“စိမ်းမြအေးရိပ်တွင် တစ်မှေးအိပ်စက်ခြင်း”

1 အေးမြသော အရိ်ပ်တွေပေးတဲ့ ထနောင်းပင်စိမ်းစိမ်း
1 အေးမြသော အရိ်ပ်တွေပေးတဲ့ ထနောင်းပင်စိမ်းစိမ်း
2 ရင်ထဲထိထိုးဖောက်သွားတဲ့အစိမ်း
2 ရင်ထဲထိထိုးဖောက်သွားတဲ့အစိမ်း

 

3မြင်သမျှစိမ်း
3မြင်သမျှစိမ်း

 

“စိမ်းမြအေးရိပ်တွင် တစ်မှေးအိပ်စက်ခြင်း”

 

တစ်စထက်တစ်စ

ပူနွေးလာသော ကမ္ဘာမြေ။

ရေခဲတောင်တွေ

အချိန်မတော် ပျော်ကျ

ရေကြီးတဲ့နေရာကြီး။

မိုးခေါင်တဲ့နေရာခေါင်

လေတိုက်သောနေရာတိုက်

မြေပြိုတဲ့နေရာပြို

ဖြစ်လိုက်ပြီဆိုမှ အသဲအသန်

ယိုယွင်းလာသောဥတုရာသီနဲ့အညီ

မမျှတသောအဖြစ်အပျက်များ

ရှောင်လွှဲသွားချင်လို့မရ။

 

ဖြစ်ချင်သလိုဖြစ်နေတဲ့လောက

မမျှတခြင်းများနဲ့အမြဲကြုံ

ပေါများသူ ပေါသထက်ပေါ

ခက်ခဲသူခက်သထက်ခက်

ဘက်လိုက်တဲ့လောကပါလ

တိုင်တည်စရာလူမရှိ

သိသိကြီးနဲ့ငုံ့ခံ

လောကဓံဆိုတာ ဒါမျိုးပေါ့။

 

သဘာဝကအဆစ်ပေးလိုက်တဲ့

ဝမ်းလေးတစ်ထွာ၊

ဆန့်လိုက်တော့ အူဂင်္ဂါ

ငြိမ်သက်အောင်ဖြည့်စွက်

ခက်ခဲတဲ့နေ့စဉ်။

-ရှာရဖွေရ

မောပါ့ အချိန်တိုင်း

ခေါင်းတွေပူ

ကိုယ်တွေကိုက်

စိတ်တွေနာ

ကြံရာမရ။

လာမယ့်ဘေး

ပြေးတွေ့လို့ရအောင်

စိမ်းမြသောသစ်ပင်ရိပ်

ခဏလေးမှေးအိပ်လိုက်ပါအုံးမယ်။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

22-3-2013

 

4 အစိမ်းပေါ်အစိမ်းဆင့်
4 အစိမ်းပေါ်အစိမ်းဆင့်
5 အစိမ်းကို အစိမ်းအုပ်မိုး
5 အစိမ်းကို အစိမ်းအုပ်မိုး

 

6 အစိမ်းထဲမှာအပြာ ကြည်နူးစရာ
6 အစိမ်းထဲမှာအပြာ ကြည်နူးစရာ
7 နားခိုစရာ အပင်စိမ်းစိမ်းများ
7 နားခိုစရာ အပင်စိမ်းစိမ်းများ

 

 

 

8ပြောင်းခင်းစိမ်းစိမ်း
8ပြောင်းခင်းစိမ်းစိမ်း

 

9 ဒီအစိမ်းလေးမြင်တော့ စားချင်လို့ သွားရည်တွေတောင်ကျလာသလိုလို
9 ဒီအစိမ်းလေးမြင်တော့ စားချင်လို့ သွားရည်တွေတောင်ကျလာမိပါရဲ့

 

 

 

 

 

16 comments

  • ပူပင်မောပန်းနေတဲ့စိတ်တွေကို
    အစိမ်းရောင်အေးအေးလေးကြည့်ပြီး အမောပြေစေ့ချင်ပါတယ်။

  • ဖေပေါက်ဂျီးရေ ….

    မျက်လုံးကိုရော ရင်ကိုပါ အေးမြစေတဲ့
    ဟောဒီ ပုံလေးတွေအတွက် ကျေးဇူးပါဗျို့ …
    ဒီပုံတွေ မြင်စဉ်ခဏ အမောတွေ ပြေသွားမိပါရဲ့ …
    ဟောဟိုက အစိမ်းရောင် ထနောင်းပင်ကြီး အောက်မှာလည်း တစ်ရေးတစ်မောလောက် ဖြစ်ဖြစ်
    ဘဝရဲ့ မောရတဲ့ အဖြစ်တွေကို မေ့ထားလို့ မှေးစက်လိုက်ချင်ပါရဲ့ ….
    ဒါပေမယ့် … ထနောင်းဆူး ဆူးရင်ဒေါ့ လွယ်ဝူးးရယ် … ဟီးးးး :mrgreen:

    • ဒီထနောင်းပင်အောက် က ဆူးတော့ မရှိဘူး။
      ထနောင်းပွင့်တွေ တဖြုတ်ဖြုကြွေတာနဲ့တင်အိပ်မရဘူး

  • nature

    March 24, 2013 at 12:35 pm

    ပူလောင်တဲ့ နွေရာသီမှာ စိမ်းစိမ်းစိုစိုလေးတွေကြည့်ပြီး အမောပြေသွားပါတယ်။ :hee:

  • Mr. MarGa

    March 24, 2013 at 1:36 pm

    လေးပေါက်ရဲ့ ပုံလေးတွေကို ကြည့်ပြီးတော့
    မျက်စိ အေးသွားပါတယ်။
    ကျေးကျေး လေးပေါက်ရေ
    အပူကို အန်တုမယ့် အစိမ်းပေါ့

  • ဗုံဗုံ

    March 24, 2013 at 3:28 pm

    ဤအစိမ်းကိုမြင်ရသော အကျိုးအားကြောင့် ကိုစိမ်းကားကြီး သူ့ဘဝသည် …. ဘာဆက်ဆိုရမလဲဟင် ဖေပေါက် :mrgreen: :mrgreen:

  • မောင် ပေ

    March 24, 2013 at 7:08 pm

    စိမ်းမြ
    ဘိန်းချ
    မှိန်းလှ
    ယိမ်းက
    တိမ်းပြ
    ထိန်းရွ

    • ရွတာလဲထိန်း
      ပြလာရင်လဲတိမ်း
      ကလာရင်လဲယိမ်း
      လှတယ်ပြောရင်မှိန်းနေ
      ချမယ်ပြောရင်ငြိမ်းအောင်ဘိန်းကျွေးလိုက်
      မြမြစိမ်းလာရင်တော့ လက်ထပ်ခွင့်တောင်းလိုက်

  • အလင်းဆက်

    March 24, 2013 at 7:50 pm

    သဘာဝ အလှနဲ ့
    စာသားအလှ…
    နှစ်ခုလုံးက
    ကျွန်တော့်ကို ဖမ်းစားလိုက်တယ်

    ကျွန်တော်……..

  • kyeemite

    March 25, 2013 at 9:22 am

    အစိမ်းရောင် ထနောင်းပင်ကြီးကတော်တော်လှသဗျာ…
    ပန်းချီကားတစ်ချပ်လိုပဲ…သူ့ကိုင်းဖြာပုံက တခြားအပင်တွေနဲ့မတူဘူးနော..
    အဲဒါကြောင့်လှတာ…. စိမ်းလန်းအေးမြခြင်းတွေ ခံစားသွားပါတယ် ကိုပေါက်ရေ..

    • ကိုမို်က်ရေ
      ထနောင်းပင်တွေက ထူးခြားတဲ့ပုံသဏ္ဍန်အမြဲရှိတာကိုတွေ့ရတတ်ပါတယ်။
      နောက်အေးတဲ့အရိပ်လဲပေးတော့ နွေထနောင်း လို့ သတ်မှတ်ကြတာပေါ့။

  • Myo Thant

    March 25, 2013 at 9:32 am

    စိမ်းဆိုမှ စိမ်းရက်သူကြီးရေ
    မချစ်လိုတဲ့ စိမ်းရဲ့ အလိုကျလေ

    အဲဒီသီချင်း သတိရမိတယ်

    ပုံ ၃ ကို ကြိုက်တယ်ဗျာ

  • weiwei

    March 25, 2013 at 1:35 pm

    ပုံအကြီးကြီးထုတ်ပြီး အခန်းထဲမှာ အပြည့်ကပ်ထားချင်တယ် …

Leave a Reply