ကျွမ်းကျင်သူပါဗျာ….

 

 

 

 

 

 

 

 

 

 

 

 

ဦးကျောက်… ဂဇက်မှာ ရွာသားဖြစ်ရတာ အလွန်ဂုဏ်ယူပါတယ် ခင်ဗျာ။ ရွာထဲဝင်လို့ ရွာသူ၊ရွာသားများရဲ့လက်ရာကို ရွာ့ဘုတ်အုပ်ကြီးမှာ ဖတ်လိုက်ရင် ရင်သပ်ရှုမော အံ့တွေဩလို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူး။ မိမိကျွမ်းကျင်ရာ  စိတ်ဝင်စားရာကို ရေးတတ်လိုက်ကြတာများဗျာ၊ ဦးကျောက်မှာ မျက်မှန်ကို ဖုန်ပွတ်လို့ အပြူးအပြဲ သဲသဲမဲမဲကို ဖတ်ရတာဗျ။ နိုင်ငံရေးဖတ်မလား၊ လူမှုပြုပြင်ရေးကိုဖတ်မလား၊ ပညာရပ်ဆိုင်ရာဖတ်မလား၊ ဘာသာရေးဖတ်မလား၊ ဘဝသရုပ်ဖော်ဖတ်မလား၊ အချစ်အကြောင်းဖတ်မလား၊ အချက်အပြုတ်ဖတ်မလား၊ ကျန်းမာရေးအကြောင်းဖတ်မလား…အိုဗျာ… တကယ့်ကိုစုံတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပါ။ သက်ဆိုင်ရာပို့စ်တင်မက ဝင်ရောက်ဆွေးနွေးတဲ့ ရွာသူရွာသားများရဲ့ အမြင်ကလည်း တယ်စူးရှလို့ ဦးကျောက်မှာ မျက်စိနှစ်လုံး ပွင့်ကတည်းက ဂဇက်ကိုဖွင့်ဖို့ စ စဉ်းစားမိတဲ့အထိ စွဲမိပါတယ်ဆိုရင် ပိုတယ်လို့ မဆိုကြပါနဲ့ဗျာ။ အဲသည်တော့ ဦးကျောက်လည်း ကိုယ်ကျွမ်းကျင်ရာ ဘာကိုများ ရွာထဲမှာ ဝေငှရမလဲလို့ စဉ်းစားမိတော့ ဘွားကနဲပေါ်တာပဲဗျို့။

 

ဟုတ်ကဲ့… ဦးကျောက်က ဘူမိဗေဒနဲ့ကျောင်းပြီးတာမို့ ဝသုန္ဒြေ ဤမြေနတ်မင်းကို ဘယ်လိုနှိပ်စက် ရမယ်ဆိုတာ ကောင်းကောင်းကြီးသိတာပေါ့ဗျာ။ ကျောင်းသားဘဝတည်းက တစ်တောဝင်၊တစ်တောင်တက် စိတ်မထင်ရင် သင်းကို အိတ်ထဲထည့်၊ အကြောမာတယ်ထင်ရင် တူနဲ့ဖဲ့တာပေါ့၊ ပြီးတော့ သင်းက သည်နားမှာ သည်လိုမျက်နှာပေးနဲ့ဆိုပြီး နေရာကိုမှတ်၊ သင်းမျက်နှာကို မြေပုံတောင် ထုတ်လာသေး။ ဘူမိဗေဒအထူးပြုနဲ့ တက္ကသိုလ်စတက်တော့ နောင်တော်ကြီးများက အားပေးရှာပါတယ်၊ “ငါတို့လို ငရဲကြီးမယ့်ကောင်လေးတွေ” တဲ့။ ဟုတ်ပါ့ဗျာ… ကမ္ဘာကြီးရဲ့သက်တမ်း၊ ကျောက်ကြီးသုံးပါးရဲ့ သက်တမ်း၊ သတ္တဝါတို့ရဲ့အစကို အာယုကပ်ကြီးတွေနဲ့ယှဉ်ပြီး မှန်းဆရတာမို့ ဗုဒ္ဓဘာသာအလိုအရ “မာလုကျပုတ္တ” လေးတွေကိုဖြစ်လို့။ အဲ… ထာဝရဘုရားရဲ့ GENESIS ကိုလည်း စောကြောမိသေးတာမို့ အပြစ်သားလေးတွေပေါ့ခင်ဗျာ။

 

ဆိုရရင်တော့ ဘူမိ ကျောင်းတော်သားဘဝ ကွင်းဆင်းလေ့လာရေးခရီးထွက်လို့ စခန်းချမယ့်နေရာကို ရောက်ပြီဆိုကတည်းက အထုပ်အပိုးချပြီးရင် ပေါက်တူး၊ တူရွင်းငန်းပြားနဲ့ ခြင်းအသေးကို ကိုင်ပြီး ကိုယ့်အဖွဲ့လိုက် ဤမြေနတ်မင်းကို စစ်ဆင်ရေး စတော့တာပါပဲ။ မိန်းကလေးများပါတဲ့ အဖွဲ့တွေက စာသင်ကျောင်းလိုနေရာမျိုးမှာ စခန်းချကြလို့ မထောင်းတာလှပေမယ့် ယောက်ျားလေးချည်းပဲ ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာ တပ်စွဲတတ်တာမို့ ဝမ်းရေး ဖြေရှင်းဖို့ ရောက်ရောက်ချင်း စီစဉ်ရပါတယ်။ ဟုတ်တယ်လေဗျာ… မြို့ကျောင်းသားတွေဆိုတော့ တောထိုင်နည်း မတတ်ကြသလို ရွာနီးချုပ်စပ်က ခွေးလေခွေးလွင့်များကလည်း အာသာငမ်းငမ်းနဲ့ခင်ဗျ။ သခင်သန်းထွန်းကတော့ အိမ်သာတက်နေရင်း ရဲဘော်မြကြီး ခေါ် ကြုံတိတ်ရဲ့ သေနတ်ပြောင်းဝမှာ အသက်ပေးလိုက်ရသလို ဟောသည့် မောင်ဘူမိများလည်း အတက်လေးကို မြွေပါးကင်းပါးကိုက်မိရင် ကုရာနထ္တိ၊ ဆေးမရှိ ဆိုတော့ ဘေးမသမ်းပဲ အေးချမ်းစွာ အိမ်သာတက်ဖို့အရေး ကိုယ်ထူကိုယ်ထပေါ့ခင်ဗျာ။

 

အိမ်သာဆိုလို့ နှာခေါင်းရှုံ့ပြီး အထင်တော်မသေးလိုက်ပါနဲ့ တောထဲမှာအိမ်သာဆောက်ရတာ ဘူမိနက်သန် နေရာမှန်ဖို့ အရေးကြီးပါတယ်ခင်ဗျ။ ပထမဆုံး ကိုယ့်စခန်းရဲ့ လေအောက်အရပ် ဖြစ်ဖို့လိုပါတယ်။ နေရာလွဲရင်တော့ စိုင်းထီးဆိုင်ရဲ့ ” လေညာအရပ်က အချစ် ” သီချင်းကို ခြုံစောင်ကို ခေါင်းအုပ်ပြီးမှ ဆိုရပါလိမ့်မယ်။ ” လေတင်၊လေအောက် ” ကို သိပြီးရင်တော့ မြေနေရာရွေးရပါပြီ။ မြေအနိမ့်ပိုင်း ချောက်ထဲမှာဆို မိုးရွာရင် ရေလျှံ ချော်လဲရင် ကျင်းထဲကို ဒါရိုက်ဟစ်နဲ့ “ပလုံ” မှာဆိုတော့ မြေမနိမ့်မမြင့်မှာပေါ့ ခင်ဗျာ။ အဲ… အိမ်သာကျင်းတူးမယ့် နေရာအောက်မှာ ကျောက်ဖျာ ရှိမရှိ၊ သစ်ပင်၊ဝါးပင် ကြည့်ပြီး စူးစမ်းရပါသေးတယ်။ ဒါတောင် အရွေးမှားရင် ကျင်းတစ်ဝက်လောက်တူးမိမှ ကျောက်ဖျာနဲ့ တိုးလို့ကတော့ “သေပြီဆရာ” လို့ အော်ပေရော့ပဲ။

 

ကိုင်း… မြေနေရာ ရွေးပြီးရင်တော့ ငါးယောက်တစ်ဖွဲ့ သစ်၊ ဝါးရှာ တာပေါ်လင်စ ပုံလို့ လုပ်ငန်းစဖို့ပြင်ကြပါတယ်။ အကုန်လုံးက လူပါးတွေချည်းဆိုတော့ မြေကျင်းမတူးချင်ကြပါဘူး။ အဲသည်တော့လည်း တစ်ယောက်ကို တစ်ပေ တူးဖို့ ဘယ်ကောင်ပထမ၊ ဘယ်ကောင်ဒုတိယ မဲနှိုက်လို့ ရွေးကြတာပေါ့ဗျာ။ အပေါ်ယံမြေသားမှာ ကျောက်တုံးတွေ ရှိတတ်တာမို့ ထိပ်ဆုံးကျတဲ့ ကောင်တွေကတော့ ကံဆိုးတဲ့ “မောင်ရှင်” တွေပေါ့။ အချင်း သုံးပေလောက်ကို တူရွင်းနဲ့ဆွလို့ တစ်ပေချင်း တစ်ယောက်တစ်လှည့်တူးလိုက်တာ ငါးပေလောက်ဆိုရပါပြီ။ ဝါးခြမ်းပြားကို ကွက်ကျားရက်၊ ကျင်းမပြိုအောင် ကာပြီးရင်တော့ အလယ်တည့်တည့်မှာ တစ်ပေလောက် အပေါက်ချန်၊ အပေါ်ကနေ ပျဉ်ပြားခင်းလိုက်တာပေါ့။ ကျင်းသိပ်နက်ရင် ရေစိမ့်၊ ကျင်းတိမ်ရင် အချိန်တိုအတွင်း ကိုယ်ပြုသော ကံ၊ ကိုယ့်ထံ ပြန်လာမှာဆိုတော့ ကျန်းမာတဲ့ သူကောင့်သား ငါးယောက်အတွက် တစ်ယောက်ကို တစ်နေ့ သုံးဆယ့်ငါးကျပ်သားနှုန်းနဲ့ တွက်လိုက်ရင် တစ်လစာဆို သုံးပေအကျယ်၊ ငါးပေအနက်မှ အဆင်ပြေမှာလေ။

 

ကျင်းနဲ့အခင်း ပြီးရင် ကျန်တာကတော့ တိုင်လေးတိုင်စိုက်၊ အမိုးအုပ်လို့ တာပေါ်လင်စ ဘေးသုံးဘက်ကကာ၊ မြွေပါးကင်းပါးနဲ့ မိုးရေမဝင်၊ အနံ့လုံအောင် ပတ်လည်ကို မြေဖို့၊ အရှေ့ကိုဝါးကပ်၊ ဒါမှမဟုတ် တာပေါ်လင်စ အရှင်ကာလိုက်ရင် တောထဲမှာ တင့်တင့်တယ်တယ် ဂုဏ်ထည်တယ်ခင်ဗျ။ ဪ… မေ့ခဲ့လို့… သုံးပြီးတိုင်း အဖုံးအုပ်၊ ဈေးနေ့ဆိုမြို့တက် ထုံးမှုန့်အိတ်ဝယ်ပြီး ကျင်းထဲနဲ့ ပတ်ပတ်လည်ကို နေ့တိုင်းသာ ဖြူးပေးရင်၊ ဟိုအကောင် သည်အကောင် မမြင်ရဘူးခင်ဗျ… ရှယ်ပေါ့ဗျာ။ အဲ…ဒါပေမယ့် လုံခြုံရေးအသိ မရှိရင်၊ တစ်ခြားအဖွဲ့က ငပျင်းများ လူလစ်ရင် ဝင်ဗျင်းကြမှာဆိုတော့ သော့ခလောက်တော့ ကြံဖန်ခတ်ရတာပေါ့။ အဲသည်လို ကွန်မြူနစ် အရင်းကျမ်းကိုကျေ… ဟုတ်ပေါင်၊ မြေကြီးကို နှိပ်ကွပ်လာတာဆိုတော့ အခုလည်း အလုပ်ထဲမှာ အေးအေးဆေးဆေးပါ။

 

နောက်ကြောင်းကို ပြန်ပြောရရင် ကျောင်းပြီးတော့ ဆရာကြီးများက မှာတမ်းချွေပါတယ်၊ “ဘူမိဗေဒနဲ့ အသက်မွေးရင် ပိုတော်တဲ့ကောင်က ဤကမ္ဘာမြေကြီးကို ပိုဒုက္ခပေးမှာ” တဲ့။ ဟုတ်ပါရဲ့ခင်ဗျာ… ကမ္ဘာတစ်လွှားမှာ တွင်းထွက်တွေရှာ၊ ဆည်တွေဆောက်၊ ငွေရှင်အလိုကျ အမျိုးစုံ မွှေနေတာ ဦးကျောက်တို့လို မောင်ဘူမိများက အရင်းခံမို့ တိုင်းရေးပြည်ရေး ဝင်မဆွေးနွေးရဲပါဘူး၊ ကိုယ့်ခြေထောက် ကိုယ်သေနတ်နဲ့ပစ်သလို ဖြစ်မှာခင်ဗျ။ နောက်ပြီး … ဆိုခဲ့တဲ့အတိုင်း တခြားပညာရပ်အကြောင်းလည်း ထဲထဲဝင်ဝင်မသိ၊ ဦးကျောက်ရဲ့ မူလဘူတ နဂိုလက်ရင်း ကျွမ်းကျင်ချင်းက “အိမ်သာကျင်း” တူးတာဆိုတော့… အဲဒါလေးကိုပဲ စိတ်ဝင်စားရင် ဆွေးနွေးပါရစေ ခင်ဗျား…

 

 

 

70 comments

  • ကြောင်ဝတုတ်

    March 20, 2013 at 2:36 pm

    ဆိုလိုချင်တာက ဦးကျောက်က Professional တွင်းတူးသမားပေါ့နော်….
    အော်…
    တွင်းတူးသမား… တွင်းတူးသမား…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • KZ

      March 20, 2013 at 2:48 pm

      ဦးကျောက်က လူ နောက်ကြီးရယ်။
      သူတကယ် တူးတာ က ဟောရိဇုန်တယ် တွင်း။ (မြေအောက်ရထားလမ်းကိုပြောတာပါ။) :mrgreen:
      ခု ကျွမ်းကျင်တယ်လို့ ရေးတာက ဗာတီကယ် တွင်း။
      ဟွန့်။ တွင်းသစ်တူးရုံနဲ့တော့မရ။
      :kwi:

    • ဦး ကျောက်ခဲ

      March 20, 2013 at 3:01 pm

      အား… ဟိ ကိုကြောင်ဝတုတ်
      ခင်ဗျားတို့က အမြစ်တူးတယ်၊ ထောင်ဖောက်တယ်၊ အနရွိုက်တွေဘာတွေ….
      တက္ကနီကွေးအကြောင်းပြောကြရင် ကျုပ်မှာအားငယ်လို့ တတ်သည့်ပညာမနေသာ မျှဝေမိတာပါဗျာ…
      အကိုကြီး တူးဦးမလားဟင် အိမ်သာကျင်း…
      :harr:

      ဒေါ်ဇာဂျီး
      ဗာတီကယ်တွင်း တူးဖူးတာပေါ့ဗျာ…
      ဆိုခဲ့ဖူးတဲ့အတိုင်း အရင်က ဘိုးပိုင် (Bored Piling) မှာလုပ်ဖူးတယ်လေ…
      :harr:

  • KZ

    March 20, 2013 at 2:43 pm

    အိမ်သာကျင်း တူးတဲ့ …
    မက်သတ် စတိတ်မန့်ကို အရင် ဆန်မစ် လုပ်ပါအေ။
    မစ်ရှင်နရီ လစ် လည်း လိုချင်တယ်။
    ဆေ့(ဗ) ဝေါ့ ပရိုစီဒီရာလဲ ရေးပေး။
    ရစ်(စ) အစက် စမန့် လည်း ပရပဲ ပါ။
    ဟူး။
    ပြောရတာမောလိုက်တာ။
    စပယ်ရှယ်လစ် ဆိုလို့ ဒေတာ အပြည့်အစုံတောင်းမိတာပါ။ :mrgreen:

    ဒါနဲ့ အဝီစီတွင်းရော တူးတတ်သလားဟင်။
    :harr:

    • ဦး ကျောက်ခဲ

      March 20, 2013 at 3:17 pm

      ဆြာမက BCA မှာသင်တန်းတက်ပြီး ဂလိုလာမေးမယ်ထင်လို့…
      ငါးပေနဲ့ တွက်ပြတာပါ၊ နှစ်မီတာ မကျော်ဘူးလေ…ဟီ ဟိ
      မက်သတ် စတိတ်မန့် နဲ့ မစ်ရှင်နရီ လစ်က အပေါ်မှာပြောခဲ့ပြီးပြီ…
      တစ်ပေချင်းတူးပါတယ်၊ ဝါးခြမ်းပြားကို ကျင်းမပြိုအောင် ကွက်ကျားရက်ပြီးကာပါတယ်ဆိုမှ…
      ဆေ့(ဗ) ဝေါ့ ပရိုစီဂျာ နဲ့ ရစ်(စ) အစက် စမန့် လာတောင်းနေသေးတယ်…
      ညှင်း… ညှင်း Trial Pit သင်ခန်းစာကို စာမကြေဘူး… ကျန်း
      :harr:

  • ရဲစည်

    March 20, 2013 at 2:51 pm

    ဟား … ခုမှဘဲ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ့တော့တယ်ဗျာ …. ။မန်းဂေဇက်ထဲ ရောက်ကတည်းက ကိုယ်နဲ့လိုင်းတူတဲ့သူတွေ မရှိတော့ ဟိုရေးဒီရေး လျှောက်ရေးရင်း ကိုယ်ကျွမ်းကျင်တဲ့ လိုင်းကနေ သွေဖယ်ပီး ပေါက်တတ်ကရတွေ ဖြစ်ကုန်ရော။ကဲစလိုက် ကြရအောင်ဗျာ …။
    နံပါတ်(၁)
    လူ၅ယောက် x ရက် ၃ဝစာ အတွက် လိုအပ်တဲ့ ပမာဏက အချင်း ၃ပေ၊ အနက် ၅ပေ ဆိုတော့ ပမာဏအားဖြင့် ဘယ်လောက်ဆန့်မလဲ သိချင်ပါတယ်။ ပိဿနဲ့ပြောနိူင်ရင်ပြောပါ ဒါမှမဟုတ် ကီလိုနဲ့လဲ ပြန်တွက်ပေးနိူင်ပါတယ်။
    Source : ၁တန် = ၆၁ဝ ပိဿာ
    နံပါတ်(၂)
    လူ ၅ယောက်အတွက် ၃ပေ ၅ပေလိုတယ်ဆိုရင် လူရာဂဏန်းရှိတဲ့ မန်းလေးဂဇက်အတွက် ချီးတွင်းကြီး တူးမယ်ဆိုရင်-
    ၁ ကုန်ကျစရိတ်
    ၂ ကြာမြင့်ချိန်ကာလ
    ၃ လိုအပ်တဲ့ မြေပမာဏ
    ၅ ပြည်ပရင်းနှီးမြှုပ်နှံမှု လိုမလို
    စတာတွေကို အသေးစိတ် တွက်ချက် ပေးစေလို၊ ပြန်ကြားစေလိုကြောင်း။
    မှတ်ချက်။
    ရာရှင်စကေးအရ လူတယောက်ဟာ ဆန်နိူ့ဆီဗူး ၁လုံး နဲ့ အသား+အသီးအရွက် ၅ကျပ်သားခန့်ဘဲ(တောထဲ တောင်ထဲ) စားသုံးခွင့်ရပါရဲ့ ပြန်ထွက်နှုန်းက ၃၅ကျပ်သားဆိုတော့ သိပ်သဘာဝမကျဘူး ဖြစ်နေပါတယ်။အဲ့လို အထွက်နှုန်း ကောင်းတဲ့ ဘူမိကျောင်းသားတွေ များလာရင်တော့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ဝင်လာဖို့ အခွင့်အလမ်းရှိနေပါကြောင်း။

    • ဦး ကျောက်ခဲ

      March 20, 2013 at 3:35 pm

      ဆြာကရဲစည်ရယ်… တကယ် အလုပ်အပ်မှာလား…
      အကြမ်းဖျင်း ကျုပ်က ဘေးထွက်ပစ္စည်းနဲ့ တခြားပရောဂပါတွက်ပြီး…
      တစ်တန်နီးနီး တူးထုတ်ထားတာဗျ…
      အဟဲ… တကယ်သုံးလို့ရမှာက ကျင်းရဲ့ သုံးပုံတပုံ…
      ၅၂ပိဿာခွဲကို လေးဆတွက်ရင်အတော်ပဲဗျ…
      ကျုပ်တို့က စစ်သားမဟုတ်တော့ တွေ့ရာအကုန်စားတာကိုး…
      တွက်လဗျာ….မနက်ခင်းစာ၊ နေလည်စာ၊ ညနေအမြည်း၊ ညစာ…ဟီး ဟီး

      ဂဇက်ရွာအတွက်ဆိုရင်တော့ စက်ကြီးနဲ့တူးမှရမယ်ဗျို့…
      နေဦး သဂျီးဘတ်ဂျက်ကိုမေးလိုက်ဦးမယ်
      :harr:

      • ရဲစည်

        March 20, 2013 at 3:50 pm

        ရဘူးဗျာ ကျုပ်တို့က ကွမ်းစားထွေးပစ်တွေ
        အူး၄ တရက်ကို ၁ပိဿာ စားရင်တောင် …. ။
        တနေ့ ၃၅ကျပ်သား ပြန်မထွက်ဘူး … :mrgreen:
        လယ်လုပ်ဖူးတော့ ပြောရအုံးမယ်
        မနက်ပိုင်း နွားတွေ တံပိုးမတပ်ခင် အနက် ၁တောင် အကျယ် ၁တောင် အရှည် ၆ပေခန့်ရှိတဲ့ နွားစခွက်မှာ
        ပဲဖတ်နဲ့ ကောက်ရိုးကို စင်းပီး အပြည့်အသိပ် တည့်တယ် ရေပါရောနယ်ထားတော့ ခန့်မှန်း အလေးချိန် ၄ပိဿာခွဲလောက် ရှိရဲ့။ ဒါကို နွား၂ကောင်က အပြောင်တီးတာ ဇလုပ်ထဲတော့ ကျန်မပေါ့လေ။
        ဆိုတော့ ၂နာရီအကြာလောက်မှာ စပါတဲ့ မောနင်းမစင် အစိုကို ကောက်ချိန်ပါက အစိတ်သား အပြည့်ကြောင်း။
        ဘိဇစ်နပ်အရ ပြောရရင် ၁ပေပတ်လည် နချီးခြောက် အပုံ ၂ရပုံလောက်မှ တပိဿာရတာမို့ …….. အစို ၃၅ကျပ်သားထွက်ရင်တော့ … မြက်ကျွေးပီး ….ဟင်းဟင်း
        အိုဘယ့် ဘိဇိနပ်
        အကြီးကြီး
        အကြီးကြီး
        အကြီးကြီး
        :harr:
        လုပ်ဖြစ်ရင်တောင် တရုတ်နဲ့ မလုပ်ဘူး မတော် နိူင်ငံရေးနဲ့ ငြိပီး ဆန္ဒပြနေမှဖြင့် … ကွိကွိ

        • ဦး ကျောက်ခဲ

          March 20, 2013 at 4:08 pm

          ရော်… ခက်ပြီ ဆြာကရဲစည်ရယ်…
          ခင်ဗျားတွေးမှ ကျုပ်တို့လည်း နွားလုံးလုံးဖြစ်ပြီ….
          နွားကိုယ်လုံးနဲ့ လူကိုယ်လုံးယှဉ်ကြည့်ပါဦးဗျ…
          အာပီးရင် သောက်မပေးဘူးလား…
          ချုံးကီးရင် စက္ကူမသုံးဘူးလား…
          ခီညားလို ဝမ်းချုပ်နေလို့ တစ်နေ့တစ်ခါပဲပါတဲ့သူဆိုရင်တော့ ဟုတ်မှာပေါ့…
          ဟီ ဟိ… :kwi:

  • kai

    March 20, 2013 at 2:58 pm

    တွင်းတူးတဲ့အကြောင်း. လှည့်ပါတ်ကောက်ကွေး.. တူးသွား.. အဲ.. အဲ.. ပြောသွားလိုက်တာများ.. ဆိတ်ဝင်စားစရာ..။
    =
    တွင်းဟောင်းရေကြည်အေးမြသည်တဲ့..
    ဆိုတော့..
    ကြွက်ပြင်းလုပ်မလား.. တွင်းသစ်တူးမလား.. တွင်းတူးသမား မြန်မြန်ပြော..။ :kwi:

    • ကြောင်ဝတုတ်

      March 20, 2013 at 3:18 pm

      သူကြီးကလဲ… တွင်းတူးပါ့မယ်ဆိုမှ… တွင်းဟောင်းဖြစ်ပါ့မလား… ခက်နေပါပြီ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

    • ဦး ကျောက်ခဲ

      March 20, 2013 at 3:39 pm

      ပြောလိုက်စမ်းပါ ကိုကြောင်ဝတုတ်…
      တူးတတ်ပါတယ်ဆိုမှ တွင်းဟောင်းဝင်ပြီး ကြွက်ပျင်းလုပ်ပါ့မလား ခင်ဗျ…
      လူကို အထင်မစမောပါနဲ့ သဂျီးရယ်… ဟီ ဟိ
      :harr:

      • ကြောင်ဝတုတ်

        March 20, 2013 at 4:12 pm

        ဦးကျောက်ရေ….

        ကျွန်တော် နှိပ်လိုက်တယ်ဗျနော်…
        ဦးကျောက်သိပါတယ်…. ဟင်း…ဟင်း…ဟင်း…
        ဒီအကြောင်းသိရှိလိုသူများ… အီးမေးလ်ပို့ဆက်သွယ်နိုင်ပါကြောင်း

        ခင်မင်လျက်-
        ဖက်ဖက်ကက်

  • ဘိုကြောရမဲ …
    အင်း … အဲ .. အင်းး .. အဲ ….
    ကျင်းတူး တဲ့ဟာ သိမှ မသိဘဲနဲ့ …
    ကျင်းတူးဒါဆိုလို့ … ငယ်ငယ်က ကျောက်ဒိုး ထုဖို့ တူးတဲ့ ကျင်းပဲ တူးတတ်တာကလား .. :mrgreen:
    ဒီတော့ကာ …
    ဘာမှ ကြောဒေါ့ဝူးးးနော် .. ဥရေးကျောက် ….
    ကိုယ့်ဥရေး ပို့စ်မို့ ညက်နှာ ဝင်ပြဒါ …… ဟီးဟီး … :mrgreen:

    • ဦး ကျောက်ခဲ

      March 20, 2013 at 4:17 pm

      ကိုင်း… တူဂရေး မောင်အံစာ
      တစ်သက်လုံးလုပ်စားလို့ရအောင် ကျင်းတူးနည်းသင်ပေးမယ်ကွယ့်…
      ပေါက်တူးနဲ့ တူရွင်းငန်းပြားယူပြီးလာခဲ့…
      :harr:

  • တိမ်မည်း

    March 20, 2013 at 4:15 pm

    ဘွဲ ့ရ ဘူမိ
    လည်တော့ တောမြိုင်
    စုတော့ ကျောင်းသား
    ကြံတော့ အိမ်သာ
    ရွေးတော့ လေညာ
    မြေမှာ အလတ်
    ကျောက်ဖျာ စစ်လို ့
    တူးဖို ့ မဲချ
    ကျသော ထိပ်ခေါင်
    ကံဆိုး မောင်ရှင်
    ဆုံးတော့ ငါးပေ
    ခက်တော့ ဝါးပြား
    စိုက်တော့ လေးတိုင်
    မိုးတော့ တာဘက်
    မိုးမြေ လေကင်း
    အိုဘယ့် ဘူမိ
    လုပ်တဲ့ အိမ်သာ။

    • ဦး ကျောက်ခဲ

      March 20, 2013 at 4:24 pm

      ဟိုက်ရှားဘား…
      ရွာပြန်ပြီး အိမ်သာကျင်းတူးစားရင်…
      ဆြာတိမ်မည်းရဲ့ ရင်တွင်းဖြစ်ကဗျာလေးကို…
      ကျော်ငြာအဖြစ် သုံးပါရစေဗျား…
      :harr:

      • တိမ်မည်း

        March 20, 2013 at 4:41 pm

        တကယ်ကျင်းတူးစားဖို ့ ပလန်ရှိဒလားဟင်………..
        ဒါဆို ကျုပ်ကဗျာကို မသုံးပါနဲ ့ဗျာ… ခင်းည ချီးပွားရေးလေး မဖြစ်ပဲနေပါအုံးမယ်……
        အဲ့ဒါမှ တားမရလဲ သုံးပေါ့ဗျာ…… ဒါပေမယ့် အိမ်သာနံ ့တော့ ရမယ်….
        ရေမွေးလေးဘာလေး ဆွတ်သုံး… :mrgreen:

  • ကြည်ဆောင်း

    March 20, 2013 at 4:40 pm

    ကျွမ်းကျင်သူဆိုတော့ ဘာတွေများကျွမ်းကျင်မလဲဆိုပြီး ဝင်ဖတ်ကြည့်လိုက်တာ..
    ဘာမှ ဝင်မဆွေးနွေးနိုင်အောင် ကျွမ်းကျင်ပါပေရဲ့…
    :harr:

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:27 pm

      အဟဲ… မကြည်ဆောင်း
      ဆွေးနွေးလို့မရအောင် ရေပိတ်စပါးပြောပါမှ အပေါ်က ပညာရှင်ကိုရဲစည်နဲ့ မိသွားသေးတယ်…
      ဘာရယ်မဟုတ် ရွာထဲမှာစာရေးကျဲလာကြလို့ ပျော်စေပြက်စေပါဗျာ…
      :harr:

  • amatmin

    March 20, 2013 at 5:01 pm

    တွင်းဗဟုသုတကတော့
    ကျနော်အဖို့ ဝေးတယ်..ပိန်းတယ်..
    အူးကျောက်တူးတဲ့တွင်းတော့ စိတ်ဝင်စားပါသဗျ 🙂
    ဒါနဲ့ အူးလေးအရေးအသားနိုင်နင်းပုံကိုတော့ လေးစားပါကြောင်း.နဲ့
    ကျွမ်းကျင်သူ ဆိုတဲ့ ခေါင်းစဉ်နဲ့ အူးလေးကလိုက်ဖက်မယ်ထင်မိပါကြောင်း
    :harr:

    • KZ

      March 20, 2013 at 5:11 pm

      ဝေးတာ။ ပိန်းတာတော့ တွင်း ဗဟုသုတမှ မဟုတ်ပါဘူးလေ။
      အလှကြည့်ပါဆိုတဲ့ တံတားကို ဖြတ်လျှောက်ကြည့်ချင်သေး။
      :harr:

      ဦးကျောက်။ ပြောလိုက်စမ်းဘာဗျာ။ စိတ်လည်း မဝင်စားနဲ့လို့။
      “တွင်းသာနက်၊ မောင်မင်း မတူးတတ်” လို့။
      :kwi:

      • amatmin

        March 20, 2013 at 5:21 pm

        အဲ့.. တံတားကိုလှလွန်းလို့ တခေါက်လောက်..
        တူတူဖြတ်လျှောက်ကြည့်ရအောင်စပြောတာ ဘယ်သူဒုံး
        ခုကြည့်..ချောက်ချတော့ ဒင်းကရှေ့ဆုံး..
        :kwi:
        တွင်းတူးဖို့ရာတော့ အူးကျောက်ဆီက
        နည်းတောင်းဖို့ ကျုပ်ကကြံတုန်းရယ်..
        တွင်းကြီးတူးခွင့်ရှိပါရက်.အတူးမတတ်တာက ကဖက်ကပ်.
        ဒီအချိုးနဲ့များ အူးကျောက်ကို သူက ကလန်ချင်သေးတယ်..
        ့:harr:

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:34 pm

      ကိုအမတ်… ဂလိုပညာလျှိုကြေးလား…
      ကျုပ်ကတွင်းမတူးပါဘူး… ကျင်းတူးတာဗျ…
      ကဖက်ကပ်က ခင်ဗျားလို ပညာလျှိုထားတယ်ဖြစ်မယ်…
      :harr:

      မိဇာဂျီး…
      လိုက်မမှီဘူးအေ…မူးတယ်… မူးတယ်
      :kwi:

      • amatmin

        March 20, 2013 at 8:59 pm

        အူးကျောက်ရယ်..
        တံတားပေါ်က ဇာတ်လမ်းကတော့ ဆြာဂီ သင်ပေးတဲ့ အတိုင်း
        ကိုယ်လိုသလို ဆွဲတွေးလိုက်တာပါ ရယ်…
        အူးလေးလည်း တွင်းမတူးခင် သိဖို့တော့ လိုမယ်ထင့်.. 😛
        ဆိုတော့လက်ဘက်ရည်ဆိုင်မှာ လက်ချာပြန်လို်က် လိုက်ပါအုံး နော့..
        :harr:

        • GZ

          March 21, 2013 at 7:31 am

          တွင်းအေးဆေးတူးဂျဘာဗျာ ..
          ရထားလည်းပါတ်မစီးဂျဘာနဲ့ တံတားလည်း ဖြတ်မလျောက်ဂျဘာနဲ့…
          နှလုံးရောဂါ ဖြစ်မဆိုးလို့ပါ….။

          :kwi:

        • KZ

          March 21, 2013 at 9:34 am

          ကြားသလား။ ကြားသလား။

          ကိုမတ်တို့ ဦးကျောက်တို့။

          လက်ချာရာ ပြောနေဘီ။

          နားထောင်ကြ။

          ရထားမစီးရ။
          တံတားမဖြတ်ရတဲ့။
          နှလုံးရောဂါဖြစ်တတ်တယ်ဒဲ့။
          :kwi:

  • mobile

    March 20, 2013 at 5:19 pm

    အိမ်သာကျင်းတူးရတာကလည်း အဲ့ဒီလိုနက်နဲးသကိုး………
    နေ့စဉ်နှင့်အမျှ လူတိုင်းမကင်းနိုင်တဲ့ ထိတွေ့မှုဖြစ်ပေမယ့်…….
    လျှံနေပီးမတွေးမိတဲ့လူကများမှာပါ….. ကျုပ်လည်းဒီလောက် ထည်ထည်ဝင့်ဝင့်
    နားမလည်ဘူးရယ်……. အတွေးအခေါ်ဗဟုသုတပိုင်းဆိုင်ရာ ပညာရပါ၏….

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:38 pm

      ကိုရင်မိုဘိုင်း…
      ရှူးတိုးတိုး…ကျင်းနက်ရင် မြေစာတင်ရခက်သဗျ… အဲဒါလျှို့ဝှက်ချက်…
      :harr:

  • Sky ko ko

    March 20, 2013 at 6:08 pm

    အရေးအသားကတော့ လေးစားထိုက်တယ်ဗျို့။ အားကျမိပါရဲ့

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:40 pm

      Sky ko ko…
      ဒီလောက်မဟုတ်ပါဘူးဗျာ… ဆန်းသစ်တဲ့အတွေးအခေါ်လည်းမရှိပါဘူး…
      :kwi:

  • MaMa

    March 20, 2013 at 6:37 pm

    ဤသည်လည်း ပညာတစ်ပါးပေတည်း။
    မှတ်သားလောက်ပါပေတယ်။
    ငပိဖုတ်တောင် ဆရာ မပြ နည်း မကျလို့ ပြောကြတယ် မဟုတ်လား။
    :hee:

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:44 pm

      ဂလိုပေါ့ အန်တီမမရယ်…
      ငါ့ဝမ်းပူဆာမနေသာ ဆိုတော့ဒီလိုပေါ့… အဲ မဟုတ်
      ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလိုပေါ့… ကြိုပြင်ထားရတာလေ…
      :harr:

  • မောင် ပေ

    March 20, 2013 at 7:28 pm

    ဦးကျောက် ပြောတဲ့ ကိစ္စက တော်တော်လေးကို အရေးကြီးပါတယ်
    ရန်ကုန် မန်းတလေး နေပြည်တော်လို မြို ့ကြီးတွေမှာတောင် သန် ့သန် ့ရှင်းရှင်းနဲ ့အီးပါချင်စရာ သေးပေါက်ချင်စရာ အိမ်သာတွေ နဲနေပါသေးတယ်
    နယ်မြို ့တွေ ဆိုရင် ပိုဝေးပြီပေါ့
    ဆိုတော့က
    အီးပါသေးပေါက် အကြံပြုအမတ်အဖြစ် ဦးကျောက် ကို မဲပေးပါကြောင်းရယ်ပါလေ
    အဲဒါ အဲဒါ

    • ဦး ကျောက်ခဲ

      March 20, 2013 at 8:47 pm

      ကိုပေရေ…
      တောပိုင်းသွားရရင် အဲဒါက တစ်ဒုက္ခဗျ…
      အဲသည်တော့လည်း ကိုယ်ထူကိုယ်ထ ရှင်းရတာပေါ့…
      ဗိုက်နာမှ အိမ်သာထရှာလို့ မဖြစ်သေးဘူးလေ… ဟီး
      :harr:

  • ဦးကြောင်ကြီး

    March 21, 2013 at 10:06 am

    ဦးကျောက်ခဲ တောင်မလေးက လေပေါ် အိမ်ဆောက်ချင်တာတဲ့… မြေဂျီးထဲ တွင်းတူးနေဘူးတဲ့… အဲဒါ ဘိုလုပ်မဲ..။ 🙄

    • ဦး ကျောက်ခဲ

      March 21, 2013 at 11:34 am

      အဲဂလာတော့မဖြစ်ဘူး ဆရာကြောင်…
      ကျောက်ခဲက လေထဲမှာပျံလို့မရဘူး…
      ဂျစ်ရင် မြေကြီးပေါ်ဆင်းခဲ့လို့ ပြောမှာ…
      ကြောင်ကုတ်မှာစိုးလို့ လှိုဏ်ခေါင်းတူးပြီး ဥ ထားမှာ…
      :harr:

      • ကြောင်ဝတုတ်

        March 21, 2013 at 11:42 am

        အိပ်ပါတော့ကွယ်… ကြောင်ဝတုတ်ကိုက်လိမ့်မယ်…
        အိပ်ယာကနိုးရင်… တွင်းတူးရဦးမယ်…
        မျက်စိမှိတ်လို့ အိပ်ပါကွယ်….ခိခိ

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • ဦး ကျောက်ခဲ

          March 21, 2013 at 12:47 pm

          မထိတ်သာ မလန့်သာ…
          တီကောင်အကြောင်း ရှင်းရှင်းပြောပါ မိုးစက်ရယ်… ဟီ ဟိ
          :harr:

      • Moe Z

        March 21, 2013 at 12:34 pm

        အွန်… မျက်စိထဲ တီကောင်ပဲပြေးမြင်တယ် 😯

        • ကြောင်ဝတုတ်

          March 21, 2013 at 4:52 pm

          အော်…
          ဦးကျောက်က တီကောင်လောက်ပဲရှိတယ်လို့ ပြေးမြင်လိုက်တာလား….

          @_@

          ခင်မင်လျက်-
          ဖက်ဖက်ကက်

        • ကြောင်ဝတုတ်

          March 21, 2013 at 5:04 pm

          ဦးကျောက်ကို မိုးZ ကော်မန့်လေးဖတ်ပြီး…
          ပုံပြင်တစ်ပုဒ်သတိရသွားတယ်…
          လွန်တာရှိခွင့်လွှတ်ပါဗျား….

          တစ်ခါတုန်း….
          အဖိုးတစ်ယောက်က အိမ်ရှေ့မှာသတင်းစာဖတ်နေလေရဲ့
          မြေးဖြစ်သူကတော့ အနီးအနားမှာ… တီကောင်တစ်ကောင်ကို ဖမ်းပြီးတော့ မြေကြီးတွင်းထဲကို ထိုးထည့်နေတယ်…
          တီကောင်ကပျော့ခွေနေတော့ ဘယ်လိုမှထည့်မဘူးဖြစ်နေတာကို အဖိုးလုပ်သူက သတိထားမိတယ်တဲ့ကွယ်…
          အဲဒီမှာ အဖိုးလုပ်သူက မြေးရယ်… ဘယ်လိုလုပ်တီကောင်ကို ထိုးထည့်လို့ရမှာလဲ…
          တုတ်ချောင်းမှမဟုတ်တာဆိုတော့
          မြေးလုပ်သူက အဖိုးကို စိန်ခေါ်သတဲ့…
          ဝင်အောင်လုပ်နိုင်ရင်… ဘယ်လောက်ပေးမလဲတဲ့
          အဖိုးအိုကလဲ ၅၀ဝ ပေးမယ်လို့ဖြေလိုက်သတဲ့…
          အဲဒီအချိန်မှာ မြေးလေးက အိမ်ပေါ်ပြေးတက်သွားပြီး
          သူ့အမေ ဆံပင်အလှပြင်ရာမှာသုံးတဲ့ ကော်စပရေးဗူးကို သွားယူသတဲ့
          တီကောင်ကို စပရေးနဲ့ မှုတ်ပြီးတော့… တွင်းထဲကို ထိုးထည့်ပြလိုက်ပါတယ်…
          အဖိုးဖြစ်သူက တအံ့တဩနဲ့ မြေးဖြစ်သူကို ချီးမွန်းပြီးတော့
          ပိုက်ဆံယူဖို့ အိမ်ပေါ်ကို တက်သွားပါတယ်…
          ခဏနေတော့ ပြန်ဆင်းလာပြီး…
          ကလေးငယ်ကို ပိုက်ဆံ ၁၀၀ဝ ထုတ်ပေးပါသတဲ့…
          ပြီးတော့ ကလေးငယ်ကို ပြောလိုက်ပါတယ်…
          ၅၀ဝ က.. မင်းအဖွားပေးတာ…

        • kai

          March 22, 2013 at 1:07 am

          ဒီကလေးရဲ့ အကုသိုလ်စိတ်တွေကြောင့်.. သတ္တဝါတွေသေကြေပျက်စီးကုန်ပါပြီကွယ်..။
          တော်ပြီ.. နင်တို့ကပ်တဲ့.. ဆွမ်းမစားတော့ဘူး..။ :kwi:

        • Moe Z

          March 22, 2013 at 9:59 am

          ခွိခွိ.. အူးလေးပဲ လိုဏ်ခေါင်းတူးပြီး အုထားမှာဆို အဲဒါကြောင့် တီကောင်ပဲမြင်တယ်လို့ပြောတာပါ တိုရီး အဲ ကိုကြီးဖတ်တီးကတ်လုပ်မှ အမှုပိုကြီးသွားပြီ ကန်တော့နော် အူးလေး ကန်တော့ .. 😆

        • ဦး ကျောက်ခဲ

          March 22, 2013 at 10:04 am

          အဲဂလို ရှင်းရှင်းပြောပါမိုးစက်ရယ်…
          အူးလေးမှာ စဉ်းစားရတာ ခေါင်းကို ချာချာလည်လို့…
          :harr:

  • ကို ငြိမ်းမောင်

    March 21, 2013 at 10:37 am

    ဦးကျောက်ခဲ အိမ်သာတွင်းက ဘူမိဗေဒပညာရှင်တွေတူးရတာလားဟင်။
    အခြားသူတွေတူးကြတာနဲ့ ဘာကွာသလဲဗျာ။
    ကျွန်တော်အိမ်ဆောက်တုန်းက တူးတဲ့သူကိုတောင် မမေးလိုက်မိဘူး မင်းတို့ ဘူမိဗေဒပညာရှင်လားလို့လေ။

    • ဦး ကျောက်ခဲ

      March 21, 2013 at 11:41 am

      ဟဲ ဟဲ အိုင်ဆေး ကိုငြိမ်းမောင်…
      အိမ်သာတွင်းတိုင်း ဘူမိဗေဒပညာရှင်တွေတူးတာမဟုတ်ပေမယ့်…
      ကျုပ်တို့ခေတ်တုံးကတော့ ကိုယ့်ကျင်းကိုယ်တူးရတယ်ဗျာ…
      :harr:

  • Novy

    March 21, 2013 at 10:43 am

    ဦးကျောက်က -ကျွမ်းကျင်သူပါဗျာတဲ့
    ဟုတ်မှာပါလေ ကျင်းတူးကျွမ်းကျင်လို့
    လူပိုကြီးဖစ်နေတာပေါ့
    ဆိုင်ဆိုင်မဆိုင်ဆိုင် ပိန္နဲပင်ဆွဲထဲ့လိုက်မယ် :harr:

    • ဦး ကျောက်ခဲ

      March 21, 2013 at 11:48 am

      မီလုပ်ပါနဲ့ မနိုရယ်
      ဒီအဆင် နဲ့ဒီအဆင် သိတာပေါ့ဗျာ…
      ပိန္နဲပင်ဆွဲထဲ့ ပြီးရင် ကျုပ်ကို ဂုန်နီအိပ်ပေးဦးမယ်…
      :harr:

  • ရာမည

    March 21, 2013 at 11:50 am

    ဖတ်ကောင်းလိုက်တာ ဘေးကိုတောင်သိတမထားမိဘူး
    တဟီးဟီးရယ်တော ့ လူတွေကကြည် ့တယ်
    မကြီးမငယ်နဲ ့သငယ်ပြန်နေလားထင်မှာပေါ ့ဗျာ
    အဲ ့လိုကိုစွဲဆောင်မှုရှိတာ 🙂

    • ဦး ကျောက်ခဲ

      March 21, 2013 at 12:43 pm

      အသာလုပ်ပါ ဝန်ထောက်မင်း ရဲကိုကိုရယ်…
      ကျွန်တော်လည်းမကြီးမငယ် ပေါက်ကရရေးတာပါဗျာ…
      :harr:

  • Mr. MarGa

    March 21, 2013 at 2:16 pm

    အိမ်သာကျင်းတူး အိပ်စပတ်ပါလား
    နတ်ပြည်မှာတော့ အဲ့ကိစ္စ ရှင်းစရာမလိုဘူးဗျ
    ဒါကြောင့်
    ပညာ ဗဟုသုတအနေနဲ့ ဖတ်ကာ ကြုံရင် အကူအညီတောင်းဖို့ မှတ်သွားပါတယ်လို့ :mrgreen:

    • ဦး ကျောက်ခဲ

      March 21, 2013 at 3:02 pm

      အဲဒါကိုပြောချင်တာ ကိုမာဃ…
      နတ်ပြည်မှာနတ်သမီးလေးတွေ အဲ့ကိစ္စ ရှင်းစရာမလိုရင်…
      အဲ့ဟာတွေ ဘယ်ပါတော့မလည်းဗျ… ရှင်းဘာ.. ဟီ ဟိ
      :harr:

      • Mr. MarGa

        March 21, 2013 at 3:07 pm

        လောလောဆယ်တော့ ဦးမာဃ လူ့ပြည်မှာမို့
        လူသားတွေအတိုင်း ဖြစ်နေပါအိ
        နတ်သမီးများလဲ ပါလာသမို့
        သူတို့တွေလဲ ပါ ပါအိ
        ထို့ကြောင့်
        အကူအညီ တောင်းရမည် ဖြစ်ပါအိ :hee:

        • ကြောင်ဝတုတ်

          March 21, 2013 at 5:01 pm

          ဦးမာဃ…
          ချစ်လွန်းလို့ အာခံတွင်းထဲ ငုံထားတယ်ဆို… အခုဘယ်လိုဖြစ်ရပြန်တာတုန်း…

          ခင်မင်လျက်-
          ဖက်ဖက်ကက်

        • Mr. MarGa

          March 21, 2013 at 6:14 pm

          ဟိုက်
          ကဖက်ကတ်
          ငုံရအောင် ကျွန်တော်က တာနောယက္ခမှ မဟုတ်တာဗျာ
          ပြီးတော့ ငုံထားရင် သူတို့က ကျွန်တော့်ပါးစပ်ထဲ ကိစ္စရှင်းကြမပေါ့ဗျ
          ဘယ့်နှယ်ဗျာ
          တွေးရင်းနဲ့တောင် ကြက်သီးထတယ်
          :hee:

  • awra-cho

    March 21, 2013 at 2:29 pm

    အီး ဘစ်ဇနက် လုပ်လို့ရပြီပဲ။ ရေးပြတာတော့ ပါချင်စရာကြီးပါလား ဟရို့။ အသိဘူမိ တယောက်တော့ တူလေးတဆဆ နဲ့ ဟိုခေါက်ဒီခေါက်ပဲ။ အခုရှိရှာတော့ဘူးဗျာ၊ ငှက်ဖျားနဲ့ လစ်သွားရှာတယ်၊ ဝါးဖြူတောင် တို့ ကျောက်ကြီးတို့ဖက်ပေါ့။ အစိုးရက ဘာမှတောင်လုပ်မပေးပါဘူးဗျာ၊ ဝမ်းနည်းစရာပါ

    • ဦး ကျောက်ခဲ

      March 21, 2013 at 3:07 pm

      ကို awra-cho ရေ
      အဲဒါပဲဗျာ… ကျုပ်တို့ မောင်ဘူမိများက ငှက်ဖျား၊ အသဲ၊ တီဘီတို့နဲ့သေဖို့…
      စံရန်ပေးထားသလား အောင်းမေ့ရတယ်… အစိုးရကိုတော့ ထည့်တွက်မနေပါနဲ့တော့ဗျာ…
      :buu:

  • Nyo Win

    March 21, 2013 at 3:35 pm

    ဟေ့လူ ကိုညိုဝင်း….ကျုပ်ခိုင်းထားတဲ့ ရီပို့စ် မပြီးသေးဘူးလား
    အဲ…ဟို…အိမ်သာကျင်းတူးနေလို့ ပါ ဘော့စ်…အဲ့….
    သာ..ဘော့စ် ကော အကူအညီ လိုသေး လား…
    ဦးကျောက် ရှိတယ်…ဟီးးးးးးးးးးးးးးးးး

    • ဦး ကျောက်ခဲ

      March 21, 2013 at 3:42 pm

      ကိုညိုဝင်းရေ…
      ခင်ဗျား ဘော့စ်ကို ပြောလိုက်ပါ… နက်နက်တူးပေးပါ့မယ်လို့..ဟီ ဟိ
      အဟီး… ရီပို့စ်ကတော့ ကျုပ်လည်း မကယ်နိုင်…
      ရှားရှားပါးပါး ကွန်မန့်ပေးတာ ကျေးဇူးပါဗျာ…
      :harr:

  • manawphyulay

    March 21, 2013 at 6:50 pm

    ပရိုတွေမှ လုပ်နိုင်တဲ့အလုပ်ကို ဦးကျောက်လုပ်နေတာပဲ။
    ဒီလုပ်ငန်းတွေကလည်း လုပ်ပြီဆို နေ့ချင်းညချင်း ချမ်းသာတယ်လို့ ပြောသံကြားဖူးတာပဲနော်…
    ဦးကျောက်နဲ့ မိတ်ဆွေဖြစ်ရတော့ ချေးလို့ ငှားလိုရတာပေါ့… 😛

    • ဦး ကျောက်ခဲ

      March 22, 2013 at 9:46 am

      မနောဖြူလေးရေ…
      ပြောပါတယ် ပရိုပါဆိုမှ… ဘာပရိုလဲလာမမေးနဲ့.. ခုသိပြီမဟုတ်လား…
      ဟီ ဟိ ချေး(ချီး) ချင်ရင်… ကျင်းတူးပေးမယ်…
      :harr:

  • uncle gyi

    March 21, 2013 at 9:52 pm

    ဦးကျောက်ကကျွမ်းကျင်သူဆိုလို့ဘာများကျွမ်းကျင်သလဲလို့ကြည့်လိုက်တာ
    ပညာရပ်ဆိုင်ရာကိုအခြေခံကစပြီးကိုကျွမ်းကျင်ခဲ့တာမြင်လိုက်ရတာ
    တကယ့်ကိုကျွမ်းကျင်သူဖြစ်ကြောင်းယုံပါပြီဗျာ

    • ဦး ကျောက်ခဲ

      March 22, 2013 at 9:51 am

      uncle gyi…
      အခုယုံပြီမဟုတ်လား…မောင်ကျောက် အခြေခံပိုင်ပါတယ်ဗျ…
      ကျင်းတူးချင်ရင် ပြောပါနော်… ဟီ ဟိ…
      :harr:

  • ကောင်းမြတ်သူ

    March 21, 2013 at 11:31 pm

    ထုံးမှုန့်ဖြူးတာဘေးဘက်တွေဆိုရင်မရဘူးလား။ တွင်းထဲကကောင်တွေအတွက်ပါဖြူးရင် သူတို့မရှိရင် ကျင်းမြန်မြန်ပြည့်လာမယ်ထင်တယ်ဗျ…….. ကျွန်တော်ထုတ်သမျှ ဒီကောင်တွေရှင်းလိုက်ရင် ကျင်းပြည့်နှုန်းကျသွားနိုင်မယ်ထင်တယ်…

    • ဦး ကျောက်ခဲ

      March 22, 2013 at 9:58 am

      ကိုကောင်းမြတ်သူ
      ကျင်းထဲကို ထုံးမှုန့်မဖြူးလို့မရဘူးခင်ဗျ… ယင်တလောင်းလောင်းဖြစ်သွားမယ်…
      ကံမကောင်းရင် ကိုယ်ကဗုံးအကြဲ သူတို့ကတိုးထွက်… စဉ်းစားကြည့်ပါလေ…ဟီ ဟိ
      ပြောပြမယ်ဗျာ… နဲနဲတော့ အော့အော့ပေါ့…
      တညနေသား စခန်းမှာ ထမင်းစုစားနေတုံး…
      လေထဲကနေ အကောင်ဖြူဖြူတစ်ကောင် ထမင်းဝိုင်းနားရောက်လာလို့…
      ပြူးတူးပြဲတဲ ကြည့်မိပါတယ်… ယင်မမဲရိုင်းကြီး ထုံးမှုန့်ကပ်နေတာဖြစ်နေလို့…
      ကျုပ်တို့မှာ စားစရာတွေအုပ်ပြီး လိုက်ရိုက်ကြတာ…
      ထမင်းဝိုင်းကိုပျက်ရော… ဟီ ဟိ…
      :harr:

  • ဗုံဗုံ

    March 23, 2013 at 10:22 am

    တစ်ကယ်ဒေါ့ ကျင်းတူးသမားများဟာ လောပန်းလောင်းတွေပါ :mrgreen:

    • ဦး ကျောက်ခဲ

      March 23, 2013 at 11:00 am

      မိဗုံရေ
      လောပန်းလောင်း မလောင်းတော့မသိဘူး၊ ငှက်ဖျားနဲ့ကွိကုန်ကြတာတော့ များပြီ… :mrgreen:

  • နေဝန်းနီ

    March 23, 2013 at 9:40 pm

    ဟား…….. ဟိုသီချင်းလေးတောင် သွားသတိရဗျာ ….။ ဘာတဲ့ ဒီတစ်ကျင်းမရရင် နောက်တစ်ကျင်း အားမလျော့ပါဘူး ဆိုတဲ့ ကျောက်တူးသမားလေးသီချင်းကို ………..။ အူးကျောက်လည်း ဒီတစ်ကျင်းနဲ့ မလုံလောက်ရင် နောက်တစ်ကျင်းသာတူးဖို့ အသင့်ပြင်ထားပေရော့……….။ ခုတော့ ခုတော့ ကျင်းမတူးတော့ဘူးဗျ….။ ကျင်းဟောင်းက ချီးဟောင်းတွေ စက်နဲ့စုပ်ပြီး ထုတ်ပစ်တာ ဘယ်နားသွားစွန့်သလဲတော့မသိ …။ အပေါ်က ရဲစည်တို့လယ်ကွက်ထဲများ သွားပုံခဲ့သလားမသိဘူးနော့

    • ဦး ကျောက်ခဲ

      March 24, 2013 at 10:46 am

      ဆရာနေရေ
      ကျောင်းသားဘဝ တောထဲမှာတုံးကတော့ ” ဒီတစ်ကျင်းပြည့်ရင် နောက်တစ်ကျင်း” ပေါ့…
      ကျင်းထဲက ပစ္စည်းဟောင်းတွေကတော့ ထုံးမှုန့်နိုင်နိုင်ဖြူးပြီး မြေပြန်ဖို့ရသဗျာ…
      ရန်ကုန်မှာ ဟိုးတုံးကတော့ စက်နဲ့စုပ်ပြီးရင် “ချီကာဂို”ကို ပို့သတဲ့…
      ဟီး ဟီး ချီးကားဂိုး တာ ပုဇွန်တောင်ချောင်းလေ… အခုတော့မသိ…
      ကရဲစည်တို့ စိနပြည်မှာတော့ စိုက်ခင်းထဲလောင်းသတဲ့… အား ဟိ
      :harr:

Leave a Reply