လိမ္မော်သီးမှလျှပ်စစ်ဓာတ်အားကိုထုတ်ယူပြီး လျှပ်စစ်ဓာတ်အားသွင်းနိုင်ပြီ

Mr WorldWideMarch 20, 20132min15310

ယခုနှစ်အတွက်း စိတ်ဝင်စားစရာ သုတေသနရလဒ်တစ်ခုထွက်ပေါ်လာပါသည်။ ၎င်းမှာ လိမ္မော်သီးမှ လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး iphone ကို ပြန်လည်အားသွင်းနိုင်ခြင်းပင် ဖြစ်သည်။ ဓာတ်ပုံပညာရှင်တစ်ဦးက ၎င်း၏ ဓာတ်ပုံအလင်းပေးစနစ် Photography Lighting များအတွက် လိမ္မော်သီးစွမ်းအင်သုံး ဘက်ထရီ Orange Powered Battery ကိုဖန်တီးခဲ့သည့် အကြောင်းကို ကြားသိခဲ့ရပါသည်။ ယခုအခါ သိပံပညာကို စိတ်ဝင်စားသော အဖွဲ့တစ်ဖွဲ့သည် iphone ကို အားသွင်းနိုင်ရန်အတွက် လုံလောက်သော လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် လိမ္မော်သီး ဒါဇင်ပေါင်းများစွာကို ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားကို ရရှိအောင် တွန်းအားပေး ဆောင်ရွက်ခဲ့ကြပါသည်။

orangebattery-thumb-550xauto-105463

၎င်းစနစ်၏ အလုပ်လုပ်ပုံမှာ လိမ္မော်သီးကို ဓာတုဗေဒ ဓာတ်ပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကို အမှန်တကယ်ထုတ်ယူခြင်းပင် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ရန် လိမ္မောသီးအမွှားလေးများထဲတွင် ပါဝင်သော Citric Acid နှင့် သွပ်ဖြင့်ပြုလုပ်ထားသော အပ်ချောင်းလေးများ (Zinc Nails ) ကိုဓာတ်ပြုပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ရရှိနိုင်ပါသည်။ ၎င်းသည် ရိုးစင်းသော သဘောသဘာဝပင် ဖြစ်သည်။ ထို့ကြောင့်သိပံပညာကို စိတ်ဝင်းစားသော အဖွဲ့တစ်ဖွဲ့သည် များစွာသော လိမ္မော်သီးများနှင့် ချိတ်ဆတ်ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်ယူကာ iphone အား ပြန်လည်အားဖြည့် သွင်းခဲ့ပါသည်။ ၎င်းသည် လျှပ်စစ်ဓာတ်အားကို အများအပြားထုတ်ယူရရှိနိုင်မှု မရှိသော်လည်း အနာဂတ်အတွက် လျှပ်စစ်ဓာတ်အားထုတ်ယူရန် နည်းလမ်းအသစ်တစ်ခုပင် ဖြစ်ပေသည်။

Source:http://realitypod.com/2013/03/now-charge-your-iphone-using-electricity-from-oranges/

Now Charge Your iPhone Using Electricity From Oranges!

Here comes another interesting research! Now you can produce a fraction of electricity from oranges to charge your iphone. We already heard about the photographer who created the so called ‘Orange powered battery’ for his photography lighting. Now a group of science geeks have pushed the limits by connecting dozens of oranges together to produce enough electricity to charge an iphone.

Talking about the working of this process, what actually happens is that the electricity generated by the oranges comes from a chemical reaction. Zinc nails in the segment along with the citric acid in the orange react to produce light. So using this simple concept, the group joined hundreds of oranges in a circuit and used the electricity to charge the iphone.  Though its almost an inconsiderable light, but still its a new dimension for the future.

 

10 comments

  • ကြောင်ဝတုတ်

    March 20, 2013 at 4:19 pm

    ဟိုကအရင်ကတည်းက သံပုရာသီးတို့ ရှောက်သီးတို့ကနေ လျှပ်စစ်ထုတ်တာကြားဖူးတယ်…
    ဒါကနောက်ဆက်တွဲထင်ပါ…
    နောက်တစ်ခုက မြန်မာပြည်မှာတော့ လိမ္မော်သီးမပေါဘူးလေ…
    အဲဒီနည်းက မြန်မာပြည်မှာဆိုရင်တော့ မွဲကိန်းဆိုက်လောက်တယ်… ဟိဟိ

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • mobile

    March 20, 2013 at 6:10 pm

    လိမ္မော်သီးကနေ လျှပ်စစ်ထုတ်ပီး အားသွင်းမယ်ဆိုရင်
    လိမ္မော်သီးဖိုး လျှပ်စစ်ထုတ်ဖို့ လုပ်ရပြုရနဲ့ ဓါတ်ခဲအသစ် တစ်လုံးဖိုးလောက်မက
    ကုန်သွားနိုင်တယ်…………………………
    ဒါပေမယ့် ဒါလေးတွေတွေ့ရှိထားတာက အနာဂတ်အတွက် လမ်းစပေါ့နော……..

  • kai

    March 21, 2013 at 2:46 am

    အယ်လ်အေမှာတော့.. လိမ္မော်သီးအရမ်းပေါပါတယ်..
    အိမ်နောက်ဖေးတော်တော်များများ.. အလကားနေ ပြွတ်သီးနေတာ..

    ဒါပေမယ့်..
    လျှပ်စစ်မထုတ်ပဲ.. လိမ္မော်ရည်လုပ်ရောင်းတာပိုကိုက်မယ်ထင်ကြောင်း..

  • ကို ငြိမ်းမောင်

    March 21, 2013 at 11:11 am

    လိမ္မော်သီးက လျှပ်စစ်ထုတ်မယ်ဆိုတာ ဗဟုသုတအဖြစ် ဖတ်သွားတယ်။

  • marga thagyar

    March 21, 2013 at 11:14 am

    Now, president advisor Ko Ko Hlaing is inventing To charge from candle.

  • koyinmaung

    March 21, 2013 at 2:52 pm

    အချဉ်ဓါတ်ရှိတဲ့အသီးမှန်သမျှ
    လျှပ်စစ်ဓါတ်ထုတ်လို့ရမယ်ထင်ပါတယ်…

  • Mr. MarGa

    March 21, 2013 at 2:55 pm

    နောက်ထပ် ဒီလိုနည်းသစ်တွေ ထပ်လို့ ရှာနိုင်ပါစေလို့ပဲ ပြောချင်မိပါတယ်

  • တကယ်တော့ …
    လိမ္မော်သီး ကမှ မဟုတ်ပါဘူး ..
    ကျုပ်တို့ ခန္ဓာကိုယ်ကလည်း လျှပ်စစ်စွမ်းအား ထုတ်နိုင်ပါတယ် …

  • မောင်ခိုင်မာ (စမ်းချောင်း)

    March 22, 2013 at 3:26 pm

    ဦးနှောက်ကတောင်ထုတ်နိုင်သေးတာပဲ..ရေကလည်းထုတ်တယ်..နေကလည်းထုတ်တယ်..အသီးတွေကလည်း ထုတ်တယ်..လေကလည်းထုတ်တယ်..ထုတ်လို့ရတာမှန်သမျှထုတ်နေဦးမှာပါ…ဘယ်ကပဲထုတ်ထုတ်..ဒီလိုလည်း ထုတ်လို့ရပါလားဆိုတာ သိသွားရင် တင်ရကျိုးနပ်ပါတယ်။

  • cobra

    March 22, 2013 at 5:26 pm

    တင်ပေးလို့သိသွားပါပြီ။
    ခုတည်းကလိမ္မော်ခြံဝယ်ထားရင်ကောင်းမယ်
    သတင်းပေးတဲ့သူကပိုက်ဆံချေးပေါ့

Leave a Reply