သင်သာယာဉ်ထိန်းရဲတစ်ဦးဆိုလျှင် ဘာလုပ်မည်နည်း

Sky ko koMarch 20, 20131min15215

ခေါင်းစဉ်လေးကတော့ policy ဆန်ပေမယ့် အကြံကောင်းလေး ပေးနိုင်မှာပဲဆိုတဲ့အသိနဲ့ ဆရာကြီးဝင်လုပ်ကြည့်တာပါ။
မေးခွန်းလေးအတိုင်း ကျနော်သာယာဉ်ထိန်းရဲတစ်ဦးဆိုလျှင်-
၁။ လူလိုင်စင်မစစ်ဘူး။ ဆိုင်ကယ်စီးတဲ့ပုဂ္ဂိုလ် ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းစစ်မယ်။
၂။ ဆိုင်ကယ်လိုင်စင်ကိုအဓိကမစစ်ဘူး။ ဆိုင်ကယ်တွင် နောက်ကြည့်မှန်ပါမပါ၊ ဆိုင်ကယ် တာယာကောင်းမကောင်း၊ လေချိန်ပြည့်မပြည့်စစ်မယ်။
၃။ နေ့ပိုင်းသာမက ညပိုင်းကိုပါ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်း စစ်မယ်။
၄။ ဒဏ်ငွေရိုက်မည့်အစား ဆိုင်ကယ်ဦးထုပ် ဝယ်ခိုင်းမယ်။

သူငယ်ချင်းတို့ဆိုရင်ကော?
********************
သူကြီးအပါအဝင် ရွာသူ/သား အားလုံး မိမိအသက်အားတန်ဖိုးထားပြီးအန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေ။
🙂 🙂 🙂 🙂 🙂 🙂 🙂
Skykoko

15 comments

  • မောင် ပေ

    March 20, 2013 at 7:09 pm

    ကျုပ် သာ ယာဉ်ထိန်းရဲ တစ်ဦး ဖြစ်ခဲ့မယ် ဆိုရင်
    အခု ချိန် အရမ်းချမ်းသာတဲ့လူတစ်ယောက် မဖြစ်ရင်တောင်
    တော်တော်လေး ပိုက်ဆံ ရှိတဲ့လူ ဖြစ်နေပြီ ။
    တောက်…
    ဘာလို ့များ ယာဉ်ထိန်းရဲ လုပ်ဖို ့စိတ်ကူးမရှိခဲ့ပါလိမ့်

  • myohtat

    March 20, 2013 at 10:26 pm

    ကိုပေရေ …. မန္တလေးကယာဉ်ထိန်းရဲ အရက်မူးပြီး ရပ်ထားတဲ့ကားကို ဆိုင်ကယ်နဲ့ဝင်တိုက်လို့
    ငွေ(၂၀၀၀၀ဝိ/)ကျပ်နှစ်သိန်းလျှော်လိုက်ရသလိုလည်းဖြစ်နေအုံးမယ် …. ငွေတော့ရတယ် … ဒါပေမဲ့ …
    ပြန်ထွက်တာပါဘဲ … ယာဉ်ထိန်းရဲတော့ မလုပ်ပါနဲ့ဗျာ …

  • kai

    March 21, 2013 at 5:49 am

    လွန်ခဲ့တဲ ၃ရက်က.. ည၁၂နာရီလောက် လိုကယ်လမ်းကားမောင်းတော့.. မီးပွိုင့်မိတုန်း..ဘေးမှာ ရဲကားလာရပ်တယ်..
    ကျုပ်ရှေ့မှာက.. ကားတစင်းရှိတယ်..။
    မီးပွိုင့်လည်းစိမ်းရော.. ရဲကားက.. ကျုပ်ရှေ့အတင်းဖြတ်ဝင်.. မီးပြလိုက်တာပဲ..
    ဟ.. ငါ့တော့ဖမ်းပဟ.. ပေါ့..

    ကျုပ်ကိုမဖမ်းပါဘူး..
    ရှေ့ကကားကိုဖမ်းတာပါ..
    အဲဒီကားကိုလမ်းဘေးဆွဲချခိုင်းပြီး.. စစ်ကျန်ခဲ့လေရဲ့..

    ဆိုတော့..
    ရဲက.. မသင်္ကာရင်.. စစ်ချင်တာစစ်(ရ)မှာဖြစ်ပြီး. ဥပဒေစိုးမိုးရေးလုပ်ရမှာ သူ့အလုပ်သူ့တာဝန်ဖြစ်ကြောင်း..
    အဲဒီအတွက်.. လူထုငွေတွေသုံးပြီး.. .. နှစ်နဲ့ချီလေ့ကျင့်သင်ကြားခံထားသူ.. ပရိုတွေဖြစ်ပါကြောင်း..။ :kwi:
    =
    မှတ်ချက်..။ အမေရိကားတွင် ရဲနှင့်ယဉ်ထိန်းရဲ အတူတူဖြစ်သည်။

    • ကြောင်ဝတုတ်

      March 22, 2013 at 5:19 pm

      မှတ်ချက်..။ အမေရိကားတွင် ရဲနှင့်ယဉ်ထိန်းရဲ အတူတူဖြစ်သည်။

      အိုက်ဒါဖြစ်သင့်နေပြီ..
      ယာဉ်ထိန်းမှာတောင် ကားဖမ်းတဲ့ယာဉ်ထိန်းက ဆိုင်ကယ်မဖမ်း…
      ဆိုင်ကယ်ဖမ်းတဲ့ယာဉ်ထိန်းက မော်တော်ကားမဖမ်း…
      ဆိုင်ကယ်စီးပြီး ယာဉ်တန်းနောက်လိုက်တဲ့ ယာဉ်ထိန်းက ဘယ်ဟာမှမဖမ်း….
      မီးပွိုင့်မှာနေတဲ့ရဲက မီးပွိုင့်နားကမှတ်တိုင်က စည်းကမ်းပျက်ယာဉ်ကို မဖမ်း…
      အဲဒီလိုဖြစ်နေတဲ့ မြန်မာနိုင်ငံပါကွယ်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • johnnydeer

    March 21, 2013 at 7:21 am

    မှားပါတယ်…ဟိုတနေ့က ကျုပ်တို့မြို့မယ် ဆိုင်ကယ်နှစ်စီး တိုက်တယ်…ဦးထုပ်ဆောင်းတဲ့လူနဲ့ ဦးထုပ်မဆောင်းတဲ့လူနဲ့…သေသွားတယ် တစ်ယောက်…ဘယ်သူဖြစ်မယ်ထင်လဲ….တကယ့်ကို ဦးထုပ်ဆောင်းတဲ့သူ သေသွားတယ်…လူတစ်ယောက်ရဲ့ ဦးခေါင်းခွံလောက်တောင် မ မာတဲ့ ဆိုင်ကယ်ဦးထုပ်ရဲ့ Quality ကို မစစ်ဆေးပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းပဲ စစ်တဲ့သူတွေရဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကတော့ အံ့ဩစရာပဲ…ခုံနိမ့်နိမ့်ပေါ်က ပြုတ်ကျရင်တောင် ကွဲတဲ့ တချို့ဆိုင်ကယ်ဦးထုပ်တော်တော်များများရဲ့ Quality ကို အရင်စစ်သင့်တာပေါ့…အသက်အန္တရယ်ကာကွယ်ဖို့ ဆောင်းတာလား…မော်တော်ပီကယ် အဖမ်းခံရမှာကြောက်လို့ ဆောင်းတာလား ဆိုတာတော့ ခွဲခြားသင့်တယ် ထင်တာပဲ…ကျုပ်သာ မော်တော်ပီကယ်ဖြစ်ကြည့်…ဦးထုပ်ပါတဲ့သူတွေ အကုန်တားမယ်…ဦးထုပ်ချွတ်ခိုင်းပြီး မြေကြီးပေါ်လွှတ်ချခိုင်းကြည့်မယ်…ကွဲရင် ဖမ်းမယ်…အရည်အသွေးမပြည့်ဝသော ပစ္စည်း သုံးစွဲမှုနဲ့ အမှုတပ်မယ်…ဒါတောင် ဦးထုပ်ရောင်းတဲ့သူတွေကို ဖမ်းရမှာ မော်တော်ပီကယ်နဲ့ မဆိုင်လို့…ဆိုင်ရင် ဝင်ဖမ်းဦးမှာ…ဦးထုပ်အညံ့ရောင်းတဲ့သူနဲ့ မြွေဆိပ်ဖြေဆေးအတုရောင်းတဲ့သူနဲ့ ပြစ်မှုအတူတူပေးမယ်…
    ဒါဗြဲ..

  • GZ

    March 21, 2013 at 7:36 am

    ထောက်ခံပါတယ်ဗျို့ …
    ကျုပ်လည်း မော်တော်ပီကယ် ဖြစ်ကျိ…
    (မော်တော်ဆိုင်ကယ်မဟုတ်ဘဲ ကားနဲ့ ပါတ်သတ်ပြီးပြောကျိမယ်..)

    မောင်းတဲ့လူနဲ့ ရှေ့ခုံထိုင်သူ ခါးပါတ် မပတ်ရင် အကုန်ဖမ်းမယ် ချလံဖြတ်မယ်..
    ဘယ့်နှယ့် ကမာ္ဘ့ ကားထုတ်လုပ်သူတွေ အကုန်လုံးက လိုအပ်လို့ တပ်ပေးလိုက်တာ
    ကားတိုက်လို့ သေနှုန်း ကိုလည်း အမှန်တကယ်လျှော့ချပေးနိုင်တဲ့ အရာ ဖြစ်လျက်နဲ့
    မသုံးကြတာ ..ခွင့်လွှတ်နိုင်စရာ မရှိ။ ၆၃မကျတဲ့ ယာဉ်တိုက်မှုကင်းမဲ့ဇုံဆိုတဲ့
    ဆိုင်းဘုတ်ထောင်တာထက်စာရင် အများကြီးအကျိုးရှိမယ့်အလုပ်မို့ …
    လုပ်ဖြစ်အောင် လုပ်ကြစေချင်ရဲ့ဗျို့…

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • ဦး ကျောက်ခဲ

    March 21, 2013 at 8:52 am

    ကိုယ့်ဆရာ…
    ဖြစ်သင့်တာက စက်ဘီးသမားတွေပါဆောင်းရမှာ…
    စက်ဘီးမှောက်တာ ဇက်ကျိုးပြီးသေသွားတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးရဲ့…
    ကားက ဖြေးဖြေးလေး နောက်ကတိုက်လိုက်တာ…
    ဘီးက ဂွေလိန်ရုံလေး… စပုတ်တိုင်တောင် မပြတ်…
    ဒီကောင်ကတော့ ဂန့်သွားတယ်…
    :byae:

    • အောက်မက်ငီးးး
      ဥရေးးကျောက် ပေါမှ နာတောင် လန့်တွားဒယ် ..
      ကျုပ်ဂ စက်ဘီး စီးဒယ်ဂျ …
      အင်းး လကုန်ရင် အူးထုပ် ဝယ်အုံးမှ … 🙄

    • ကြောင်ဝတုတ်

      March 22, 2013 at 5:15 pm

      အိုက်ဒါကြောင့်
      ကျုပ်စက်ဘီးစီးရင် အီကွတ်မန့်အစုံဝတ်တယ်…

      တစ်နာရီကို ကီလို (၂၀) ကျော်အောင်မောင်းနိုင်တဲ့ ယာဉ်အားလုံး မှောက်ရင် လူသေနိုင်တယ်လို့
      မှတ်သားထားဖူးတယ်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • Mr. MarGa

    March 21, 2013 at 12:55 pm

    ယဉ်ထိန်းရဲက စစ်ချင်ပေမယ့်
    သူ့ဘက်မှာလဲ အခက်အခဲတွေ ရှိမယ်ထင့်
    အထက်အမိန့်အရ လုပ်ရတာတွေလဲ ရှိတတ်တာမို့
    သူ စစ်ချင်၊ ဖမ်းချင်ရင်တောင် ခွင့်ပြုမပြုက တွေးစရာပဲနော်

  • awra-cho

    March 21, 2013 at 1:59 pm

    ငါ့ဦးလေး အလုပ်လေးစားတာ ၆ နာရီ အိမ်ကထွက်ပြီး ရ နာရီဆို ဈေးဦးပေါက်ပြီတဲ့ ဘာလုပ်တာလဲဆိုတော့ ယဉ်ထိန်းတဲ့၊ လူရွှင်တော်တွေပြောတာ သတိရသွားလို့ပါ၊

  • Sky ko ko

    March 21, 2013 at 9:49 pm

    Johnnydeer ပြောသလို ကျနော် ဉာဏ်တုံးမှန်း အခုမှသိတော့တယ်။
    အခုလိုဝင်ရောက်ဆွေးနွေးကြခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းကူရာရောက်တယ်လို့ ထင်မိပါကြောင်း။
    ***************
    ကျနော် က ၄ လုံးပါ။

  • cobra

    March 22, 2013 at 5:38 pm

    ကျွန်တော်သာယာဉ်ထိန်းရဲဆိုရင်တော့ကွမ်းမစားဘူး။
    လိုင်းကားတွေပေါ်မှာတော့ရေးထားတယ်
    လမ်းပေါ်သို့ကွမ်းတံတွေးမထွေးရ တို့ဘာတို့
    ယာဉ်းထိန်းရဲတွေကတော့ ကွမ်းစားပြီး လမ်းပေါ်ထွေးနေတာပဲ။
    ဒါနဲ ့ လစ်လမ်းက ယာဉ်းထိန်းရဲကတော့တစ်ကယ်ချီးကျူးဖို့ကောင်းတယ်ဗျ
    တစ်ကယ်အလုပ်လုပ်တာသူပဲတွေ ့ဖူးသေးတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 22, 2013 at 6:00 pm

    ကျုပ်သာ ရင်ထိန်းရဲဆိုရင်တော့
    ဒီပိုစ့်ကိုရေးဒဲ့လူရော မန်းဒဲ့လူဒေရောရဲ့ မော်တော်ယဉ်ဒေကို အပီပြဿနာရှာမယ်
    နောက်ဆုံးဘါပြဿနာမှမရရင်
    မော်တော်ယဉ်ဘီးတွေကို လေချိန်ပြီး လေပေါင်မမှန်ကန်မှု့နဲ့စွဲစိမယ် 👿

  • nature

    March 22, 2013 at 11:05 pm

    ယာဉ်ကြောပိတ်ဆို့မှုသက်သာဖို့အတွက် ကားများတဲ့မီးပွိုင့်တွေမှာကွေ့လိုင်းအတွက် ယာဉ်၂ ထပ် ၃ ထပ်ကွေ့တာခွင့်ပြုသင့် မလားပဲ၊ ယာဉ်စည်းကမ်းတွေနဲ့ဘယ်လိုညိလဲတော့မသိပေမဲ့ယာဉ်၂ထပ်သွားတော့ ၂ဆ flow ဖြစ်လို့ flow ပိုမြန်မယ်ထင်မိတယ်။ ကမ်းနားမြို့ရှောင်လမ်းမကြီးကိုလည်း အတက်အဆင်းလမ်းတွေမှာ အတက်တစ်လမ်းအဆင်းတစ်လမ်းလုပ်ပြီး ဝင်ထွက်ပေါက်ကို ယာဉ်၄ ၊ ၅ စီး စာလောက်ကျယ်ကျယ်လုပ်ပေးရင် ပိုအဆင်ပြေနိုင်မလားလို့။ မြို့ရှောင်လမ်းက အဓိက အဝင်အထွက်ပေါက်တွေကကျဉ်းတော့ အဝင်အထွက်ပေါက်နားမှာ ဂျမ်းဖြစ်နေတတ်တယ်။

Leave a Reply