အညတြကျောင်းသားတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် affirmation

ムラカミMarch 19, 20131min1458

ဟတ်ကောင် မောင်ဂီ့ .. မင်းအခွက်ကို ငါမကျိချင်ဘု..။ ဝေးရာရွေ့ဇမ်း ။

ထိုသို့ပြောလိုက်သည်မှာ ဗကသ(ဗရုတ်သုတ်ခ ကြောင် သိုးများ) ဥက္ကဌ ကိုကိုကြောင်ဖြစ်၏ ။ ဟုတ်သည်။

မင်းက ဘွားတော်လေကို လိုက်လို့ ငါတို့ရဲ့ သပိတ်စခန်းတွေကို ဥပဒေနဲ့ မညီဘူးပြောရတာလားကွ ..ဟေ..

တကယ်တော့ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ၏ ဆွမ်းစားပြီး ရေဆေးကာ မှောက်ထားသော သပိတ်များအတွင်း

ဝင်ခိုပြီးသကာလ ငါးကြော်ဖွက်စားနေသည့် ကိုကိုကြောင်၏ သပိတ်စခန်း ကိစ္စ ဘုန်းကြီးကျောင်းသား မောင်ဂီ့ နှင့် အခြေအချ

ပြောနေကြခြင်းဖြစ်သည်။ဟုတ်သည် ..သူတို့၂ဦးက တစောင်းဆေးနှင့် မျက်ချေး တည့်ကြတာမဟုတ်။

ကိုကိုကြောင်ဆိုတာ ကပ္ပိယ ဦးဝတုတ်ရဲ့ အချစ်တော်ကြောင်သိုးကြီး။ ခုလည်း

ဘုန်းကြီးရဲ့ ငါးခြောက်ပြားကို ဦးဝတုတ် ဘတ်ကီးရိုက် သူကလိုင်းယွန်းရှယ်ယာကိုယူ

ငါးခြောက် အမြီးနားက အသားလေးတဖဲ့တရွဲ့ကို ကိုကိုကြောင့်ကို စွန့်ကျဲလိုက်ခြင်းသာ ဖြစ်သည်။

ထိုစဉ် ရွာသဂျီး ဦးခိုင် ရောက်လာသဖြင့် သူတို့ ၂ဦးစလုံး ကိုယ်ရှိန်သပ်လိုက်ကြသည်။

ဟုတ်သည်။ တောထွက်ဦးဇင်း ဦးသုမင်္ဂကျောက် ဆွမ်းစားပြီး နေ့လည်နေ့ခင်းများတွင်

သဂျီးနှင့် ရပ်ရေးရွာရေး ထွေရာလေးပါး ပြောဆိုဆွေးနွေးလေ့ရှိလေသည်။

ဦး။ ကိုင်း ခုတလော ဘာထူးသတုန်း တကာကြီးရဲ့။

ဂျီး။ တင်ပါ့ ..ရွာ့ခြံစည်းရိုး ပြန်ကာဖို့ ဘရီးပြောင်တော့ မြို့တက် ငွေချေး သွားနေပါတယ်ဘုရား။

ရွာထဲမှာတော့ အခုတော့ အေးချမ်းနေပါပြီ ဘုရား။

ဦး။ ကြားရတာ ကြက်သရေရှိပါဘိ ဒကာကြီးရယ်။

ဒါနဲ့ လွတ်လပ်ရေးအားကစားပွဲကော ဘယ်လိုအခြေအနေရှိသတုန်း တကာကြီးရဲ့ ….

ဂျီး။ တင်ပါ့ .. ရွာ့ချောင်း တောင်ဘက်ကနေ မြောက်ဘက်ထိ ..နယ်နမိတ် သတ်မှတ်ပြီး

ကိုယ်လက်လှုပ်ရှားရေးလည်း အဓိက လူကြီးလူငယ်အစုံ လည်း ပါဝင်နိုင်အောင်

ဆိုပြီး ခြေလျှင် လမ်းလျှောက်ပွဲ လုပ်ပါတယ်ဘုရား။

ဦး။ အမျှော်မြင်ရှိပါပေ့ ဒကာကြီးရယ်။အောင်အောင်မြင်မြင် စည်စည်ကားကား ပြီးမြောက်ရဲ့

မဟုတ်လားကွယ့်..

ဂျီး။ တင်ပါ့…။ လမ်းမှာ ထော်လာဂျီတွယ်လိုက်သူ ကိုရင်မတ် နဲ့ ဆိုင်ကယ်တက်ခွသူ

ကိုရင် ဂ တို့ကိုတော့ ထိပ်တုံးခတ်ထားပါတယ်ဘုရား။

ဦး။ အေးကွယ့် လူ့စိတ်ဆိုတာလည်း ဖောက်ပြန်တတ်သားကလား ..။

မကောင်းမှု ဟူသည် စိတ်ကွယ်ရာမရှိသည်တကား…။

အိမ်း .. ရေနွေးကြမ်းလေးနဲ့ ငါးခြောက်လေး မြည်းရင်း အေးအေးမှ ပြန်ပေါ့ကွယ်..

ကိုင်း ကပ္ပိယကြီးရေ သဂျီးအတွက် ငါးခြောက်ပြားလေး နှမ်းဆီ ဆမ်းပြီး ယူခဲ့ပါဦးကွယ့်….။

ကပ္ပိယဦးဝတုတ်လည်း အပြင်မှ ပြန်လာချင်ယောင်ဆောင်ပြီး သကာလ..

တုတ်။ တင်ပါ့ဘုရား တပည့်တော်အပြင်သွားတုန်း ကြောင်ဝင်စားသွားပါတယ် ဘုရား။

တဖက်လှည့်ကာ ကြောင့်ကို မျက်စပစ်လိုက်သည်။

ခွီး ခီး ဂရီး.. ဝှစ် ..ဝှစ်..ကိုကိုကြောင်တို့ သပိတ်စခန်းမှ ခြေယာဖျောက်ပုံကားမြန်လှချေသည်။

တုတ်။ တင်ပါ့ …။ ကြောင်အိမ်အစောင့်ထားခဲ့တဲ့ မောင်ကျောင်းသား ငဂီ့ မှာ တာဝန်ရှိပါတယ်ဘုရား…။

နောင် မပေါ့လျော့ ရလေအောင် .. ကြိမ် နဲ့ ဆုံးမတော်မူပါဘုရား။တပည့်တော်သေသေချာချာမှာခဲ့ပါလျက်နဲ့..။

အော်.. ငါးခြောက်ပြား ငါးခြောက်ပြား…

ပျောက်တော့ ဘုန်းကြီး အလိုတူအလိုပါက ကပ္ပိယ ၊ စားတော့ကြောင် ဆော်ပလော်တီးခံရတော့ မောင်ကျောင်းသား

ကံကွက်ကြားမိုး ရွာပြီတကား..။ ဝှားးးးးးးး

:byae:

 

 

8 comments

  • KZ

    March 19, 2013 at 12:57 pm

    ဖွင့်ဟ ဝန်ခံချက်တွေ အတော်များလာပြီ။
    သူများ ကို ပြောရမယ်များဆို အတော်ကောင်းတဲ့ အိုင်ဒီယာတွေ ထွက်တာကလား။
    :harr:

    အဲနီးဝေး။
    ဂျီဇီ လေး အရိုက်ခံရတော့မယ်။
    ဒီကြောင် ၂ ကြောင် ဂလို စားပြီး နားမလည် မလုပ်သင့်ဘာဘူး။ :mrgreen:
    တဂျီး ငါးခြောက်ငတ်သွားပြီ။ ဟိဟိ.. :mrgreen:
    ဒေါသနဲ့ ပြန်သွားရင် ဟိုထိတ်တုန်းခတ် ၂ ယောက်ဘဝမတွေးရဲစရာ။ :mrgreen:

    • kai

      March 19, 2013 at 2:47 pm

      ငါးခြောက်အစား.. ကြောင်ကိုကြပ်တိုက်ပြီး.. ထန်းရေနဲ့မြည်းပစ်မယ်တွေးထားတယ်..။
      ဟိုမှာ.. လွမ်းလို့ကျန်ရစ်မှာအားနာတဲ့ ရွာဆေးဆရာခ ပြောတာက.. ကြောင်သားသည် ကြောင်သမီးမဟုတ်ဆိုသလားပဲ..။
      အဲ..အဲ..
      လေပွသည်။ စားပြီးအကျန်မြေခက.. နံသည်ဆိုလား.. :kwi:

  • ရာမည

    March 19, 2013 at 1:16 pm

    အလွန်ကောင်းပါတယ်ဗျို ့
    ဆက်လက်ပြီး အခန်းဆက်လေးများရေးပါဦးခင်ဗျာ

  • amatmin

    March 19, 2013 at 1:21 pm

    နောက်ဆုံး ညည်းချင်းလေး သဘောကျသဗျာ…
    ပိုပီး ဖတ်ကောင်း ရယ်လို့ကောင်းအောင် ဒါလေးလာတွဲပေးလိုက်ပါတယ်..
    ဒါနဲ့ ထိပ်တုံးမိတော့လည်း ကြိတ်ပြုံးနေလိုက်တာပေါ့ . 🙂

    http://myanmargazette.net/170470/society-lifestyle/aha-jokes

  • kyeemite

    March 19, 2013 at 2:21 pm

    မောင်ရင်ဂီ…နင်တို့ဒွေ ..သဂျီးကိုအရွဲ့တိုက်လို့
    သောင်ပြင်ထွက်ပြီး
    တရော်အိုးကြိုနေဂျဒါလားးး :harr:

    • GaviaGirl

      March 19, 2013 at 3:38 pm

      သမီးလည်း ရွာထဲမှာ တရော်ဆိုင်ကောင်းကောင်းတွေရှိတာ အသေအချာသိသွားပြီမို့ ရွာမြောက်ပိုင်းက တိုက်ကတော် ကလေးမွေးလို့ မီးထွက်ရင် အဲ့ဆိုင်တွေကနေ အော်ဒါမှာဖို့ စဉ်းစားထားတယ်… ကောင်းလား.. 🙂

  • ရွှေတိုက်စိုး

    March 19, 2013 at 3:28 pm

    ဟေ ဘေထုပ်ရောင်းတဲ့ ကြောင်က အခု တော့
    ကြောင်သူတော် ဖက်သခိုး ဖစ်နေပြန်ပါပေါ့လား……..

    အော် နာတယ်ရင်း လူ.ဝတုတ်ကလေးနဲ. မျက်နှာဗလာစီယာ တပ်ထားတဲ့ ကောင်းလေး တွေခမျာ ဟိုလူ က ထိပ်တုံးခပ်လိုက ်ဒီလူက ထိပ်တုံးခပ်လိုက်နဲ…… ကြာရင် ထိပ်တွေတုံးပြီး မျိုးတုန်းပျောက်ကွယ်လု ဖြစ်တော့မှာပါလား…………. အဟိ

  • ဦးကြောင်ကြီး

    March 20, 2013 at 10:43 am

    မောင်ဂီ ကျောင်းသား ထလော့၊ ကျမ်းပြုနေတာ ရပ်လော့၊ မနက်မိုးလင်းပီ… :kwi:

Leave a Reply