သမိုင်းကြောင်း မရိုင်းကောင်း History

ဒီနေ့ ဘာဖွရင် ကောင်းမလဲ စဉ်းစားတော့ တနေ့က ဒေါ်ခင်မမမျိုးရဲ့ ရင်ကိုထိမှန်စေခဲ့သော မြှားချက်များ ပို့စ်မှာ ကြံ့ဖွတ်စည်းရုံးရေးမှူးဟောင်း အင်ဖော်မာ ကပေရဲ့မှတ်ချက်“ စစ်ကိုင်းတိုင်း ရဲမှူးဂျီးက ဒေါ်စု သာ တစ်ခုခုဖြစ်ကြည့် အထက်အမိန် ့မပေးထားပေမယ့်လဲ အကုန်ပစ်သတ်မယ်လို ့ကြိမ်းတယ်” ကိုဖတ်ရတော့ ဒီမိုး ဒီရေနဲ့ ဒီလေအောက် ဘုန်းဂျီးရူးနဲ့ လှေလူး တွေ့နေဂျပီလို့ တွေးမိတယ်။ သူလုပ်တာနဲ့ ဆန္ဒပြသူတွေက သေဒဏ်ပေးဖို့သင့်တဲ့ လူဆိုးတွေဖြစ်လို့…. အခြားသူတွေလည်း ဘာထူးလဲ … ဆန္ဒပြသူတွေကို ငတုံးငအ အရိုင်းအစိုင်းတဲ့။ ထောက်လှမ်းရေးလည်း မျက်နှာဖုံးစွပ် ရေးလို့ဖြစ်တာမို့ မထူးဆန်းပေမဲ့ ကိုယ်သိနေတဲ့ ရွာသားအချို့ပါ ပြောကြတာမို့ စိတ်ဘဝင်မကျ ဖြစ်မိတယ်…..။ သူတို့လည်း ကျနော့်ကို စနိုးစနောင့် ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အပြန်အလှန်ပေါ့။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတာပဲဟာ..။

အဲဒါနဲ့ ပတ်သက်ပြီး နေ့သစ်အွန်လိုင်းမှာလား မိုးမခလားမသိဘူး ဖတ်ဖူးတာ အမှတ်ရတယ်။ ဦးနေဝင်း လက်ထက် ကိုကိုးကျွန်း အပို့ခံထားရတဲ့ အတိုက်အခံတွေ အစာငတ် အသေခံ ဆန္ဒပြလို့ အင်းစိန်ထောင် ပြန်ခေါ်ရတယ်။ အားလုံးကို မျက်နှာအိတ်စွပ်ပြီး မိန်းဂျေးထဲခေါ်လာ တန်းစီလူစစ်ချိန်မှာ တဗျောင်းဗျောင်းနဲ့ ပုံစံပေးတော့တာပဲ။ မင်းလားကွ ဘယ်သူဆိုပြီး ဗလိုင်းဂျီး တုတ်နဲ့ရိုက် ကန်ကျောက် ထိုးနှက်လုပ်ကြတာ…။ မျက်နှာအုပ်ထားတော့ ဘယ်ကောင်လုပ်မှန်း မသိနိုင်ဘူးပေါ့ဗျာ။ ကွယ်လွန်သူ လေထီးဦးအုန်းမောင် (သူလို့ မှတ်ထားမိနေတယ်၊ မှားရင် ခွင့်လွှတ်ပါ) ဆိုရင် နံရိုးတောင် ကျိုးသွားတယ်။ ရိုက်တော့ ဘယ်လိုရိုက်တယ် မှတ်သလဲ၊ သူ့ကို ဝါဒါတွေက နာမည်တပ်ပြီး ဝိုင်းတီးမယ်လုပ်တော့ ကိုကိုးကျွန်းက ပါလာတဲ့ ထောင်မှူးက မလုပ်ကြနဲ့ တားတယ်၊ သူ့အသံ ကြားနေရတာပေါ့နော်။ ဒါပေမဲ့ မရဘူးဗျ၊ တဘုံးဘုံးနဲ့ ဆွမ်းကြီးလောင်း ပစ်လိုက်တယ်။ တိုက်ထဲရောက်လို့ ကိုယ့်အချင်းခြင်း ပြောကြပြုကြရင်းနဲ့ အန်ကယ်ကြီးက သူ့ကိုမရိုက်ဖို့ ထောင်မှူးဝင်တားသေးကြောင်း ပြောတဲ့အခါ အဖြစ်မှန်က အသံကောင်းဟစ်တဲ့ ထောင်မှူးကိုယ်တိုင် ပြောရင်းနဲ့ ပြေးကန်ဆိုပဲ…. ခေါင်းစွပ်အောက်ကနေ ချောင်းကြည့်မြင်နေရတဲ့ အခန်းဖော်က ပြန်ပြောပြတာ… :kwi:

ဒါပဲဗျာ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ဒါတွေသိလို့ထင်ရဲ့ ပြောသွားရှာတယ်၊ သမိုင်းသင်တာ မအအောင်တဲ့။

ကြောင်ဖြစ်ရုပ်ကြွင်း
ကြောင်ဖြစ်ရုပ်ကြွင်း

15 comments

  • ဦး ကျောက်ခဲ

    March 20, 2013 at 11:57 am

    အသာလုပ်ပါ ဆရာကြောင်…
    ညီအကိုမှန်း မသိတသိ အချိန်ပါ… ဆန္ဒတွေစောနေကြသလားလို့…
    လက်ပံတောင်းတောင်စီမံကိန်းကို ရပ်ဖို့ပြောရင် အကျိုးဆက်ကဘာဖြစ်မလဲ…
    တကယ်ရပ်ပါပြီတဲ့… ပိုက်လိုင်းကို ရပ်ဖို့ဆက်မလှော်ကြဘူးလို့ အာမခံနိုင်ကြမလား..
    လက်ကျွံသွားပြီမို့ မှိန်းနေအကောင်းသား…
    အနေအထိုင်မတတ်ရင် ဒုတိယ “တိဘက်” ဖြစ်သွားမယ်…
    နောက်ပြီး ဝ ကိုမြှောက်ပေးလို့ ပြည်တွင်းစစ်ဖြစ်ရင်…
    ဘင်္ဂလားက ဝင်သုတ်လိမ့်မယ်…
    လူပိန်းတွေး တွေးကြည့်တာပါဗျာ… စိတ်မရှိပါနဲ့

    • ဦးကြောင်ကြီး

      March 21, 2013 at 10:16 am

      အဲလိုပေါဂျေးဆို အကျိုးဆက် အနေနဲ့ ဧရာဝတီမြစ်ဆုံအရေး ဘယ်လိုလုပ်မလဲ… ဒါလဲ တိုင်းပြည် ရေရှည်အကျိုးစီးပွား ပြောအုံးမှာလား….။ မရခင်တောင် ဒီလောက် ဖောက်ပြန်ချင်နေတဲ့ ဦးကျောက်… ဗျားကို ကျုပ်တို့ လုပေါင်သစ်ပါတီက ထုတ်တယ်… ဂျောင်း… :chee:

    • ဦး ကျောက်ခဲ

      March 21, 2013 at 11:09 am

      ဟုတ်ပြီ ဆရာကြောင်၊ အဲဒီအစကပြန်ဆွဲခြင်နေတာ… မဆိုင်တာ ထည့်တယ်ဖြစ်မှာစိုးလို့၊ ပိုက်ဆံတတ်နိုင်ရင် တက္ကနော်လော်ဂျီကလိုက်နိုင်ပါတယ်လို့ ကျုပ်တို့လောကမှာဆိုရိုးရှိပေမယ့် ဧရာဝတီမြစ်ဆုံအရေးက ဘယ်လိုမှမဖြစ်သင့်တဲ့ အခင်းအကျင်းပါ၊ ဆရာကြောင်ကြားဖူးမှာပါ အမေရိက က ရေဖြည့်လိုက်ရင် ငလျှင်လှုပ်လို့ ရေအပြည့်ဖြည့်လို့မရတဲ့ ဆည်တွေအကြောင်း… ဆိုတော့ ဒီအရေးဟာ အပြီးမပြတ်သေးပေမယ့် နားပေးလိုက်တယ်။ မြန်မာပြည်သူပြည်သားတွေ… အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြတယ်…တရုပ်အကျိုးစီးပွါးသက်သက်ဆိုတော့ ပေါက်ဖော်ကြီးနင်သွားတယ်

      ဆက်ဆွဲတယ် လက်ပံတောင်းတောင်အရေး… ဆန်ရှင်ကြောင့် အိုင်ဗင်ဟိုထွက်တော့၊ ဝမ်ပေါင်က အိုင်ဗင်ဟိုကနေ လက်လွှဲယူတယ်… ဒေသခံပြည်သူတွေအတွက် သိသာထင်ရှားတဲ့ အကျိုးစီးပွါးမပါ ပါဘူး။ အိုင်ဗင်ဟိုက ကြေးစင်တောင်စီမန်ကိန်းကို လုပ်ခဲ့သူပါ… သူက ကနေဒါကုမ္ပဏီဆိုတော့ အန္တရာယ်ရှိလို့ ကြေးနီကိုမြေစာထဲက အကုန်မထုတ်ဘူး၊ မြေစာကို ပုံပေးတယ် ဒေသခံတွေက အက်စစ် နို့ဆီခွက်ခွံနဲ့ ပြဒါးကိုသုံးပြီး အကျန်ဆက်ထုတ်တယ်။ အဲဒီနားကလူတွေ ချမ်းသာသူချမ်းသာကုန်ကြသလို ပြဒါးဆိပ်သင့်သူ အများကြီးပါ။

      အခု ဝမ်ပေါင်က ဒေသခံတွေအရိုးကိုက်စရာမရှိအောင် အက်စစ်သုံးပြီး အကုန်ထုတ်တယ်… မမျှမတလုပ်တယ်။ မေးစရာရှိတာက အိုင်ဗင်ဟိုလို အရိုးပေးကိုက်ရင် ဘယ်လိုနေမလဲလို့ပါ။ အခုဒီကိစ္စကို ဒေသခံတွေအတွက် အကျိုးစီးပွါးပါအောင် ပြန်စဉ်းစားမယ်လို့ဆိုတာ အကျေနပ်ကြီးမဟုတ်ပေမယ့် ဒီမှာက အရင်နွားတွေကောင်းမှုနဲ့ အပျိုရည်ပျက်နေပြီ။ မှားတာက အရင်နွားတွေက ကိုယ့်နှမကို အရက်ဖိုးယူပြီး ပေါက်ဖော်လက်အပ်လိုက်တာ… ဟိုပိုက်ဆံပေးလိုက်ရတဲ့ပေါက်ဖော်က ကျေနပ်ပါ့မလား။ အဲဒါကိုမှ အပြီးထွက်ပါ ရန်/ငါ ပြတ်ပါဆိုရင် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကို ရွေးတာပါပဲ… (စစ်တပ်ကိုရော၊ တရုပ်ကိုပါ)

      သေချာတာ တစ်ခုက ရပ်ပေးလိုက်ရင်… ဂတ်စ်ပိုက်လိုင်းကို ဆက်ဆွဲကြမှာပါ… ကိုယ့်အကျိုးစီးပွါးကို ကာကွယ်တာလား တရုပ်ကို မျက်စေ့စုံမှိတ် ဆန့်ကျင်တာလား…. ဖြစ်နေတာက ကြည့်လိုက်ရင် အသိသာကြီးပါ…
      ကျုပ်တို့ဆရာကြီး လွန်ခဲ့တဲ့ ၂နှစ်ထဲက ရွှေ့ထားတဲ့အကွက် အခုမှာဝင်တာဗျ…. ဟဲ ဟဲ

      • ဦးကြောင်ကြီး

        March 22, 2013 at 10:35 am

        နှစ်ဖက် မျှမြင်လဗျာ.. ဥကြောက်ခဲက ရခိုင်ရွှေဂက်စ်နဲ့ အခြားစီမံကိန်းတွေ နောက်ဆက်တွဲလိုက်မယ် ထင်ရင် အခြားဖက်မှာလဲ ဘွားဒေါ် သည်လိုပဲ ရွှေပြည်အေး တရားဟောပြီး ဧရာဝတီမြစ်ဆုံ ပြန်ဆက်ဖို့ ပြောမယ် မတွက်သင့်ဗူးလား။ လက်ပံတောင်းမှာ အပျိုရည် ပျက်နေတယ်ဆိုပေမဲ့ (လယ်ကွက်ကို တင်စားတာပါ) အကုန်မပျက်သေးဗူးဗျ။ လျော်ကြေးကိစ္စကိုပဲကြည့် မြေစာပုံထားလို့ လယ်စိုက်မရသူ အများစုပဲ မထူးလျှော့လျှော့ လက်ခံယူတာများတယ်။ ပေးသမျှ ကျေနပ်ပြီး လက်ခံလိုက်မှ အားလုံး အပျိုရည်ပျက်မှာ။ ဒီတော့ ပျက်သွားသူတွေ လက်ညှိုးထိုးပြီး ကျန်သူတွေပါ ထိုးအပ်မလား၊ အဲဒီ နွံတွင်းက ထိုးဖောက်ထွက်မလား။ မီးတုတ် မီးတုတ် ရှို့ရှို့.. သခင်မျိုးဟေ့ ဒိုဗာမင်န်.. ဝုတ်..ဝုတ် :kwi:

        • ဦး ကျောက်ခဲ

          March 22, 2013 at 10:55 am

          ဘွားတော် ဒီလောက်တော့ “အ” မယ် မထင်… မြစ်ဆုံ နဲ့ လက်ပံတောင်းတောင်နဲ့ အနေအထားမတူပါဘူး…
          မြစ်ဆုံက တစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်…
          ရွှေပြည်အေး တရားဟောပြီး ဧရာဝတီမြစ်ဆုံ ပြန်ဆက်ဖို့ ပြောမယ်ဆိုရင်တော့ ဘွားတော်ရဲ့ ကျဆုံးခန်းပါ…
          လက်ပံတောင်းတောင်ကတော့ ဒေသန္တရ အကျိုးစီးပွါးလို့ မြင်ပါတယ်…
          လက်ပံတောင်းတောင်ကိစ္စက အဲဒါအားနည်းချက်ပါ…
          အတိအကျ နယ်နိမိတ်သတ်မှတ်ရမှာပါ…
          တွေ့သမျှလျှောက်တူးလို့ ဘယ်ဖြစ်မလည်းဗျ…
          မတော်… မုံရွာမြို့ကြီးရွှေ့ပေးပါဆိုမှ…
          အတိအကျ အဓိပ္ပာယ်ဖွင့်စရာ အများကြီး အစီရင်ခံစာထဲမှာတွေ့ပါတယ်…
          နောက်မှဆက်မယ်ဗျာ…
          :kwi:

  • ရဲစည်

    March 20, 2013 at 12:59 pm

    ကျနော်ကတော့ အားပေးတယ်
    ချသာချ ….. နေ့စဉ်ဘဝမှာ ဘာမှမလုပ်ပဲ ထိုင်နေရင်တောင် ..
    တိုက်ပွဲပေါင်းစုံ ကြုံနေရတာ … လက်ခုပ်တွေ တီးနေကြရင်း
    တူညီမှုတွေ ကွဲပြားမှုတွေ တဒဂ်တည်း ပေါ်နေမှာ ဒီအတွက် ဘာမှ နောက်ပြန်ကြည့်စရာမလိုဘူး
    မြန်မာပြည်မှာ အခုချိန် အမှန်တကယ်လိုနေတာက
    SD Card Format မဟုတ်ဘူး
    Factory Reset Format ….
    အစိုးရ
    လူထု
    အတိုက်အခံ
    အားလုံးပါဘဲ …။

  • weiwei

    March 20, 2013 at 1:52 pm

    ကျွန်မကတော့ အခုတလောလေးမှ ဖတ်ထားတဲ့ ဆရာမဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ ၁၉၈၄ ဝတ္ထုကို သတိရမိတယ် …
    လွတ်လပ်ရေးဆိုတာ ၂ နဲ့ ၂ ပေါင်းရင် အဖြေ ၄ ရတယ်လို့ ပြောနိုင်တဲ့နေ့တဲ့ … :kwi:

  • koaung

    March 20, 2013 at 4:36 pm

    လူတယောက်ရဲ ့ကောင်းကွက်ချည်ဘဲ လိုုချင်လိုု ့တော့မရဘူးရယ် ဒွန်တွဲတဲ့ဆိုုးကွက်လဲပါမယ်
    သဘာဝရဲ ့သဘောတရား တခုုပါဘဲ ……. အံဝင်ခွင်ကျဇွတ်အတွင်း သွပ်သွင်းနိုုင်အောင်ဘယ်
    ဖုုရားမှ မစွမ်းနိုုင်ဘူး နီးစပ်တာနဲ ့ ရောင့်ရဲကြတာလဲ မင်းအသိပါဘဲ

    ဘာမှဟုုတ်ပါဝူး ပျင်းလိုု ့သီချင်းဆိုုကြည် ့တာ :harr:

  • mobile

    March 20, 2013 at 5:05 pm

    လေ့လာသမှု ပြုလိုက်ရပါတယ်……………

  • မောင် ပေ

    March 20, 2013 at 7:14 pm

    ဟေ့လူကြီး
    ကျုပ် က ကျုပ် ကြားတဲ့ဟာလေးကို မန် ့တာပါနော
    မြန်မာနိုင်ငံမှာ ဖြစ်သမျှ ကိစ္စအားလုံးကို လိုက်ခံစားနေနိုင်လောက်အောင်
    ပိုက်ဆံ မချမ်းသာသေးဘူးရယ်
    ကျုပ် ကို ဆပ်ပက်လိုင်းပေးမယ့် ပြည်တွင်း ပြည်ပ အဖွဲ ့အစည်းလဲ တစ်ဖွဲ ့မှ မရှိဘူးရယ်
    အဲဒါ အဲဒါ

  • Mr. MarGa

    March 21, 2013 at 2:31 pm

    တကယ်ပါကွယ်
    သမိုင်း သင်တာက မ အ အောင်လို့ပါ
    ကိုယ့်ဟာကိုယ် စဉ်းစား ဆုံးဖြတ်ကြပေါ့လေ

  • kyeemite

    March 21, 2013 at 3:03 pm

    သမိုင်းကြောင်း
    ငါးသိုင်းချောင်း
    ပလိုင်းကောင်း
    ဘလိုင်းထောင်း
    မရိုင်းကောင်း

  • နေဝန်းနီ

    March 21, 2013 at 9:25 pm

    သမိုင်းကြောင်း မသိချင်တော့ဘူးဗျာ …။ ကိုယ့်ဘက်က အ, လို့ ခံရတာတွေချည့်ပဲ …။ လူလည်ကျပြီး သူများသွားလုပ်လိုက်တာ တစ်ခုမှလည်းမပါဘူး စိတ်ညစ်စရာကြီး :harr: :harr:

    • kai

      March 22, 2013 at 12:14 am

      လက်ပံတောင်တောင်ရော.. မြစ်ဆုံရော.. ရန်ကုန်ကလူတွေသွားတယ်ဆိုကတည်းက..
      “လူလည်ကျပြီး သူများသွားလုပ်လိုက်တာ” လို့မတွေးမိဘူးမဟုတ်လား.. ကိုရင်နေ..

      ယူအက်စ်မှာ.. ကပ်ရပ်ပြည်နယ် နီဗားဒါးပြည်နယ်အရေး..
      ကယ်လီဖိုးနီးယားကလူက သွားရင်ရိုက်လွတ်ခံရမယ်..။
      “ဦးဆောင်ဖြေရှင်းပေးနေပါသည်”သွားလုပ်ရင်တော့.. လောက်တောင်မလောက်..။

      အာဟိ..

  • uncle gyi

    March 21, 2013 at 10:12 pm

    ကိုနီရယ်သေချာလေ့လာပါအုန်း
    ယိုးဒယားကတော့အခုထိကျုပ်တို့ကိုပြောလို့မပြီးသေးဖူးနော်

    ကိုကြောင်ရေဆရာကြီးစကားကတော့မှန်သလားမမေးနဲ့
    ဒါကြောင့်ဒေါ်စုကအခုလမ်းရွေးသွားတယ်ထင်ပါတယ်
    ဒေါ်စုအနေနဲ့အနောက်နဲ့တရုတ်ရွေးရမယ်ဆိုဘယ်သူ့ကိုသဘောကျမယ်ထင်သလဲ
    ချစ်လွန်းလို့ရွေးလိုက်တာမဟုတ်တာသေချာတယ်လို့ကျွန်တော်ပြောရင်ဘယ်လို့ဖြေမလဲ
    တချို့ပြောသလိုတရုတ်ကိုဖယ်လိုက်လည်းသူ့ထက်သာတဲ့အနောက်ကအဖွဲ့တွေလာမှာ
    အသေအချာလို ့ပြောသလိုလာမယ်ဆိုတာလည်းဒေါ်စုသ်ိမှာပါ
    ဒါဖြင့်ဘာဖြစ်လို့သူ့ပရိတ်သတ်အလျော့ခံပြီးအခုကိစ္စခေါင်းဝင်ခံတယ်ဆိုတာ
    စဉ်းစားစရာပါ

Leave a Reply