“လွမ်းလို့ကျန်ရစ်မှာကိုတော့ အားနာပါတယ်…..´´

ခင္ခMarch 18, 20131min15618

“လွမ်းလို့ကျန်ရစ်မှာကိုတော့ အားနာပါတယ်…..´´

 

ဂဇက်ရွာအပြင် ဇနပုဒ်တဲလေးနဲ့ နေလို့ တိုင်းရင်းဆေးပညာဗဟုသုတတွေကို မျှဝေပြောတတ်ခဲ့သော ပူပြင်းတဲ့ နွေရာသီမှာ နှီးယပ်တောင်လုပ်ကာရောင်းလို့ ငွေရှာရရှာသော ဦးခင်ခ တစ်ယောက် အိမ်ရှေ့မှာရပ်ထားတဲ့ လှည်းပေါ်ကိုပစ္စည်းတွေတင်နေလို့ လက်စသပ် ပစ္စည်းတွေကို ကြိုးနဲ့တုပ်ကာ အလုပ်ရှုပ်နေတုန်း မြို့ကိုတက် ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ ရွာသူလေးတစ်ယောက် ရွာကိုခဏပြန်လာစဉ် ရွာထိပ် ဦးခင်ခ အိမ်ရှေ့ အရောက်မှာတော့

“ လေးခင်ခ လှည်းပေါ်ကို ပစ္စည်းတွေတင်ပြီး ဘယ်သွားမလို့လဲ´´

“ဟ ရွာသူချောလေး မ……….. ပါလား၊ သမီး ပိုပြီးတောင် လှပြီး နည်းနည်း ဝလာတယ်နော်´´

“လှလာတာပြောလို့ လေးခင်ခ ဘာစားမလဲ၊ ဒါနဲ့ ဘယ်သွားမလို့လဲ ခရီးထွက်မလို့လား´´

“သမီးကျွေးမယ့်မုန့် နောက်ကြုံမှဘဲစားတော့မယ်ဗျာ၊ ခရီးထွက်မလို့ မဟုတ်ဘူးသမီးရေ ဒီနှစ် ကျွန်တော်ရဲ့ နှီးယက်တောင်အလုပ်က ဒီဂဇက်ရွာမှာ သိပ်မရောင်းရတော့ဘူးဗျ အားပေးမယ့်သူ နည်းလာတယ်လေ ခင်ခ မို့ ပုံမှန် အားပေးနေကျဖောက်သည်လောက်လေးဘဲ ရှိကြတာဆိုတော့ ကျွန်တော်ကလည်း အဲဒီလုပ်ငန်းဘဲ ကျွမ်းကျင် တာမို့ ဟိုဘက် ဖေ့ဘုတ်ရွာကို ပြောင်းပြီး အဲဒီမှာ လုပ်ကိုင်စားမလားလို့ စိတ်ကူးမိတာနဲ့ အဲဒီကို ပြောင်းမလို့ သမီးရေ၊ အခု ဒီဂဇက်ရွာက အရင်လိုမဟုတ်တော့ဘူး ခေတ်မှီလာသလို ဗဟုသုတ အသိပညာ တွေလည်း ပိုပြီး အမြင်ကျယ်လာတယ်လေ ပစ္စည်းဆိုလည်း ခေတ်မှီပစ္စည်းတွေကိုမှ သုံးကြကာ သူဌေးတွေ ဖြစ်နေကြပြီဗျ ကျွန်တော်တို့လို ပြည်တွင်းဖြစ်နှီးယက်တောင်ကို မသုံးကြတော့ဘူးလေ ဒါကြောင့် သွားပြီ သမီးရေ´´

လို့ ဆိုကာ လှည်းပေါ်ကို ဦးခင်ခ တို့ ဇနီးမောင်နှံတက်လိုက်ကြပြီး သော့ပိတ်ခါထားခဲ့ရမယ့် သူတို့နေတဲ့ ရွာအပြင်က ဇနပုဒ်တဲလေးကို ခဏမျှငေးကြည့်နေတုန်းမှာဘဲ ခုန ရွာသူက

“လေးခင်ခ ကို လွမ်းနေတော့မှာဘဲနော် လမ်းခရီးဖြောင့်ဖြူးလို့ အလုပ်တွေလည်း အဆင်ပြေပါစေနော်´´

“ဆုတောင်းလေးအတွက် ကျေးဇူးပါဗျာ၊ လွမ်းလို့ကျန်ရစ်မှာကိုတော့အားနာပါတယ်….. ဒါပေမယ့် ရှေ့ရေးကိုမျှော်တွေးလို့ သွားမှဖြစ်မှာမို့ သွားပြီသမီးရေ ကျန်တဲ့သူတွေ သမီးကြုံရင်လည်း ဦးခင်ခ က အားလုံးကိုနုတ်ဆက်သွားပါတယ်လို့ ပြောပေးအုံးကွယ် တာ့ တာ သမီးရေ´´

“ဟုတ် တာ့ တာ ပါ လေးခင်ခ ရေ၊ see you နော်´´

လို့ဆိုကာ အပြန်အလှန်လက်လေးမြောက်ခါ ဝှေ့ရမ်းနုတ်ဆက်ကြရင်း ဦးခင်ခ တို့ရဲ့ လှည်းလေးလည်း ဂဇက်ရွာမှ ဝေးရာသို့ မောင်းနှင်ထွက်သွားတာကို ငေးကြည့်နေမိတဲ့ ရွာသူလေးရဲ့ မျက်ဝန်းတစ်စုံမှာတော့ မျက်ရည်စတွေ ဖြစ်လေမလား မဖြစ်လေများ ဆိုတာကိုတော့ ဦးခင်ခ လည်းသိနိုင်မယ် မထင်တော့ပြီကွယ်။

 

 

ဟုတ်တာတွေရော မဟုတ်တာတွေရော

တွေးမိတွေးကာ ရေးမိရေးရာ ပြုခဲ့တဲ့

ကျွန်တော်ပိုစ့်တွေကို အားပေးဖတ်ခဲ့သူများအားလုံးကို

အထူးပင်ကျေးဇူးတင်ပါတယ်ဗျာ။

ခင်ခ။

18 comments

  • Myo Thant

    March 18, 2013 at 10:54 am

    တကယ်လား
    နောက်တာလား ကိုခရေ

  • KZ

    March 18, 2013 at 11:00 am

    ကျန်း:::::::::

    နာမည်သုံးပါ။ အားမနာပါနဲ့ လို့ ပြောထားတယ်လေ။ :mrgreen:
    ခု ပဲ ကြည့်။
    လှလည်း လှ၊ ဝ လည်း ဝ ဆိုတော့ နာမည်မပြောရုံ တမည်ပဲလေ။ :mrgreen:

    ဟီး။
    ဝင် ပေါ သွားတယ် ကိုခ။
    :kwi:
    လွမ်းကျန်တတ်တဲ့ ရွာသူ ဆိုရင် အနောမဟုတ်တာ သေချာပါတယ်။
    မလွမ်းဘူး။
    သတိပဲရတတ်တာ။ :mrgreen:

    • amatmin

      March 18, 2013 at 11:39 am

      ကိုခင်ခရေ.
      ဖတ်ပီး တမျိုးဖြစ်မိတာရယ်..
      အကို့ပို့စ်တွေထဲ..ကိုယ့်အတွေးနဲ့ကို
      ဝင်ဝင် မန့်နေမိတတ်တာ.ကိုး..
      ဆိုတော့ ရွာလည်ခေါင် မှာ လှည်းဘီးပေါက်ပါစေ နော့..
      :kwi:

      • KZ

        March 18, 2013 at 11:44 am

        ဒီ ပို့(စ) ကို
        ကိုခ အတည် ထွက်မယ်ပြောတာမဟုတ်
        ယူဆလို့ ဂလို မန့်မိတာပါ။ 🙁

        ပြန်မလာရင်
        ကျုပ်က ကိုခကြီး လိုက်ခေါ်မှာရယ်။
        ဒီမှာ ချူချာလွန်းလို့ ပါဆို ဒီ ရွာ့ ဆေးဆရာကြီးမရှိရင် ဘယ်သူနဲ့ ကုရမတုန်း။ :mrgreen:

    • amatmin

      March 18, 2013 at 11:45 am

      ကျုပ်မန့်တာ ဘယ်လို ဖြစ်လို့
      ဒီဒေါ်ဆွိနောက် ရောက်ရတယ်မသိ.. 🙁
      ဒါနဲ့ လွမ်းတာကို အမျိုးအစားခွဲပြမယ်ဆိုလားး
      ကြားမိသေး သလားလို့.. 🙂

      • KZ

        March 18, 2013 at 11:50 am

        အဲဂလာပဲ။
        သူများ အပြောခံရအောင်နေပြန်ပြီ။ 🙁

        အလွမ်း အမျိုးအစားက ဟို ဂျာပွန်က တစ်ယောက်က ပိုခွဲတတ်တယ်။
        သူ့ကို မေး။ :mrgreen:

        ဘယ်နဲ့ မဦးမချွတ် အလွမ်းအမျိုးအစား လာခွဲခိုင်းနေပြန်ပြီ။
        မလွမ်းတတ်ဘူးဆိုနေမှပဲ။
        :kwi:

  • etone

    March 18, 2013 at 11:50 am

    နှုတ်မချက်နဲ့ … နိုချင်ဒယ် … တီချင်းဂေါင်းချင်ပြောဒါဘာ အန်ကယ်ခင်ခ :harr:
    အီလတ်ထရောနစ် ပစ္စည်းတွေ ဘယ်လောက်ပေါပေါပါ …….. မီးပျက်နေချိန်မှာ ဒီ ယပ်တောင်လေးကပဲ အားကိုးရာပါ ။
    ဒါနဲ့ .. ဒီတိုင်း ပိတ်သွားမယ့် အိမ် … အပိုဖြစ်မှာ စိုးလို့ ….. အိမ်ငှားတင်ထားမလား ဟင်င်င်….

  • ဟက်လူဂျီးးး
    ခညား ဂလိုလုပ်လို့ ရရိုးလားဂျ …
    ဒီရွာဂျီးထဲ ကျုပ်လို ပိန်းဒဲ့လူဒွေ ချိဘာဒေးဒယ်ဂျာ …

    ကျုပ်တောင် တောမထွက်သေးဘဲ ပျံလာဒါ .. :mrgreen:
    ခညားက လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာဘာဒယ် … ဘာညာဒွေ လာမပေါနဲ့ ..
    ရဘူးဂျ … ဒါဗျဲ …. :mrgreen:

  • koaung

    March 18, 2013 at 12:08 pm

    ဒီရွာကဇာတ်ပွဲမှာ ကမဲ့မင်းသားတွေမရှိရင် ကျနော်တိုု ့လိုု အရန်ဇာတ်ပိုု ့တွေ ထမင်းငတ်မှာပေါ့ဗျ
    (ကုိုခင်ခ ကျန်းမာရေးဆောင်းပါးများအား လေးစားစွာအားပေးနေသူ)

  • ဗုံဗုံ

    March 18, 2013 at 12:15 pm

    ဦးလေးကြီး လှည်းကြုံလိုက်ချင်လို့ပါဗျို့ ခေါ်ခေါ်မခေါ်ခေါ် အတင်းလိုက်မှာဘဲ :mrgreen:

  • GaviaGirl

    March 18, 2013 at 2:12 pm

    လူကြုံနဲ့ နှုတ်ဆက်ခိုင်းလို့ မရပါဝူး..ကိုယ်တိုင်ကိုယ်ကျ ပြန်လာနှုတ်ဆက်ပါ… အဲ့အချိန်ကျရင် နှစ်ယောက်စလုံးကို အိမ်ထဲ သော့ပိတ်ထားတယ်…ပစ္စည်တွေအကုန်လုံးကို ဖွက်ထားမယ်.. :mrgreen:

  • ဖိုးထောင်

    March 18, 2013 at 3:40 pm

    ကဲအခု ဘယ်လိုလုပ်မလဲ ကျနော်ကတော့ ဧည့်သည်ဆိုတော့ သိပ်မပြောတော့ဘူး ရွာထဲမှာလူဇိုးတွေသိပ်ပေါနေတယ် လူဇိုးခေါင်းဆောင်က အမတ်မင်းတဲ့

  • Ma Ei

    March 18, 2013 at 4:59 pm

    တစ်ကယ်မရှိရင်
    လွမ်းနေမှာမို့
    အားနာရင်ပြန်လာပါ..

  • မောင် ပေ

    March 18, 2013 at 8:20 pm

    အစကတော့ ပို ့စ်တင်ဦးမလို ့ပဲဗျာ
    အဟီး
    ကျုပ်လဲ အီးသွားပါမလို ့
    ခဏလောက်တော့ နှုတ်ဆက်ခဲ့ပါတယ်
    ကိုအောင်ပု လိုတော့
    အီးဘယ်လောက်သား ပါတယ်ဆိုတာ မပြောရဲသေးဘူးရယ်
    အဲဒါ အဲဒါ

  • ရာမည

    March 18, 2013 at 10:46 pm

    ဖေ့စ်ဘွတ် ဆိုရင် လိုက်ခဲ ့မှာပေါ ့ဗျာ
    မသိဘူးတော ့မလုပ်နဲ ့

  • ဦး ကျောက်ခဲ

    March 19, 2013 at 8:06 am

    ဆရာခရယ် ရှင်နည်းရာအဂ္ဂလူထွက်…
    ဖေ့ဘုတ်ရွာမှာ ဆုံကြမယ်ဆိုပေမယ့် ဂဇက်မှာ ရေးဖော်လျော့တာမို့…
    နှုတ်မဆက်ပါနဲ့ဗျာ… လွမ်းတတ်လို့ပါ….
    :byae:

    • ခင်ခ

      March 19, 2013 at 1:00 pm

      တကယ်ပါ ကိုမျိုးသန့်ရေ။

      KZ ရေ ရွာသူ ရွာသား အမည်တွေ အားအားယားယား မသုံးရဖူးဆိုတာ မသိဘူးလား ဟိုတလောက သူကြီးပြောသံကြားတယ်လေ။

      ကိုမတ်ရေ လှည်းဘီးက သစ်သားကိုတာယာပတ်ရိုက်ထားတာမို့ အဟဲ ဘီးမပေါက်ဘူးဗျ။

      နှုတ်မချက်နဲ့ … နိုချင်ဒယ် ဆိုတဲ့ အဲဒီသီချင်းဂေါင်းစဉ်ကို သိပါ၏ မအိတုံရေ။

      မိတ်ဆွေ အံစာတုံးရေ တောထဲ သရဲ ကြောက်လို့ ပျံလာရင် ပြန်လာတယ်မပြောဘူး ဘာလဲ ဝေ့ပြောနေတယ်။

      မင်းသားတော့မင်းသားဆိုရင် လူကြမ်းမင်းသားပေါ့ ကိုအောင်ရေ။

      လှည်းမဆန့်တော့လို့ စိတ်မရှိပါနဲ့ မိဗုံ ကလေးမရေ။

      ဒီရွာကလူဆို ရောင်းတော့ဘူးဗျ ကိုပေါက်ကြီးရ။ ဈေးဆစ်တတ်လွန်းလို့လေ။

      အန် အဲဂလိုတော့ မလုပ်ရဘူး GaviaGirl ရေ။

      ဧည့်သည်ကြီး ကိုဖိုးထောင်ရေ ကျန်းမာပါရဲ့နော်။

      မအိရေ ကျေးဇူးပါ။

      ကိုပေရေ ဝမ်းချုပ်တာများရင် လိပ်ခေါင်းဖြစ်တတ်တယ်နော်။

      ဟုတ် လောလောဆယ် နွေရာသီတော့ ဖေ့ဘုတ်ရွာမှာ လုပ်ကိုင်စားမှာမို့ ရှိပါရဲ့ ရာမညရေ။ လာလည်နော်။

      ကိုကျောက်ကိုတော့ လွမ်းမှာစိုးလို့ နုတ်မဆက်တော့ဘူးနော်၊ တာ တာ့ ပါဗျ။

Leave a Reply