လေပွပြန်တဲ့ အိုပါးလျှောက်ပူ

ကထူးဆန္းMarch 21, 20132min23914

ဒီတစ်ခါတော့ လမ်းဘေး ကားလမ်း မီးပွိုင့် နား မသွားပါဘူး ဆယ်အိမ်ခေါင်းရယ် ..

မမြင်အပ်တာ မြင်လိုက်ရပြန်တော့ လေက ပွ လာပြန်တာ မို့ ခွင့်လွှတ် နော် ..

ဒီတစ်ခါတော့ မြန်မာတိုင်း ဂျာနယ် . မတ်လ ၂၂-၂၈ ထုတ် စာမျက်နာ ၅၂ မှာပါတဲ့ ကြော်ငြာ လေး တစ်ခု ကြောင့်ပါ

ကွယ်ဝှက်ပြီး လဲ မပွလို ဒဲ့သာ ပွ မှာ မို့

ပွရလားဆိုပြီး ရိုက်မယ်ဆို လည်း တတ်နိုင်သလောက် ထွက်ပြေးပါ့မယ် ။ သတ်မယ် ဆိုရင်တော့ မန်းဂဇက် ကနေ သတ်နေပါပြီဆို အော်ပေးနော် …

ကြော်ငြာ က အခြားသူ ကြော်ငြာ ဆိုရင်တော့ ဘာမှ မပြောလိုပါဘူး ။

ွမြန်မာနိင်ငံရဲ့ ဝန်ကြီး တစ်ဦး တိတိကျကျ ပြောရရင်တော့ ဟိုတယ် ခရီး ရဲ့ ဝန်ကြီးလုပ်သွားသူ ပိုင်ဆိုင်တဲ့ ဟိုတယ် ရဲ့ ကြော်ငြာ ဖြစ်နေလို့ ပါ ။

ခေါင်းစဉ်လေးက ..

Mount Pleasant Hotel မှ ပထမဆုံးသော IAE Award ဆုရရှိ။

ရေးထားတာက တော့ သတင်းလိုလို ပေါ့ နော် ။ဒါပေမဲ့ ကြော်ငြာ ပေါ့ ။

ကမာ္ဘ အနှံ့ ရှိကုမ္မဏီများကို ဆုချီးမြှင့် ပေးလျက်ရှိသော BID ( Business Initiative Direction) မှ ပေးအပ်သော IAE award ဆုကို မြန်မာနိုင်ငံမှ Mount Pleasant Hotel က ပထမဆုံးသော ဟိုတယ် တစ်ခု အနေနဲ့ ဆုရရှိခဲ့ကြောင်း သိရသည်။
BID ၏ IAE ဆုရွေးချယ်ရေး ကော်မီတီ က QC 100 TQM ၏ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ရွှေအဆင့် ရှိသော IAE ဆုကို Mount Pleasant Hotel သို့ ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။လာမည့် ဧပြီလ (၂၈) ရက်နေ့မှာ ဂျာမနီနိင်ငံ ဖရန့်ပက်မြို့ မှာ ကျင်းပမည့် IAE ညီလာခံ ကို သွားတက်ရောက်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရတယ် ။ အဲ့ဒီ့ ပွဲမှာ ဂုဏ်ပြုလက်မှတ်တွေနဲ့ ဆုတံဆိပ်တွေ ပေးမှာပါ ။ ဆုရရှိခဲ့တဲ့ စံနုန်းတွေက Customer Satisfaction and Data Analysis, Leadership , Planning and Decision-Making , Human Resources, Continuing Education and Training, Processes and Production , Financial Outcome, Business Results , ISO 9000 နဲ့ TQM ပြည့်မီတဲ့ အတွက် BID က ဆုပေးဖို့ ရွေးချယ်ခဲ့တာပါ ။ ပြီးတော့ နိုင်ငံတစ်ကာက IAE ဆုရရှိတဲ့ အခြား အဖွဲ့ အစည်း ကုမ္မဏီတွေ နဲ့ အတူIAE နဲ့ ဆက်သွယ်တဲ့ သတင်းစာ၊ စာအုပ်ထုတ်ဝေခြင်း (၂၆) ခုထဲမှာလည်း ထည့်သွင်းဖော်ပြခဲ့ရဦးမှာပါလို့ Mount Pleasant Hotel က တာဝန်ရှိသူက ပြောပါတယ် ။

ဆိုပြီး ပါရှိခဲ့ပါတယ် ။

မြန်မာပြည် ဟိုတယ် ဝန်ကြီး ဖြစ်ခဲ့ဘူးသူ ။ လက်ရှိ အားကစားဝန်ကြီး တာဝန် ယူထားတဲ့ သူ တစ်ဦးပိုင်ဆိုင်တဲ့ ကုမ္မဏီ အနေနဲ့ ဒီလို အပေါစား ပိုက်ဆံ ပေး ရင် ရတဲ့ ဆုမျိုး ကို လက်ခံယူတာ မဖြစ်စေချင်ပါဘူး ။

အဲ့ဒီ့ ကုမ္မဏီတွေ ဘယ်လို လုပ်စား ကြတယ်ဆိုတာကို ကျွန်တော် တစ်ခါ ရေးခဲ့ဘူးပါတယ် ။

https://myanmargazette.net/109779/creative-writing

အခု ထပ်မရေးတော့ပါဘူး ။ အင်တာမဲ ကြီးပေါ်က ရေးထားသူ တစ်ဦး ဟာ ဘဲ ကူးတင်ပေးလိုက်ပါ့မယ် ။

Is Business Initiative Directions legitimate?
Answer:
Everything you get from them is a scam. They only want your money.

Definitely a scam. B.I.D. (Business Initiative Directions) is like a small advertising company or something like that, registered in Spain . In recent years has been devoted to send such communications to small businesses worldwide.

They tell you that your company won an award of excellence and they offer international recognition. If you sign up to receive the award you are asked to pay them 3,900 euro and they will pay the hotel room for two days.

There are companies that fall into this. These companies pay and receive a certificate and a trophy. This award has no value since B.I.D., a non-recognized firm, makes easy money by giving these awards. Apparently, you can not report this scam, because companies are not required to pay this money. Companies pay voluntarily. It’s an easy way to make money from fools.

In November 2012 the award will be in London. In October in Paris, in September in Geneva …. These awards under different names from the same company : B.I.D.

source : http://wiki.answers.com/Q/Is_Business_Initiative_Directions_legitimate

နောက်ထပ် တစ်ဦး ရေးထားတာ ဖတ်ချင်ရင်တော့

http://focus.rw/wp/2010/04/lets-not-be-impressed-by-meaningless-awards/

ပွလိုက်ပြန်ပြီ လေ ………….ပူ… :harr:

ဝန်ကြီး ဟိုတယ် မို့ သတင်းတွေ ဂျာနယ် တွေထဲ ဂုဏ်ယူပါတယ် တွေ ပလူပျံမပါလာ ပါစေနဲ့လို့ ဆုတောင်းမိပါရဲ့…

14 comments

  • ဦးဦးပါလေရာ

    March 21, 2013 at 1:53 pm

    ကထူးဆန်းနှယ်-
    နွားကျောင်းသားဆိုတာ စာကလေးလောက်ပစ်လို့ထိရင် အူမြူးနေပြီ
    ချိုးတို့ ဆက်ရက်တို့ ရလို့ကတော့ ခြေထောက်မြေမထိအောင်မြောက်တတ်တာပေါ့..။
    ီကျားတွေ ဆင်တွေတော့ ဘယ်မှန်းလို့ဖြစ်ပါ့မလဲ လို့ …..

    (ကျုပ်ကိုလာသတ်ရင်လဲ ဂဇက်က ဝိုင်းအော်ပေးကြပါ)

  • GZ

    March 21, 2013 at 2:02 pm

    အော်..ရယ်..
    သားလုပ်တဲ့သူတောင် မဲဆွယ်တော့ ပိုက်ပိုက်ပေးပီး ဆွယ်သေးတာပဲဟာ..
    ဒီလူဒွေက ငွေတိပ်ပေါတာကလား..

    ဟီဟိ..

    :harr:

  • ကထူးဆန်း

    March 21, 2013 at 2:17 pm

    အဟိ.. နောက် တစ်ခု ထပ်တွေ့မိလို့ .. ၂၀၁ဝ မှာ သူ့ကိုပေးတာ ..သူ့ ကုမ္မဏီက ၂၀၀၃ ကထဲ ကပိတ်ပြီးသားတဲ့ …

    Our company registered in Botswana recently received an invitation to attend a Business Initiative Directions (B.I.D) World Congress in Paris, France. I am not quite sure how they got hold of our postal address because we received the invitation through mail. It is also noteworthy that our company has not been operational since 2003. What I find suspicious is the fact that we are supposed to pay 3,700 euros for participation costs. I hence call on your office to help me ascertain how factual this is.

    http://consumerwatchdogbw.blogspot.com/2010/09/voice-consumers-voice_17.html

  • kai

    March 21, 2013 at 2:33 pm

    အဲဒီလို . ဆုတွေပေးတာ.. .ဒေါက်တာဘွဲ့တွေပေးတာ.. အဟုတ်ထင်နေသူတွေအများသားလား..
    ပြောရရင်.. ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာဆုပေးတယ်ဆိုပြီးတောင်.. ဖြစ်ကြသေးတာပဲ..

    လွှတ်ပေးထားလိုက်ပေါ့..
    အဲဒါကိုအဟုတ်လုပ်တင်တဲ့.. မီဒီယာတွေအရည်အချင်း.. သိရတာပေါ့..

    ဂလုံ…ဂွမ်… :kwi:

    • အခုအချိန်များ …
      ဘဂျီးကို ပလော်ဖက်စာ ဒေါက်ဒါ ဘွဲ့ဂျီး ချီးမြှင့်မယ်ဆိုရင်
      ယူမားဟင်င်င် … 🙄 :mrgreen:

  • ရာမည

    March 21, 2013 at 2:35 pm

    ပြဇတ်ကနေသလိုပေါ့လေ
    ထည့်ပေးတဲ့ဂျာနယ်တွေရှက်ဖို့ကောင်းပါတယ်
    မထည့်ပေးလို့လည်းမရဘူးလေ

  • MaMa

    March 21, 2013 at 3:47 pm

    အပေါ်က လူတွေ သံခမောက် ဆောင်းထားကြ။ :harr:
    ဆုတံဆိပ်တွေ၊ ဘွဲ့တံဆိပ်တွေ ငွေပေးပြီး ဝယ်လို့ရတယ်ဆိုတာ ဒီရွာထဲမှာ ဖတ်မိမှသိတာ။ :buu:

  • kyeemite

    March 21, 2013 at 3:55 pm

    အိုပါးလျှောက်ပူ
    ငိုသွားသလောက်ဆူ
    အပိုများကောက်ယူ
    လိုမျှ ထောက်ကူ…ကွိ..ဘာဆက်ရေးရမှန်သိတော့ဘူး.. :kwi:
    ခွေးလွှတ်ပါ ကထူးဆန်း

  • ရွှေတိုက်စိုး

    March 21, 2013 at 4:43 pm

    အော်ကိုရင်ထူးဆန်းကြီး မီးပွိုင့်မှာ မျဉ်းကြားက ကူးပြီး ဂျာနယ်တိုက်ရောက်သွားပြီးပေါ့…
    ပွပါ ပွပါ ပွမှသိ သိမှ ပြင် ပြင်မှ ကောင်းမှာ ကိုးးးးးးးဗျ…..

  • koaung

    March 21, 2013 at 4:44 pm

    ကဲသူကြီးလဲဆုုပေးဘိုု ့ပြင်

    ပြောချင်ရာပြောဆုု
    အာချင်ရာအာဆုု
    ဆဲချင်ရာဆဲဆုု
    ရိုုက်ချင်ရာရိုုက်ဆုု
    ရေးချင်ရာရေးဆုု
    ကြွားချင်တာကြွားဆုု
    ဖင်ပိတ်ငြင်းတတ်သူဆုု
    ……………..ဆုု ဟီးဟီးရေးချလိုုက်တော့ အများကြီးဘဲ :harr:

    • kai

      March 22, 2013 at 12:26 am

      နှစ်ကုန်ရင်ပေးမလားလို့..
      ဆာတီဖီကိတ် အတုလုပ်လို့မရအောင်.. လေဆာနဲ့ကိုလုပ်ပေးဦးမှာ..။ စီအန်အန်ပါ မီဒီယာကာဗာအတွက်ခေါ်..ပေး.. မှာ.. :kwi:
      =
      Want A Doctorate Degree?
      degrees.rockies.edu/Doctorate
      Flexible, Affordable, Online Course
      Get Your Program Started Today!
      ==
      Online PhD Program
      http://www.regent.edu/OnlinePhD
      Regent Offers a Christian-Focused,
      Fully-Accredited Online PhD Program
      Online PHD in Education
      http://www.libertyonlinedegrees.com/
      1 (877) 661 1120
      =
      Get an Online Doctor of Education
      Degree. Request Free Info Now!

  • အလင်းဆက်

    March 21, 2013 at 9:00 pm

    အခုတလော ကြော်ငြာတွေ မြင်ရတာ တမျိုးတော့.. ပြောချင်စရာဖြစ်နေတာပါပဲ ။
    ဒီအပါတ်ထုတ်… မြန်မာတိုင်း မှာလည်း..
    အရေးကြီးကြေငြာချက်ဆိ်ုတဲ ့ စာလုံးမည်းကြီးနဲ ့..
    ကြော်ငြာကို တွေ ့လိုက်ရပြန်တယ် ။

    ကြော်ငြာကို ထိန့်လန့်အံ့ဩစရာဖြစ်အောင်လည်း..လုပ်လာကြပြီ ။
    🙂

  • နေဝန်းနီ

    March 21, 2013 at 9:21 pm

    ကထူးဆန်းရယ် ခင်ဗျားက ပဲကြီးလှော် အရမ်းစားတာကိုး ဒါကြောင့်လေပွတာဗျ…။ သိလား

Leave a Reply