သက်ငြိမ် (၂)

တိတ်ဆိတ်တယ်ဆိုတာထက်
ထိတ်ထိတ်ပြာ ရင်ထက်မှာ
ဝင်သက်နာ ထွက်သက်ပြင်း
မင်လျက်သာ လှည့်ထွက်ငြင်းလ­ို့
လှေကားရင်းမှ အခန်းဝ
(ငါ့)ခန်းမအလယ် ကမ္ဘာငယ်
အာရုံကွယ် အသိမေ့
မနေ့နက်ဖန် ရက်ဧကန်မှား
နှလုံးသားနှင့် ရင်းသည့်စစ်ပွဲ
တစ်ကိုယ်တည်းတိုက် လက်နက်မပါ
လက်ဗလာဖြင့် ကျဆုံးခန်း
ငရဲခန်းမှာ တွေးသွားတွေမဆို
အဆွေးသမားလိုလည်း မငိုရှိုက်
သိုရိုက်ထည့်သွင်း အသက်ပြင်းသည့်ခန္ဓာ
ဝေဒနာကို မြှုပ်နှံသဂြိင်္ုလ်လျက်
မနက်မှသည် နေ့လည်
မွန်းတည့်မှသည် သန်းခေါင်
ကြယ်ရောင်ဝင် အမှောင်နက်
လရောင်ခြောက်ကပ်အရုဏ်တက်မှာ
အလင်းရောင်မလာခင် ခြွေ
တိတ်တခိုး ကြွေကျလာသည့်စကား
အတ္တက များများ
(နှလုံးသားက နားညည်းလို့)
ရင်ဘတ်ကို ဖွင့်ဟထားပြီးသည­့်နောက်
နေရောင်အောက်မှာ
မီးအိမ်ထွန်းပြီး တဖန်ပြန်လည်ရှာေ­ဖွနေမိသော…။ ။

တောက ကိုရင်
၀၇.၀၃.၂၀၁၃

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…