“တရုတ်ကူမြူနစ်ပါတီ မြန်ကျင့်ပြည်နယ် တာဝန်ခံ အသစ်ခန့်အပ်…”

တရုတ်ကူမြူနစ်ပါတီမှ ယူနန်ပြည်နယ် တောင်ပိုင်းနှင့် ထိစပ်လျက်ရှိသော ဧရိယာ စတုရန်းမိုင် ၂၆၀၀၀၀ ကျော် ဒေသကို မြန်ကျင့်ပြည်နယ်အသစ် သတ်မှတ်ပြီး ယင်းဒေသ ကူမြူနစ်ပါတီ အကြီးအကဲအဖြစ် ဘွားဒေါ်ဂျီးအား ခန့်အပ်လိုက်သည်။ အသစ်ခန့်အပ်ခံရသော မြန်ကျင့်ပြည်နယ် ကူမြူနစ်ပါတီ အကြီးအကဲ ဘွားဒေါ်အနေဖြင့် တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အကြီးအကဲများထံမှ ဩဝါဒစကား နာခံရန် မကြာမှီ  ပီကင်းမြို့တော်သို့ သွားရောက်ရန် ရှိကြောင်းသိရသည်။

ဘွားဒေါ်မှ သည်လိုပြော “သားရယ် သီးခံလိုက်ပါကွယ်…”

မတ်လ၁၄ရက်နေ့က မီးပွိုင့်အချိန်မှီ စိမ်းမပေး၍ တပ်ချုပ်ကြီးမြေး ဖိုးလပျိ၏ အထိုးအကြိတ် နှိပ်စက်ခံရသော အင်းလျားလမ်း မီးပွိုင့် ယဉ်ထိန်းရဲသားအား တိုင်းပြည်ရေရှည်အကျိုး မျှော်ကိုး၍ သည်းညီးခံရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး လွှတ်တော်ကော်မတီ ဥက္ကဌမှ နှစ်သိမ့်ဖြောင်းဖြ ပြောဆိုသည်။ နစ်နာဂျေးအဖြစ်လဲ ဖိုးလပြည့်ရေခဲချောင်း တချောင်းကျွေးရာ ၎င်းရဲသားမှ ရွှေပုဇွန်ရေခဲမုန့်စားပါရစေ ပြောသဖြင့် မယူချင်လဲနေဟု ပြန်လည်ပြောဆိုခဲ့သည်။

“ထောက်ခံသည် ဆိုပေမဲ့…”

ဝမ်ပေါင်အရေး အစီရင်ခံစာအား ရန်ကုန်တိုင်းမှ ထောက်ခံသည်ဆိုသည်မှာ မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် ကျွန်ုပ်တို့သတင်းထောက် ကြောင်ကြီးမှ စုံစမ်းရာ မဟုတ်ပေမဲ့ ဟုတ်သွားကြောင်း…. ရန်ကုန်တိုမ်းစ်ဂျာနယ်ပါ ထောက်ခံကြောင်း ရေးသားချက်ကို မှားယွင်းခဲ့ဟန် တူကြောင်း၊ ဤတွင် ရန်ကုန်တိုင်း အန်အယ်လ်ဒီမှ ထောက်ခံ ကြေငြာချက် အလျင်အမြန် ထုတ်ခဲ့ရသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး