နတ်ကောင်းနတ်မြတ်

jmaungmgMarch 20, 20131min1077

အဆင်မပြေတော့ဘူးဆိုရင်ဘာလုပ်လုပ်ကိုအဆင်မပြေတော့တာ ကိုယ့်အလုပ်မှာအဆင်မပြေပါဘူးဆိုမှ အမေကပိုက်ဆံအလိမ်ခံရတယ် ပိုက်ဆံကအမပိုက်ဆံ အမေကသူ့သမီးလေးအတိုးရပါစေတော့ဆိုပြီး အသိတယောက်ကိုချေးပေးလိုက်တာ ခုတော့အတိုးလည်းမလာတော့ဘူး အရင်းဆိုဝေးလို့ အမေလည်းစိတ်ညစ်ရပြီ စိုက်ပေးစရာပိုက်ဆံလည်းကိုယ့်မှာမရှိ လောကကြီးမှာကိုယ့်အမေဒုတ်ခရောက် နေတာကိုငုတ်တုတ်ကြီးထိုင်ကြည့်နေရတဲ့ဆိုးရွားတဲ့ ခံစားမူကိုခင်ဗျားတို့သိစေချင်တယ် ဒါကြောင့်နတ်ကောင်းနတ်မြတ်တွေကလည်းဒီအတိုင်းလက်ပိုက်ကြည့်မနေပဲမစစေချင်တယ် ထီပေါက်အောင်ပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်အမေကိုမကူညီနိုင်တာ ကျွန်တော့်အပြစ်မဟုတ်ဘူးထီပေါက်အောင် မကူညီပေးတဲ့ နတ်တွေရဲ့ အပြစ်သာဖြစ်တယ် ထီပေါက်အောင်မကူညီတဲ့နတ်တွေကို တာဝန်ပေါ့လျော့ကြောင်းတနိုင်ငံလုံးသိအောင် အင်တာနတ်တွင်တင်ပစ်မည်။

ပုံ

ဂျူူနီယာမောင်မောင်

7 comments

  • နတ်ကောင်းနတ်မြတ်
    အတတ်ကောင်းတွေ တတ်လို့
    ရှိသမျှ …
    နှစ်လုံး သုံးလုံး ထိုးပလိုက်တာ
    သူတို့လည်း
    အကြွေးပတ်လည် ဝိုင်းနေ ဆိုပါလားဗျ ……။

  • မောင် ပေ

    March 20, 2013 at 7:56 pm

    နတ်အားကိုး
    ဖက်ထားနိုး
    ကြက်သွားခိုး
    မြတ်စားဆိုး
    ရှက်ဖားထိုး

  • kai

    March 21, 2013 at 2:48 am

    နတ်တွေရဲ့အပြစ်လည်းမဟုတ်ပါဘူး..
    နတ်တွေကို.. ရှိသယောင်.. လူတွေရဲ့ခေါင်းထဲ ရိုက်သွင်းထားသူများရဲ့ အပြစ်သာဖြစ်ပါကြောင်း..

    • GZ

      March 21, 2013 at 7:26 am

      နတ်တွေရှိပါဒယ် သဂျီးရဲ့ …
      နတ်တွေမရှိရင် ဂွ တွေ တိုင်ပတ်ကုန်မပေါ့..

      :kwi:

  • kyeemite

    March 21, 2013 at 10:22 am

    တော်ရုံနဲ့ ပြုံးမသွားတဲ့ နတ်ကို နတ်ကောင်းလို့ခေါ်တယ်… :kwi:

  • ကို ငြိမ်းမောင်

    March 21, 2013 at 10:57 am

    အင်း ဘာပြောရမလဲတောင် မသိတော့ဘူး၊ နတ်တွေ နတ်တွေ မပါ မပါ ဆိုတိုင်း သူတို့က မ မဘူးဗျ။
    လေးလွန်းလို့တဲ့။

  • Mr. MarGa

    March 21, 2013 at 12:17 pm

    နတ်က မ မ ဘူးလို့ထင်ရင်
    နတ်ကို မ တ ပါနဲ့
    ကိုယ်ဟာကိုယ် ကြိုးစားပါ။
    နတ်ဆိုတာ လူက ဖြစ်တာမို့
    လူသည်သာ အဓိက ပါ လို့ ပြောချင်ပါတယ်ဗျို့

Leave a Reply