အိုလျှောက်ပူ လေပွနေခြင်း …

ကထူးဆန္းMarch 19, 20132min25121
၁၆-၃-၂၀၁၃ ။ နံနက် ၉း၁ဝ နာရီ ။ အာဇာနည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်း မီးပွိုင့် အနီး
၁၆-၃-၂၀၁၃ ။ နံနက် ၉း၁ဝ နာရီ ။ အာဇာနည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်း မီးပွိုင့် အနီး
၁၆-၃-၂၀၁၃ ။ နံနက် ၉း၁ဝ နာရီ ။ အာဇာနည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်း မီးပွိုင့် အနီး
၁၆-၃-၂၀၁၃ ။ နံနက် ၉း၁ဝ နာရီ ။ အာဇာနည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်း မီးပွိုင့် အနီး

၁၆-၃-၂၀၁၃ က တွေ့ခဲ့တာ ကို လေပွ နေပေမဲ့ တစ်ဘူဘူ မဖြစ်ရအောင် ထိန်းချုပ်ခဲ့ ပေမဲ့လည်း ဒီနေ့ Traders Hotel နား ကိုရင်ဝတ်တွေ ၁ဝ ပါး( ယောက်) လောက် တွေ့ တော့ သံသယ ဖြစ်လာတာ နဲ့ စောင့် ကြည့် လိုက်တော့ ထင်တဲ့ အတိုင်းပါဘဲ ။

နိုင်ငံခြားသားများကို စောင့်စား နေတာ တွေ့တော့ အိုလျှောက်ပူ လေပွ လိုက်တာ ခွင့် လွှတ် ကြပါ ကုန် ။

Traders Hotel နှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက်  ၉းဝဝ နာရီ
Traders Hotel နှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက် ၉းဝဝ နာရီ
Traders Hotel 32 လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက်  ၉းဝဝ နာရီ .နိုင်ငံခြားသူ ထံမှ အလှုလိုက်ခံ နေစဉ်
Traders Hotel 32 လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက် ၉းဝဝ နာရီနိုင်ငံခြားသူ ထံမှ အလှုလိုက်ခံ နေစဉ်
Traders Hotel ၃၂ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက်  ၉းဝဝ နာရီ
Traders Hotel ၃၂ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက် ၉းဝဝ နာရီ
Traders Hotel ရှေ့ ဆူးလေ ဘုရား လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက်  ၉းဝဝ နာရီ
Traders Hotel ရှေ့ ဆူးလေ ဘုရား လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ။ ၁၉-၃-၂၀၁၃ ။ နံနက် ၉းဝဝ နာရီ

သာသနာ အရောင် ထွန်းလင်းပြောင်နိုင်ပါစေ။

21 comments

  • မောင် ပေ

    March 19, 2013 at 1:32 pm

    အကုန်ခေါ်ပြီး လူဝတ်လဲ ပေးလိုက်ရမှာဗျာ
    တစ်ကယ်ပါပဲ
    လေဒယ်

  • kyeemite

    March 19, 2013 at 2:52 pm

    ပထမဆုံးပုံက ဘုန်းကြီး လမ်းဘေးကျကျနန
    ထိုင်ပီး သပိတ်ချအလှူခံနေတာတော့
    တော်တော်ဆိုးရွားတယ်ဗျို့..
    အလှူခံတာနဲ့မတူပဲ တောင်းစားနေသလိုဖြစ်နေပြီ…ဒွတ်ခ
    ရပ်ကွက်ထဲကလဘက်ရည်ဆိုင်တွေထဲလည်း
    ကထူးဆန်းဓါတ်ပုံထဲကအရွယ် ကိုရင်ပေါက်စတွေ
    လိုက်အလှူခံနေတာ ရုပ်ဆိုးသဗျာ..ကျနော်တော့ တစ်ခါမှ မလှူဖြစ်ဘူး…

    • ကထူးဆန်း

      March 20, 2013 at 11:31 am

      ဦးကြီးမိုက်ရေ .. နေရာက လမ်းသွားလမ်းလာ မများတော့ အဲ့ဒီလို အလှုခံတဲ့ ပုံတော့လည်း ပေါ်ဘူးရယ် ။ ဒါပေမဲ့ ကျကျနန စတည်းချ ။ သင်္ကန်းတွေလည်း လှန်းထားတော့ အမြင်မသင့်တော်ဘူးထင်လို့ ပါ ။

  • အမှန်က ဒီလူ လူတွေကိုရှင်းမပစ်နိုင်တော့
    သာသနာပြန့်ပွားရေး အတွက် လုပ်နေသူ
    (ထပ်ပြောရင် သာသနာပြန့်ပွားရေးလုပ်နေတာကတော့ ဘာသာတိုင်းမှာလုပ်နေကြတာပါဘဲ)
    တွေကို ပါ ရောပြီး သူများလက်ညိုးထိုးစရာဖြစ်နေပါတယ်။
    တရားဥပဒေနဲ့ ထိရောက်စွာအရေးယူ ကာကွယ်သင့်ပါတယ်။

  • ရွှေတိုက်စိုး

    March 19, 2013 at 4:58 pm

    မီးပွိုင်းထောင့်မှာ ဆန်းဆန်းရှိ တယ်ဆိုနေ…….
    ဟော့ ဒီလူကြီး မီးပွိုင်တွေကို နေ.တိုင်း သွားထိုင်စောင့်နေတာများလား………..အင်းးးးးးးးးးးးး

    အဲဒီအလှူခံတဲ့ ကိစ္စကို ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး………ဟူးးးးးးးးးး မောထာ..

  • MaMa

    March 19, 2013 at 6:32 pm

    တကယ်ပြောဖို့ကောင်းတဲ့…..
    ပြောဖို့လိုတဲ့ …..
    ပြောစေချင်တဲ့…..
    အဖြစ်အပျက်တွေပါပဲ။

  • ဦးဦးပါလေရာ

    March 19, 2013 at 6:45 pm

    တကယ်တာဝန်ရှိတာက
    အစိုးရမဟုတ်ပါ
    မဟန နဲ့ သာထွန်းပြန့် ဖြစ်ပါတယ်။

    အဲဒီအတိုင်းပစ်ထားရင်
    တစ်နေ့ …
    သင်္ကန်းဝတ်ပြီးတောင်းရာကနေ
    သင်္ကန်းဝတ်ပြီးလိမ်တာတို့
    သင်္ကန်းဝတ်ပြီး ခိုးတာတို့ သင်္ကန်းဝတ်ပြီး လု တာတို့ ဖြစ်လာမှာဖြစ်တယ်။

    အဲသလိုမဖြစ်စေချင်ရင်
    သင်္ကန်းကို ဝတ်ချင်တိုင်းဝတ်လို့မရမှဖြစ်မယ်
    သင်္ကန်းဝတ်ပြီးရင်လဲ နေချင်တိုင်းနေလို့မရမှဖြစ်မယ်။
    အနည်းဆုံး (အနည်းဆုံး)-
    ခေတ်နဲ့ဆီလျှော်တဲ့ ဝိနည်းစည်းကမ်းတွေကျင့်သုံးနိုင်သူကိုသာ သင်္ကန်းဝတ်ဖို့ ခွင့်ပြုမှဖြစ်မယ်။

    တော်သေးတယ်…
    ကျုပ်ငယ်ငယ်က သင်္ကန်းအပြီးဝတ်ဖို့စိတ်ကူးမိသေးတာ..
    မဝတ်ဖြစ်တာ ကံဖယ်တာပဲ…။
    မဟုတ်ရင် ကိုယ်ပါရောယောင်ပြီး အထင်သေးခံရမှာ
    ကံများဆိုးရင် ဦးပါလေရာလို ဂွစာတစ်ယောက်ရဲ့ ပါးစပ်တစ်လုံးနဲ့ ပြောချင်တိုင်းလျှောက်ပြောတာကို ငုတ်တုတ်ကြီးအောင့်ခံနေရမှာ….


    • ကျုပ်ငယ်ငယ်က သင်္ကန်းအပြီးဝတ်ဖို့စိတ်ကူးမိသေးတာ..

      ကျနော်လည်း ဒီလိုပါပဲ ….
      ဒါမယ့် .. ဒါမယ့် .. ပြောမကောင်းလို့ ချန်ခဲ့ပါတယ် …
      အခု ဥပါ က ဘီလောက် ချိပဒုံး …
      မသေခဲ့ရင် လာမယ့် ၁၃ နှစ်လောက်ထိ စောင့်ဘာလား …
      အိုက်ကျရင် ကျုပ်နဲ့တူတူ အေးချမ်းမှုကို ရှာဖွေတာပေါ့ဗျာ …
      ကိုင်းးး ဘိုလဲ ပြော …. :mrgreen:

      • ဦးဦးပါလေရာ

        March 20, 2013 at 11:48 pm

        ဒီမယ်မောင်ရင်-
        ကျုပ်က စားအုံးဆီနဲ့ အချိုမှုန့်တွေပါတဲ့ အပြင်စာတွေကိုအစားများတယ်
        ဆေးလိပ်လဲ ခေါင်းမာမာနဲ့ သောက်နေတုန်း
        အသက်လဲ လေးဆယ့်ရှစ်ပြည့်တော့မယ်
        အိုက်ဒါ နောက်ဆယ့်သုံးနှစ်ခံပါတော့မလားလို့…..
        :mrgreen:

        • ဘာ .. အခုမှ ကျောက်ဘာဘီလဲ … :mrgreen:
          ရဘူး .. ရဘူး …
          ပေါပီး စလစ် နံပါတ်တစ်ဘဲ ….
          အိုက်အချိန်ဂျရင် ဥပါဂျီးကို လာခေါ်မှာ ..
          ဒါဗျဲ … ပုန်းဖို့ မချင်းချားနဲ့ … ငွင်းး ငွင်းးး

  • padonmar

    March 19, 2013 at 10:24 pm

    သီလရှင်ကလေးတွေလည်း နိုင်ငံခြားသူတွေကို အတင်းအလှူခံနေတာတွေ တွေ့နေရပါတယ် အိုပါးလျှောက်ပူရေ။

    • ကထူးဆန်း

      March 20, 2013 at 11:36 am

      ရွှေတိုက်ရေ ..
      အခြေအနေမကောင်းတဲ့ တစ်နေ့ ဘယ်မီးပွိုင့် မှာ လုပ်စားလို့ ရမလား နေရာရှာထား… အဲအဲ ဟုတ်ပါဘူး..မီးပွိုင့်တွေ က ကားရပ်ထားတော့ လက်အားပြီး ဖွစရာ ရတယ်လေ… Traders နားကတော့ မနေနိုင်လို့ ကားပေါ်က ဆင်းပြီး သွားရိုက်ခဲ့တာပါ … :hee:

      ကံဆိုးတော့ ဦးဦးပါလေရာ ပါးစပ်နဲ့ မတွေ့ခင် ကထူးဆန်း လေပွတာ နဲ့ တိုးသွားတယ် .. :kwi:

  • kai

    March 20, 2013 at 6:00 am

    ဟေ့..ဟိုမှာ..
    “ဘက”ပညာသင်ကျောင်းတွေ တွေ့လား..
    လာခဲ့အနာဂါတ်..
    အမှောင်ထဲမှာအမဲ.. အမဲပေါ်မှာ အပြဲ…
    တရွဲရွဲနဲ့
    အနာဟောင်းရဲ့ ပိုးထိုးလောက်ကိုက်ရာ..။ ။

    • weiwei

      March 20, 2013 at 8:33 am

      ဘာမှ မဆိုင်ပါဘူး သူကြီးရေ ..
      အခုခေတ် ဘက ကျောင်းတွေဆိုတာ အစိုးရကျောင်းနဲ့ အတူတူပါပဲ … ဘုန်းကြီးကျောင်းဝင်းထဲမှာကျောင်းဖွင့်ပြီး ကျောင်းစရိတ်မပေးရတာပဲ ကွာပါတယ် … ဆရာ ဆရာမ ဆိုတာ ဘုန်းကြီးတွေမှ မဟုတ်တာပဲ ..

      အလှူခံ (တောင်းစား) တဲ့ ဘုန်းကြီးတွေဟာ အများအားဖြင့် အတုတွေနဲ့ ကျောင်းအတည်တကျမရှိသူတွေဖြစ်ပါတယ်။ တကယ့် စာသင်သား ဘုန်းကြီးတွေဆိုရင် အဲဒီလိုမလုပ်ပါဘူး … ကျောင်းထိုင်ဘုန်းကြီးရဲ့ စည်းကမ်းအတိုင်းနေကြပါတယ် … အခုလို စုန်းပြူးဘုန်းကြီးတွေကြောင့် တကယ့်စစ်မှန်တဲ့ သံဃာတော်တွေပါရောပြီး နံမည်ပျက်ရတာကိုတော့ စိတ်မကောင်းဖြစ်ရပါတယ် ..

    • ဆူး

      March 20, 2013 at 11:26 am

      သဂျီး က တော်တော် ခက်တာပဲ.. မြေနိမ့်ရာ လှံစိုက်ချင်တဲ့ စိတ်တော်တော် ရှိတာပဲ..
      ဆင်းရဲတဲ့ ကလေးတွေ ပညာမဲ့ပြီး စရိုက်ကြမ်းကြမ်းတွေ မဖြစ်ရလေအောင် ဘုန်းကြိးက စာသင်ပေးထားရတာ..
      မဆိုင်တာ ကို ဂလိုင်ခေါက်ဖို့ မကြိုးစားပါနဲ့..
      ဘက ကျောင်းတွေမှာ ပညာသင်ပြီး ယနေ့ ပါရဂူကြီးတွေ ဖြစ်နေတဲ့ ပုဂိ္ဂုလ်တွေ အများကြီး ရှိပါတယ်။
      လူတယောက် မကောင်းတာနဲ့ အများ မကောင်းဘူးလို့ ပြောလို့ မရဘူး..
      အတု အယောင်တွေ ရှိတာ မှန်တယ်.. မဖြစ်သင့်ဘူး.. အဲ့ဒီ ကိစ္စ နဲ့ ဘက ကျောင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။
      မယုံရင် ပလပ်စတစ် ကောက်တဲ့ ကလေးတယောက်လောက် တလလောက် အိမ်ခေါ်မွေးကြည့်ပါလား.. ဘက ကျောင်း လိုမလို သိလာလိမ့်မယ်။

    • ရွှေတိုက်စိုး

      March 20, 2013 at 12:50 pm

      ဟုတ်ပ သူကြီးနှယ့် အဲလို လျှောက်ရမ်းပြောတာလောက် မုန်းတာမရှိဘူး..
      မုန်းထာအေ……….

    • kai

      March 20, 2013 at 2:47 pm

      ကျုပ်ဗစ်ရှင်းမမှားရင်..
      ဒီအတိုင်းသာတွေးကြ..ဆက်သွားကြ..
      အဲဒီကလေးတွေအရွယ်ရောက်တဲ့အချိန်မှာ.. မြန်မာပြည်မှာ.. ယဉ်ကျေးမှုတော်လှန်ရေးဖြစ်လိမ့်မယ်…
      တိုင်းပြည်ကို.. အခုအရှေ့အလယ်ပိုင်းတိုင်းပြည်များလို.. အစွန်းရောက်နေရာဒရွတ်တိုက်ဆွဲခေါ်လိမ့်မယ်..

      သာဓု… :buu:

      • ဆူး

        March 21, 2013 at 12:32 pm

        သဂျီး အခု မန့် ရေးတာ မျက်မှန်ထူကြီး ချွတ်ပြီးရေးတာလား တပ်ပြီးရေးတာလား

        • Novy

          March 21, 2013 at 2:27 pm

          သူကြီး မျက်မှန်စိမ်းကြီး တပ်ပြီရေးနေပါကြောင်း..

  • marga thagyar

    March 21, 2013 at 11:24 am

    What are you doing religious minister? You are responsible for this fake monk.

  • Mr. MarGa

    March 21, 2013 at 12:14 pm

    အမြင် မတော်တာတွေမို့
    ပြင်ဆင်ရန်လို။
    သို့သော်
    ထိုအတွေးများကြောင့် ဝါးလုံးရှည်နှင့် သိမ်း မရမ်းသင့်
    ထိုကိစ္စကို သံဃာခေါင်းဆောင်များသာ ရှင်းလင်းပေးသင့်
    (တွေးမိတာလေးများ)

Leave a Reply