ဓားပြတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

ရာမညMarch 19, 20131min1057

 

တစ်ခုသော နွေနေ ့လည်၌ ကျွန်ုပ်နှင် ့ မိတ်ဆွေကြီးကိုမြင့်ကျော်တို့သည် လောကနတ် လက်ဘက်ရည်ဆိုင်တွင်

ထိုင်၍ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုလျှက်ရှိလေသည် ။

ထိုသို့ပြောဆိုရာတွင် ထူဆန်းသောစရိုက်ရှိသည့်

ရာဇဝတ်ကောင်များနှင် ့ ဆန်းပြားသော အဖြစ်အပျက်တို့လည်းပါဝင်ရာ ကျွန်ုပ်၏တပည့်နှစ်ယောက်မှာ ပါးစပ်

အဟောင်းသားနှင့် အံ့ဩနေလေတော့သည် ။

ဤတွင် ကျွန်ုပ်နယ်၌ တာဝန်ကျစဉ်က ကြုံခဲ့ရသော ဓားပြမှုတစ်ခုအား သတိယသဖြင့် ပြောပြမိလေတော့သည် ။

 

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ကျွန်ုပ် ၏ရုံးခန်းဝတွင် တာဝန်ကျ စာရေးကြီးမှ ခွင့်တောင်းဝင်ရောက်လာ၍

“ဆရာ ညက တောင်စုရွာမှာဖြစ်တဲ့ ဓားမြမှုက တရားခံတွေ ရောက်လာပါပြီ။ထွက်ဆိုချက် ယူတော့မလားဆရာ”

“ အေး ကောင်းသားပဲ …. စာရေးကြီးပဲ ယူထားလိုက်လေ ”

“ ဟုတ်ကဲ့ဆရာ ”

စာရေးကြီးပြန်ထွက်သွားပြီးနောက် ဝရမ်းယူထားသော အမှုတွဲတစ်ခုအား ရုံးတင်စွဲဆိုနိုင်ရန် တည်ဆောက်

နေစဉ် တစ်ဖက်ခန်းမှ တရားခံ၏ စကားသံကြောင့် ကျွန်ုပ်မှာ နားစွင့်မိလေတော့သည်။

“ ဆရာရယ်…  ကျွန်တော်တို့က မရျိလို့ဓားပြတိုက်စားတာပါ …. ဘာလက်နက်မှလည်း မရှိပါဘူးဗျာ ….”

စာရေးကြီးမှ “ ဒါဆို … ဘာနဲ့ တိုက်သလဲကွ …

“ အဲဒါနဲ့လေ …. ကျွန်တော် သုံးခါ တိုက်ပြီးပါပြီ …. နှစ်ခါထိလွတ်ပါတယ် ….ခုမှ ….”
“ဒါလား …. ဟားဟားဟားဟား …”
စာရေးကြီး၏ ရယ်သံကြောင် ့ ကျွန်ုပ်မှာ မနေနိုင်တော ့ပဲ အမှုစစ်သည် ့နေရာသု ့ိ သွားကြည် ့လေသောအခါ
ငိုအားထက် ရယ်အားသန်မိလေသည် ။ အကြောင်းမှာ ထိုဓားပြဟုဆိုသောတရားခံ၏ လက်နက်သည်ကား
ကလေးများကစားသော ပလပ်စတစ်သေနတ်ဖြစ်နေကြောင်း တွေ ့ရလေတော ့သည် ။

ကျွန်ုပ်တို ့၏ ဇတ်လိုက်ကြီး ဓားပြမှာ မုဆိုးမသားအမိနေထိုင်ရာအိမ်သို ့ လမိုက်ညတွင် ဓားပြဝင်တိုက်ခဲ ့သည်
တောရွာများဖြစ်သည် ့အားလျော်စွာ မီးမရှိသည် ဖြစ်၍ မှောင်မိုက်နေရကား မည်သည့်အရာမျှသဲကွဲစွာ မမြင်
ရပေ ။ ဓားပြ နှစ်ယောက်မှာ ပလတ်စတစ်သေနတ်များဖြင် ့ မုဆိုးမသားအမိအားခြိမ်းခြောက်ပြီးလျှင်
နားကပ်နှစ်ရံနှင် ့ ဆွဲကြိုးတစ်ကုံးအပြင် ငွေအနည်းငယ်ပါရရှိကြလေသည် ။
အဖွားကြီးနှင် ့ မိန်းကလေးမှာ ကြောက်ရှာလွန်းသဖြင် ့ ခေါင်းငုံ ့၍ ဝပ်နေလေ၏။ ဓားပြမှာ ပစ္စည်းများရပြီး
သောအခါ ရုပ်ရှင်ထဲမှလူဆိုးစတိုင်ဖြင် ့ အဖွားကြီး၏ခေါင်းအား သေနတ်ဒင်ဖြင် ့ထုလိုက်လေတော ့သည် ။

ဤတွင် ခွပ် ဟူ၍ ခတ်အက်အက် ပလတ်စတစ်သံ ထွက်လာလေသောအခါ အဖွားကြီးမှာသဘောပေါက်
သွားပြီး အနီးရှိတံမျက်စည်း ဖြင် ့ရိုက်၍ အသံကုန်ဟစ်လေတော ့သည်
“လာ ကြ ပါ ဦး ရှင်…….. ဟောဒီမှာ ဓားပြ တိုက်နေလို ့ပါ ဓားပြ ဓားပြ …”
သို ့နှင် ့ အရပ်ထဲမှလူများဝိုင်းဝန်းဖမ်းဆီးပြီးလျှင် ကျွန်ုပ်တို ့ ရဲ စခန်းသို ့ ပို ့လိုက်ခြင်းဖြစ်ပေတော ့သည် ။

ထိုဇတ်လမ်းကိုပြောပြပြီးသောအခါ …. အလွန် အိဒ္ဒြေကြီးလှလေသော ကိုမြင် ့ကျော်သည်ပင် အားရပါးရ
ရယ်လိုက်လေရာ ………..
ဟား ဟား ဟား ဟား ……

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကြိုးစားပါဦးမည်

ရာမည

7 comments

  • ဦး ကျောက်ခဲ

    March 19, 2013 at 8:11 am

    ဒီဓားပြနှယ်… ဓားပြပါး မဝလိုက်တာ
    သရုပ်တူအောင် အဘွားကြီးကို ပလတ်စတစ် သေနတ်ဒင်နဲ့ထုမိတော့…
    အခု ရဲကိုကိုတို့က အမှန်အကန်နဲ့ ထုတော့မယ်လေ… ဟီး ပစ္စည်းမဲ့လူတန်းစား…
    :kwi:

    • ရာမည

      March 19, 2013 at 8:46 am

      မင်္ဂလာပါဦးကျောက်ခဲခင်ဗျာ
      ဒီဇတ်လမ်းက တကယ် ့ဖြစ်ရပ်မှန်ပါ ။နယ်တစ်ခုမှာ ဖြစ်ပွားခဲ ့တာဖြစ်ပြီး
      အမှန်တကယ်လည်းထောင်ကျသွားပါတယ် ။
      လက်နက်မှု တော ့မပါဘူးပေါ့လေ ။
      ဓားပြမဖြစ်သင် ့ပဲဓားပြဖြစ်ခဲ့သူတွေရှိသလို
      အလွယ်ထားလို့ လက်ယားပြီးသခိုုးဖြစ်ခဲ့သူတွေလည်း
      အများကြီးရှိခဲ့ပါတယ်

  • ရွှေတိုက်စိုး

    March 19, 2013 at 1:19 pm

    ညံ့လိုက်တဲ့ ဓားပြဗျာ……… သေနတ်အတုနဲ. ထုရတယ်လို.. ကိုယ့်ဟာကို ပစ္စည်းရပီး ပြန်သွားရင်တောင် အဖမ်းမခံရလောက်ဘူး……….
    ဟဟ

    • ရာမည

      March 19, 2013 at 1:29 pm

      ဟုတ်ပါတယ်
      တခါတလေ တရားခံဖမ်းမိတယ်ဆိုတာ ဖမ်းတဲ ့သူတော်လို ့မဟုတ်ပါဘူး
      ကျူးလွန်တဲ ့တရားခံက ညံ့လွန်လို့ပါ ။
      ကျေးဇူးပါဗျာ

  • kyeemite

    March 19, 2013 at 2:00 pm

    ကောင်းပါလေ့ဗျာ..စိတ်ဝင်စားစရာ
    မှု့ခင်းဝတ္ထုလေးတွေရေးပါအုံးဗျ.. :hee:

  • မောင် ပေ

    March 19, 2013 at 2:09 pm

    ဟားဟားဟားဟား
    ဗြွတ်ကြီးက ကော်ကျွတ်ကြီးတော်ရေ ့
    ဟီဟိ
    အားပေးသွားပါတယ် ရဲကိုကိုခင်ဗျ

  • mobile

    March 19, 2013 at 3:23 pm

    ဒီဓါးပြနှယ် အလိုက်ထှာ………….သေနတ်အတုနဲ့ တိုက်ရဒယ်လို့………
    ကျုပ်တောင် တလောကမှ သေနတ်တစ်လက် ထပ်ဝယ်ထားသေးတယ်………
    အမြတ်ရရင်တော့ ပြန်ရောင်းမှာပါ……………
    ++
    xxx
    ++++
    ++++++
    xxxxxxxx
    ဒီနှစ်သင်္ကြန်မှာ အဲ့ဒီသေနတ်နဲ့ ကဲးမယ်……………………………

Leave a Reply