သင်ရိုးကုန် (၂)

koyinMarch 17, 20131min740

သင်ရိုးကုန် (၂)

ငါ ချစ်တတ်ခဲ့တယ်
ရစ်ပတ်တယ် နွယ်ဆိုလား
အမြစ်ဖြတ်မလွယ်တာ ထားတော့…။

တစ်ရစ်ပြီးတစ်ရစ် ချည်နှောင်
သံယောဇဉ် သောင်ထွန်း
သည်းမြောင်ကျွန်းမှာ ဝေဒနာ
နွေကန္တာ ခြေဗလာနဲ့လှမ်း
ရေဇလာစမ်းက နွေအခါမှာခမ်းသတ­ဲ့…။

အလွမ်းနဲ့အပြန်
ကျွမ်းလျက်နဲ့ ဟန်ကိုယ့်ဖို့
တက်မဲ့လို့ မာန်တွေချို့ယွင်း
သည်ရင်တွင်း ပင်လယ်မှာလေ…။

လေနီရိုင်းတွေ ဆင်ချင်ဆင်
မုန်တိုင်းကိုပင် ခင်တွယ်မလား
နှလုံးသား ကမ်းကခွာ
သစ္စာမေတ္တာ ဘယ်မှာမသိ
တွယ်ရာမရှိသည့် ရင်
အတ္တတွေ အကြိမ်ကြိမ်ဖယ်ခ­ွာချင်မိခဲ့…။

အရှုံးတဲ့လား
နှလုံးသားကို သတ်လို့ထားခဲ့
အရှုံးအမြတ်ကို ကစားခဲ့တာလည်းမဟုတ်
သုံးသပ်လို့ အမှားကိုပြန်ကာတမ်း
သည်လမ်းမှာလျှောက်ခဲ့ရတာ ဖဝါးထပ်…။

ခြေစုံရပ်ဖို့ သတိမဲ့လာ
အသိခက်ကာ ဝိပဿနာတစ်နယ်ခြာ­း
မောဟတွေ အားကြီးပြီးသည့်­နောက်…။

မမုန်းရက်လို့ အမုန်းခက်
နုံးလျက် သုဉ်းပျက်လာ သည်ရင်တွင်း
(ငါ့အမြင် ခပ်ကျဉ်းကျဉ်းလေးမှာ)
မုန်းတတ်အောင် သင်ရင်းနဲ့သာလေ.­..။ ။

တောက ကိုရင်
၁၂.၀၃.၂၀၁၃