ဆင်ဆာရယ် ပြန်လာခဲ့ပါ

Mr. MarGaMarch 16, 20131min31036

ဆင်ဆာရယ် ပြန်လာခဲ့ပါ

မြန်မာနိုင်ငံမှာ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာ နည်းနည်းတောင် ကြာပါပြီ။

ဆင်ဆာ ဖျက်သိမ်းလိုက်လို့ အားရဝမ်းသာ ကြိုဆိုမှုတွေလဲ တွေ့ခဲ့ပေါ့။

ဒါပေမယ့် အခုတစ်လော (ပြောရမယ်ဆိုရင်တော့ ဟိုအရင်ကတည်းကပါ။) တွေ့နေတာ မြင်နေ၊ ကြားနေတာကို အခြေပြုလို့ ထွက်လာတဲ့ အတွေးလေးတွေကို နည်းနည်း ပြောချင်မိတယ်။

အဖြစ်အပျက်လေး နှစ်ခုကို တင်ပြပါမယ်။

ပထမ အဖြစ်အပျက်ကတော့ ကြော်ငြာနဲ့ ပတ်သက်တာပါ။

ကျွန်တော်တို့အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်( ဒါများ ပြောနေစရာလားလို့ မမေးပါနဲ့ ရှေ့ဆက်ဖတ်ပါဦး)

လာသမျှ၊ လွှင့်သမျှ အခမဲ့လိုင်းအစုံကို မနက်ကနေ ညနေထိ (အချိန်အတော်များများကြည့်ပါတယ်)

အိမ်မှာက အဖွားရှိတယ်လေ။ ကျန်တဲ့သူတွေက အလုပ်သွား၊ ကျောင်းသွားနဲ့ အပြင်ရောက်နေတာများတော့ သူက ဒီ တီဗွီတစ်လုံးနဲ့ အပျင်းဖြေရသကိုးဗျ။

ညနေ ကျွန်တော်တို့ ပြန်ရောက်ချိန်ကျပြန်တော့လဲ ဒီ တီဗွီကိုပဲ အပန်းဖြေစရာအဖြစ် ကြည့်ကြသကိုး။

ဆိုတော့ အဲဒီမှာ ကြော်ငြာတစ်ခုလာတိုင်း ကျွန်တော်တို့ မနေတတ်မထိုင်တတ် ဖြစ်ရတယ်။

ကြော်ငြာကတော့ ဘာမှမဟုတ်ပါဘူး။ သူ့ဟာသူ ရိုးရိုးလေးလို့ ပြောလို့ရပါတယ်။ ဘယ်မင်းသား၊ မင်းသမီးမှလဲ ပါတာမဟုတ်ဘူး။ ကာတွန်းရုပ်ရှင်(လို့ပဲပြောရမှာပေါ့) လေးနဲ့ပဲ ပြသွားတာ။

စာဖတ်သူတို့ရေ အဲဒါ ဘာကြော်ငြာလဲ သိကြသလားဗျ။

ပြောပြမယ်ဗျို့ အဲဒါ အဖော်ကွန်ဒုံး ကြော်ငြာပါဗျ။

သို့ပေမင့် သူတင်ပြထားပုံလေးက အတော်ကို ယဉ်ကျေးတယ်လို့ သတ်မှတ်ရမယ်။ ဘာသရုပ်ဆောင်ချက်၊ ဘယ်လိုအတွေးမှ မဝင်စေပဲနဲ့ သူပေးချင်တဲ့ သတင်းစကားကို ရအောင် ပေးသွားတာ။

ဒါပေသိ ပြဿနာတက်ပြီး ကျန်ခဲ့တာကတော့ ကျွန်တော်တို့တွေပေါ့ဗျာ။

အဲဒီကြော်ငြာ လာပြီးတိုင်း ကျွန်တော်တို့ကို အဖွားက မေးခွန်းတစ်ခု မေးသဗျို့ ။

အဲဒါ ဘာကြော်ငြာပါလဲတဲ့ ခင်ဗျာ။

အဲသလို မေးပြီဆိုမှဖြင့် မြေးတစ်သိုက် ဟိုလိုလို ဒီလိုလိုလုပ်ပြီး ပတ်သာ ပြေးကြတော့တာပဲ။

လူတိုင်းသိပါတယ်။ ဒါ ဘာကို ကြော်ငြာတာလဲဆိုတာ။

ဒါပေမင့် ဒီ အသက် ခုနှစ်ဆယ်ကျော် အဖွားကို ဘယ်လိုနားလည်အောင် ရှင်းပြရမှာလဲ အရပ်ကတို့ရဲ့။

အဲဒီလို ဖြစ်ပြီဆိုရင် ကိုယ်တွေရဲ့ စောင့်ထိန်းနေရတဲ့ ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းကိုပဲ အပြစ်တင်ရမလား၊ ဒီကြော်ငြာကို ပြသတဲ့၊ ဒီလို ရိုက်ကူးပြီးတင်ပြတဲ့ သကောင့်သားများကိုပဲ အပြစ်တင်ရမလား တွေးလို့ကို မရဘူး။

နှစ်ဖက်စလုံးက မှားနေတာတော့ မဟုတ်ဘူးလေ။ နှစ်ဖက်လုံး မှန်နေတာဗျ။

အဲဒါက ပထမ အဖြစ်အပျက်

ဒုတိယ အဖြစ်အပျက်က ဗီဒီယို၊ ရုပ်ရှင်၊ သီချင်းဗွီဒီယိုတွေနဲ့ ပတ်သက်တာ။

တစ်ရက်ပေါ့ ညီမငယ်(ဆယ်နှစ်ပဲ ရှိပါသေးတယ်) သီချင်းခွေလေး ဝယ်လာတယ်။ သူကြိုက်တဲ့အဆိုတော်တွေကို စုထားတဲ့ ခိုးကူးခွေပါ။(ရှင်းအောင်ပြောထားရတာ)

အိမ်ရောက်တော့ အဲဒီ သီချင်းခွေကို ဖွင့်လို့ သီချင်းနားထောင်တယ်။ ကာရာအိုကေ ကြည့်သပေါ့ဗျာ။ (သူတို့ အပြောအရဆို အမ်တီဗွီပေါ့)

သီချင်းတွေကလဲ ခေတ်ပေါ်ဆိုတော့ Hip Hop သီချင်း မြူးမြူးတွေ ၊ အဲဒီသီချင်းကို သရုပ်ဖော်တဲ့ ဗွီဒီယိုကလဲ သီချင်းနဲ့အလိုက် လူငယ်ကြိုက်ဆိုတော့ ခပ်ဟော့ဟော့ ခပ်မိုက်မိုက် ရိုက်ထားသပေါ့။

အဲဒီမှာ တွေ့တာက (ဗွီဒီယိုထဲမှာနော်) ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးလို့ ပြောလို့ရနိုင်တဲ့ ပြကွင်း ပြကွက်တွေ ပါပါလာတာ။

ဥပမာ နိုက်ကလပ်ထဲမှာ ကနေကြတာတို့၊ အခန်းထဲမှာ နှစ်ယောက်တွဲလို့ချစ်ကြည်နူးနေကြတာတို့၊ မိန်းကလေးတန်မဲ့(သုံးနေကျမို့ပါဗျာ) ယောက်ျားလေးကို မူယာမာယာအမျိုးမျိုးနဲ့ ဆွဲဆောင်နေတာတို့ အဲသလိုတွေပေါ့ဗျာ။ (တော်သေးတာက သူဝယ်လာတာ အိန်အိန်း မဟုတ်ဘူးဗျ။ အိန်အိန်းဆို ဒီထက်ဆိုးမယ်)

အဲဒီပြကွက်တွေဟာ ကျွန်တော်တို့ မျက်စိနဲ့ ကြည့်မယ်ဆိုရင် ရိုင်းတယ်လို့ ပြောလို့မရသလို၊ ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေပါတယ်လို့ သတ်မှတ်ဖို့ မလိုဘူးလို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာမှာဆို ဒါက ဘာမှကို မဟုတ်လောက်တဲ့ သာမန် ပြကွက်တွေလို့ ပြောနိုင်တာကိုး။

ဒါပေမယ့် ကျွန်တော့်နေရာကနေ မြင်ကြည့်ကြပါဦး။ ကြည့်နေတာက လူငယ်မဟုတ်ဘူး၊ အသက်မပြည့်သေးတဲ့၊ ရှင်းရှင်းပြောရရင်  အတော်ကို ငယ်တယ်လို့ ပြောနိုင်တဲ့ ကလေးငယ်(မိန်းကလေး)ပါ။

ဒီအခြေအနေမှာ ဒီကလေးငယ်သည် အဲလို ပြကွင်း ပြကွက်တွေကို မကြည့်သင့်ဘူးလို့ ကျွန်တော် သတ်မှတ်ပါတယ်။ (ဘယ်သူ ဘယ်လိုပဲ ပြောပြောပါ)

ဒီအရွယ်ဟာ အရမ်းကို အတုခိုးလွယ်တဲ့၊ အရာရာကို စူးစမ်းတတ်တဲ့ အရွယ်ပါ။

ဒါပေမင့် သူကြည့်နေတာကို ကျွန်တော် ဘာမှမပြောခဲ့၊ မတားမြစ်ခဲ့ပါဘူး။ စာဖတ်သူများ ကြိုက်သလို မြင်နိုင်ပါတယ်။

အကုန်လုံးဟာ ငယ်ရာက ကြီးလာကြတာပါ။ ကျွန်တော်တို့ဟာ လူ့စိတ်သဘာဝအရ တားမြစ်ထားတယ်ဆိုရင် ပိုလို့ လုပ်ချင်၊ စမ်းသပ်ချင်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် ညီမငယ်ကို မကြည့်ပါနဲ့လို့ သွားတားရင် သူဟာ ကြည့်ရဖို့ တခြားနည်းလမ်းရှာပါတော့မယ်။ ရှာနိုင်၊ကြည့်နိုင်တဲ့ ပတ်ဝန်းကျင်ပါ။ သူ့ကို ကျွန်တော် တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်ဘူးကိုး။

ဒါကြောင့် ကျွန်တော် မတားခဲ့ပါ။

ဒီအဖြစ်အပျက်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို ဆန်းစစ်ကြည့်ရင် မှားနေတာက ကျွန်တော်တို့ဖြစ်ပြီး ကလေးငယ်က မှန်နေတာကို သွားတွေ့လိမ့်မယ်။ အပေါ်က တစ်ခုလို နှစ်ဖက်လုံး မမှန်တော့ဘူး။

အခု ကျွန်တော်ပြောနေတာ ပြည်တွင်းက ထုတ်တဲ့၊ သာမန် ဂီတ ဗီဒီယိုတစ်ခုပါ။

ကျွန်တော်တို့တတွေ ကြည့်ကြတဲ့အထဲမှာ နိုင်ငံခြား ရုပ်ရှင်တွေ၊ မြန်မာဗွီဒီယိုဇာတ်ကားတွေ ရှိပါသေးတယ်။

နိုင်ငံခြား ရုပ်ရှင်တွေဆို (သိကြတဲ့အတိုင်း) အဆင့်အတန်း သတ်မှတ်ချက်နဲ့ လာတာပါ။

တစ်ခါတစ်လေ PG-13 ရှိချင်ရှိမယ်၊ 18+လဲ ဖြစ်ချင် ဖြစ်မယ်၊ PG-12လဲ ကြည့်ချင်ကြည့်ကြတာပဲ။

ကျွန်တော်တို့တတွေက အဲဒီအဆင့်သတ်မှတ်ချက်ကို ကြည့်တာမဟုတ်ဘူး၊ ဒီဇာတ်ကား ကောင်းတယ်မကောင်းဘူး ဝေဖန်ချက်နဲ့ ကြည့်ကြတာ၊ ဒီကား ကောင်းသဟေ့ဆို ပြောလိုက်ရင် အဲဒီကားကို ငှားကြည့်ကြသပေါ့။

ကြည့်ပြန်ရင်လဲ ဧည့်ခန်းထဲမှာ ရှိတဲ့ တီဗွီဆိုတော့ ကလေးတွေရော၊ အဖွားတို့ရော၊ ကျွန်တော်တို့ရော အကုန် ဝိုင်းကြည့်ကြတာပါ။ (ဓလေ့ထုံးစံတောင် ဖြစ်နေပါပေါ့)

အဲသလို ကြည့်ရာမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ပါတယ်။ အဆင့်အတန်း သတ်မှတ်ချက်ကိုလဲ ဖတ်ပါတယ်၊ ဒါပေသိ အဲဒီသတ်မှတ်ချက်အတိုင်းတော့ ဘယ်တော့မှ မကြည့်ဖြစ်ပါဘူး။

အများညီလို့ ဤကို ကျွဲပဲ ဖတ်လွတ်လိုက်ရတာပါ။ အဲဒီနေရာမှာ ကျွန်တော်က ဒါဟာ ဆယ့်သုံးနှစ်အောက်၊ ဆယ့်ရှစ်နှစ်အောက်တွေ မကြည့်ရဘူးလို့ သွားပြောရင် အဲဒီ မကြည့်ရတဲ့ ကလေးတွေက လစ်တဲ့အချိန်ကြည့်ကြမှာဗျ။

ကျွန်တော်တို့မှာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ(ဂီတ ဗီဒီယို အပါအဝင်) အားလုံးကို အဆင့်အတန်း သတ်မှတ်ပေးတဲ့စနစ် မရှိသေးဘူး။

စနစ် ရှိတယ် ဆိုပြန်ရင်လဲ လိုက်နာမှုအားက အရမ်းကို နည်းတယ်။

အဲဒီမှာ အဓိက အကျိုးသက်ရောက်မှုဖြစ်သွားတတ်တာက ကလေးသူငယ်တွေ။

ကောင်းကျိုးမဟုတ်ဘူးနော်၊ ဆိုးကျိုး။

ကလေးတွေရဲ့ အသိစိတ်ထဲမှာ၊ မှတ်ဉာဏ်ထဲမှာ ဒီလို ပြကွင်း ပြကွက်တွေ၊ အပြုအမူတွေကိုသာ စွဲသွားမယ်ဆိုရင် (ဆင်ခြင်စဉ်းစားနိုင်မှုလဲ နည်းသေးတာမို့) မလိုလားအပ်တဲ့ အပြုအမူ၊ အဖြစ်အပျက်တွေ ဖြစ်လာမယ်ဆိုတာ တွေးလိုက်ရုံနဲ့ သိသာပါတယ်။

ဒါပေသိ ကျွန်တော် အဲဒါတွေကို သိနေလျက်ကယ်နဲ့ ဘာလို့ မတားသလဲ၊ ကိုယ်တိုင်က ဘာလို့ စမလုပ်သလဲလို့ မေးကြ ပြောကြမယ်ဆိုရင် ကျွန်တော့်အဖြေက အသင့်ရှိပါတယ်။

ပို ဆိုး သွားမှာ စိုးလို့ပါခင်ဗျာ။

ကျွန်တော် တားမြစ် ပိတ်ပင်လိုက်လို့ ရပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်က အားတက်သရော လိုက်ပါလာမယ့်သူ မရှိပါဘူး။ တားမြစ် ပိတ်ပင်တာကြောင့် မျက်ကွယ်မှာ ပိုလို့တောင် လုပ်ကြလိမ့်ဦးမယ်။

အဲဒီအချိန်မှာ ကျွန်တော် မသိလိုက်ဘဲ ပိုလို့ ဆိုးသွားနိုင်ပါသေးတယ်။

လက်ရှိ မျက်စိရှေ့မှာ ရှိနေတာကမှ လုံးဝ အမြင်မတော်ရင် လှမ်းဟန့် လှမ်းတားလို့ ရသေးတယ်။

လုံးဝ ပိတ်ပင်လိုက်ရင် ကျွန်တော့်မျက်ကွယ်မှာ ဘာတွေလုပ်ကြမယ်ဆိုတာ မသိနိုင်တာမို့ သိသိကြီးနဲ့ လွှတ်ထားရပါတယ်။

ရှေးရိုးစွဲ ဆန်တယ်လို့ပဲ ပြောချင် ပြောပစေတော့ ကျွန်တော်ကတော့ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာကို သဘောကျသော်လည်း နောက်နောင် ဒီထက်ဆိုးလာရင် ထိန်းသိမ်းဖို့ အဆင့်သတ်မှတ်ချက် ထုတ်ပြန်ပေးမယ့် အဖွဲ့တော့ လိုအပ်ပြီလို့ ထင်ပါတယ်။ ဆင်ဆာဖြတ်ဖို့ မဟုတ်ပါဘူး ကြည့်ရှုနိုင်တဲ့ အဆင့်အတန်းတွေကို သတ်မှတ်ပေးဖို့ပါ။

အဆင့်သတ်မှတ်ချက် ထုတ်ပြန်ရုံနဲ့လဲ မပြီးပါဘူး၊ ဒီလို ထုတ်ပြန်ထားတယ်၊ ဒါတွေကို လိုက်နာသင့်တယ်ဆိုတာကိုလဲ ပြည်သူတွေသိအောင် အသိပညာပေးဖို့လိုပါသေးတယ်။ သူတို့တွေ တကယ် မလိုက်နာရင်ဖြင့် ဒါဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။

ဒီအတိုင်း ဆက်သွားနေကြရင်ဖြင့် မောင်နဲ့နှမ သားနဲ့အမိ ကြည့်လို့မတော်တဲ့ ပြကွင်း ပြကွက်တွေကနေ တစ်ဆင့်တက်လို့ ကလေးငယ်တွေကအစ ဒီလိုအနေအထားမျိုးတွေ နေထိုင်၊ ပြုမူလာကြမှာကို မြင်ယောင်နေမိပါတယ်။

ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ ဆင်ဆာအဖွဲ့ ပြန်လာခဲ့ပါ။ အဆင့်သတ်မှတ်ချက်လေးတွေ ထုတ်ပေးကြပါ လို့ရယ်သာ…………………………………..

 

ဟိုရှာဒီရှာလုပ်ရင်း တွေ့မိတာ

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

36 comments

  • MAUNG

    March 16, 2013 at 7:05 pm

    တန်ဖိုးရှိတဲ့ ပို့(စ) ပါ၊ ဘရာဗို ပါဗျာ

    • Mr. MarGa

      March 17, 2013 at 8:26 am

      တွေးမိ မြင်မိတာလေးကို ချရေးကြည့်တာပါဗျာ

  • surmi

    March 16, 2013 at 7:10 pm

    သဂျားမင်းနှယ် ……. လူ ့ပြည်ဆင်းပြီးသတိပေးရင် မာတလိကိုခေါ်လာမှပေါ ့ … 🙂
    နောက်တာပါ ….
    မောင်ရင်ကအမြင်မတော်ပေမဲ ့ အမြင်တော်တဲ ့သူတွေရှိနေတာကိုးးကွဲ ့

    နောက်မှပြန်လာပါဦးမယ်

    • Mr. MarGa

      March 17, 2013 at 8:30 am

      မာတလိက လောလောဆယ် မြင်းကျောင်းနေသဗျ။
      အမြင်မတော်တာကို အမြင်တော်နေကြရင်တော့ သိပ် မဟုတ်သေးဘူးနော်။
      ကျွန်တော်ကတော့ အမြင်တော်ပါတယ်ဗျာ။
      အရှည်မှာ မကောင်းဘူးလို့ တွေးမိနေလို့ပါ။

  • မောင် ပေ

    March 16, 2013 at 8:14 pm

    ခေတ်ကြီးက တိုးတက်လာတာလား ၊ ဆုတ်ယုတ်လာတာလား
    ဝေဖန်ပိုင်းခြားဖို ့ခက်နေတဲ့ အချိန်မှာ
    ကိုယ့်ဂျန်နရေးရှင်း ကို သိသင့်တာနဲ ့ဖြစ်သင့်တာ ဝေဖန်ပိုင်းခြားနိုင်ဖို ့ ၊ အုပ်ထိန်းစောင့်ရှောက်သူများရဲ ့တာဝန်ပဲ ဖြစ်လာပြီပေါ့ဗျာ

    • Mr. MarGa

      March 17, 2013 at 8:32 am

      ဒါကတော့ မိဘတွေ တွေးကြ စဉ်းစားကြရမှာပါ။
      မိဘတွေကို အဲဒီလို တွေးနိုင် စဉ်းစားနိုင်တဲ့ အသိကို ပေးရမှာကတော့
      (ကြောင်ကို ဘယ်သူ ချူဆွဲပေးမည်နည်း……………………………….)

  • MaMa

    March 16, 2013 at 8:53 pm

    သကြားမင်း ညည်းချက်ထုတ်နေတာကိုးးးးး
    ကြည့်နေကြသူတွေကို မြင်ကွင်းပြောင်းလိုက်ပါလား။ :harr:

    • Mr. MarGa

      March 17, 2013 at 8:33 am

      အင်
      ဘယ်လို ပြောင်းရမလဲဆိုတာ မသိတာမို့
      နမူနာလေး ရှင်းပြပါလားဟင် :hee:

  • MaMa

    March 16, 2013 at 8:55 pm

    သကြားမင်း ညည်းချက်ထုတ်နေတာကိုးးးးး
    ဆင်ဆာကို တမ်းတနေမယ့်အစားးးးးး
    အမြင်မတော် ပေါ်လာတဲ့ မြင်ကွင်းကို သိကြားတန်ခိုးနဲ့ ပြောင်းလိုက်ပါလား။ :harr:

    • Mr. MarGa

      March 17, 2013 at 8:35 am

      အဲဒီလို ပြောင်းချင်လို့ သိကြားလုပ်ပြီး တန်ခိုးယူထားတာ။
      လက်ရှိမှာတော့ ကလောင်လက်နက်နဲ့ပဲ တိုက်ဖျက်နေရတယ်
      ဝရဇိန်ကတော့ သိတဲ့အတိုင်းပေါ့လေ :mrgreen:

  • ကောင်းမြတ်သူ

    March 16, 2013 at 10:23 pm

    ကြိုက်တယ်ဗျာ… ဆင်ဆာအဖွဲ့ပြန်လာဖို့တော့မဟုတ်ဘူး။ ထုတ်လုပ်သူကိုယ်တိုင် အသိရှိရှိနဲ့ ကိုယ်ထုတ်တဲ့ ဗွီဒီယို၊ ရုပ်ရှင်ကိုအဆင့်အတန်းခွဲပေးဖို့ပါ။ နယ်အငှားဆိုင်တွေကလည်း သေသေချာချာပြန်လည်ငှားသင့်တယ်

    • Mr. MarGa

      March 17, 2013 at 8:37 am

      တကယ့်တကယ် လုပ်ရမှာက
      အဲဒီ အငှားဆိုင်တွေ၊ ကြည့်ကြတဲ့ မိဘပြည်သူတွေပါဗျာ။
      သူတို့ ပါမလာရင် ဒီစနစ်ဟာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး

  • ဦးဖွတ်ကျား

    March 17, 2013 at 5:17 am

    အားပေးသွားပါကြောင်း.
    အူးသိကြားရေ

    • Mr. MarGa

      March 17, 2013 at 8:38 am

      ဟုတ်ကဲပါဗျ
      အတွေးတစ်စ ရသွားမယ်လို့ မျှော်လင့်ပါတယ်

  • နင် ဘာဒွေ ရေးထားဒါဒုံးးး
    နာ ဘာမှ သိဝူးးး
    အဲ့ဒါ နင်သိအောင် လာပေါဒါ …
    ဟီးဟီးဟီး ….. :mrgreen:

    • Mr. MarGa

      March 17, 2013 at 2:57 pm

      အေးအေး
      မသိရင် သေချာပြန်ဖတ်
      သုံးခါလောက် ပြန်ဖတ်
      အဲဒါမှ နားမလည်ရင် တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်လိုက်တော့ :mrgreen:

  • kai

    March 17, 2013 at 2:28 pm

    ကျုပ်နားလည်ထားသလောက်တော့.. ယူအက်စ်ရဲ့.. အဲဒီစံသတ်မှတ်ချက်လုပ်တာ.. အစိုးရမဟုတ်ဖူးဗျ..။
    အခြေခံဥပဒေအရ.. အစိုးရကလုပ်ခွင့်ရှိမယ်မထင်မိဘူး..

    နောက်တခုက..
    အဲဒီစံသတ်မှတ်ချက်ကို.. ရိုက်ကူးတဲ့ရုပ်ရှင်က.. အသိအမှတ်မပြု..မတင်လည်း.. ဘာမှမဖြစ်ဖူး..
    အဲဒါလေး…။ :kwi:

    • Mr. MarGa

      March 17, 2013 at 3:03 pm

      သဂျီး
      ကျွန်တော့်အထင် ဒီကိစ္စက အစိုးရထက် လွပ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုခုက လုပ်တာပိုကာင်းတယ်ထင်တယ်။
      ရိုက်ကူတဲ့ ရုပ်ရှင်က အသိအမှတ်မပြု မတင်ရင် ဘာမှမဖြစ်ဘူး ဆိုတာလဲ ဟုတ်ပါတယ်။
      အဲဒါကြောင့် not rated ဆိုတာတွေ တွေ့နေတာပေါ့
      ဒါပေမင့်
      အဆင့်အတန်း တစ်ခုခု သတ်မှတ်ပေးလိုက်ခြင်းက
      ကြိုတင်ကာကွယ်စရာရှိတာတွေ၊ တားမြစ်စရာရှိတာတွေကို သတိပြုမိစေနိုင်တယ်လို့ ထင်မိပါကြောင်းးးးးးးးးးးးး

      • kai

        March 18, 2013 at 1:28 am

        ဦးမာဃပဲ အဲဒီအဖွဲ့အစည်းဦးဆောင်လုပ်ပါလားဟင်င်င်..
        နတ်မျက်စိ..ဒိဗ္ဗစက္ကုဆိုတော့.. နကိုကတည်းက.. အဝတ်အစားအကုန်ဖောက်မြင်နေရသမို့.. အကုန်.. ပီဂျီသတ်မှတ်ချက်သာပေးလိုက်..။
        နောက်တာ..

        ဆိုတော့…
        ယူအက်စ်မှာ.. တီဗီရော..ရုပ်ရှင်ရော.. လိုတာထက်ပိုပြရင်.. ဆော်တဲ့အစိုးရအဖွဲ့တော့ရှိသဗျ..
        FCC တဲ့..

        FCC.gov:
        http://www.fcc.gov/Share
        The Federal Communications Commission (FCC) regulates interstate and international communications by radio, television, wire, satellite and cable.

        … တီဗီထဲ. သူတို့သတ်မှတ်ချက်နဲ့ညိရင်.. ဒဏ်ကြေး.. အရေးယူလုပ်တာပေါ့…။
        ဆင်ဆာဆိုပြီး.. သူတို့ဆီအရင်တင်..စည်းကမ်းနဲ့ညီမညီ.. စိစစ် ပြီးမှလွှတ်ပေးမယ်မရှိပါဘူး..
        လွတ်လပ်စွာ လူထုကိုချပြ.. ခွင့်ပေးပြီးတော့မှ.. စည်းကမ်းနဲ့ညှိရင်.. ဆော်တာ..
        အဲဒါက.. ပိုကောင်းပါတယ်..။

        မြန်မာပြည်မှာ.. (ဥပမာ.. ညို့မဂ္ဂဇင်း) ကမိုဒယ်ကိုကိုယ်တုံးလုံးနဲ့လွှတ်လိုက်တယ်ဆိုပါတော့..
        ယဉ်ကျေးမှုနဲ့မညီဘူးဆိုပြီး.. ဒဏ်ငွေကျပ်သိန်း၁၀၀ဝ ချလိုက်လေ…
        စာအုပ်က.. ၁သန်းလောက်ထုတ်ရောင်းနိုင်သွားတယ်ဆိုပါတော့..
        ဒဏ်ငွေကျပ်သိန်း၅၀၀ဝ ချလိုက်ပေါ့.. :kwi:
        အဲဒါမျိုး…

        ဆင်ဆာသတ်မှတ်ချက်အတွက်..အတွေးအခေါ်ကို.. ရှေ့နောက်ပြောင်းပြန်လုပ်လိုက်ယုံ..
        လွတ်လပ်စွာရေးသားထုတ်ဝေပြောဆိုခွင့်ပေးပြီးမှ.. အဲဒီအပေါ်အရေးယူဆောင်ရွက်တာဖြစ်သင့်တယ်..
        စိစစ်ပြီးမှ.. ထုတ်ဖြန့်ရေးပြောခွင့်ပေးတာမဖြစ်သင့်..။

        • Mr. MarGa

          March 19, 2013 at 1:14 pm

          သဂျီးရေ
          မြန်မာက သဂျီးပြောသလို ပြောင်းပြန်များတာကိုးဗျ။
          ဟုတ်ပါတယ်။
          လွပ်လပ်စာ အနုပညာ ဖန်တီးနိုင်တယ်၊ ချ ပြနိုင်တယ်။
          သို့သော် အဲဒီလို အထိန်းအကွပ်လေး ရှိသင့်တယ်။
          ဆုပေး၊ ဒဏ်ပေးပေါ့
          ကျွန်တော် မျှော်လင့်မိတာကလဲ
          အဲဒီလို အဖွဲ့အစည်းပါဗျာ။
          ဒါပေမင့်
          အစိုးရဘက်က အဲသလို အရေးယူမယ့်အဖွဲ့ ရှိသင့်သလို
          ရုပ်ရှင် အစည်းအရုံး လိုမျိုး အဖွဲ့အစည်းတစ်ခုအနေနဲ့လဲ
          လွပ်လပ်စွာ အဆင့်အတန်း သတ်မှတ်ခွင့် ရှိသင့်တယ်ထင့်
          တစ်ခုတည်းကပဲ
          အဆင့်အတန်းခွဲ၊ အရေးယူတာကိုလုပ်မယ်ဆိုရင်
          အရင်ကပုံ ပြန်ဖြစ်သွားနိုင်သေးတာကိုးဗျ။

  • နေဝန်းနီ

    March 17, 2013 at 9:31 pm

    ဒီမှာ အူးမာဃ ခင်ဂျားဂျီး ဟာ အညိုးညိုးပဲ တိဂျားမင်းမို့တာ…။ ညို့မို့ ရှို မရွယ်ဝူး ဟင်းးးး ကြောရိုက်ချဉ်ဝူး…။ ထု ဖုတ်ပါ ထုပဲ ဖတ်ပါ ညဲ့ :harr:

    • Mr. MarGa

      March 18, 2013 at 5:43 pm

      သိကြားမင်းမို့ ဒါလောက်ပြောတယ်မှတ်ပါ အဘနီရေ
      ကျွန်တော် မာရ်နတ်မင်းဆို ဒီထက်ဆိုးမဗျ
      :harr:

  • အရီးခင်လတ်

    March 17, 2013 at 11:10 pm

    တစ်ခြား အနောက်နိုင်ငံတွေ မှာတော့ မသိဘူး။
    အင်္ဂလန်မှာ ကလေးတွေနဲ့ မသင့်တဲ့ ကြော်ငြာတွေ၊ စီးရီးတွေ၊ ရုပ်ရှင်တွေ ဆိုရင် ညကိုးနာရီ၊ တစ်ချို့ ၁ဝနာရီ နောက်ပိုင်း မှ လွှင့်ရတာ။
    နောက်ပြီး မြန်မာပြည်မှာ ဆင်ဆာလွတ်ချိန် ဒီမှာ ရေးချင်ရာရေး စည်းမရှိတဲ့ မီဒီယာ တွေ ကို control လုပ်ဖို့ အဆိုပြုနေကြပြီ။
    ဒါပေမဲ့ လက်ရှိ အစိုးရက လက်မခံဘူး ဖြစ်နေလို့လွှတ်တော်မှာ မဲပေး ဆုံးဖြတ် မယ် လို့ ဆိုတာဘဲ။

    • Mr. MarGa

      March 18, 2013 at 5:47 pm

      အဲဒါနဲ့ ပတ်သက်လို့ကတော့
      ဟိုစကားစုလေးကိုပဲ ပြန်ပြန် သတိရနေတယ် အရီးလတ်ရေ
      လွပ်လပ်ခွင့်နှင့် တာဝန်ယူမှု၊ လွပ်လပ်ခွင့်နှင့် ဆင်ခြင်တုံတရား
      တကယ်လို့ အဲဒီစကားစုကို အသေအချာ စဉ်းစားကြမယ်ဆိုရင်
      ထိန်းချုပ်မှုက မလိုလောက်ပါဘူးဗျာ

  • Thanlwinoo

    March 18, 2013 at 12:17 pm

    ဆင်ဆာလွတ်အောင် လိုက်နာရမယ့် စည်းကမ်းတွေ၊ ဆင်ဆာအဖွဲ့ကိုယ်တိုင်လိုက်နာရမယ့် စည်းကမ်းတွေတော့ သိပ်မသိလို့ မပြောတော့ပါဘူး..။

    ရုပ်ရှင်ကားတွေကို အဆင့်သတ်မှတ်ချက်လုပ်တာတော့ အင်မတန်ကောင်းပါတယ်..။ ကျွန်တော်တို့အသက်အရွယ်နဲ့ သင့်တော်တဲ့ကားလေးတွေ ရွေးကြည့်လို့ရတာပေါ့… :kwi:

    • Mr. MarGa

      March 18, 2013 at 5:49 pm

      အဲသလို ရွေးပါလို့
      လွပ်လွပ်လပ်လပ် ကြည့်နိုင်အောင်လို့ပါဗျာ :hee:

  • awra-cho

    March 18, 2013 at 12:31 pm

    ကိုယ့်ဟာကို ထိန်းရမှာကိုက ဒီမိုကရေစီကိုဗျ၊ နေရာတကာ ဆရာကြီးလာလာ လုပ်ရင် ဘယ်သူမှ မကြိုက်ဘူးလေ၊ ဒါတွေက ယဉ်ကျေးမှု ရယ်၊ စည်းမျဉ်းတွေရယ်၊ ပြည်သူလူထုရယ်၊ သူတို့ ပြောပြောနေတဲ့ အနုပညာရှင် ဆိုသူများရယ် အားလုံး ညှိနိုင်းလုပ်ရမယ်ထင်ပါ့ဗျာ

    • Mr. MarGa

      March 18, 2013 at 5:54 pm

      ကို ဩရချို (ဒီတစ်ခါတော့ မှန်ပါတယ်နော် :mrgreen: )
      တကယ့်တကယ် ပြောကြမယ်ဆို
      ဒီမိုကရေစီ ဆိုတာကြောင့် ယဉ်ကျေးမှုကို ပစ်ပယ်မယ်ဆိုရင် လူမျိုးစုတွေရဲ့ ဓလေ့ထုံးစံတွေ၊ လိုက်နာကျင့်ကြံသင့်တဲ့ ကျင့်ဝတ်တွေပါ ပျောက်သွားလေမပေါ့။
      တကယ့် တကယ်တော့
      ဒီကိစ္စအတွက် အဓိက လုပ်ဆောင်ရမှာက ပြည်သူလူထုပါပဲဗျာ။
      လူနည်းစုက ဘယ်လောက် တိုက်တွန်းပါစေ လူများစုက လိုက်မလာရင် အောင်မြင်မှာ မဟုတ်ဘူးကိုး
      ဆိုတော့ ဒီနေရာမှာတော့ ကျွန်တော် သူတို့ကို ဆရာကြီးလုပ်ခွင့် ပေးလိုက်မယ်နော်…………..

  • KZ

    March 18, 2013 at 12:35 pm

    တကြားနော်။
    ဆင်ဆာလွတ်နေတယ်ဆိုလို့ ဒုတ်ချင်ထုတ်လုပ်ရေးပြန်လုပ်မို့ကို။
    ဘာကိစ္စ ဆင်ဆာကိုပြန်ခေါ်နေဒါဒုန်းရယ်။
    နာ့ စီးပွါးကို ဒုတ်နဲ့ ထိုးသလား ဟေ။ :mrgreen:

    ဆင်ဆာ က ရိတ် တွေ အပြင် အမျိုးအစားလေးတွေပါသတ်မှတ်ရင်ကောင်းမယ်ထင်တယ်။
    – Action
    – Drama
    – Comedy
    – Cartoon
    – Horror
    – Adventure
    – Musical
    – War & Military
    – Romance
    – Romatic comedy
    – Detective
    – Thriller
    – Sci Fi
    – Classic
    – Epic
    ဘာကျန်သေးတုန်း။
    တို့ဆီမှာတော့ ရိုမန့်တစ်၊ ဒရမ်မာ၊ သရဲ ကားတွေပဲ များမယ်ထင်တယ်။
    :harr:

    • Mr. MarGa

      March 18, 2013 at 6:02 pm

      ဟုတ်ကဲ့ခည
      သေသေချာချာ ဖတ်ပေးပါခည
      အနော် ဆင်ဆာဖြတ်ဖို့ ပြန်ခေါ်တာ မဟုတ်ရပါဘူးခည
      အပေါ်က ပြောသလိုပေါ့နော်
      အမျိုးအစားလေးတွေပါ သတ်မှတ်ပေးသင့်တာပါ တကယ်တော့လေ
      ဒါပေမယ့် ရေးတုန်းက မတွေးမိလိုက်လို့ပါခည
      နောက်ပြီး ကျွန်တော် ကြည့်တယ်ဆိုရင်လဲ အဲဒီလို အမျိုးအစားကို ရွေးကြည့်တယ်ဆိုတာ ခပ်ရှားရှား မို့
      ဖြည့်ပေးတာ ကျေးဇူးပါ လို့။
      တကယ်လို့ ထုတ်လုပ်ရေး ပြန်လုပ်ချင်တယ်ဆို ကြိုဆိုပါသဗျ
      မြန်မာ့ ရုပ်ရှင်လောက တိုးတက်ရေး တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုတယ်လို့ မှတ်ပါမယ် 😛
      KZ ဆိုလို့ ဘူပါလိမ့်လို့
      ပုံမြင်မှပဲ သိတော့တယ်
      :hee:

    • Mr. MarGa

      March 18, 2013 at 6:04 pm

      ဟုတ်ကဲ့ပါခင်ဗျ
      အခုလို လာဖတ်ပေးတာကို ကျေးဇူးတင်ပါတယ် လို့
      :hee:

  • စိုင်းထင်ရာ

    March 18, 2013 at 5:20 pm

    ညီမျှပီး ချက်ကျလက်ကျနိူင်တဲ့
    အတွေးအမြင်ပါပါ စာတပုဒ်ပါ
    ဖတ်သွားပါတယ် ခင်ဗျာ

    • Mr. MarGa

      March 18, 2013 at 6:06 pm

      ဟုတ်ကဲ့ပါ
      အခုလို မှတ်ချက်လေးကို ပြောပြပြီး ဖတ်သွားလို့
      ကျွန်တော်ကလဲ ကျေးဇူးပါ ခင်ဗျာ

  • ရာမည

    March 18, 2013 at 11:21 pm

    လူကြီးတွေကပြောကြတယ်
    အတုမြင် အတတ်သင် တဲ ့
    ရှုပ်ပါတယ် အတတ်မသင်စေဖို ့
    အစစ်သာ ပြလိုက်ဗျာ 🙂
    နောက်တာနော် ဦးမာဃ

    • Mr. MarGa

      March 19, 2013 at 1:16 pm

      အင်
      အတုတောင် အတော်ထိန်းနေရတာ
      အစစ်သာ ပြရင်တော့ ပိုဆိုးမပေါ့
      အဲလို လုပ်ပါနဲ့ဗျာ 😆

Leave a Reply