အပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့(ရွှေလမ်းခရီး)ဘုရားဖူးဝန်ဆောင်မှု့ကားကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ။

myohtatMarch 19, 20131min921

တောင်တက်တောင်ဆင်းလမ်း မိုင်(၁၀၀)ကျော်ရှိတဲ့ မြတ်မော်တင်စွန်းသွားတဲ့ခရီးကို (လေအိတ်မပါတဲ့ကား)
စီစဉ်ပေးလိုက်တာကြောင့် ဘုရားဖူးခရီးသည်တစ်ဦး ထိုင်ခုံပေါ်ကပြုတ်ကျပြီး ခါးမှာ ဒဏ်ရာရခဲ့ပါတယ်။
တောင်တက်လမ်းတွေမှာ(အဲယားကွန်း)ပိတ်ပြီးတက်တာကြောင့်လည်း ဘုရားဖူးခရီးသည်များ မူးဝေအော့အံကြရပါတယ်။
ဘုရားဖူးများနားနေအိပ်စက်ဖို့ စီစဉ်ပေးတဲ့အခန်းကလည်း လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းလေးမှာ(၅)ယောက်
တစ်ခန်းဆိုတော့ ဘုရားဖူးအပန်းပြေခရီးမဟုတ်တော့ဘဲ ငွေကုန်ခံပြီးဒုက္ခခံတဲ့ခရီးသာဖြစ်နေပါတော့တယ်။
မြတ်မော်တင်စွန်းဘုရားကိုသွားမယ်ဆိုရင် မိမိစီးမည့်ကား၏ ဝန်ဆောင်မှု့များကို အသေးစိတ်စုံစမ်းဘို့တော့လိုပါတယ်။
ဘုရားဖူးပို့ပေးတဲ့ အကျိုးဆောင်ကားတော်တော်များများဟာ မိမိတို့ အမြတ်အစွန်းကျန်ဘို့ဘဲကြည့်တတ်တာကြောင့်
စေတနာထားပြီး ဘုရားဖူးခရီးသည်များကို ဝန်ဆောင်မှု့ အပြည့်ပေးတဲ့  အကျိုးဆောင်ကားများကိုသာရွေးချယ်သင့်ပါတယ်။
အပြန်ခရီးမှာတော့ ကားသမားတွေရပ်ပေးတဲ့ထမင်းဆိုင်မှာဘဲ ကောင်းလည်းစားမကောင်းလည်းစားပေါ့ … ကားသမားတွေ
အတွက်ကတော့ ရှယ်ဘဲ ခရီးသည်တွေအတွက်ကတော့ …… ဟင်းတွေမစုံလင်တော့တဲ့ ဟင်းအိုးတွေနဲ့ဘဲတွေ့ရမှာပါ ….
(၁၅-၃-၂၀၁၃)ည ၉းဝဝ နာရီတွင် မြတ်မော်တင်စွန်းသို့(ရွှေလမ်းခရီး)ကားနှင့် လိုက်ပါခဲ့သော ခရီးသည်တစ်ဦး၏ ကိုယ်တွေ့
ဖြစ်ရပ်ကိုတင်ပြခြင်းဖြစ်ပါသည်။

One comment

  • ဖိုးထောင်

    March 19, 2013 at 10:00 pm

    သပိတ်မှောက်ကွာ GI ကပိုဆိုးတယ် ဈေးသက်သာတယ်ဆိုပြီး GI သွားမစီးနဲ့ ဒုက္ခရောက်မယ်

Leave a Reply