(၃၆၅)ရက်…နီးပါပေါ့လား…

ကန်ရေပြင်ကိုမျက်နှာမူလို့…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

စနေရယ်လို့ မှတ်ထား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ကန်ဘောင်ပေါ်မှာထိုင်ခဲ့တယ်…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

လူတွေအတော်တော့စုံသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ကန်ဘောင်ပေါ်မှာ အိပ်သူရှိခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

မူးတဲ့လူတွေတော့ အများသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

အရွယ်မျိုးစုံပါခဲ့တာတော့များသား

၃၆၅ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာဆုံခဲ့တယ်…

ဂစ်တာငှားပေးတဲ့လူတော့ ရှိခဲ့ဖူးသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

ပိုစ့်အပေါ်မှာ ကော်မန့်တွေများခဲ့သား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

အားပေးမှုတွေတော့အများသား…

၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…

 

အဲဒီနေ့က ရီဝေခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

ပုလင်းတွေတော့ အများသား…

၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

 

တစ်ယောက်က အမည်ပေးခဲ့ဖူးတယ်…

မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…

သမဂ္ဂလို့တော့အမည်တွင်သား…

၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

 

အိုဘယ့်…သမဂ္ဂ

အိုသမဂ္ဂရယ်…

ကျုပ်တို့တွေ့ကြ… တစ်နှစ်တာမှာ

ပျော်စရာရွှင်စရာ… စိတ်ညစ်စရာတွေ

မျှဝေလို့… ဒီသမဂ္ဂကို ရှေ့ဆက်ခဲ့ကြတယ်…

သတင်းလွေ့လွေ့ပေါင်းဖက်တွေ့လို့…

ဆန်းဆန်းပြားပြား ထပ်ခါထပ်ခါဆုံခဲ့ကြတယ်…

သူငယ်ချင်းတို့ရေ…

နယ်စည်းမခြားအရက်သမားများသမဂ္ဂတော့

တစ်နှစ်ပြည့်ပါပြီကွယ်…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

32 comments

  • GZ

    March 19, 2013 at 1:56 pm

    အဖွဲ့ဝင်စာရင်းလေး လုပ်ပါအုံးဗျ..

    :harr:

    အိုဘယ့်
    န-ရ-သ

    • amatmin

      March 19, 2013 at 3:02 pm

      ပြည်မကြီး .ဂျာပွန်..ဟောင်ကောင်ကျွန်း..
      ခြင်္သေ့ကျွန်း.ဘိလပ်ပြန်.
      လစဉ်လတိုင်း တိုးနေပါတယ် ဆို. 🙂

  • KZ

    March 19, 2013 at 1:57 pm

    တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုက်လိုက်တော့။ :mrgreen:

    အသင်းဝင် အသစ်ခေါ်ဖို့ အစီအစဉ်မရှိဘူးလား ကိုကြီးဖက်…???
    :harr:

    • GZ

      March 19, 2013 at 2:01 pm

      လူရှိန်အောင် ဆိုဒါရည်ထဲ လစ်ပိုစပ်သောက်ပြီး မူးပြတတ်သူတွေ
      (အိမ်မပိုင်လို့) လက်မခံဘူး ဆိုလား ကြားတယ် ခည..။

      :kwi:

      • KZ

        March 19, 2013 at 2:06 pm

        ကျန်း::::::::::::::::::
        မိုက်ရိုင်းချက်တော့။
        ဘာကိစ္စ မပိုင်စရာရှိမတုန်း။
        မျက်လုံးမကောင်းလို့ နားနေရတာပါဆို။ ။ :mrgreen:

        မူးနိုင်၊ မမူးနိုင်
        ပြိုင်မယ်လေအေ။
        :harr:

  • ရွှေတိုက်စိုး

    March 19, 2013 at 2:50 pm

    အော် တစ်နှစ်တောင်ပြည့်ပါပေါ့လား……သမဂ္ဂ သမဂ္ဂ သမဂ္ဂ
    အဖွဲ.ဝင်တွေ ဘယ်သူဒွေလဲ မတိဘူးနော်………
    သမဂ္ဂ တောင်ဖွဲ.ရတယ်ဆိုတော့….. အရမ်းသောက်နိုင်တဲ့သူတွေထင်တယ်နော်……. အဟိ

  • kai

    March 19, 2013 at 2:52 pm

    ငါလည်းအထိမ်းအမှတ်လုပ်ပြီး.. ဝိုင်တခွက်ထပ်တိုးမော့လိုက်မယ်..
    လာလေရော့..။

    Red wine, antioxidants and resveratrol: Good for your heart …
    http://www.mayoclinic.com › … › Heart disease › In-Depth
    Red wine and something in it called resveratrol may be good for your heart.

  • ရွှေတိုက်စိုး

    March 19, 2013 at 3:00 pm

    သမဂ္ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ သတိ…………
    သမဂ္ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ ပုလင်းးးးးးးးးးးးးးးးးးင်းးးးးးးး မ……….
    အရက်က်က်က်က်က်က်က်ထည့်…………..
    ကျဆုံးလေပီးသော အရက်သမားအပေါင်းနှင့်တကွ သက်ကြီး အရက်သမားများအားးးးးးးးးးးးး ဂါရဝပြုုုုုုုုုုုုုုုုုုုုုုုုုုု.
    ဒုံကလွတ် ဒုံကလွတ် ဒုံကလွတ်…ပလပ်ပလပ်………..
    သမဂ္ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ သောက်စေစစစစစစစစစစ………
    အရက်သမား သမဂ္ဂ ….. အရက်သမား ၆ယောက်.. ဘီယာသမား နှစ်ယောက်… အမြည်းစား တစ်ယောက်…
    သောက်ရန်အသင့်……………….

    • အာဂ

      March 19, 2013 at 4:03 pm

      အပုဂျီး…။ ဘာနမိတ်မရှိနာမာမရှိ ဘာကျဆုံးလေပီးသောလဲ..။ တောက်စ်….သင်္ကြန်နားနီးရင်လူက လက်ယားနေတာနော်..။ သိတယ်မဟုတ်လား…သိတယ်မဟုတ်လား…ငှင်းငှင်းငှင်း

  • GaviaGirl

    March 19, 2013 at 3:19 pm

    တစ်နှစ်ပြည့်မှာ ဗော်လံတီယာ တွေကိုရော ပါမန့်နန့်သမဂ္ဂဝင်အဖြစ် ခန့်မှာလားဟင်င်င်… 🙄

    • ကြောင်ဝတုတ်

      March 19, 2013 at 4:11 pm

      ဗော်လံတီယာအဖြစ်မခန့်ပါဘူးကွယ်… ညီမလေးကို Cozy ဆိုင်မှာကတည်းက Permanent Member အဖြစ်သတ်မှတ်ပြီးသားပါကွယ်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • kyeemite

    March 19, 2013 at 4:01 pm

    ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်…(ဟို လူဇိုးဂျီးနေမှာ.. :harr: )
    အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်…(အို..ဘယ့်..အရှေ့ကျွန်းသား..ခွိ )
    ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်…( ဒါက ဟို အသားဖြူဖြူနဲ့ တွံတေးသား.. :kwi: )
    တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်…( ဒါကတော့ ..အဟိ.. :hee: )
    တစ်ယောက်က အမည်ပေးခဲ့ဖူးတယ်…(သမဂ္ဂ အမည်ပေးမှတော့..ဂဂ ပေါ့.. :harr: )
    တနှစ်ပြည့်လေး တွေ့လိုက်ရအောင်လေ..ဘော်ဘော်တို့…
    အိုဘယ့်…သမဂ္ဂ :528:

    • အာဂ

      March 19, 2013 at 4:20 pm

      ကျွန်တော့်ပေါင်ပေါ်မှာ အရက်ကလေး နှစ်ပဲ တစ်ပြားလောက်သောက်ပြီး လာအိပ်တဲ့ နိုင်ငံခြားသား နာမည်နဲ့ လူတစ်ယောက်လည်းရှိပါ..။ ဘာဟဲ့ အို….ဘားမား…..။

  • စိုင်းထင်ရာ

    March 19, 2013 at 4:17 pm

    အော် …
    ကျွန်နော်က ၃၆၅ရက်နီးပါပေါ့ဆိုတော့ သင်္ကြန်ရောက်ခါနီးလို့ မြန်မာနှစ်သစ်ကူးကြောင်းရေးတယ်မှတ်လို့ပါ..။
    ရယ်စရာတော့ ကောင်းတယ်နော် …။
    မန်းဓလေ့ဂေဇတ်မှာလဲ အရက်သမားတွေရှိတယ်ပေါ့ ကြုံရင်တော့ ဝိုင်းဖွဲ့သောက်ချင်ပါတယ်။ အရက်တော့ မသောက်တတ်ဘူး ဝိုင်လောက်ဆိုရင်တော့ ရတယ်ဗျာ … ။
    အရက်သမားသမ္မဂအမြဲတည်နိူင်ပါစေဆုတောင်းပေးပါတယ်။

  • Myo Thant

    March 19, 2013 at 4:21 pm

    တောက်တိုမယ်ရ အတွက်လေးများ လူမလိုဘူးလားဟင်

    • ကြောင်ဝတုတ်

      March 20, 2013 at 8:57 am

      ကိုမျိုးသန့်ရေ…
      ကျွန်တော်တို့သမဂ္ဂမှာ တောက်တိုမယ်ရတော့မရှိပါဘူးဗျာ…
      သောက်ကြမြည်းကြတွေပဲရှိကြတာ…
      ကျွန်တော်တို့လဲ သောက်ကြမြည်းကြတွေပဲလေ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • etone

    March 19, 2013 at 4:56 pm

    အဲဒီနေ့က မျက်မှန်ပျောက်ဖူးသူလည်း ရှိတယ် …
    မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…
    အိမ်ကိုတော့ ပြန်ရောက်သား …
    ၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

    အဲ့ဒီနေ့က လေးဘက်ထောက်ခဲ့သူလည်းရှိတယ် ..
    မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…
    ကန်ထဲမကျအောင် လျှောက်တတ်သား …
    ၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…

    အဲ့ဒီနေ့က မျက်မှန်ကိုင်းကျိုးနဲ့ ပြန်ခဲ့သူလည်းရှိတယ်…
    မတ်လတစ်ရက်မှာ ဆုံခဲ့တယ်…
    အိမ်ရောက်တဲ့အထိ တပ်ခဲ့သား ….
    ၃၆၅ ရက်ပြည့်ဖို့နီးပါပေါ့လား…
    :kwi:

    အဆီငှော်မတည့်ပါဘူး ………. အရမ်းကို စချင်စိတ်နဲ့ …. ပျံကာနီးလေး အမှီ ရေးသွားပါအိ …
    အရက်သမား သတ်မတ်ဂ အထွန့် ရှည်ပါဇီတော် … ခိခိ … :lol :

    • ကြောင်ဝတုတ်

      March 20, 2013 at 9:16 am

      သမဂ္ဂအမျိုးသမီးအဖွဲ့ဝင်အိတုန်းအား… အလေးပြု….ခိခိ

      ခင်မင်လျက်-
      ဖက်ဖက်ကက်

    • kyeemite

      March 21, 2013 at 3:51 pm

      ဒီ အီးတုံးဆိုတဲ့ ခေးမလေးနဲ့တော့ ..ဒွတ်ခ
      သိရင်အသာနေတာဟုတ်ဖူး…
      ဖေါ်ကောင်ပြန်လုပ်နေတယ်…
      ဟိုမူရင်းဂဗျာဆြာ ဖက်ဖက်ကြောင် တောင် မမှတ်မိတဲ့ကိစ္စကို… :harr:

      • ကြောင်ဝတုတ်

        March 21, 2013 at 4:45 pm

        ကြည့်ပါလား… အိုက်ဒါ… အိုးမလုံအုံပွင့်တယ်လို့ခေါ်တယ်… ခိခိ

        ခင်မင်လျက်-
        ဖက်ဖက်ကြောင်

  • ကျုပ်ကို ဒီသမဂ္ဂမှာ …
    လုံခြုံရေးမှူး ခန့်အပ်ပေးဘာရန် ….
    ယိုတေ ငါးဆားဆွာ လရောက်ထား ဘာဂျောင်းးးးး
    ငွင်းးး ငွင်းး
    :kwi:

  • ဦးကြောင်ကြီး

    March 20, 2013 at 10:53 am

    တနှစ်ပြည့်
    အသစ်တွေ့
    စပျစ်စေ့
    အလစ်ပွေ့
    ငရစ်ဟေ့
    ကျားသစ်ခွေ့
    အဝတ်သွေ့
    ပုရစ်မွှေ့..။

  • ရဲစည်

    March 20, 2013 at 1:37 pm

    အရက်သမားသမဂ္ဂ၏ နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့်
    မတ်လ ၂၆ ရက်နေ့မှ မတ်လ၂၈ရက်နေ့ အထိ ပျော်ပွဲရွှင်ပွဲများဖြင့်
    ခြိမ့်ခြိမ့်သဲ ကျင်းပသွားမည် ဖြစ်ကြောင်း …. ကြေငြာအပ်ပါသည်။

    အရက်စစ်စစ်ရရှိရေး ဒို့အရေး
    အမြည်းကောင်းကောင်း ရရှိရေး ဒို့အရေး
    အစဉ်အမြဲ သောက်ရရေး ဒို့အရေး
    :kwi:

    • etone

      March 20, 2013 at 3:24 pm

      ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ပျော်လိုက်ထှာ……. :harr: ပျော့စ်စ်တဲ့ တိုင်း မဟုတ်လို့ကတော့ ကယွဲစည် … ညည်းကို ငါးခြောက်လှမ်းပြီး အမြည်းလုပ်ပစ်လိုက်မယ် … ဟွင်င်းးးး :kwi:

    • ကြောင်ဝတုတ်

      March 20, 2013 at 3:27 pm

      သေဂျင်းစိမ်းတွေ….

      ၂၆ နဲ့ ၂၈ ကို ဘယ်မှာ ကျင်းပမလဲပြောစမ်းပါဦး…

      စိတ်နာလျက်-
      ဖက်ဖက်ကက်

      • နွယ်ပင်

        March 20, 2013 at 4:17 pm

        တစ်ကယ်နော် ကယွဲစည် ……….. အမြည်းကောင်းကောင်းတော့ အရက်သမားသမဂ္ဂ တစ်ယောက်ရဲ့ ဇနီးသည် အနေနဲ့ လိုက်စားနိုင်ဂျောင်း အသိပေးအပ်ပါတယ် ….
        ကိုဖက်ကိုတော့ ဘယ်နေရာလဲ ဆိုတာ ပြောပြတော့ဘူး မဟုတ်ရင် လိုက်နေမှာစိုးလို့ လိမ်လိမ်မာမာနေခဲ့နော် ပြန်လာရင် မုန့်0ယ်လာမယ် ….. :harr:

        • ကြောင်ဝတုတ်

          March 20, 2013 at 4:22 pm

          ဒီအရွယ်က မုန့်စားတဲ့အရွယ်မဟုတ်ဘူးဟေ့… အရက်သောက်တဲ့အရွယ်…
          ဒါပဲ… (အမူအရာမပါ…)

          ခင်မင်လျက်-
          ဖက်ဖက်ကက်

  • Shwe Ei

    March 20, 2013 at 4:54 pm

    ဒီတခေါက် နှစ်ပတ်လည်ကိုတော့ အိမ်ကွင်း မဟုတ်ဘဲ အဝေးကွင်းမှာ
    သွားရောက်ကျင်းပမှာဖြစ်လို့ မလိုက်ပါနိုင်သူများ ကိုယ်စား အနစ်နာခံ
    ပိုသောက် အဲလေ ပိုပျော် ခဲ့မည်ဖြစ်ကြောင်း :harr:

  • ကြောင်ဝတုတ်

    March 21, 2013 at 9:54 am

    ပြောလို့ပြောတာမဟုတ်ဘူး…ဟိဟိ

    အရက်သမားပို့စ်မှာ ကြံရည်တွေလာတိုက်ထားတာဖြင့်… အတော်သောက်ယူကြရမယ်…
    (ခရက်ဒစ်တူ- သူကြီးခိုင်)

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Moe Z

    March 21, 2013 at 3:41 pm

    အရက်သမားဖတ်စာ….
    က ကလေးငယ် အမြည်းဝယ်..။
    ခ ခရမ်းသီးအရက်မြည်း..။
    ဂ ဂဏာန်းကြော်အရက်နဲ့ဆော်..။
    င ငပိထောင်းမြည်းလို့ကောင်း..။
    စ စခန်းမှာ မူးလိုပါ..။
    ဆ ဆရာကြီး အရက်သမားကြီး..။
    ဇ ဇရက်ကြော် ဂွတ်တယ်နော်..။
    ည ညနေခင်း သောက်ပွဲဆင်း…။
    တ တောအရက် မိုက်တဲ့ကွဲ့..။
    ထ ထန်းရည် သောက်မပြေ..။
    ဒ ဒညင်းကြော် မိုက်တယ်နော်…။
    ဓ ဓနိရည် သောက်မယ်လေ..။
    န နံကင် မြည်းလိုက်ချင်..။
    ပ ပုစွန်သုတ် အမြည်းလုပ်…။
    ဖ ဖဲထုတ် အဖော်လုပ်..။
    ဗ ဗရာကြော် မြည်းမယ်နော်..။
    ဘ ဘီယာ သောက်မယ်ကွာ..။
    မ မရမ်းသီး မြည်းသာမြည်း..။
    ယ ယုန်ဟင်း ပွဲတော်ခင်း..။
    ရ ရိုးရာ သောက်ပွဲပါ..။
    လ လူငယ် သောက်မယ်ကွယ်..။
    ဝ ဝီစကီ လွမ်းပါသည်..။
    သ သူငယ်ချင်း အရက်သမားအသင်း..။
    ဟ ဟားဟား
    အ အိမ်အပြန် မူးလို့အန်….

    တစ်ယောက်သောသူရဲ့ ဖွဘုတ်မှာ ဝင်မွှေရင်းတွေ့လို့မလာတာ :mrgreen:

    • ကြောင်ဝတုတ်

      March 21, 2013 at 4:48 pm

      ညီမလေးရော… ခါတော်မီ အရက်သမဖြစ်ချင်သေးလားဟင်…

      ခင်မင်လျက်-
      ဖက်ဖက်Z

      • Moe Z

        March 22, 2013 at 9:33 am

        ဟင့်အင်း ဖြစ်ချင်ဘူး လုံးဝပဲ
        (ချွင်းချက်။ တစ်ခါတစ်တော့ မက်မန်းဝိုင်လောက် စပျစ်ဝိုင်လောက်ပဲသောက်ဖူးတယ်) 🙂

Leave a Reply