ဒီကလာ ဟိုကိုသွား

+++++++++++++++++++++++++++++++++++++++

” ဒီကလာ ဟိုကိုသွား “

+++++++++++++++++++++++++++++++++++++++

 

ကျနော် နားလည်သလို ပြောကြည့်ပါမယ် …..။

 

+++++++++++++++++++++++++++++++++++++++

 

ကျနော် ပြောမှာကတော့ မိမိရဲ့ Gmail ထဲ ဝင်လာသမျှ Mail တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သူ့ဟာနဲ့သူ သိမ်းဆည်းထားနိုင်ပုံလေးပါပဲ …..။

သိပြီးသား သူများအတွက် မရည်ရွယ်ပါဘူးနော့ ….။

မသိသေးသူများ အတွက်ရယ်ပါ …..။

 

+++++++++++++++++++++++++++++++++++++++

 

တောင်းကြီး သုံးလုံး ချထားတယ် …..။

ပြီးတော့ သစ်သီး သုံးမျိုးရှိမယ် ……။

ညာဖက်ဆုံးက တောင်းကြီးထဲကို ပန်းသီး ထည့်မယ် ….။

အလယ်က တောင်းကြီးထဲကို လိမ္မော်သီး ထည့်မယ် …..။

ဘယ်ဘက်ဆုံးက တောင်းကြီးထဲကိုတော့ ကျွဲကောသီး ထည့်မယ် ….။

 

ဒါကို ဥပမာ ထားလို့ ပြောရမယ် ဆိုရင် …………

ကျနော်များ Gmail ကို အသုံးပြုတဲ့ အခါမှာလည်း Gmail Account တစ်ခုစီကို သက်ဆိုင်ရာ နေရာကို တစ်စုတစ်စည်းထဲ ထည့်သွင်းထားခြင်းပါပဲ ……။

သက်ဆိုင်ရာ နေရာကို Label လို့ သုံးပါမယ် ….။

Gmail Account ကတော့ အမည်ပေါင်း များစွာ ရှိပါတယ် …..။ (ဥမာအားဖြင့် … yourname@gmail.com ပေါ့ဗျာ )

ဒီနှစ်ခု (သက်ဆိုင်ရာနေရာ Label နဲ့ အကောင့်အမည် yourname@gmail.com ) ကို ကြားခံ ချိတ်ဆက်ပေးမယ့်ဟာကိုတော့ …

Filter လို့ သုံးပါမယ် …..။

{ Label, Account Name, Filter } ဒီသုံးခုပေါ့ဗျာ ….။

အခု ကျနော် ပြောမယ့် နည်းလမ်းက ဒီသုံးခုကို အသုံးပြုသွားမှာမို့ အကြို မိတ်ဆက်တာပါ ….။

 

+++++++++++++++++++++++++++++++++++++++

 

ဥပမာအနေနဲ့ ….

ကျနော်တို့ MandalayGazette ကနေ ပို့လိုက်တဲ့ မေးလ်တွေကို သက်ဆိုင်ရာ တစ်နေရာ (Label) မှာ စုစည်းထားကြည့်ပါမယ်။

ဒီလို လုပ်ဖို့အတွက် Gmail မှာ Label တစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ဒီလို တည်ဆောက်ဖို့အတွက် ပထမဆုံး Gmail ရဲ့ ညာဖက်နားက Gear Icon (ခွေးသွားစိတ်) ပုံလေးကို Click လိုက်ပါ။

ဒီအခါ တွေ့ရတဲ့ အထဲက Settings ဆိုတာကို နှိပ်လိုက်ပါ။

 

ဒီနေရာလေးမှာ ဒါကို ကလစ်ရမှာပါ။
ဒီနေရာလေးမှာ ဒါကို ကလစ်ရမှာပါ။

 

+++++++++++++++++++++++++++++++++++++++

 

ပြီးသွားရင် … Labels ဆိုတဲ့ နေရာကို သွားပါ ….။

အဲ့ဒီမှာ အောက်က ပုံမှာ တွေ့ရတဲ့အတိုင်း Create New Label ဆိုတာလေးကို နှိပ်လိုက်ပါ။

 

ဒီနေရာကို သွားပြီး ကလစ်နှိပ်လိုက်ပါ။
ဒီနေရာကို သွားပြီး ကလစ်နှိပ်လိုက်ပါ။

 

+++++++++++++++++++++++++++++++++++++++

 

ဒီအခါ Box လေး တစ်ခု ပေါ်လာပါလိမ့်မယ် ….။

ဒီထဲမှာ မိမိ ပေးချင်တဲ့ သက်ဆိုင်ရာနေရာ (Label) အတွက် Name ကို ရိုက်ထည့်ပေးရပါမယ် …။ (ကျနော်ကတော့ နမူနာ အနေနဲ့ Testing ဆိုပြီး ပေးလိုက်ပါတယ်။)

ပြီးသွားရင် Create ဆိုတာလေးကို နှိပ်လိုက်ပါ။

 

ဒီနေရာမှာ Label အတွက် အမည်ပေးပါ။
ဒီနေရာမှာ Label အတွက် အမည်ပေးပါ။

 

Label Create လုပ်ပြီးရင် Gmail က ဒီလိုလေး ပြပါတယ်။
Label Create လုပ်ပြီးရင် Gmail က ဒီလိုလေး ပြပါတယ်။

 

ဒါကတော့ Labels အောက်မှာ ကျနော်တို့ ဖန်တီးလိုက်တဲ့ Testing ဆိုတဲ့ Label လေးကို မြင်ရတာပဲ ဖြစ်ပါတယ်။
ဒါကတော့ Labels အောက်မှာ ကျနော်တို့ ဖန်တီးလိုက်တဲ့ Testing ဆိုတဲ့ Label လေးကို မြင်ရတာပဲ ဖြစ်ပါတယ်။

 

+++++++++++++++++++++++++++++++++++++++

 

Label တစ်ခု ဖန်တီးပြီးသွားတဲ့အခါ ကြားခံချိတ်ဆက်မယ့် Filter တစ်ခု ဖန်တီးပါမယ်။

ဒီအတွက် ထိပ်နားမှာ မြင်ရတဲ့ Filters ဆိုတာလေးကို ကလစ် နှိပ်လိုက်ပါ။

အဲ့ဒီကို ရောက်ရင် အောက်ဆုံးနားမှာ Create a New Filter ဆိုတာကို တွေ့ရပါလိမ့်မယ်။

အဲ့ဒါလေးကို နှိပ်လိုက်ပါ။

 

Filter တစ်ခု ဖန်တီးဖို့အတွက် ဒီနေရာကို နှိပ်ပါ။
Filter တစ်ခု ဖန်တီးဖို့အတွက် ဒီနေရာကို နှိပ်ပါ။

 

ဒီအခါ ဒီလိုလေး ပေါ်လာပါလိမ့်မယ်။
ဒီအခါ ဒီလိုလေး ပေါ်လာပါလိမ့်မယ်။

 

+++++++++++++++++++++++++++++++++++++++

 

အပေါ်မှာ ပေါ်လာတဲ့ ပုံစံလေးကို ပြထားပါတယ်။

ဒီထဲကမှ အပေါ်ဆုံးက From အောက်က box ထဲမှာ Mail လိပ်စာ ဖြည့်ရပါမယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဒီမေးလ်လိပ်စာ နဲ့ ပတ်သက်ပြီး ဝင်လာသမျှ Mail မှန်သမျှကို တစ်နေရာတည်းမှာ စုစည်းထားမှာ ဖြစ်လို့ပါပဲ။

အခု … ကျနော်တို့ ဥပမာ အတိုင်း MandalayGazette က ပို့လိုက်တဲ့ Mail အားလုံးကို စုစည်းမှာ ဖြစ်တဲ့အတွက် MandalayGazette ကနေ မိမိဆီ ပို့တဲ့ မေးလ် လိပ်စာ ကို ဖြည့်ပေးရပါမယ်။

ဒီမေးလ် လိပ်စာကို သိနိုင်ဖို့ဆို အရင် ပို့ထားတဲ့ မေးလ်တစ်ခုကို ဖွင့်လိုက်ပါ။

အပေါ်ဆုံးနားမှာ မေးလ်လိပ်စာ ပါပါတယ်။ အဲ့ဒါလေးကို ဖြည့်ပေးရမှာပါ။

MandalayGazette ကနေ ပို့တဲ့ မေးလ်ကတော့ Admin@myanmargazette.net ပါပဲ။

ဒါလေးကို From အောက်က Box ထဲမှာ ဖြည့်ပေးရပါမယ်။

ပြီးသွားရင် အောက်နားက Create Filter With This Search >>> ဆိုတာလေးကို နှိပ်လိုက်ပါ။

 

ဒီနေရာမှာ Mail လိပ်စာ ဖြည့်ပေးပါ။
ဒီနေရာမှာ Mail လိပ်စာ ဖြည့်ပေးပါ။

 

+++++++++++++++++++++++++++++++++++++++

 

ချိတ်ဆက်ခြင်း …..။

အပေါ်က Create Filter with this Search ဆိုတာလေးကို နှိပ်လိုက်ရင် Box တစ်ခု ထပ်ပေါ်လာပါမယ်။

အဲ့ဒီထဲမှာ Label နဲ့ Mail လိပ်စာကို ချိတ်ဆက်မှာပဲ ဖြစ်ပါတယ်။

ဒါကလည်း လွယ်ပါတယ်။

choose label ဆိုတဲ့ နေရာမှာ စောစောက မိမိတို့ ဖန်တီးခဲ့တဲ့ Label ကို ရွေးပေးလိုက်ရုံပါပဲ။

ပြီးသွားရင်တော့ အောက်နားက အပြာရောင် Create Filter ကိုသာ နှိပ်လိုက်ပါ။

 

ဒီနေရာမှာ Label ကို ရွေးပေးပါ။
ဒီနေရာမှာ Label ကို ရွေးပေးပါ။

 

ဒါကတော့ စောစောက ကျနော်တို့ ဖန်တီးခဲ့တဲ့ Testing ဆိုတဲ့ Label ကို ရွေးချယ်လိုက်ခြင်းပါပဲ။
ဒါကတော့ စောစောက ကျနော်တို့ ဖန်တီးခဲ့တဲ့ Testing ဆိုတဲ့ Label ကို ရွေးချယ်လိုက်ခြင်းပါပဲ။ ပြီးရင် Create Fileter ကို နှိပ်လိုက်ပါ။

 

ဒါကတော့ဖြင့် Filters အောက်မှာ မြင်တွေ့ရတဲ့ ကျနော်တို့ရဲ့ Filter ပဲ ဖြစ်ပါတယ်။
ဒါကတော့ဖြင့် Filters အောက်မှာ မြင်တွေ့ရတဲ့ ကျနော်တို့ရဲ့ Filter ပဲ ဖြစ်ပါတယ်။

 

 

+++++++++++++++++++++++++++++++++++++++

 

အထက်က နည်းလမ်းအားဖြင့် Filter တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ပါပြီ။

၁။ Label တစ်ခု ဆောက်တယ်။

၂။ Filter တစ်ခုကို Mail လိပ်စာ နဲ့ ချိတ်ဆယ်။

၃။ ပြီးရင် Lebel နဲ့ ချိတ်ဆက်ပြီး Filter တစ်ခု တည်ဆောက်လိုက်တယ်။

 

ဒီလိုမျိုး တည်ဆောက်လို့ ပြီးသွားတဲ့အခါ Inbox ရဲ့ အောက်မှာ သွားကြည့်လိုက်ပါ။

ကျနော်တို့ တည်ဆောက်ထားတဲ့ Label လေးကို တွေ့ရပါလိမ့်မယ်။ ( Testing )

သူ့ဘေးက ဂဏန်းကတော့ အဲ့ဒီထဲ ဝင်နေတဲ့ မေးလ်ပါပဲ။

ဒါက ကျနော့် အနေနဲ့ ရှိပြီးသားပေါ်မှာ အခြေတည် တည်ဆောက်ထားလို့မို့ ချက်ချင်း ဝင်နေတာပဲ ဖြစ်ပါတယ်။

 

 

ဒါက Inbox အောက်မှာ မြင်တွေ့ရတဲ့ Label ပဲ ဖြစ်ပါတယ်။
ဒါက Inbox အောက်မှာ မြင်တွေ့ရတဲ့ Label ပဲ ဖြစ်ပါတယ်။

 

ဒီနေရာမှာ တစ်ချက်လောက် ကြားဖြတ် ပြောချင်ပါတယ် ….။

ကျနော်တို့ Gmail ရဲ့ Inbox အောက်မှာဆိုရင် ပုံမှန်အားဖြင့် Starred, Important စသည့်ဖြင့် တန်းစီပြီး ရှိနေတတ်ပါတယ်။

ဒါတွေကို မလိုအပ်ရင် ဖျောက်ထားဖို့ အတွက်ဆို Labels ဆိုတဲ့ အောက်ကို ပြန်သွားပြီး …

သူတို့ရဲ့ သက်ဆိုင်ရာ နံဘေးမှာ Show … Hide ဆိုတဲ့ ထဲက Hide ကိုသာ နှိပ်ထားလိုက်ပါ။

ဒါနဲ့ တစ်ဆက်တည်း ထပ်ပြောချင်တာကတော့ ….

ကျနော်တို့ ဖန်တီးလိုက်တဲ့ Label တွေကိုလည်း အထက်နားမှာ မြင်တွေ့နေရဖို့အတွက်ဆိုရင် …

Labels အောက်က အဲ့ဒီ Label ဘေးနားက Show ဆိုတာလေးကိုသာ ရွေးချယ်ပေးလိုက်ပါ။

ဒါပေမယ့် ဒါက ဟိုထဲမှာလည်း ပြင်လို့ရနိုင်ပါတယ်။ အခုဟာက တစ်ပါတည်း ပြောလိုက်တာရယ်ပါ။

 

ဒီနေရာတွေမှာ မလိုတာတွေကို Hide လုပ်ထားနိုင်ပါတယ်။
ဒီနေရာတွေမှာ မလိုတာတွေကို Hide လုပ်ထားနိုင်ပါတယ်။

 

+++++++++++++++++++++++++++++++++++++++

 

Label တွေကို Color ပေးမယ် …..။

ကျနော်တို့ ဖန်တီးလိုက်တဲ့ Label တွေအတွက် အရောင်တွေနဲ့ ထားလို့လည်း ရနိုင်ပါတယ်။

ဒါဆို မြင်သာထင်သာ ပိုရှိသွားတာပေါ့ဗျာ ….။

ဒီလိုမျိုး ပြုလုပ်ဖို့အတွက်ဆိုရင် မိမိရဲ့ Label ဘေးနားကို ကလစ်နှိပ်လိုက်ပါ။

ဒီအခါ ဘေးမှာ Box တစ်ခု ပေါ်လာပါလိမ့်မယ်။

အထက်နားမှာ မိမိစိတ်ကြိုက် အရောင်တစ်မျိုးမျိုးကို ရွေးချယ်ပေးနိုင်ပါတယ်။

ကျနော်ကတော့ဖြင့် အနီရောင်လေး ရွေးပေးလိုက်တယ်။

 

ဒီနေရာမှာ Label အတွက် အရောင် ရွေးနိုင်ပါတယ်။ Show/Hide ကိုလည်း တစ်ပါတည်း ပြင်ဆင်နိုင်ပါတယ်။
ဒီနေရာမှာ Label အတွက် အရောင် ရွေးနိုင်ပါတယ်။ Show/Hide ကိုလည်း တစ်ပါတည်း ပြင်ဆင်နိုင်ပါတယ်။

 

ဒါကတော့ နမူနာ မေးလ်မြင်ကွင်း တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကတော့ နမူနာ မေးလ်မြင်ကွင်း တစ်ခုပဲ ဖြစ်ပါတယ်။

 

+++++++++++++++++++++++++++++++++++++++

 

အထက်က နည်းလမ်းကတော့ MandalayGazette ကနေ ပို့လိုက်တဲ့ မေလ်းတွေကို Testing ဆိုတဲ့ Label အောက်မှာ တစ်ခါတည်း စုစည်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ အခြားအခြားသော မေးလ်များကိုလည်း ဒီလိုမျိုး Label, Filter တို့နဲ့ ချိတ်ပြီး စုစည်းထားနိုင်ပါတယ်။

{ ဖတ်ရွေးအဖွဲ့ အနေနဲ့ ပြောရရင်တော့ အထက်က နည်းလမ်းအတိုင်း မေးလ်လိပ်စာ နေရာမှာ (ငှက်ကထဂျီး၊ ဥက်ကဂျီး) တို့ရဲ့ မေးလ် လိပ်စာကို ထည့်သွင်းပြီး ထားလိုက်မယ်ဆိုရင် နောက်အခါ မေးလ်ပြန်ရှာရတာ လွယ်ကူသွားနိုင်ပါတယ်။ ဤကား ကြုံခိုက် …..။ }

 

ကျနော့် အနေနဲ့က မန်းဂဇက်ရော၊ ဖေ့စ်ဘုတ်ရော အခြားအခြားသော ဆိုက်တွေက NewsLetter တွေရော မေးလ်ထဲ ရှုပ်ပွ နေတတ်တဲ့ အတွက် ဒီမေးလ်တွေကို သူ့အကန့်နဲ့ သူ Label လေးတွေ ဆောက်ပြီး လုပ်ထားလိုက်ပါတယ်။ Facebook ဆိုရင် ပို့တဲ့ မေးလ်က ၃ ၄ မျိုး ရှိပါတယ်။ ဒါတွေကို “Facebook” ဆိုတဲ့ Label တစ်ခုဆောက်ပြီး Filter ကို အသုံးချလို့ အဲ့ဒီမေးလ် အကုန်လုံးနဲ့ “Facebook” Label ကို ချိတ်ဆက် ထားလိုက်ပါတယ်။

MandalayGazette ကနေ ပို့စ်တဲ့ မေးလ်လိပ်စာကတော့ တစ်ခုတည်းမို့ Filter နှစ်ခုသုံးခု လုပ်စရာ မလိုတော့ဘူးပေါ့ဗျာ။

ဒါက ကျုပ်အကြောင်း စကားချပ် …..။

 

အထက်က နည်းလမ်းအတိုင်း လုပ်ကြည့်လို့ အဆင်မပြေတာများ ရှိခဲ့ရင် မေးမြန်းနိုင်ပါကြောင်း …..။

ဤတွင် ဒီကလာ ဟိုကိုသွား ပြီးစီးပါကြောင်း …….။

အောက်က အကြောင်းအရာများကတော့ဖြင့် စိတ်ကူးပေါက်တုန်း နည်းနည်း ထပ်ထည့်ထားခြင်း ဖြစ်ပါကြောင်း ……..။

 

+++++++++++++++++++++++++++++++++++++++

စိတ်ကူးပေါက်တုန်း နည်းနည်း ထပ်ထည့်ထားခြင်း

+++++++++++++++++++++++++++++++++++++++

 

Gmail ရဲ့ စာမျက်နှာမှာ ပေါ်တဲ့ Mail အရေအတွက်ကို အလျှော့အတင်း လုပ်လိုသူများ အနေနဲ့ ……

Settings >>> General အောက်မှာ Maximum page size ဆိုတာ ရှိပါတယ် ….။

အဲ့ဒီထဲက အပေါ်က box ထဲမှာ Mail ပေါင်း (50 – 250) အထိ အတိုးအလျှော့ ပြသဖို့ ချိန်ညှိနိုင်ပါတယ်။

ကျနော်ကတော့ Gmail မြန်မြန် တက်အောင်လို့မို့ 50 လောက်ပဲ ထားပါတယ်။

Mail ဖျက်ချင်တဲ့ အခါမျိုးမှာတော့ 250 အထိ ပြသခိုင်းပြီး Select All လုပ်လို့ မြန်မြန်ဆန်ဆန် ဖျက်ပစ်နိုင်ပါတယ်။

 

ဒီနေရာမှာ ပြသတဲ့ Mail အရေအတွက်ကို အလျှော့အတင်း ပြုလုပ်နိုင်ပါတယ်။
ဒီနေရာမှာ ပြသတဲ့ Mail အရေအတွက်ကို အလျှော့အတင်း ပြုလုပ်နိုင်ပါတယ်။

 

+++++++++++++++++++++++++++++++++++++++

 

Gmail, Gtalk အတွက် မိမိရဲ့ ပုံကို ထည့်သွင်း ထားလိုသူများ အနေဖြင့် …..

Settings >>> General အောက်မှာ My picture ဆိုတာ ရှိပါတယ် ….။

အဲ့ဒီဘေးမှာ မိမိစိတ်ကြိုက် ပုံကို ထည့်သွင်းထားနိုင်ပါတယ်။

ဒီပုံက Gtalk မှာပါ ပေါ်နေမယ်လို့ ထင်ပါတယ်။ (အထင်)

 

ပုံပြောင်းချင်ရင် ......။
ပုံပြောင်းချင်ရင် ……။

 

+++++++++++++++++++++++++++++++++++++++

 

ပို့တဲ့ Mail တွေရဲ့ အောက်မှာ မိမိရဲ့ လက်မှတ်လေး ရေးထိုးချင်သူများ အနေနဲ့ ….

Settings >>> General အောက်မှာ Signature ဆိုတာ ရှိပါတယ် …။

အဲ့ဒီမှာ Signature ထည့်ချင်သပ ဆိုရင်တော့ အောက်ကဟာလေးကို Select လုပ်ပေးပါ။

ပြီးရင် နာမည်စာပဲ ထည့်ချင်ပါက ဒီအတိုင်း ရေးလိုက်ပေါ့ဗျာ ….။

လက်မှတ် ထည့်ချင်တယ်ဆိုရင် အပေါ်ဘားထဲက Picture ထည့်တဲ့ ထဲကနေမှတစ်ဆင့် ကိုယ့်လက်မှတ်ပုံကို ထည့်သွင်းနိုင်ပါတယ် ….။

အလိုရှိသလို အသုံးချပေါ့ ……။

 

ပို့တဲ့မေးလ် အောက်မှာ လက်မှတ်လေး ဘာလေး ထည့်ချင်ရင် ဒီနေရာမှာ ထည့်ဗျာ။
ပို့တဲ့မေးလ် အောက်မှာ လက်မှတ်လေး ဘာလေး ထည့်ချင်ရင် ဒီနေရာမှာ ထည့်ဗျာ။

 

+++++++++++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++++++++++

20 comments

  • kai

    March 19, 2013 at 4:29 am

    တော်တော်တန်ဖိုးရှိတဲ့..ပို့စ်ပါ..
    တရက်…မေလ်းရာချီလာနေတဲ့.. ကျုပ်အတွက်. သုံးနေခဲ့တာကြာပေမယ့်.. ဒီနည်းကို.. ပြန်မဖြန့်ခဲ့မိပါဘူး..
    ကျေးကျေးပါနော.
    တလက်စထဲ.. မေလ်းနဲ့တွဲပြီး ..tasks လုပ်နည်းလေးပါရေးပြပါဦး..။

  • GZ

    March 19, 2013 at 7:29 am

    ဗရာကြော်ပါ ခြောက်မျက်နှာရေ…
    တလက်စတည်း အမှိုက်ပုံးထဲ ဖောဝပ်လုပ်တဲ့ နည်းလေးပါ
    အားဖြည့်ခဲ့ပါရဇီဗျို့ ..
    တချို့ တချို့သော ဖိုရမ်တွေ ကွန်မြူနတီတွေ..
    ရဲရဲတောက်စီဂျေတွေအားယီး စာပို့ပက်စက်တာပါပဲ…
    ဟာသ ပါလားပါရဲ့ ပြန်မရှဲရင် ဘာပြုပါဇီ အနာပေါက်ပါဇီ
    ကျိန်စာတိုက်ထားတာတွေ ပါလားပါရဲ့ ..ပြန်မှမရှဲရင်
    ဖင်က အမြီးပေါက်တာလို ရှက်ရမယ့် လူသားချင်းစာနာထောက်ထားတဲ့
    မေးလ်တွေလည်း ပါရဲ့ ..။ ဆင်မနာ ဝက်ရှော့ ဖိတ်စာတွေလည်းပါရဲ့
    ဈေးလှမ်းရောင်းတတ်သလို ဘယ်သူဘယ်ဝါကတော့ ကိုယ့်ကို
    ဘယ်ပေါ်မှာ ဘာလုပ်လိုက်ပီ ဆိုတဲ့ အသိပေးမေးလ်တွေလည်း မနည်း။

    ဆိုတော့ ..ဖစ်လတာ လုပ်တဲ့နေရာမှာ something@something.com
    ကလာတဲ့ မေးလ်ဆိုရင် ဂိုးတူ အမှိုက်ပုံး လုပ်တဲ့နည်းကတော့
    အပေါ်မှာ ဆြာ ၆မျက်နှာရေးထားတဲ့အတိုင်း
    Setting\ Filter\ Create a New Filter\
    ကနေပြီး ဘယ် ကလာတဲ့ စာဆို တန်းပြီး အမှိုက်ပုံးထဲ ထည့်ပါ
    ဆိုတဲ့ ကျိန်စာ တိုက်နိုင်ပါကြောင်း ..
    လက်တို့ လိုက်ရပါသည်…။

    :kwi:

    တော်သေးဘီ
    ခင်တဲ့
    ဆဲဗင်း ဂစ်လည်း ကုန်အောင်သုံးသည့်
    မိဂီ

    • kai

      March 19, 2013 at 3:31 pm

      ကျုပ်မတော့.. တနှစ်နဲ့တင်.. အခုလိုဖြစ်နေသဗျို့..
      15.8 GB (52%) of 30.1 GB
      ဒီနှစ်ကုန်ရင်.. ၃ဝဂစ်ပြည့်မယ်ထင်တယ်..

      ဆိုတော့..
      Attachment တွေကို ဖိုင်ဆိုဒ်အလိုက် စီပြီး.. လိုတာမလိုတာဖြုတ်ရင်း..အီးမေးလ်ရှင်းနည်းလေးများ
      သိရင်ပြောကြပါကွယ်..
      ကျေးဇူးဆပ်ပါမည်..။ :528:

      • ဘဂျီး ရေ …

        ဒီလိုလေးတော့ ရှိတယ်ဗျ …
        Search ထဲမှာ အောက်က ဟာလေးကို ရိုက်ထည့်လိုက်ပါ …
        အောက်က နမူနာကတော့ 1m ထက် ကြီးတဲ့ ဖိုင်တွေကို ဆွဲထုတ်ကြည့်တာပေါ့ …
        အလိုရှိသလိုသာ ကျိကျက် သုံးပေါ့ ဘဂျီးရယ် …
        ဘဂျီးဂ လူလည်ဂျီးဘာ … :mrgreen:

        larger:1m older_than:1y

  • ကြည်ဆောင်း

    March 19, 2013 at 9:44 am

    ကျေးဂျူးကမာ္ဘပါ …မဟာရာဇာ မောင်မောင်အံစာရေ..
    Bookmarks အရင်ဆုံးလုပ်ပြီး အခုဘဲ သုံးလိုက်ပါတော့မယ် ဆိုတဲ့အကြောင်း သတင်းပို့လိုက်ပါတယ်..

  • Mr. MarGa

    March 19, 2013 at 9:55 am

    ပြောနေကြာတယ်
    အခု ခွဲမယ်
    ခွဲချင်တာ ကြာပကွယ့်
    စမ်းရမှာ ပျင်းလို့ ဒီအတိုင်းလေး နေပြီး search လေးနဲ့ပဲ ပြန်ပြန်ရှာနေတာ ကြာပေါ့
    ဆြာဂီ ပြောသွားတာလေးကိုလဲ လုပ်မယ်
    မဟုတ်ရင် မျက်စိရှုပ်စရာတွေ ဝင်ဝင်လာလို့

  • KZ

    March 19, 2013 at 10:10 am

    ဘာမှ ပြောတော့ ဘူး။
    ကျေးဇူးတင်တယ်။
    ဒါပဲ။ :mrgreen:
    ခုတလော ဒီ ဂျီမေး ဘက် ပြန်လှည့်မိနေလို့ အသုံးဝင်တယ် လို့ ပြောတာပါ။
    အဲ။ ဒါနဲ့ ညည်း အတွက် ဆေးနည်းနဲ့ မေး(လ) နဲ့ က လာမယ် ကြာမယ်။
    :kwi:

  • awra-cho

    March 19, 2013 at 12:04 pm

    အခုမှ လုပ်တတ်တာဗျို့ ကျေးဇူးပါပဲဗျာ၊ ဒါနဲ့ သူများ မေးလ်နဲ့ ဖော်ဝပ် ချိတ်ထားမိတာ သူများဟာတွေ အကုန်ကိုယ့်ထဲ ရောက်ရောက်နေတယ်ဗျာ၊ သူ့ကိုလဲ မပြောချင်ဘူး၊ ကိုယ့်ဘက်က ဘယ်လိုဖြုတ်ရမလဲ၊ ကိုယ့်ဘက်ကဟာလဲ အဲ့ဒီကိုသွားနေလားမသိ၊ အကြံပေးပါအုံးဗျို့၊

    • kai

      March 19, 2013 at 3:36 pm

      ကိုယ့်ဖက်ဟာ သွားနေမနေကတော့.. Setting > Forwarding and POP/IMAP မှာသွားဖြုတ်ရမယ်လို့ထင်တယ်..။
      သူ့ဟာကိုတော့.. သူ့ဆီမှာဖြုတ်ရမှာ..။
      မဖြုတ်နိုင်ရင်.. ဂီဂီပြောတဲ့..အမှိုက်ပုံးဖေလ်တာသာ သုံးတော့ဗျို့..။

  • kyeemite

    March 19, 2013 at 1:27 pm

    ကျေးဇူးအကြီးကြီးတင်ပါတယ် ကိုရင်အံစာရယ်..
    အခုဖန်တီးကြည့်လိုက်ပြီးပီ…အဆင်ပြေပါဂျောင်း….. :hee:

  • မောင် ပေ

    March 19, 2013 at 2:06 pm

    ခြစ်သွားပီ ညီလေးရေ
    အစ်ကိုက man ပါနော
    အခုလို မျိုး တစ်ခါမှ မလုပ်တတ်ခဲ့ဘူး
    သိလဲ မသိခဲ့ဖူးဘူးရယ်
    ဆိုတော့က
    ကလိလိုက်ဦးမယ်
    ကျေးဇူးရှဲရှဲပါနော

  • mobile

    March 19, 2013 at 3:12 pm

    ဒါလေးတွေဂိုဒေါ့ ဆေ့ဗ်ထားလိုက်ပါ၏………..
    နောက်ထပ်တစ်ခုသိခွင့်ရှိမယ်ဆိုရင်……………
    ကျုပ်ဗျာ ဝက်ဘ်ဆိုဒ်တစ်ခုဂနေ တင်သမျှပို့စ် အီးမေးထဲ ဝင်အောင်ဆိုပီးလုပ်ထားမိတယ်………
    အခုအဲ့ဒါတွေဂ အရမ်းမျက်စီရှုပ်တယ်………. ဝင်မလာအောင် ဘယ်လိုလုပ်လို့ရမယ်ဆိုတာလေးပါ….
    အခြားသိသူကလည်း ဖြေပေးပါအုံး…………
    ထိုက်တန်စွာကျေးဇူးဆပ်ပါမည်…………………………….

    • Moe Z

      March 19, 2013 at 3:24 pm

      GZ says:

      ဗရာကြော်ပါ ခြောက်မျက်နှာရေ…
      တလက်စတည်း အမှိုက်ပုံးထဲ ဖောဝပ်လုပ်တဲ့ နည်းလေးပါ
      အားဖြည့်ခဲ့ပါရဇီဗျို့ ..
      တချို့ တချို့သော ဖိုရမ်တွေ ကွန်မြူနတီတွေ..
      ရဲရဲတောက်စီဂျေတွေအားယီး စာပို့ပက်စက်တာပါပဲ…
      ဟာသ ပါလားပါရဲ့ ပြန်မရှဲရင် ဘာပြုပါဇီ အနာပေါက်ပါဇီ
      ကျိန်စာတိုက်ထားတာတွေ ပါလားပါရဲ့ ..ပြန်မှမရှဲရင်
      ဖင်က အမြီးပေါက်တာလို ရှက်ရမယ့် လူသားချင်းစာနာထောက်ထားတဲ့
      မေးလ်တွေလည်း ပါရဲ့ ..။ ဆင်မနာ ဝက်ရှော့ ဖိတ်စာတွေလည်းပါရဲ့
      ဈေးလှမ်းရောင်းတတ်သလို ဘယ်သူဘယ်ဝါကတော့ ကိုယ့်ကို
      ဘယ်ပေါ်မှာ ဘာလုပ်လိုက်ပီ ဆိုတဲ့ အသိပေးမေးလ်တွေလည်း မနည်း။

      ဆိုတော့ ..ဖစ်လတာ လုပ်တဲ့နေရာမှာ something@something.com
      ကလာတဲ့ မေးလ်ဆိုရင် ဂိုးတူ အမှိုက်ပုံး လုပ်တဲ့နည်းကတော့
      အပေါ်မှာ ဆြာ ၆မျက်နှာရေးထားတဲ့အတိုင်း
      Setting\ Filter\ Create a New Filter\
      ကနေပြီး ဘယ် ကလာတဲ့ စာဆို တန်းပြီး အမှိုက်ပုံးထဲ ထည့်ပါ
      ဆိုတဲ့ ကျိန်စာ တိုက်နိုင်ပါကြောင်း ..
      လက်တို့ လိုက်ရပါသည်…။

  • ခွေးအိုကြီး လက်ပေး တတ်အောင်သင်ပေးသော မောင်မောင်အံကျေးဇူးပါ။
    တစ်နှစ်ပြည့်တော့မယ်နော်။
    မှတ်မိလား

  • GaviaGirl

    March 19, 2013 at 4:13 pm

    အဟမ်း..နာကတော့… ကိုယ်ထည့်ချင်တဲ့မေးလ်တစ်ခုကို select လုပ်… အပေါ်က More ထဲက Filter message like these ကို နှိပ်… Create filter with this search » နဲ့သွား… အဲ့ဒါဆို Choose lavel ဆိုတဲ့နေရာကို တစ်ခါတည်း တန်းရောက်သွားရော… ပြီးရင် New Label ကိုရွေး… bla..bla.. ဆက်လုပ်လိုက်တယ်… ဟိဟိ… နာသိတာ နာပေါကြည့်တာ.. စိတ်မဆိုးနဲ့နော်… :mrgreen:

  • အားလုံးဘဲ ခညာ ..

    ခုလို လာရောက် အားပေးဂျဒါ ကျေးကျေး ကမ္ဘာဘာ ခည ..
    နို့ .. လောလောဆယ် အားသေးဘူး ဖစ်နေဒဲ့တွက် ..
    ည ကျမှဘဲ အေးဆေး Reply လုပ်ဘာမည် ဆိုသည့်အကြောင်း ..

    ချင်ခြင်းများဖြင့် …
    မဟာအံ

  • အာဂ

    March 19, 2013 at 5:09 pm

    တိတွားဘီ..နောက်နေ့က စပြီး ခြောက်မျက်နှာမေးတွေကို ဒီလိုလုပ်ပစ်မယ်..ဘာရမလဲ..ကွ..။ ဟွင်းဟွင်း

  • MaMa

    March 19, 2013 at 5:23 pm

    အလွန်ကောင်းပြီး အကျိုးရှိပါပေတယ် မဟာအံ။
    ကိုယ့်မေးလ်က ဒီလို ဟိုလိုတွေ အများကြီး မရှိတာက တစ်ကြောင်းးး
    ဖတ်ရ မှတ်ရ ရွှေ့ရ ပြောင်းရကို ပျင်းတာက တစ်ကြောင်းးးးးးးးး :harr:

  • manawphyulay

    March 19, 2013 at 8:37 pm

    မရောက်တာကြာလို့ ခဏလာကြည့်တာ။ နောက်မှသေချာဖတ်တော့မယ်။

Leave a Reply