messenger ဂျာနယ်ပါ လက်ပံတောင်း အစီရင်ခံစာနှင့်ပတ်သက်ပြီး မင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

လက်ပံတောင်းတောင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

သစ်ထူးလွင် ဝက်ဘ်ဆိုက်မှ ကူးယူသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် နယ်ပယ်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှု များရှိနေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍

၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger  ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။

ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီ အစီရင်ခံစာ အပေါ်မှာ အခြေခံပြီးတော့မှသာရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို စဉ်းစားရမှာဖြစ်တယ်။ အဲဒါ လေးကိုတော့ ရှင်းကြဖို့လိုတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ က တစ်စုံလုံးကို ကန့်ကွက်တာမျိုး တစ်စုံ လုံးကိုထောက်ခံတာမျိုး၊ ဘယ်လိုမှလည်း လုပ်စရာ မလိုဘူး။ နောက် တစ်ချက်က အဲဒီအစီရင်ခံစာပေါ်မှာ အခြေခံ စဉ်းစားရုံတင်မကဘူး။ အဲဒီအစီရင်ခံစာပေါ်မှာ သဘောထားကွဲလွဲ တဲ့ ဒေသဆိုင်ရာကပုဂ္ဂိုလ်တွေ ဒေသခံ ပြည်သူတွေရဲ့စိုးရိမ်မှု သဘောမတူမှုတွေကို အေးချမ်းစွာ ပြောဆိုခွင့် ဖော်ထုတ်ခွင့်ပေးပါ။ အဲဒီနှစ်ချက်အပေါ် အကောင်းဆုံးအဖြေရှာပြီး အကောင်းဆုံးဖြစ်တဲ့လမ်းကို ရွေးရပါလိမ့် မယ်။

လက်ပံတောင်းတောင် ပဋိပက္ခစဖြစ်တဲ့ အချိန်မှာ ရော အကြမ်းဖက်နှိမ်နှင်းမှုဖြစ်တဲ့ အချိန်မှာရော ၈၈ မျိုးဆက် တွေအနေနဲ့ ပါဝင်ခဲ့ပေမယ့် အခုအစီရင်ခံစာ ထွက်လာ တဲ့ အပေါ်မှာတော့ ဘာမှမပြောဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတိုင်းမှာ ကျွန်တော်တို့ကြောင့်ကြမဲ့ ဘယ်တော့မှ မနေပါ ဘူး။ ကျွန်တော်တို့ ကြိုတင်ပြီးတော့ စဉ်းစားထားတာတွေနဲ့ ထွက်လာတဲ့ အစီရင်ခံစာရဲ့ ရလဒ်တွေနဲ့ ဘယ် လောက်ကွာဟတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေ ဒီအပေါ်မှာ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ကျွန်တော် တို့ နားစွင့်ထားပါတယ်။ ဒီနေ့လိုအပ်တဲ့ အချိန်မှာ  ကျွန်တော်တို့ သဘောထားကို ထုတ်ဖော်ပြောကြားတော့ မှာပါ။ အဲဒီတော့ အဓိက ကျွန်တော်တို့ အစိုးရိမ်ဆုံး အချက်က ကျွန်တော်တို့အတွက်ဒါက စိန်ခေါ်မှုဖြစ်နေ တယ်။ ကောင်းပြီ၊ ဒါကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲ ပစ်မယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီအင်အားစု တွေ အချင်းချင်း တကယ်တိုက်တုန်းကအတူတိုက်ခဲ့ ကြတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကြား မှာ ဒီကိစ္စကြောင့် စိတ်ဝမ်းမကွဲစေချင်ဘူး။ အင်အားတွေ ပြိုပျက်မသွားစေချင်ဘူး။ မတူတဲ့သဘောထားကို နောက် ဆုံးတူတဲ့အထိညှိရပါလိမ့်မယ်။ အဲဒီယဉ်ကျေးမှုကို တည်ဆောက်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကိစ္စကြောင့် အားလုံးကွဲပြားသွားတာမျိုး မလိုလားအပ်တဲ့အခြေအနေ မဖြစ်အောင်တော့ထိန်းကြရပါလိမ့်မယ်။

မုံရွာဒေသမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အစီ ရင်ခံစာသွားရှင်းတဲ့အချိန်တွေမှာ ထောက်ခံကြိုဆိုသူတွေ ရှိသလို ကန့်ကွက်ဆန္ဒပြသူတွေလည်းရှိတယ်။ အဲဒီလူတွေကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်မှာကို စိုးရိမ် ပါတယ်။ အစ်ကိုအနေနဲ့ရောဘယ်လိုမြင်ပါသလဲ။

ရာခိုင်နှုန်းပြည့်ကြိုက်တဲ့လူဆိုတာ လောကမှာမရှိပါ ဘူး။ အဲဒီအတွက်ကြောင့် ထောက်ခံသူရှိသလို ကန့်ကွက် တာလည်း ရှိမှာပါ။ အဓိကတော့ မိမိတို့ သဘောထားတွေကို အေးအေးချမ်းချမ်းထုတ်ဖော်ပြောဆိုဖို့ပါပဲ။ ကျွန်တော် အစိုးရိမ်ဆုံးက အာဏာပိုင်ဘက်ကဖြစ်စေ၊ ဆန္ဒပြတဲ့ ပြည်သူတွေဘက်ကဖြစ်စေ ဘယ်လိုနည်းနဲ့ မှအကြမ်းဖက်တဲ့ပုံစံ မဖြစ်ဖို့ပါပဲ။ ဒါသိပ်အရေးကြီး ပါတယ်။ ခုမှလမ်းကြောင်းပေါ်ကို ရောက်ခါစရှိသေးတယ်။ အဲဒီတော့ အကြမ်းဖက်မှုတွေမရှိအောင်လို့ ထိန်းကြပါလို့ပြောပါရစေ။ ကျန်တဲ့သဘောထားမတူညီမှုတွေ  အတွက်မှာတော့ ရန်လိုတိုက်ခိုက်မှုတွေမဖြစ်စေချင်ပါဘူး။ သဘောထားမတူညီမှုတွေကို ရင့်ကျက်တဲ့ခေါင်း ဆောင်တွေ၊ ရင့်ကျက်တဲ့ ပြည်သူတွေအဖြစ်ညှိနှိုင်း အကောင်းဆုံးအဖြေရအောင် ညှိနှိုင်းတာမျိုးဖြစ်စေချင် တယ်။

လက်ပံတောင်းတောင်ဒေသခံတွေကို ဘယ်လိုမျိုးသတင်း  စကားများပြောချင်ပါသလဲ။

ကျွန်တော်တို့က ဒေသခံပြည်သူတွေကြားမှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကွဲပြားနေမှုတွေအပေါ်မှာ နားလည်ပါ တယ်။ ဒီစီမံကိန်းမှာ တစ်မျိုးသားလုံးအကျိုး စီးပွားအ တွက် ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်စုံအောင်နား လည်အောင်ကြိုးစားကြပါ။ အစီရင်ခံစာကိုလည်း ပြည်စုံ အောင်ဖတ်ပေးကြပါ။ အချက်အလက်နဲ့ ထောက်ပြပြော ဆိုတာမျိုး၊ အေးချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တာမျိုးလုပ် နိုင်ပါတယ်။ နောက်ပြီးပြဿနာကို ညှိနှိုင်းပြီးအဖြေရှာ တဲ့ စိတ်ဓာတ်မျိုးမွေးပေးကြပါ။ သဘောထားမတူတဲ့ ပြည်သူအချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေမပြုကြပါနဲ့။ ပြည်သူတွေကြားမှာ ဒီမိုကရေစီအရေးလုပ်နေတဲ့ ရဲဘော် ရဲဘက်တွေကြားမှာ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့တစ် သက်လုံးအတူ လျှောက်လာခဲ့တာတွေ မပြိုမပျက်အောင် သတိထားလုပ် နေရပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်မသိဘူးလို့ ပြောပါတယ်။ အဲဒီ အပေါ်ရော ဘယ်လိုအနေနဲ့ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဒီအစီရင်ခံစာရဲ့ အဓိက အားနည်းချက် အားသာ ချက်တွေကို ကောက်နုတ်ပြီးတော့ အသိပေးသင့်တယ်ဗျ။ သူ့မှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒါကြောင့် ဒါကြီးကို မျက်စိမှိတ်ထောက်ခံတာမျိုး ကန့် ကွက်တာမျိုး ကျွန်တော်တို့မလုပ်တာပေါ့။ ဥပမာ အား သာချက်အနေနဲ့ဆိုရင် အဲဒီစီမံကိန်းမှာ တရားဝင်လုပ် ခွင့်ကိုင်ခွင့်မရှိဘဲ လုပ်နေတာမျိုးတွေ၊ စာချုပ်စာတမ်း မှာပါတဲ့ အားနည်းချက်တွေကို ထောက်ပြတာရှိတယ်။ အကျိုးအမြတ်ခွဲဝေမှုမှာ မရေရာတာတွေပေါ့။ မြတ်မှ စခွဲမယ်။ ခွဲရင်လည်း နိုင်ငံတော်ကရမှာက အခွန်နှုန်း လောက်ပဲရှိတယ်။ အက်ဆစ်ကန်တွေကို ခွင့်ပြုချက် မရှိဘဲ တည်ဆောက်ထားတာကအစ အားနည်းချက် တွေကို ထောက်ပြထားတဲ့အတွက် ဒါတွေက အားသာချက်ပါ။ အစီရင်ခံစာမှာရှိတဲ့ အားနည်းချက်တွေ ကတော့ ရှာဖွေပြီးတော့ပြောရရင် မြေတုန်လှုပ်မှု မရှိဘူး တို့၊ အသံမရှိဘူးဆိုတာကတော့ ဒေသခံတွေ ကျွန်တော်တို့ ပြောကတည်းကရှိတယ်ဗျ။ နောက် ဆူပူဆန္ဒပြ တယ်ဆိုတဲ့ စကားလုံးသုံးတာ။ ဒါမျိုးကျတော့ ဆန္ဒပြ တယ်သုံးရင်ရတာပဲ။ နောက်ပြီးမတိကျတဲ့ အချက် အလက်တွေကို ကျကျနနဝေဖန်သုံးသပ်တာမျိုး ဖြစ်စေ ချင်ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခပြဿနာက လာမယ့် ၂ဝ၁၅ နိုင်ငံရေးအခြေအနေကို ရိုက်ခတ်နိုင်မယ်လို့များ ထင်ပါသလား။

အဲဒါအားလုံးက ကျွန်တော်တို့ရဲ့ Óဏ်ပညာရှိမှု အမြော်အမြင်ရှိမှုမှာ မူတည်တာပေါ့ဗျာ။ ကျွန်တော်တို့ ပြည်သူတွေကို စိတ်ရှည်၊ လက်ရှည်နဲ့ စည်းရုံးရပါလိမ့် မယ်၊ ရှင်းပြရပါလိမ့်မယ်။ အဲဒါကတော့ ရှေ့ဆက်ရမယ့် ခရီးကို မထိခိုက်အောင် လုပ်ရမှာပါ။ မထိခိုက်သင့်တာ မထိခိုက်ရအောင် စိတ်စေတနာကောင်းနဲ့ ဝိုင်းထိန်းရပါ လိမ့်မယ်။

by Messenger News Journal

4 comments

  • မောင် ပေ

    March 19, 2013 at 1:11 pm

    မီးလောင်ဒဏ်ရာများကို ဘန်ကောက်မှာ သွားပြီး ဆေးကုသခံခဲ့တဲ့ ဘုန်းဘုန်းကတော့ ၊ ခွင့်လွှတ်ပါတယ် တဲ့ဗျ ။
    သိပ်ဖြစ်သင့်တဲ့ စကားပါပဲ
    ကိုယ်တိုင်မခံစားရလို ့၊ ဖြစ်သင့်တယ်လို ့ပြောတာ မဟုတ်ပါဘူး
    အဲ့ကိစ္စကို ဘတစ်ပြန်ကျားတစ်ပြန် ရန်ငြိုးတွေ အာဃတတွေ ထားပြီး ပေရှည်နေရင်
    နိုင်ငံက ဘာမှ ဖြစ်လာတော့မှ မဟုတ်ဘူး ။

  • ကြောင်ဝတုတ်

    March 19, 2013 at 1:23 pm

    ဒီမိုကရေစီအင်အားစု တွေ အချင်းချင်း တကယ်တိုက်တုန်းကအတူတိုက်ခဲ့ ကြတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကြား မှာ ဒီကိစ္စကြောင့် စိတ်ဝမ်းမကွဲစေချင်ဘူး။ အင်အားတွေ ပြိုပျက်မသွားစေချင်ဘူး။ မတူတဲ့သဘောထားကို နောက် ဆုံးတူတဲ့အထိညှိရပါလိမ့်မယ်။ အဲဒီယဉ်ကျေးမှုကို တည်ဆောက်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကိစ္စကြောင့် အားလုံးကွဲပြားသွားတာမျိုး မလိုလားအပ်တဲ့အခြေအနေ မဖြစ်အောင်တော့ထိန်းကြရပါလိမ့်မယ်။

    ဒါလေးက ဖြစ်သင့်တဲ့ကိစ္စပဲ

    သဘောထားမတူညီမှုတွေကို ရင့်ကျက်တဲ့ခေါင်း ဆောင်တွေ၊ ရင့်ကျက်တဲ့ ပြည်သူတွေအဖြစ်ညှိနှိုင်း အကောင်းဆုံးအဖြေရအောင် ညှိနှိုင်းတာမျိုးဖြစ်စေချင်တယ်။

    အဲဒါလေးကြိုက်မိတယ်…

    ဒီအစီရင်ခံစာရဲ့ အဓိက အားနည်းချက် အားသာ ချက်တွေကို ကောက်နုတ်ပြီးတော့ အသိပေးသင့်တယ်ဗျ။ သူ့မှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒါကြောင့် ဒါကြီးကို မျက်စိမှိတ်ထောက်ခံတာမျိုး ကန့် ကွက်တာမျိုး ကျွန်တော်တို့မလုပ်တာပေါ့။

    အဲဒါကလဲ ဖြစ်သင့်တဲ့ကိစ္စ

    အိုဘယ့်… နိုင်ငံရေး…

    ကြောင်ဝတုတ်

  • mobile

    March 19, 2013 at 1:50 pm

    ကိုမင်းကိုနိုင် ပြောတဲ့စကားလေးတွေကို လေ့လာသွားပါတယ်…
    ဦးကြောင်ဂျီးးးးး ရေ…………………..

  • kyeemite

    March 19, 2013 at 1:53 pm

    ကိုကြောင်ကြီး တင်ပေးလိုက်တော့လည်း ပြီးတာပဲ…ကိုမင်းကိုနိုင်လည်း အားနည်းချက်တွေပါတယ်ဆိုတာ
    သတိတရ ပြောသွားတာပဲ.အစီရင်ခံစာကို.သေသေချာချာဖတ်တဲ့လူတိုင်းလည်း သတိပြုမိတာပဲ…

    ဒီအစီရင်ခံစာရဲ့ အဓိက အားနည်းချက် အားသာ ချက်တွေကို ကောက်နုတ်ပြီးတော့ အသိပေးသင့်တယ်ဗျ။ သူ့မှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒါကြောင့် ဒါကြီးကို မျက်စိမှိတ်ထောက်ခံတာမျိုး ကန့် ကွက်တာမျိုး ကျွန်တော်တို့မလုပ်တာပေါ့။

Leave a Reply