တွင်းတူးခြင်း…

ကျွန်ုပ်တို့သည် ငယ်စဉ်ဘဝကစ၍… အိုမင်းရင့်ရော်သေဆုံးချိန်အထိ…

တွင်းပေါင်းများစွာတူးခဲ့ကြသည်….

ကောင်းသောတွင်းများရှိသလို… မကောင်းသောတွင်းများလဲရှိခဲ့၏…

လူသားတို့အတွက် အကျိုးပြုသောတွင်းများရှိသလို… အကျိုးမပြုသောတွင်းများလဲရှိခဲ့ဖူးသည်…

လူသားတို့အတွက် ပျော်ရွှင်စရာတွင်းများ ဖန်တီးခဲ့သလို… စိတ်အနှောက်အယှက်ဖြစ်စရာတွင်းများကိုလဲ ဖန်တီးခဲ့ဖူးပြီးဖြစ်ကြသည်…

call_before_you_dig

 

 

 

 

 

 

သို့သော်…

လူသားတို့အတွက်… တွင်းများသည်… မရှိမဖြစ်…အရာများဖြစ်ကြသည်…

ဤကမ္ဘာလောကတွင်နေထိုင်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက်… ကမ္ဘာမြေကြီးပေါ်တွင် တွင်းများတူး၍ မိမိတို့အကျိုးဆောင်ရွက်ကြ၏…

မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောအစရှိသည့် သွားလာရေးယာဉ်များ တည်ဆောက်ရာတွင်လိုအပ်သော သံသတ္တုများလိုအပ်သည့်အတွက်…

တွင်းကြီးများတူးပြီး… သတ္တုများကို ရှာဖွေကြကုန်၏…

 

ဤလူသားတို့သည်ပင်လျှင်…

သွားလာရလွယ်ကူစေရန် လှိုဏ်ခေါင်းများ…တူးခြင်း… မြေအောက်ရထားများအတွက် တွင်းများတူးခြင်းဖြင့်…

မိမိတို့အကျိုးအတွက်… ကမ္ဘာမြေကြီးအား… ဒုက္ခပေးကြသည်…

ထို့အတူ… လူသားတို့၏ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်အတွက် ကမ္ဘာမြေကြီးအား တွင်းများတူး၍မြှုပ်နှံကြသူများဖြစ်ကြသည်…

ကျွန်ုပ်တို့လောကသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းသောအကြောင်းဖြင့်ဖြစ်စေ… ဆိုးသောအကြောင်းဖြင့်ဖြစ်စေ…

နည်းမျိုးစုံဖြင့် တွင်းများတူးလျက်ရှိကြကုန်၏…

ကျွန်ုပ် ဤစာကိုရေးနေစဉ်တွင်ပင်… ကမ္ဘာအရပ်ရပ်၌ တွင်းတူးခြင်းလုပ်ငန်းများကို စက္ကန့်မလပ်ဆောင်ရွက်နေကြပေလိမ့်မည်…

ဤသည်ကား ကမ္ဘာမြေပေါ်တွင် တူးကြသောတွင်းများ၏အကြောင်းတည်း…

 

တစ်ခါတရံ၌လူသားတို့သည် ကမ္ဘာမြေပြင်ပေါ်တွင်မက… အခြားသောသူများ၏ နှလုံးသည်းပွတ်ပေါ်တွင်လဲ… သံယောဇဉ်တွင်းများတူးကာ…

မိမိတို့၏မေတ္တာကို မြှုပ်နှံလေ့ရှိကြပါသည်…

ထိုတွင်းများမှာလဲ နက်သထက်နက်လေလေ… ခံစားရလေလေဖြစ်တော့၏…

ထိုသံယောဇဉ်တွင်းများကို… အကြိမ်အရေအတွက်များများ ခပ်တိမ်တိမ်တူးသောသူများရှိသကဲ့သို့…

တစ်ကြိမ်တစ်ခါတည်း ခပ်နက်နက်တူးပြီး မိမိတို့၏မေတ္တာကိုမြှုပ်နှံလိုက်ကြသည်လဲရှိ၏…

ဤသည်ကား မေတ္တာ၏သံယောဇဉ်တွင်းများအကြောင်းတည်း…

 

ကျွန်ုပ်တို့၏ မိုက်မဲမှုများအကြောင်းကို မြန်မာ့စကားရပ်တွင် တွင်းနက်နက်တစ်တွင်းဖြင့် တင်စားထားကြသည်လဲရှိ၏…

ထိုတွင်းကိုကား ” မိုက်တွင်း” ဟုခေါ်ဆိုလေသည်…

ကျွန်ုပ်တို့၏ မိုက်မဲမှုများကို သိလျက်နှင့် မရပ်တံ့ဘဲ ဆက်လက်ပြုလုပ်လျက်ရှိသည်ကို… မိုက်တွင်းနက်သည်ဟုပြောဆိုကြ၏…

ထိုသို့သောပြောဆိုခြင်းသည်ကား… အလွန်ပင်ထိရောက်သည်ဟု မြင်မိ၏…

မိုက်တွင်းတိမ်လျှင် ပြန်လည်တက်လာရန်နီးစပ်သော်လဲ… မိုက်တွင်းအလွန်တရာနက်ပါက…

ပြန်တက်စရာလမ်းမမြင်လောက်သည်အထိ မိမိဘဝကို မြှုပ်နှံလိုက်ရပေလိမ့်မယ်…

 

အချုပ်အားဖြင့်ဆိုရသော်…

ကျွန်ုပ်တို့သည်… မိမိနေ့စဉ်တူးလျက်ရှိသော… တွင်းများအား တန်ဖိုးရှိသောတူးခြင်းဖြစ်ဖို့လိုပေတော့၏…

ကမ္ဘာမြေကြီးပေါ်တွင်တူးသောတွင်းအားလဲ ကမ္ဘာမြေကြီးအားအကျိုးဖြစ်မည့် သစ်ပင်စိုက်ပျိုးရန်တွင်းများသာတူးဖော်ခြင်းဖြင့်အကျိုးပြုအံ့…

နှလုံးသားထက် သံယောဇဉ်တွင်းတူးခြင်းအားလဲ… ခိုင်မြဲသောသစ္စာတရားဖြင့်တူးငြားအံ့…

ထို့အတူ…

ကျွန်ုပ်တို့ တူးတတ်သော မိုက်တွင်းများအားလဲ… ဒီနေ့ဒီအချိန်မှစ၍ တူးခြင်းရပ်တန့်ကာ တွင်းနှုတ်ခမ်းသို့ပြန်လည်တက်ရောက်လာနိုင်ပါစေကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

 

 

 

 

 

21 comments

  • KZ

    March 20, 2013 at 5:42 pm

    ဪ။ တွင်းတွေ။ တွင်းတွေ။
    တူးနေကြတယ်လား။ :mrgreen:

    တတွင်းပြီး တတွင်း လိုက်ကြည့်ပြီး ဘာပြောရမှန်းမသိတော့ဘူး။ :mrgreen:

    ဟို စကားစု လေးသတိရလို့ပါ။
    “blackhole someone” ဆိုတာလေ။
    တစုံတယောက်ပြောတာကို နားတော့ထောင်နေတာပဲတဲ့။
    ဒါပေမဲ့ ပြောသမျှ ခေါင်းထဲမရောက်၊ လွင့်ထွက်သွား၊ မေ့လျှော့သွားတာပြောတာတဲ့။

    အဲဒီ Hole မျိုးမဖြစ်ပြီးတာပဲ။
    တရားနာလို့မရမှာဆိုးလို့ ပြောတာပါရယ်။ :harr:

  • amatmin

    March 20, 2013 at 5:49 pm

    မိုက်တွင်း နက်နေတဲ့ လူကြီးက ..
    ဂလိုရှင်းပြတော့လည်း အဟုတ်ရယ်..
    ဒါနဲ့ ခင်ဗျားပြောတဲ့
    မေတ္တာ၏သံယောဇဉ်တွင်းကလည်း တူးရင်းမဆုံးနိုင်.
    နက်လေမိုက်မဲလေပဲ ဆိုတာ.အသိခေါက်ခက် အဝင်နက်ပီး ..
    ဘာလို့ဆက်မရှင်းတာတုန်းးး 🙂
    ဒါနဲ့ ကျုပ်လည်း တွင်းလေးတတွင်းတော့ တူးမိထားသဗျ.. 😆

    • ဟက်လား …
      ဘာတွင်းဒုံးဂျ ….
      ခညားတွင်းကို ဆိတ်ဝင်စားတွားဘီ …. 🙄 :mrgreen:

      ++++++++++++++++++

      ကိုဂျီးဖက်ကတ်ရေ …

      အောက်ကဟာလေးကို မှတ်တွားဒယ် …..
      ရေးထားတာလေး ချယ်ဘဲဂျ …. တိရား …

      “……….
      တစ်ခါတရံ၌လူသားတို့သည် ကမ္ဘာမြေပြင်ပေါ်တွင်မက… အခြားသောသူများ၏ နှလုံးသည်းပွတ်ပေါ်တွင်လဲ… သံယောဇဉ်တွင်းများတူးကာ…
      မိမိတို့၏မေတ္တာကို မြှုပ်နှံလေ့ရှိကြပါသည်…
      ထိုတွင်းများမှာလဲ နက်သထက်နက်လေလေ… ခံစားရလေလေဖြစ်တော့၏…
      ……….”

  • GZ

    March 21, 2013 at 8:10 am

    တွင်းမတူးဖို့ တွင်းတူးပြီး ဆန့်ကျင်နေတဲ့ ရွှေပေါက်တူးတွေအကြောင်း သွားသတိရမိရဲ့..။
    ဟော့အစ်ရှူးပေကိုး ..အခန့်မသင့်ရင် ဘုရင်မ တောင် ကောက်စား ခံရမယ့် စစ်တုရင်ပွဲ ဆိုတော့လည်း..။

    :byae:

  • ဦး ကျောက်ခဲ

    March 21, 2013 at 8:44 am

    ဪ…. ကိုကြောင်ဝတုတ်က ကျုပ်ထက် နက်သကိုး…
    “ကျင်း” ဆိုတာ တိမ် သဗျ… “တွင်း” ဆိုတာ နက်သတဲ့…
    ဆိုတော့ “မိုက်တွင်း” တူးမယ့်အစား… သံယောဇဉ်သစ္စာတရားနဲ့…
    ” မေတ္တာတွင်း “နက်နက်တူးပြီး…. ကြည်သာချမ်းမြ ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်ပါစေဗျာ…
    :kwi:

    • ကြောင်ဝတုတ်

      March 21, 2013 at 8:58 am

      ကျွန်တော်လဲ ကော်မန့်ပြန်ပြီးရော…
      ဦးကျောက်ရဲ့ကော်မန့်လေးတက်လာလို့မတွေ့လိုက်ဘူး…
      ခုနမန့်ထားတာလေးပဲ ပြန်ကူးမန့်ပါရစေဗျာ…

      တစ်ခါတစ်လေကျတော့ သံယောဇဉ်တွင်းနဲ့ မိုက်တွင်းနဲ့က ဆက်စပ်မှုရှိတယ်ဗျ…
      ကိုယ်ကတော့ သံယောဇဉ်တွင်းကို ခပ်နက်နက်တူးတာပဲ… ဖြစ်ချင်တော့ မေတ္တာလာရောက်မြှုပ်နှံမယ့်လူ
      မရှိတဲ့အချိန်ကျတော့ အဲဒီသံယောဇဉ်တွင်းက မိုက်တွင်းအဖြစ်အလိုလိုပြောင်းသွားရောဗျာ…
      ခင်ဗျားတို့သံယောဇဉ်တွင်းလေး… အသွင်မပြောင်းပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော…

      ဦးကျောက်အတွက်လဲ ကျွန်တော်ဆုတောင်းပေးပါတယ်နော်…
      ဦးကျောက်တူးသောတွင်းသည်…. xxxxxxတွင်းမဖြစ်ပါစေနဲ့လို့…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • KZ

        March 21, 2013 at 9:09 am

        ကဖက် ဒသန ပို့(စ) မှာ လိုရာဆွဲပြီး တွင်းတူးသူတွေ များလာပြီ။
        လူပိုကြီး သုံးယောက်ကတော့ သံယောဇဉ်တွင်း။ မေတ္တာတွင်းတွေ တူးဖို့လောက်ပြောနေကြတယ်။

        သတိထား တူးကြပါကွယ်တို့။

        တူးတုန်းကတော့ အချစ်တွင်း၊ ပြီးမှ မာယာတွင်းထဲ ဒလိမ့်ကောက်ကွေးကျနေရော့မယ်။
        ကဖက် ပြောတာသတိရကြပါ။
        ဘာတဲ့။

        “””တစ်ခါတစ်လေကျတော့ သံယောဇဉ်တွင်းနဲ့ မိုက်တွင်းနဲ့က ဆက်စပ်မှုရှိတယ်ဗျ…
        ကိုယ်ကတော့ သံယောဇဉ်တွင်းကို ခပ်နက်နက်တူးတာပဲ… ဖြစ်ချင်တော့ မေတ္တာလာရောက်မြှုပ်နှံမယ့်လူ
        မရှိတဲ့အချိန်ကျတော့ အဲဒီသံယောဇဉ်တွင်းက မိုက်တွင်းအဖြစ်အလိုလိုပြောင်းသွားရောဗျာ…”””

        :harr: :harr: :harr:

  • ကြောင်ဝတုတ်

    March 21, 2013 at 8:51 am

    ခိုင်ဇာရေ…
    ခိုင်ဇာရဲ့ ဘလက်ဟိုးသီအိုရီလေးကို မှတ်သားသွားပါတယ်ခင်ဗျာ… ဒါပေမယ့် ဒီဘလက်ဟိုးက ရွာ့တံခါးစောင့်ကြီး… ဦးဘလက်နဲ့ဘာမှမဆိုင်ကြောင်းလဲ ထပ်ပြောပါရစေ…
    သတိရနေကြောင်း ဦးဘလက်ရေ…

    ဒီနေရာမှာ အစ်ကိုကြီးအမတ်မင်းနဲ့ အစ်ကိုလေးအံဇာတုံးကို တစ်ခုလောက်တော့ပြောပါရစေဗျာ…
    တစ်ခါတစ်လေကျတော့ သံယောဇဉ်တွင်းနဲ့ မိုက်တွင်းနဲ့က ဆက်စပ်မှုရှိတယ်ဗျ…
    ကိုယ်ကတော့ သံယောဇဉ်တွင်းကို ခပ်နက်နက်တူးတာပဲ… ဖြစ်ချင်တော့ မေတ္တာလာရောက်မြှုပ်နှံမယ့်လူ
    မရှိတဲ့အချိန်ကျတော့ အဲဒီသံယောဇဉ်တွင်းက မိုက်တွင်းအဖြစ်အလိုလိုပြောင်းသွားရောဗျာ…
    ခင်ဗျားတို့သံယောဇဉ်တွင်းလေး… အသွင်မပြောင်းပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော…

    ဂီဂီရေ…
    အခုတော့ GZ ဖြစ်ပြန်ပေါ့…
    အော်.. အခုတလောလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ဂဇက်ရဲ့အတွေးအရေးနဲ့ ဦးကျောက်ရဲ့အချစ်ရေးမှာ
    တွင်းတွေနဲ့ပတ်သက်တာတွေ သိပ်ပြီးတော့ Hot ဖြစ်နေတဲ့အချိန်…
    ကျွန်တော်လဲ ခေါင်းထဲကတွင်းသီအိုရီလေးထွက်လာတာ ချရေးမိတာပါဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Novy

    March 21, 2013 at 10:56 am

    ချစ်တွင်းနက် = မိုက်တွင်းနက်= ဆန်တွင်းနက်

  • ရွှေတိုက်စိုး

    March 21, 2013 at 11:05 am

    အရက်တွင်းတူးလို. ယူရစ်အက်စစ်များတာ တော့ ထည့်မရေးဘူး…………
    မိုက်တွင်းနက်တဲ့ ကြောင်ခံတွင်းပျက်ကြီး…………. ဟီးဟီးဟီး

  • ကြောင်ဝတုတ်

    March 21, 2013 at 11:34 am

    အစ်မနိုဗီရေ…
    ဆန်တွင်းနက်တဲ့ကိစ္စတော့ နှဖူးတွေ့ဒူးတွေ့တွေ့တော့မှဘဲ သူတို့သိကြပါလိမ့်မယ်…
    အခုအချိန်မှာတော့ ဇောက်ထိုးကိုကုန်ယက်ပြီး သံယောဇဉ်တွင်းကိုတူးနေကြတာပေါ့…

    ကိုတိုက်ရေ…
    ခင်ဗျားတွင်းလေးရော… အတော်နက်ပြီးလားဗျ…
    မကြာတဲ့ကာလမှာ တွင်းပေါက်လေးတစ်တွင်းရဦးမှာနော… ခိခိ

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kai

    March 21, 2013 at 2:23 pm

    မိုက်လွန်းသောသူကို ..”မိုက်တွင်းနက်သူ”ဟုခေါ်ကြသည်။
    ချစ်လွန်းသောသူကို.. “ချစ်တွင်းနက်သူ”ဟုခေါ်မည်…. တဲ့.

    လွန်ခဲ့တဲ့.. အနှစ်၃ဝကျော်က.. စာပေဗိဗ္မာန်စာပေဆုပေးပွဲထဲက.. “ချစ်တွင်းနက်သူ”ဆိုတဲ့..ဝတ္ထုထုရဲ့..အဖွင့်စာလေးပါ..။

    အခုထိသတိရသေးတယ်..။ :kwi:

    • GZ

      March 21, 2013 at 2:32 pm

      မိုက်လွန်းသောသူကို ..”မိုက်လုံးကြီးသူ”ဟုခေါ်ကြသည်။
      ချစ်လွန်းသောသူကို.. “ချစ်လုံးကြီးသူ”ဟုခေါ်မည်…. တဲ့.

      နောင်လာမယ့် ရက် ၃ဝအတွင်း ဂဇက် ဆိုတဲ့ ဝေါ်လ်ပေါ် ကျနော် ရေးမယ့် “လိုရာဆွဲ၍မှုန်းချယ်သီ ဝီစကီပြင်း၏ မပြင်း၏”ဆိုတဲ့..ဝတ္ထုထုရဲ့..အဖွင့်စာလေးပါ..။

      :kwi:

    • ကြောင်ဝတုတ်

      March 21, 2013 at 4:37 pm

      အော်… အဲ့လိုဆိုတော့…
      တွင်းဒဿနက လွန်ခဲ့တဲ့ အနှစ် (၃၀)ကတည်းကရှိတာကိုး…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • kyeemite

    March 21, 2013 at 2:31 pm

    အောင်မယ်လေး လေး..တွင်းဋီကာ ဖွင့်နေလိုက်ကြတာ.. ဖွင့်နေလိုက်ကြတာ..
    တွင်းထဲမှာကြောက်စရာအကောင်းဆုံးတွင်းက “မိုက်တွင်း” မဟုတ်ဘူးကွ..
    မသေမချင်းမှတ်ထားကြ…
    ကြောက်စရာအကောင်းဆုံးတွင်းက “ဆင်းရဲတွင်း” ပဲ
    အဲဒီတွင်းကမတက်နိုင်သေးသ၍ “မိုက်တွင်း” နက်တာအပြစ်လား… :kwi:

  • GaviaGirl

    March 21, 2013 at 3:03 pm

    တိုရီး..
    အနော်လည်း တွင်းတူးတာရပ်ပြီး တွင်းပေါ်ပြန်တက်တော့မယ်… အနော့်တွင်းလည်း ဒီထက်ဆက်နက်ရင် အနော့်အခြေအနေမကောင်းဝူး… နာ့တိုရီးအဖော်ချိဒယ်ကွ… :harr:

  • ကြောင်ဝတုတ်

    March 21, 2013 at 4:39 pm

    လေးမိုက်ရေ…
    ဆင်းရဲတွင်းတော့ ကြောက်မိပါရဲ့…
    ဘဝကြီးကိုတော့ လန့်ပါ့…
    အဲ့တွင်းကြီးတော့ မနက်ပါရစေနဲ့…

    ရေလုံပြုတ်မွန်မွန်ရေ…
    နင့်တွင်းမနက်စေနဲ့အေ… မြန်မြန်ပြန်တက်ခဲ့ပါ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • MaMa

    March 22, 2013 at 8:41 am

    ရေတွင်း
    ငွေတွင်း
    ဆင်းရဲတွင်းးးး
    ဖက်ဖက်ကက်ပြောမှပဲ တွင်း တွေအကြောင်း စဉ်းစားမိသွားတယ်။
    တွင်းမှန်သမျှ တူးရတာ မှန်ပေမယ့်…….
    ကြွက်တွင်းကတော့ ရေလောင်းရတာမို့ တမျိုးဆန်းတယ်နော်။ :hee:

    • ကြောင်ဝတုတ်

      March 22, 2013 at 10:14 am

      အန်တီမမ မသိသေးတဲ့ကြွက်တွင်းတွေကျတော့… ရေကိုမလိုတာဗျာ…
      အန်တီမသိသေးပါဘူး…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • Ma Ei

    March 22, 2013 at 12:32 pm

    ငယ်တုံးက ဘာဖိုး၊ညာဖိုး တွေတောင်းတာများရင်
    အမေက ငွေတွင်းကြီးများရှိတယ်မှတ်နေလားလို့ ပြောနေကျလေ…
    ခုလဲ ငွေတွင်းဆိုရင်တော့ စိတ်ဝင်စားသား….

  • Mr. MarGa

    March 22, 2013 at 12:51 pm

    မိုက်တွင်းကတော့ နက်လုလု
    ဆင်းရဲတွင်းက ရုန်းထွက်ဆဲ
    အချစ်တွင်းက တစ်ဖက်တစ်ထောင်ဆိုတော့ တက်နိုင်မယ်မထင် :mrgreen:
    ဟိုး ရှေးရှေးတုန်းက ဘုရင်တွေကို ဘုန်းတော်ဘွဲ့တွေ ပြောရင်
    ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ ရတနာ ခုနှစ်ပါးကို ပိုင်စိုးသောလို့ ပြောတတ်တော့
    ဘုရင်တွေလဲ တွင်း အတော် နက်လောက်တယ်နော်

Leave a Reply