Pot-in-pot_refrigerator / Zeer pot / လျှပ်စစ်မီးမလိုပဲ ရေခဲသေတ္တာလုပ်နည်း

z-ZMarch 19, 20133min21113

လျှပ်စစ်မီးတွေ မရှိပဲ ရေခဲသေတ္တာအဖြစ် အသုံးပြုတဲ့ နည်းပညာကို
နိုက်ဂျီးရီးယားနိုင်ငံသား အင်ဂျင်နီယာ တဦးဖြစ်သူ မစ္စတာ မိုဟာမက်
ဘာ အက်ဘာက တီထွင်ဆန်းသစ်ခဲ့ပါတယ်။

အင်္ဂလိပ်လို The pot-in-pot refrigerator သို့မဟုတ် အာရေဗစ် ဘာသာစကားအသံထွက်နဲ့ ပြောရရင် zeer လို့ ခေါ်တဲ့ မြေအိုး ၂ ခုကို သစ်သီးဝလံတွေ ကြာကြာခံအောင် ရေခဲသေတ္တာလို သုံးတဲ့ အသုံး အဆောင် တခုကို အိုးထိန်းသည် မိသား စုက ဆင်းသက်ခဲ့သူ မိုဟာမက် ဘက်အက်ဘာက က တီထွင်းဆန်းသစ်လိုက်လို့ ဆုတွေ တလှေကြီး ရခဲ့ပါတယ်။

၂၀၀ဝ ခုနှစ်က $75,000 Rolex Award for Enterprise ခေါ်တဲ့ အမေရိကန် ဒေါ်လာ ၇၅၀၀ဝ ပါဝင်တဲ့ ဆုလည်း ရခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ ကမာ္ဘ့ Shell Award for Sustainable Development ဆုလည်း ရပြန်တယ်။

သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီဂျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။

မာမီရုပ်အလောင်းတွေက အတော်ထင်ရှားတဲ့ သက်သေလည်းဖြစ်ပါ တယ်။ ခရစ်မပေါ်မီ ဘီစီ ၂၅၀ဝ လောက်က အီဂျစ်နိုင်ငံ Old Kingdom မှာတုန်းက အလားတူရေခရားတွေကို စားစရာတွေကို အအေးခံ အသုံးပြုတဲ့ Zeer လို့ ခေါ်တဲ့ ပစ္စည်းတွေ သုံးခဲ့ဖူးပါတယ်။

သမိုင်းပညာရှင်တချို့လည်း ဘီစီ ၃၀၀ဝ လောက်က မြေထည် အသုံးအဆောင်တွေ ဖော်ထုတ်တွေ့ ရှိခဲ့ဖူးပါတယ်။ အအေးခံ သုံးတဲ့ မြေထည်ပစ္စည်းတွေကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေမှာ
အသုံးပြုတဲ့ Ghara ( ဂါရာ)၊ Matki ( မတ်ကီ) တို့လို မြေထည်ပစ္စည်းတွေပါ။

ဒါတွေကို အခြေခံပြီး နိုက်ဂျီးရီယားနိုင်ငံသား မိုဟာမက် ဘာ အက်ဘာက တီထွင်ဆန်းသစ်လိုက် တဲ့ မြေအိုးရေခဲသေတ္တာ ဖြစ်ပါတယ်။

ပြုလုပ်ပုံကတော့ …..

550px-Make-a-Pot-in-a-Pot-Refrigerator-Step-1

စဥ့်ရည် မသုတ်ထားတဲ့ အရွယ်အနယ်ငယ်ကွာခြားတဲ့ အောက်ခြေက အပေါက်ပါတဲ့ မြေအိုး ၂ လုံးကို ပထမ ရှာဖွေရပါ မယ်

550px-Make-a-Pot-in-a-Pot-Refrigerator-Step-2

ပြီးရင် မြေအိုး အောက်ခြေက အပေါက်ကို ရွှံ့နဲ့ပိတ်ထားရပါမယ်။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-4

ပထမ အောက်ခံ အိုးအကြီးထဲကို ဒုတိယ အိုးသေးထည့်လိုက်ရင် အိုး ၂ လုံး နုတ်ခမ်းတညီတည်း ရှိသည်အထိ မြေအိုး အကြီးထဲမှာ သဲ အနည်းငယ်ထည့်ရပါမယ်။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-5

 ပြီးရင် အိုး ၂ ခုအကြားမှာ သဲ ကို ဖြည့်လိုက်ပါ။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-6

အဲဒီသဲထဲ ကို ရေ လုံးဝ ထပ်ပြီး မစုပ်တော့တဲ့အထိ ထည့်လိုက်ပါ။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-8

ပြီးရင် အိုးအဝကို ရေစို အဝတ်နဲ့ အုပ်ထားလိုက်ပါ။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-9

အဲဒီ မြေအိုးရေခဲသေတ္တာကို နေရိပ်ပြီး အအေးဓာတ်ရှိတဲ့နေရာ မှာထားရပါမယ်။

အဖုံးအုပ်ထားတဲ့ ရေစိုဝတ်ကိုလည်း ရေအမြဲစိုနေအောင် ထားရပါမယ်။ –

၂ နာရီကျော် ကြာပြီဆိုတာနဲ့ အတွင်းက အိုးသေးထဲမှာ ရှိတဲ့ အပူချိန်ဟာ အပြင်အခန်းအပူချိန်ထက် ဖာရင်ဟိုက် ၄ဝ ကျော် လျော့ကျပြီး
အေးနေတာကို တွေ့ရပါမယ်။ ဒါက သဲအစိုကို အငွေ့ပျံပြီး အပူဓာတ်တွေ လျှော့ချတဲ့ နည်းလမ်းကို အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။

550px-Make-a-Pot-in-a-Pot-Refrigerator-Step-10

ပီးတာနဲ့ အတွင်း အိုးသေးထဲကို သစ်သီးဝလံတွေ ထည့်လိုက်ပြီး အဝကို ရေစို အဝတ်နဲ့ အုပ်ထားလိုက်ပါ။

တီထွင်ဆန်းသစ်လိုက်တဲ့ မိုဟာမက် ဘာ အက်ဘာကတော့ အသင့် လုပ်ထားတဲ့ မြေအိုး ရေခဲသေတ္တာ လေးတွေကို ရောင်းစားလာတာ
အခုထိပါပဲ။

၂၀၀၁ ခုနှစ်တုန်းက တစုံကို နိုက်ဂျီးရီးယားငွေကြေး ၁၅ဝ နိုက်ရာ
( အမေရိကန် ၁ ဒေါ် လာ) လောက်ပဲ ကုန်ကျပြီး သူက တော့ ၁၈၀- ၂၀ဝ နိုက်ရာလောက်နဲ့ ရောင်းချပါတယ်။ သူဟာ တနှစ်ကို မြေအိုးရေခဲ
သေတ္တာ ၃ သောင်းလောက် ရောင်းချ ပေးနေပါတယ်။

ဒီအကြောင်း အပြည့်အစုံကိုလည်း ဝီကီပီဒီယားမှာ ရှိတဲ့ Pot-in-pot refrigerator ဆိုတဲ့ အကြောင်း မှာ လေ့လာသိရှိနိုင်ပါတယ်။

လျှပ်စစ်မီး မလုံလောက်သေးတဲ့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ၊
စားစရာတွေကို ဒီနည်းနဲ့ မပုပ်မသိုးပဲ လတ်ဆတ်အောင် ဖန်တီးအသုံးပြုဖို့ ကောင်းမယ်ထင်ပါတယ်။

images

 ဒါကတော့ ရွာထဲက လူဂျီးဒွေ အတွက် …  :kwi:

13 comments

  • etone

    March 19, 2013 at 4:49 pm

    မိုက်လှချည်လား … မြန်မာပြည်ကုန်းတွင်းပိုင်းက ပူအိုက်ပြီး မီးပျက်တဲ့ ဒေသတွေမှာ အသုံးဝင်လောက်တယ် …. ။
    ဟမ်းမိတ်လုပ်ကြည့်သင့်တာ … :mrgreen:

    ဒီမှာလည်း ရေစစ်အိုးဆိုလားဘာလားပဲ … ထွင်ပါတယ် … အခုထိ … တွင်ကျယ်လား .. မတွင်ကျယ်လား ဆိုတာတော့ … အလှမ်းဝေးလို့ မသိပါဘူး :kwi:

  • MaMa

    March 19, 2013 at 5:16 pm

    မီးပျက်တတ်ရင် အသုံးဝင်သလို
    မီတာခကိုလည်း လျှော့ချပေးမယ့် အသုံးဝင်နည်းလမ်းကောင်းလေးတစ်ခုပါပဲ။
    မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ :hee:

  • mobile

    March 19, 2013 at 5:55 pm

    လေ့လာသွားပါ၏ဗျာ………..
    မြန်မာနိုင်ဂံရဲ့ လျှပ်စစ်မီးမရှိတဲ့ဒေသ(အတော်များများ) တွေကိုရောက်တဲ့အခါ
    ဘီယာလေးဘာလေး သောက်ဖို့အဆင်ပြေပေသပေါ့…………………………
    ဒီနည်းလေးကို မြန်မာနိုင်ငံက အိုးဖုတ်တဲ့ လူတွေကိုပြောပြပြီး တွင်တွင်ကျယ်ကျယ်
    ဖြစ်လာအောင် ကျိုးပမ်းပီး ဈေးကွက်ရှာသင့်ဒယ်………………….

  • ဦးဦးပါလေရာ

    March 19, 2013 at 6:49 pm

    မြန်မာနိုင်ငံမှာဆို အဲဒီတစ်စုံကို ၈ ဒေါ်လာလောက်ကျမယ်….

  • KZ

    March 19, 2013 at 7:19 pm

    ရွာထဲက လူဂျီးတွေအတွက်ဆိုတဲ့ အိုး ဒီဇိုင်းကို အော်ဒါမှာမှလားမသိ။
    :kwi:

  • မောင် ပေ

    March 19, 2013 at 7:30 pm

    အမှန်က မြန်မာနိုင်ငံကလူတွေ ရ ရမယ့် ဆုဗျ
    အဲဒီအိုးလုပ်ပုံနဲ ့တော်တော်လေး ဆင်တူတယ်
    နွားထိုးကြီး မြင်းခြံ အပူပိုင်းဒေသဘက်ကလူတွေ
    ထန်းရည် အေးအောင် ဖန်တီးတဲ့ အိုးကလဲ

  • P chogyi

    March 19, 2013 at 8:04 pm

    အိုးပုံစံလေးတွေကလှတယ်

  • kai

    March 20, 2013 at 1:07 am

    Coca Cola Personal Cooler 6 Can Capacity
    $49

    =
    Myers Industries Lawn & Garden Classic Flower Pot (lia06000)- $45
    MYERS INDUSTRIES Lawn and Garden CLASSIC FLOWER POT (LIA06000)——– A timeless container for any environment. – Fill with soil, plant, and …

    ယူအက်စ်မှာတော့.. မြေအိုးကအင်မတန်ဈေးကြီးတယ်..။ အပေါ်မှာ.. ရေခဲသေတ္တာဈေးနဲ့..မြေအိုးဈေး အနိမ့်/အမြင့်၂ခု. တင်ပေးလိုက်ပါတယ်..။

    ဆိုတော့..
    မြန်မာပြည်အခုအခြေအနေနဲ့.. လူတွေ.. လျှပ်စစ်ထုတ်စီမံကိန်းတွေ..အားပေး..
    ရတဲ့လျှပ်စစ်နဲ့.. မြေအိုးဖုတ်.. ကမ္ဘာကိုရောင်း..
    ရတဲ့ငွေနဲ့.. ရေခဲသေတ္တာဝယ်..။ အဲဒါမျိုးဖြစ်ရပါလိမ့်မယ်..။

    မြေအိုးဖုတ်လို့.. တောင်ကြီးပျောက်သွားတာမို့.. ဆန္ဒတော့မပြကြနဲ့… လျှပ်စစ်ထုတ်လို့.. မြစ်ကိုဆည်တားရမှာ..ဆန္ဒမပြကြနဲ့ပေါ့..
    ..ကွိ.. :kwi:

  • kyeemite

    March 20, 2013 at 8:54 am

    ကောင်းသဗျာ…တစ်နေရာမှာတော့ဖတ်လိုက်ဖူးတယ်ဗျ..
    ဒါပေမဲ့ ဒီပို့စ်လေးက ပုံလေးတွေနဲ့တကွ အဆင့်ဆင့်ရှင်းပြထားတော့
    ပိုပြီးကောင်းမွန်ပါဂျောင်းးး
    သင့်ခရုပါနော..:kwi:


  • သမိုင်းကြောင်းကို ပြန်ကောက်ပြောရရင် သိပ္ပံပညာ မထွန်းကားခင် ကတည်းက မပုပ်မသိုးတဲ့ နည်းပညာနဲ့ ပတ်သက်လာ ရင် ရှေး အီဂျစ်နိုင်ငံက အစောဆုံးထွန်းကားခဲ့တာပါ။

    ဒီလို ထင်နေကြတာလားဗျ …
    အင်းလေ .. ထင်လည်း ထင်သင့်ပါတယ် …
    သူ့ဟာက ကမ္ဘာကျော်ကိုးဗျ …
    ဒါပေသိ .. တကယ့်တကယ် မပုပ်မသိုးတဲ့ နည်းပညာဟာ ကျုပ်တို့ဆီမှာ အရင်ပေါ်ခဲ့တာလို့ သမိုင်း ဆရာကြီး တစ်ယောက်ဆီကနေ သိခွင့်ရခဲ့ပါတယ် ….

    အထက်က လျှပ်စစ်မလိုတဲ့ ရေခဲသေတ္တာ ကတော့ မဆန်းလှပါဘူးဗျာ …
    ဒီရဲ့ အခြေခံ နည်းကို မြန်မာပြည် ရေချမ်းစင် အများစုမှာ တွေ့နိုင်လို့ပါပဲ …

    • ရွှေတိုက်စိုး

      March 21, 2013 at 1:15 pm

      ဟုတ်ပ ဟုတ်ပ.. ကိုရင်အံ ပြောတာမှန်ပ..
      ကျုပ်တို. ရေချမ်းစဉ် တွေမှာ သဲလေးတွေ မြက်ပင်လေးတွေ နဲ. ရေအိုးထဲက ရေက အေးလို.ဗျ… ဝါးတားကိုလာ တောင်မလိုဘူး………

      ဒါနဲ. ကိုအံချာရေ နောက်ချီးနဲ.ရွှံ.နဲ. ရောပီး အောက်မှာခင်းရင် ပါကေးခင်းတာထက် ပိုခိုင်တယ်တဲ့.. အဲဒါ ကမာ္ဘကျော်အောင် လုပ်ပြီး တင်ဗျာ…….ဟိဟိဟိ

  • z-Z

    March 20, 2013 at 2:14 pm

    Comment တွေအတွက် ကျေးဇူးတင်ပါတယ် …
    ဒီနည်းလမ်းက မြန်မာပြည်နဲ့ တော်တော်ကိုက်တယ် ထင်လို့ အားလုံးကို မျှဝေပေးလိုက်တာပါ….
    သူကြီးပြောသလို မြေအိုးလုပ်ပြီး export ပို့သင့်ပို့ရမှာပဲ …. 🙂 …
    စိတ်ဝင်စားသူများ အမြန်ဆက်သွယ်ပါ …. 😀

  • Mr. MarGa

    March 21, 2013 at 2:38 pm

    စိတ်ဝင်စားစရာ နည်းပညာပါပဲ
    မြန်မာနဲ့လဲ ကိုက်ညီသလို
    အဲဒီလိုမျိုးကိုလဲ တစ်ချို့နေရာတွေမှာ သုံးကြတယ်
    ဒါပေမယ့် ဒီလိုအဆင့်ထိတော့ မရောက်ဘူးပေါ့

Leave a Reply