမှာနဲ့တူရဲ့ …။ အလုပ်များနေလို့ ဆက်မရေးဖြစ်တာ

  • အရီးခင်လတ်

    March 17, 2013 at 11:22 pm

    ကိုခင်ခရေ
    အဲဒီ ကလေးမလေးကို ဒီအချက်လေးတွေပါထပ်ဖြည့်ပြောပေးပါဦး။
    သူက ပဲပြုတ် ကို ဘယ်နှစ်အိမ်စာ ကြိုပြီးပြုတ်ထား ပြီး အိမ်က စောင့်နေမှာလဲ။
    ဖုန်းနဲ့ လှမ်းမဝယ်ရင် အဲဒီ ပြုတ်ပြီးသားတွေ ဘာလိုလုပ်မှာလဲ။
    ဝယ်သူကလဲ ပဲပြုတ် ရဲ့ နဂိုဈေးမှာ တယ်လီဖုန်းခ ပေါင်းပြီး ဝယ် ရမှာမို့ ပုံမှန်ဈေးထက် ပိုပေးဝယ်ရသလို ဖြစ်မနေဘူးလား။
    ဒီတော့ ဝယ်မဲ့သူတွေက ပဲပြုတ်ရောင်းသူက တစ်ယောက်ဘဲ မက ရင် အိမ်ရှေ့က လာအော်ရောင်းသွားတဲ့ သူဆီမှာဘဲ အားပေးတော့ဖို့ များမှာပေါ့။
    တွေးမိလိုက်တာလေးပါ။
    😛

  • Novy

    March 18, 2013 at 1:53 pm

    ပဲပြုတ် ကနေ လူကြီးမင်းနဲ့တွေ့ပြီး အရင်းပြုတ်ကိန်းမြင်နေပါကြောင်းးးးးး

Leave a Reply