နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော (22)

အရင်ခေတ်တွေတုံးက သီချင်းတပုဒ်ကို အပြန်အလှန်ဆိုကြတာကလေးခေတ်စားဘူးပါတယ်။
ပထမ မိန်းကလေးက ( ရွှေဘုံပေါ်မှစံချင်သူဆိုရင် )နောက်ယောက်ျာလေးက( ရွှေဘုံပေါ်မှာစံချင်သူသို့)ဆိုတာမျိုးပေါ့။
စတီရီယိုပထမခေတ်မှာ တင်မိုးခို်င်ဆိုတဲ့ကောင်မလေးက (ရွှေရင်တံခါးကို ပိတ်လို့ထားမယ် ရှင်…ရှင်….ရှင့် အပျိုစဉ်နှမက ချစ်တယ်ဆိုတာသိပ်သိပ်ကြောက်)လို့ ဆိုပြလိုက်တော့
ကောင်လေးကလဲ (ရွှေတံခါးကြီးဖွင့်ပါအုံး ငွေတံခါးကြီးဖွင့်ပါအုံး………………….)လို့ပြန်တောင်းပန်တဲ့သီချင်းလေးခေတ်စားလာပါတယ်။
ခုခေတ်မှာတော့ကောင်မလေးရဲ့သား ဂွတ်မောနင်းပေါင်မုန့်ကိုကြော်ငြာပေးခဲ့တဲ့ ဂျစ်တူးတူးရုပ်ကလေးနဲ့ကောင်လေးကလဲ ခုခေတ်ကောင်မလေးတွေကို
သူ့ရှေ့မှာလာပြီးအကျိမ်ခိုင်းတဲ့ကောင်လေးကတော့ (အင်္ဂလန်က ဘုရင်မကြီးတောင်ကြွေသွားမယ်)ဆိုတဲ့ ရေမကူးတတ်တဲ့ဘဲလေး ဂျေမီပါဘဲ။

ကျနော့်ရုံးမှာ ကျနော်စာရင်းတွေလုပ်ဘို့ကွန်ပြူတာတစ်လုံးပေးထားပါတယ်။
ဒီကွန်ပြူတာလေးက ကျနော်နဲ့ကျနော်ချာတိ်တ်လေးတွေ အတူသုံးတာပေါ့။
သည်ဘက်ခေတ်ထဲမှာ ကွန်ပြူတာထဲကိုသီချင်းတွေထဲ့လို့ရတဲ့ဆော့ဖ်ဝဲတွေပေါ်လာတော့ စက်ထဲကို သူုတို့ကလဲ သူတို့ကြိုက်တာထည့်
ကျနော်ကလဲ ကျနော်ကြိုက်တာထည့်၊ဆိုတော့ စက်က မမ်မိုရီတွေများပြီးလေးကုန်ပါတယ်။
အဲတော့သီချင်းတွေကို ဖျက် ဖျက် ပစ်တော့ ကျနော်ကြိုက်တဲ့သီချင်းတွေကို သူတို့ကမသိဘဲဖျက်၊သူတို့ကြိုက်တာကိုလည်း ကျနော်ကဖျက်မိဖြစ်ကုန်ပါတယ်။
သည်တော့ သီချင်းကို မမ်မိုရီနည်းတဲ့ MP3လိုဟာမျိုးထည့်မယ်။
သီချင်းဖျက်မယ်ဆိုရင် ပြောဖျက်မယ် လို့ သဘောတူညီမူ့ယူလို့ ငြိမ်းချမ်းစွာခွဲဝေသုံးစွဲရေး အစီအစဉ်ကိုချမှတ်လိုက်ပါတယ်။
ဒီတော့သူတို့ကလည်းကျနော်ကြိုက်တဲ့ (မင်းကွန်းခေါင်းလောင်းကြီးကို ရအောင်ဘယ်လိုချီ အော်ခွေးတို့စက်က ဘယ်မှာ ရနိုင်မည်)တို့
(ဆောင်းနှင်းမြူအလှလေးများ က နှစ်လိုဘွယ်မက်မောသည် သူပြောလာ……………….)တို့ကိုလည်းနားထောင်ဘူးသွားသလို
ကျနော်ကလည်း သူတို့ကြိုက်တဲ့ အော်လတာတွေ ဟစ်ဟော့တွေ R&B တွေကိုလည်း နားယဉ်လာပါတယ်။

အရင်က သီချင်းအဆိုတော်ဖြစ်ဖို့ဆိုတာသိပ်ခက်ခဲပါတယ်။
ငွေရှိရုံတင်မကဘူး တီးဝိုင်းအဆက်အသွယ်ဘာတွေညာတွေကလဲ ပြည့်စုံမှ ကံအလှည့်သင့်မှ ဖြစ်လာနိုင်တာပါ။
(တစ်ချို့ဆိုရင် နှစ်ပေါင်းများစွာ ရင်းပြီးမှ အောင်မြင်တဲ့ဘဝကိုရလာသူတွေလဲ ရှိပါတယ်)
စင်ပေါ်တက်လို့ဆိုနိုင်ဘို့ကလဲ အတော်ကိုကံကောင်းမှဖြစ်လာနိုင်တာပါ၊ခွေထုတ်ဘို့ဆိုတာပိုဝေးပါတယ်။
ခုခေတ်မှာကွန်ပြူတာ ရှိရင် တီးဝိုင်းမလိုဘူး။
ဖန်တီးယူလို့ရတယ်၊အရင်လို အသံဖမ်းစတူဒီယိုကို သွားစရာမလိုဘူး ကိုယ့်ဘာသာကိုလုပ်ယူလို့ရတယ်။
နောက် ကိုယ်ရေးတဲ့သီချင်းကိုယ်ဆိုမလား သူငယ်ချင်းတွေရေးပေးတဲ့သီချင်းဆိုမလား ဖြစ်တယ်။
ပြီးရင် အင်တာနက်ပေါ်တင်ပေးလိုက် နားထောင်သူလူငယ်ကြားထဲကိုရောက်သွားမယ်။
ဒါကြောင့်လဲခုခေတ်မှာ ဝါသနာပါသူ လူငယ်လေးတွေကြားမှာ ဝါသနာရှင်လေးတွေဆိုထားတဲ့
(အင်တာနက်သီချင်း)ဆိုတာလေးကခေတ်စားလာပါတယ်။
အင်တာနက်ပေါ်က ကြိုက်တဲ့သီချင်းလေးကို ဒေါင်းလုပ် ဆွဲ။
ပြီးရင် သူငယ်ချင်းအချင်းချင်းပြန်ဖြန့်နဲ့ ပျော်စရာလေးတစ်ခုပါ။
(အက်စစ်)ကနေစတင်လိုက်တဲ့ နောက်ပိုင်းမှာ လူငယ်လေးတွေရဲ့ဝါသနာအရ အဖွဲ့လေးပေါင်းများစွာပေါ်လာခဲ့ပါတယ်။
အဲလက်စ်တို့ရဲ့သီအိုရီ။ မင်းမော်ကွန်းတို့ရဲ့မြေပဲယို။ထွန်းထွန်းတို့ရဲ့EXAMPLEX။ကျားပေါက်ခေါ်ဟန်ထူးလွင်ရဲ့ BIGBAG
အဝေးကဧည့်ခန်း။ MG2K ။TOOBIG။SYSTEM။IMP၊NO။BLUEBERRY။BAMBIO။TEENS။
အစရှိတဲ့ အဖွဲ့လေးတွေရော တစ်ကိုယ်တော်အဖွဲ့လေးတွေရောထင်ရှားလာပါတယ်။
သည်အထဲမှာ ထူးထူးခြားခြားဖြစ်သွားတဲ့ မိန်းကလေးအဖွဲ့လေးက NO အဖွဲ့ပါ။
ပထမတစ်ခွေ အောင်မြင်လို့ဒုတိယတစ်ခွေထပ်အထွက်အောင်မြင်လို့ပိုကောင်းမယ်လို့ကြံကာရှိသေးတယ်
သူတို့ထဲက သဇင်က လိုင်းခွဲထွက်သွားတော့ အောင်မြင်မူ့အရှိန်ကိုရပ်တန့်လိုက်သလိုဖြစ်သွားပါတယ်။

ဟိုအရင်က ဗွီစီဒီခွေတော်တော်များများမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဘူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ကောင်လေးကလဲ ဟစ်ဟော့သီချင်းတွေကိုဆိုလာပါတယ်။
ခွေတွေထွက်လာပေမဲ့ စစချင်းတော့ လူငယ်ကြားမှာသာ နည်းနည်းခြင်းလေး ပျံ့နှံ့နေရာကနေ သူ့မွေးနေ့အဖြစ်ထုတ်လိုက်တဲ့ ပထမဆုံးခွေလေးမှာ
(သေပြီဆရာ)ဆိုတဲ့ စကားလုံးလေးက တပြည်လုံးအတိုင်းအတာနဲ့ပျံ့သွား ပေါက်သွားပါတယ်။
အဲဒီခွေထဲမှာ ပါတဲ့ (နွေရာသီလမ်းခွဲ)ဆိုတဲ့ သီချင်လေးနဲ့အတူ : နန္ဒစိုင်းဆိုတဲ့ကောင်လေး တစ်ယောက်စင်ပေါ်ရောက်လာပါတယ်။
အရင်ကလူနည်းနည်းသိခဲ့တဲ့ ဖြူသီသမီး မို့မို့နဲ့တွဲဆိုထားတဲ့
( ဖော်ဖဝါရီကိုးရက် ဆိုးချက်ကရင်နင့်စရာ…………….ကျနော်ကိုသနားလို့တဲ့ဗျာတိမ်တွေတောင် ငိုချလိုက်တယ် မိုးကိုသဲရော…………………….)ဆိုတဲ့
ဝမ်းနည်းမှတ်တမ်းတို့။မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက်တို့။ မိန်းမ မိန်းမ တို့ သေပြီဆရာတို့လို အမြူးအသွက်သီချင်းတွေကြားထဲမှာ
(ဘဝဆိုတဲ့ ဖိနပ်ကြီးကို ငါတို့စီးပြီး………………………..)တို့လို ဘဝဆန်တဲ့ အတွေးရသပါတဲ့သီချင်းလေးတွေကတော့ စိုင်းစိုင်းကိုလေးစားစရာပါ။
သည်ထဲမှာပါတဲ့ (သေပြီဆရာ) ကတော့ လူငယ်ကြားလူကြီးကြား အသုံးများတဲ့ဘန်းစကားလေး ဖြစ်သွားပါတယ်။
နောက်သူ့မွေးနေ့မှာဘဲ မျှော်စင်ကျွန်းက လက်ဝှေ့စင်ပေါ်မှာတက်ပြီး
(အိုးကလေး လှုပ်ပါဟေ့………………..)လို့အော်လိုက်တဲ့တောဂေါ်လီကလဲ မြောက်တက်သွားအောင်ပေါက်သွားပါတယ်။
လရိပ်ချို။နှစ်ပါးသွား ၊ဘုံကြိုးပြတ်တဲ့ဒေဝီနတ်မျိုးနွယ်။ခင်ကြီးကျယ်။ယောက်ခမကရော့။နှစ်အချိုးတစ်။
တွေကတော့ စိုင်းစိုင်းရဲ့လူကြိုက်များတဲ့သီချင်းတွေပေါ့။
ဒီလိုစိုင်းစို်င်းခေတ်စားနေချိန်မှာ အများနဲ့မတူအောင် ဖောက်ထွက်လို့ ဂီတသစ်ကို ဖွင့်ပေးလိုက်သူကတော့
(လိုက်ကြမလားကွဲ့သူငယ်ချင်းတို့ရေ ဆိုင်းနောက်မှာနေရာထား မင်းလိုက်မှာလား………………..အ .အ .အ အ…………………