“စွန့်ခွာခြင်းအဝါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း

1အစိမ်းအဝါနှောပါလို့ရောတိရောရာ
1အစိမ်းအဝါနှောပါလို့ရောတိရောရာ
2 ရွက်ဝါလွင်လွင် ရွက်နုနီကျင်ကျင်
2 ရွက်ဝါလွင်လွင် ရွက်နုနီကျင်ကျင်
3ရွက်နုတွေဝေနေပုံက အားရပါးရ
3ရွက်နုတွေဝေနေပုံက အားရပါးရ

 

4 သစ်လွင်စ
4 သစ်လွင်စ
5 တုးိထွက်သစ်လွင်
5 တုးိထွက်သစ်လွင်

 

6 ဖူးသစ်စ နုနု ကြွကြွ
6 ဖူးသစ်စ နုနု ကြွကြွ
7နီလွင်လွင်
7နီလွင်လွင်

 

“စွန့်ခွာခြင်းအဝါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း ”

 

ကျောက်တော်ကြီးဘုရားထဲကိုရောက်တော့ ဘုရားပုရဝုဏ်ထဲမှာလှည့်ပါတ်ကြည့်ရင်း

အစိမ်းအဝါတွေရောနေတဲ့ ညောင်ပင်ကြီးကိုမြင်ရပါတယ်။

အနီးနားကို အသေအချာကပ်ကြည့်လိုက်တော့ ပုရစ်ဖူးချီနေတဲ့ ရွက်သစ်နီနီလေးတွေကိုတွေ့ရပါတယ်။

နေ့လည်ပိုင်းကျုံးနံဘေးရောက်ပြန်တော့လည်း ညောင်ပင်မှာရွက်သစ်နီကျင်ကျင်လေးတွေရော

ဖူးစပြုနေတဲ့ ရွက်စိမ်းနုလေးတွေကိုမြင်ရပြန်ပါတယ်။

ကျနော်တို့လိုလူသားတွေက သာ အပြောင်းအလဲတွေနဲ့ အလုပ်ရှုပ်နေပေမယ့်

သဘာဝတရားကြီးကတော့ ပုံမှန်လည်ပါတ်နေမြဲပါဘဲ။

အချိန်တန်ရင် ရွက်ဝါအဖြစ်ကြွေသွားမယ်။

ရွက်သစ်တွေပရစ်ဖူးတွေထွက်လာမယ်။

နောက်ရင့်ကျက်လာတော့ စိမ်းမယ်။

ပြီးရင် ရွက်ဝါအဖြစ်ဘဝပြောင်းမယ်။

 

ဒါပေမယ့် ရွက်သစ်နုတွေကနေ အစိမ်းဘဝကို မကူးပြောင်းမီ ဘယ်လောက်များ ကြွေလွင့်သွားပါသလဲ။

ရွက်စိမ်းဘဝကနေ ဘယ်လောက်များ အချိန်မတိုင်မီလွင့်ပါးသွားခဲ့ပါသလဲ။

သစ်ပင်တစ်ပင်လုံးက ရွက်စိမ်းတွေရွက်ဝါဘဝကိုအားလုံးပြောင်းကုန်သွားပါသလား။

လို့မေးခွန်းတွေမေးမိတော့

မင်းတို့လူသားတွေရော ငါတို့လိုဘဲလား

လို့ ပြန်မေးတာခံလိုက်ရပါတယ်။

ကဲ ဘယ်လိုဖြေကြမလဲဗျာ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

21-3-2013

 

8လာပြီနော်
8လာပြီနော်

 

 

9 အလုအယက်
9 အလုအယက်

 

 

 

26 comments

  • MaMa

    March 22, 2013 at 9:34 am

    လာပြီနော် ဆိုတဲ့ ပုံလေးကို ကြိုက်တယ်။

    တိုက်တိုက်ဆိုင်ဆိုင်…
    စူပါမန်း ပဒုမ္မာ
    ရင်ခွင်ပြောင်းတဲ့ မမ
    စွန့်ခွာခြင်း ကိုပေါက်….. ပိုစ့်တွေ အပြိုင်တက်လာတာ ချိန်းထားကြသလိုပဲ။ :hee:

  • KZ

    March 22, 2013 at 9:46 am

    ဟုတ်တယ်။
    “လာပြီနော်” ဆိုတဲ့ ပုံလေးကြိုက်တယ်။
    :hee:

  • weiwei

    March 22, 2013 at 10:11 am

    သဘာဝတရားကြီးကို သတိမထားမိပဲ မေ့လျော့နေမိတယ် …
    လန်းဆန်းတက်ကြွနေတဲ့ အနီရောင်လေးကို သဘောကျတယ် ..

  • Novy

    March 22, 2013 at 12:17 pm

    5 တုးိထွက်သစ်လွင် /7နီလွင်လွင်
    ကို သဘောကျပါတယ်ရှင်

  • သဘာဝတရားကြီးကတော့ သူ့အလိုအတိုင်း လှမြဲလှဆဲပါဘဲ။
    အပူတွေများနေတဲ့ကျနော်တို့ကသာမမြင်တာ။
    ဒီညောင်ပင်လေးကို ရိုက်ချင်လွန်းလို့ ရွက်သစ်ထွက်အောင် စောင့်နေတာ ဆယ်ရက်တိတိ။

  • ရဲစည်

    March 22, 2013 at 1:46 pm

    လာပြီနော်က မာခရိုနဲ့ ရိုက်တာလား …. အပေါ်ထိတိုက်ရိုက်တာလား
    အောက်နားက အကိုင်းကိုဘဲ ရိုက်တာလား ဦးပေါက်
    အဲ့ပုံလေးကြိုက်၏

    • ဟုတ်ဘူး ငါ့ကောင်ကြီးရ
      ဇွမ်းဆွဲပြီး စူပါ ဗီဗစ်နဲ့ဆော်ထဲ့လိုက်တာ မထင်မှတ်ဘဲ မှန်းထားတာထက်ပိုလှသွားတယ်။
      အပေါ်ထိတော့ တက်ရဲပေါင်အေ့

  • Mr. MarGa

    March 22, 2013 at 1:47 pm

    တို့ လေးပေါက် တော်တော် ဇွဲကောင်းတာပါလား
    အဲဒီပုံလေးတွေကို ကြိုက်တယ်ဗျာ။ တကယ်
    သုံးမနော် လေးပေါက်

  • Ma Ei

    March 22, 2013 at 1:51 pm

    အရွက်လေးတွေက အဖူး၊အညွန့်
    ရွက်သစ်နုကနေ ရော်ရွက်ဝါ ဆီကို
    တစ်ဆင့်ခြင်းပြောင်းလဲ ကြွေသက်ကြပေမဲ့
    အသီးတွေမတော့ အမှည့် တဝင်းဝင်း မကြွေသေးသလို
    သီးကင်းဘဝတင်ကြွေ တာမျိုးတွေ ရှိနေတယ်လေ…
    လူ့ဘဝတွေလိုပေါ့ လို့ ပြောပြနေတာပါလား ကိုပေါက်ရေ…

  • Foreign Resident

    March 22, 2013 at 2:39 pm

    လှဒါယ် ။

  • kyeemite

    March 22, 2013 at 2:51 pm

    ကျနော်တော့ နီလွင်လွင် နဲ့ လာပြီနော်ကိုကြိုက်ပါ၏။
    အင်းဘာလိုလိုနဲ့ ကိုယ်တောင် အစိမ်း ဖျော့နေပီ…

  • koaung

    March 22, 2013 at 2:54 pm

    စဉ်းစားချိန်တောင်မရပါဘူးကိုပေါက်ရာ နေ့စဉ်နဲ့အမျှ ရုန်းကန်လှုက်ရှားနိုင်တာကိုဘဲဝမ်းသာရမလား ကုန်လွန်သွားတဲ့အချိန်တွေကိုဘဲတမ်းတဝမ်းနဲရမလား သိလိုက်တဲ့အချိန်ဟာ အခုအချိန်ဖြစ်လို့နေပါပေါ့

  • ကိုအောင်ရေ နေ့စဉ်ဘဝအတွက် မစဉ်းစားအားတာ လေးက 24ရက်နေ့ကျရင် ကဗျာလေးနဲ့
    ပုံလေး တက်လာပါမယ်။
    (ကြော်ငြာ ဝင်ထားခြင်း)

  • တစ်ချိန်တည်းမှာပဲ…..
    အချို့ သေသွားကြတယ် .. (စွန့်ခွာခြင်း အဝါ)
    အချို့ မွေးဖွားလာကြတယ် … (တိုးထွက်စ အနီ)
    အများစုကတော့ ရုန်းကန်မြဲပါပဲ … (ရှင်သန်ဆဲ အစိမ်း)
    ………
    သူညားဒွေလိုဘဲ …
    တားတားလည်း ဟို .. ချစ်လာဘီနော် .. ဆိုဒဲ့ ပုံလေး ခိုက်ဒယ် .. :mrgreen:

  • no non negative

    March 22, 2013 at 7:58 pm

    wonderful shoot bro.

  • မောင် ပေ

    March 22, 2013 at 8:56 pm

    ဖိုးဖိုးပေါက် လက်ရာများကို
    ကြည့်ရှုခံစားအားပေးသွားပါတယ်

  • Mလုလင်

    March 22, 2013 at 11:26 pm

    နံပါတ် ၈ . . . လာပြီနော် . . လေး ကြိုက်မိတယ်ဗျာ . .

  • ဗုံဗုံ

    March 23, 2013 at 10:13 am

    အော် မေ့နေလိုက်တာ ညောင်ရွက်တွေတောင် နုပေါ့ အလှအပ မခံစားနိုင်ဘူးကွယ် သမုဒ္ဒရာ ဝမ်းတထွာအတွက်ညောင်ရွက် ပြုတ်ရောင်းရအုံးမယ် :mrgreen:

  • padonmar

    March 23, 2013 at 10:56 pm

    လာပြီနော် နီလွင်လွင် တိုးထွက် သစ်လွင် ကြိုက်ပါတယ်ရှင်။
    ကိုပေါက်ရိုက်ပြတော့ လောကကြီးက အကုန်လှနေတာပဲ။

Leave a Reply