ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၆ )

alinsettMarch 21, 20131min13110

ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၅)

အရူ းများ

“အဲဒီအရူ း က သူ့ကိုုယ်သူလူ မှန်း တော့သိ တယ်အဘိုး ရဲ့”

လူငယ်လေးက ပြောသောအခါ အဘိုး က ရယ်လေသည်။

“လူဆို တဲ့အမည် ကို ပဲ သူသိတာ၊ လူဆို တဲ ့အနှစ်သာရကို မသိဘူး မြေးရဲ့”

လူငယ်လေး ထိတ် လန့်သွား သည်။

“ဟင်…အမည် ကို ပဲသိ ပြီး အနှစ်သာရကို မသိတဲ ့ လူ ဟာ အရူး လား၊ ဒါ…ဒါဆို ရင်…”

တာရာမင်းဝေ

$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ဒါ…..ဒါ ဆ်ိုရင်…

ကျွန်တော်လည်း… အရူးတစ်ကောင်ပေါ့ ။

5555

666

$$$$$$$$$$$$$$$$$$$$$$$$$$$$$$

တချို ့က…..

လူ ့ဘဝ ရဲ ့အနှစ်သာရ ဟာ..ဘာလဲ..လို ့.. သိချင်လို ့…

ရှာဖွေ ကြတယ် ။

တချို ့က ရှာဖွေဖော်ထုတ်ရ ကောင်းမှန်းတောင် မသိကြလို ့…အဓိပ္ပာယ် မဲ ့.. ရှင်သန် / အဓိပ္ပာယ်မဲ ့ သေ ဆုံး သွားကြတယ် ။

တချို ့က..လူ ့ဘဝ ရဲ ့ အနှစ်သာရ ကို ရှာဖွေရင်း…နဲ ့..

အကြောင်းအမျိုးမျိုးတွေကြောင့်….. တစ်ဝက်တစ်ပျက်နဲ ့ရပ်တန် ့ သွားကြတယ် ။

တချို ့သော လူနည်းစု … ( ဉာဏ်ပညာကြီးမားသူတွေ ) ကတော့…..

လူ ့ဘဝ ရဲ ့ အနှစ်သာရဟာ…. ဘာဆိုတာ သိသွားကြလို ့.. လူဖြစ်ရကျိုးနပ်သွားကြလေရဲ ့ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ကျွန်တော် ကိုယ်တိုင်လည်း…

“ လူ ” အဖြစ် ဖြစ်တည်မှု ကို သိပေမယ့်….

လသားတစ်ယောက်ရဲ ့ ဖြစ်တည်မှု အနှစ်သာရ .. ဘာဆိုတာကို မသိသေးဘူး ။

င်္ဒီတော့။။။။။

ကျွန်တော်လည်း….

အရူးအနှမ်းလေးတစ်ယောက်ပါပဲ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ဒါပေမယ့်…

စိတ်ရောဂါဆိုင်ရာ အချက်အလက် တစ်ခု အရ ပြောရရင်…..

ကျွန်တော်က ကိုယ့် ကို ကိုယ် ရူးနေလား..လို ့ မေးနေသေးသ၍

ကျွန်တော်..မရူးးသေးဘူးလို ့.. ယူဆလို ့ ရပါတယ် ။

တကယ် ရူးနေကြတဲ ့ စိတ်ရောဂါဝေဒနာရှင်တွေက.. သူတို့ကိုယ် သူတို ့…

မရူးဘူး.လို ့ပဲ.. ထင်မြင်ကြတာလေ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ဟော…

ကြည့်….

ကျွန်တော်..

ကျွန်တော့်ကို ကျွန်တော် မရူးဘူးလို ့.. ထင်နေပြီ ။

ဒါြဖြင့်……..

:kwi:

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

မြင်ရသမျှထဲမှာတော့……

ရူးပုံ ရူးနည်းတွေ… တော်တော် များပါတယ် ။

တချို ့က… မူးချင်တဲ ့စိတ်နဲ ့ ရူးတယ် ။

တချို ့က ရူးချင်တဲ ့ စိတ်နဲ ့ မူး တယ် ။

တချို ့က…. ဘူးချင်တဲ ့ စိတ်နဲ ့ ရူးတယ် ။

တချို ့က ဒူး ချင်တဲ ့ စိတ်နဲ ့ ရူးတယ် ။

တချို ့က.. ထူး..ချင်တဲ ့ စိတ်နဲ ့ ရူးတယ် ။

တချို ့ကတော့… အာဏာ ရူးတယ် ။

တချို ့ကတော့…. ဘာညာ ရူးတယ် ။

အဲဒီလို..ရူးပုံ ရူးနည်းအမျိုးမျိုး ရှိတဲ ့ အထဲမှာမှ……

ကျွန်ေတော် ဆိုတဲ ့ကောင်က….

(လောလောဆယ် ) စာပေအနုပညာ ဆိုတာကြီးကို..ရူးနေတယ် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ရူးတာတွေ လျှောက်တွေး ရင်းနဲ ့…

ဘာ သွားတွေ ့လဲ… ဆိုတော့….

ဆိုတော့………

ကျွန်တော်တို ့က…အဲဒီလို ရူးနေရတာကိုပဲ… ပျော်နေတာဗျ ။

စာရူးပေရူးကလည်း… သူ ့ရူးပုံ ရူးနည်းနဲ ့သူ…. ပျော်နေတာပဲ ။

အာဏာ ရူးတွေ ကလည်း… သူ တို ့ရူးပုံ ရူး နည်းနဲ ့ သူတို ့..ပျော်နေကြတာပဲ ။

ကိုယ့်ရူးနည်းနဲ ့ ကိုယ် …

ရူးရင်း….. ပျော်ရင်း…

ထပ် ရူးရင်း…. ထပ်ပျော်ရင်းးးးး

ချာလည်ပတ်ရမ်းနေကြတာပေါ့ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ခက်တယ်…..။

တော်တော်လေးကို…ခက်တယ် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်…

အလင်းဆက်

==================================================

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

===================================================

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

10 comments

  • GZ

    March 21, 2013 at 9:18 pm

    ရူးအောင် လာလုပ်နေပြန်သကွယ်. စကားမစပ်
    နိနဲ့နာ ဟိုနေ့ကပြောတဲ့
    ဟိုစာအုပ်က ရူးလောက်တယ်ဆိုတာ လက်ခံလို့မရသေးဘူးဗျ.

    ယုတ္တိဗေဒ ကခွင့်မပြုဘူး ရယ်.
    စာရေးဆြာက နှစ်လေးဆယ်လောက်သောအနာဂတ်ကို ကြိုရေးထားတာဖြစ်နေလေတော့
    နောင်အနှစ်လေးဆယ်မှာ တကယ်ဖြစ်လာတဲ့ သွေးထွက်အောင်မှန်လိုက်လေခြင်း ဆိုတာတွေရော.
    သူထည့်ရေးထားတာ ထက်ပိုမို မြင့်မား ကောင်းမွန်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရော.
    သူပြောထားသလောက် ဖွံ့ဖြိုးမှုမရှိခဲ့သေး(ထိုအချိန်က) နောက်ကျနေသေးတာတွေကိုရော
    ရောရာမြင်တွေ့ရလို့ ဒါဟာ စိတ်ကူးသက်သက်ပါလား ဝတ္ထုပါလားဆိုတဲ့
    အစွဲမကျွတ်တာ ဆိုပါတော့
    မူရင်းစာရေးဆြာရဲ့ အတွေးကိုရော ဘာသာပြန်ဆြာမရဲ့ စကားပြေရေးဟန် ပြေပြစ်မှုကိုရော လေးလေးစားစား
    ဦးညွှတ်မိပါတယ်ဗျာ.
    ရူးဖို့မလွယ်ဘူးနော. လူတိုင်းမရူးချင်ပေမယ့်. ကိုယ့်ကိုကိုယ် ရူးစမ်း ဆိုပြီး ကောက်ကတ်ရူးပစ်လိုက်လို့မှ မရစကောင်းတာရယ်

    တော်သေးဘီ ခင်တဲ့
    ဂီ

  • အလင်းဆက်

    March 21, 2013 at 9:34 pm

    အော်… ဂီ…..ဂီ….
    ကြည့် ရူးတွားရှာပြီ ။
    ———–
    🙂

    အလကာစတာနော် ။

    အဲဒီ စာအုပ်က နိမိ်တ်ပုံတွေ နဲ ့ သင်္ကေတတွေနဲ ့
    ရောမွှေပြီး..
    ခပ်ထေ့ထေ့လေး……ရေးထားတဲ ့ မူရင်း ကိုမှ
    ဘာသာပြန်သူရဲ ့ အစွမ်းပြမှု နဲ ့ ပေါင်းစပ်လိုက်တော့….
    အံ့မခန်း ဖြစ်တွားတာလေ. ။

    ရူးလောက်တယ် ဆိုပေမယ့်….
    ရူးထိုက်တဲ ့ စာအုပ်တစ်အုပ်ပေါ့ ။

    နီ မရူးပေမယ့်..
    နာ ရူးတယ်ဟယ် ။
    နာက အစတကည်းက ရူးခင်နေတာကို..
    အဲ ့ဒီစာအုပ်ထဲက စကားလုံး အကွယ်အဝှက်တွေကို.. လိုက် ဖော်ထုတ်နေရတော့
    နာ့နဂို ရူးသွပ်မှု ကို အကြောင်းပြဖို ့..
    အကြောင်းပြချက်တစ်ခု ( တရားခံ ) ရှာပစ်လိုက်တာ..။

    မှတ်ကရော..။

    အဲ….
    မျှစ်ကြော်ကြီးတော့…
    ငိုချင်သွားတော့မယ် ။
    :kwi:

  • KZ

    March 22, 2013 at 9:33 am

    အလင်းဆက်နဲ့ အရူးများလို့ တွေ့လိုက်ပြီး ဝင် မန့်ရမှာ လန့်သွားတယ်ကွယ်။ ဟိဟိ။
    :kwi:
    ဘာပဲဖြစ်ဖြစ် ကျုပ်ကလည်း
    တစ်မျိုးမဟုတ်တစ်မျိုး၊
    တစ်နည်းမဟုတ်တစ်နည်း၊
    တစ်ကြောင်းမဟုတ် တစ်ကြောင်း ရူးနေသည်မို့
    ရဲရဲကြီး ဝင်ရောက်ဖတ်ရှုအားပေးသွားဘာတီ။ :mrgreen:
    ဖတ်ပြီးတော့ လည်း ကိုယ့်ကိုယ်ကို အရူးတစ်မျိုးဖြစ်ကြောင်း ထပ်၍ သေချာသွားဘာတီ။ :mrgreen:

  • ဦးကြောင်ကြီး

    March 22, 2013 at 10:25 am

    တဦးတယောက်ကိုများ စောင်းပြောနေသလားလို့….
    ကိုဘေးနွားကင် ကမာ္ဘထင်
    ဘီယာတလုံး ပျော်မဆုံး
    သေရင်ပက်လက် ငရဲကပ်၊
    နောင်တမရ သဂျီးကြွ။ :kwi:

  • Mr. MarGa

    March 22, 2013 at 12:42 pm

    ပုထုဇဉ်နော ဥမ္မာတကော တဲ့ (စာလုံးပေါင်း မမှန်ရင် ခွင့်လွှတ်)
    နားလည်မိတာကတော့ လူတိုင်းသည် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ရူးနေကြတာဆိုလား
    ဦးမာဃ လဲ ရူးတယ်
    စာရူး ပေရူး
    ကျန်တဲ့ ရူးတာတွေက ပြောမကောင်းလို့ မပြောတော့ဘူး
    (အဲ မယားတ ရူး တော့ မဟုတ်ဘူးနော် ) :hee:

  • ကြည်ဆောင်း

    March 22, 2013 at 1:15 pm

    အလင်းဆက်လိုဘဲ ကြည်ဆောင်းလဲ ………ငါရူးနေပြီလားမသိ ဆိုပြီး ခဏခဏ တွေးလိုက်
    ဒီလိုတွေး နိုင်ရင် ငါမရူးသေးပါဘူး တွေးလိုက် နဲ့ …..
    အင်း ……. အဖြစ်တူတွေတာ့တွေ့နေပြီ …
    ရူးမရူးသိဖို့ဘဲလိုတော့တယ် …
    ဒါမှမဟုတ် ယဉ်ယဉ်လေးရူးနေကြတာများလား ဘဲ…
    :bar:

  • အလင်းဆက်

    March 22, 2013 at 6:59 pm

    မမခိုင်ဇာ နဲ ့တော့ အဖော်ရပြီ ။
    လာ..ရဲရဲကြီး.ရူး ရအောင်…
    အဟိ ။
    🙂
    စဒါ..ဏော်..။
    ——————–

    အူးကြောင်ရယ်…
    အဒူ ့ကိုမှ ဆောင်း မပြောရပါဗူး ။
    အဲဒလို တစ်ဦးတစ်ယောက်ကိုပဲ..စောင်းပြောမလားဗျ ။
    အားလုံးကို ပြောတာ..။

    ဟိုမှာ.. အူးမာဂ က တော့.. ဒဲ့ ပြောတွားတယ် ။
    ဦးနု ဇကော ၊ အုံမာ ဇကော….ဒဲ ့ ။
    အဟက် ။
    ————————

    အူးမာဂ…
    မယားတ ရူးမဟုတ်ဘူးဆိုတော့…
    အင်း….
    မဟုတ်မှ လွဲရော..
    လင်တရူးများလား..ဟယ်..။
    လင်တ ရူးဆိုရင်တော့ ဖရဲမကို တစ်ယောက်ယောက်နဲ ့ စီစဉ်ခိုင်းပါလား ။
    အချိန်မှီလေး.ပေါ့ ။

    အဟီး..
    စတာနော် ။ ချိတ်မချိုးနဲ ့ ။
    :kwi:

    ————————–

    ကြည်ဆောင်းရေ…

    အဖြစ်ချင်းတော့ တူပါပြီ ။
    ရူးနေတာဆိုတာကလည်း.. အူးမာဂကတောင် အတည်ပြု လိုက်ပြီ..
    ဆိုတော့…
    ယဉ်ယဉ်လေး…ရူးနေကြတာ..တော့…
    အင်း….
    သေချာနေပါပြီလေ.. ။

    တွေ ့လား..
    ကိုယ့်ကို ကိုယ် ရူးနေပြီလားလို ့ တွေးပြီး.. သံသယ ဝင်နိုင်နေတယ် ။
    မရူးသေးပါဘူးဗျာ..။

    အဲ..မရူးသေးဘူးလို ့..ထင်ပြန်ပြီ…
    🙂
    🙂

    ———————–

  • အလင်းဆက်

    March 22, 2013 at 7:01 pm

    ကျွန်တော် ပြန်လည် တူးဖော်ပေးနေသော..
    တာရာမင်းဝေ ရဲ ့မြေစိုင်မြေခဲများကို..
    ဖတ်ရှု ခံစား..အားပေး၍ ဆွေးနွေး..စကားပြောကြားကြသူများနဲ ့
    စာဖတ်သူ အားလုံးကို..
    ကျေးဇူး အထူးပါ…ဗျ ။

    🙂

    ချစ်သော…
    အလင်းဆက်

  • “ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လွန်းလို့
    လက်ညှိုးညွှန်ရာ သူဖြစ်ပါစေသား
    အရှင်ဘုရား”
    “ပန်းခေတ်ကလမင်း”ဝတ္ထုထဲကဖြစ်မယ်
    အရမ်းကြိုက်ခဲ့တဲ့ ကဗျာလေးတွေပေါ့။

  • အလင်းဆက်

    March 23, 2013 at 8:21 pm

    မမနန်း အခုမှ ဘဲ.. ပေါ်လာဒေါ့ဒယ်ဂျာ ။

    မမနန်းလည်း..တာရာမင်းဝေ ရဲ ့စာသားလေးတွေ..အလွတ်ရပြီး.ရွတ်ပြချင်တတ်တဲ ့သူပဲပေါ့ ။
    တူဒယ် ။

    🙂

    လေးစားစွာ…

Leave a Reply