နေ့ရက်- ခရစ်နှစ် ၂၀၁၃ မတ်လ ၂၀ရက်
အချိန် -နေ့ ၁၀ နာရီ ၃၀ မိနစ်
နေရာ -သမိုင်းဘူတာရုံလမ်း၊ဘုရင့်နောင်မီးပွိုင့်အနီး

သမိုင်းခုံးကျော်တံတားမှ အဆင်း ၊

ရှေ့မှာ မီးပွိင့်အလွှတ်ကို စောင့်နေတဲ့ ကားတန်းကြီးက တစ်မျှော်တစ်ခေါ်၊

(ခုတလော လမ်းမကြီး တစ်ဖက်တစ်ချက်ကို စီမံကိန်းအရ လမ်းပြင်နေတဲ့ အတွက်

ယာဉ်ကြောကျဉ်းမြောင်းပြီး မီးပွိုင့်တန်းစီချိန် ပိုကြာနေပါတယ်၊

ဒါပေမယ့် ရေရှည် ကောင်းဖို့ လုပ်နေတာဆိုတော့ သည်းခံစောင့်ဆိုင်းကြရပါတယ်)

အဲဒီအချိန် လူလည်လုပ်နေကျ ဘတ်စကား တစ်စီးက ၀ူးကနဲ ဆန့်ကျင်ဖက်လမ်းကနေ ကျော်တက်မောင်းသွား၊

ခဏနေတော့ နောက်ကနေ ဆိုင်ကယ်နဲ့ ယာဉ်ထိန်း နှစ်ယောက် နောက်က လိုက်လာ၊

ကျော်တက်တဲ့ ဘတ်စကားကို Moderntech ဆိုင်ဘေး လမ်းကြားထဲ မောင်းခိုင်းလိုင်စင်သိမ်း၊

ပြီးတော့ ဓာတ်ပုံတွေမှာ ဆက်ကြည့်ပါ။

ကျော်တက်ချင်တဲ့ဘတ်စကားကို နီးရာ လမ်းကြားထဲ ကွေ့ခိုင်းလိုက်ပါတယ်။

ကျော်တက်ချင်တဲ့ဘတ်စကားကို နီးရာ လမ်းကြားထဲ ကွေ့ခိုင်းလိုက်ပါတယ်။

လာရာလမ်းကိုပြန်

လာရာလမ်းကိုပြန်

နောက်လှည့်

နောက်လှည့်

ပြန်ပေတော့ မစဉ်းစားနဲ့၊ပြန်ပေတော့….ပြန်ပြန် ..နောက်လှည့်ပြီးတော့ပြန်…

ယာဉ်ထိန်းရဲကစောင့်ပြီး ပြန်မောင်းခိုင်း

ယာဉ်ထိန်းရဲကစောင့်ပြီး ပြန်မောင်းခိုင်း

သွား......  နောက်မှာ တန်းစီ

သွား……
နောက်မှာ တန်းစီ

ကျော်တက်တဲ့ ဟိုင်းလပ်စ်လည်း ဘက်ဂီယာနဲ့ နောက်ကြောင်းပြန်

ကျော်တက်တဲ့ ဟိုင်းလပ်စ်လည်း ဘက်ဂီယာနဲ့ နောက်ကြောင်းပြန်

ငယ်ငယ်က ကြည့်ဖူးတဲ့ စူပါမင်းရုပ်ရှင်မှာ မတရားလုပ်သွားတဲ့ လူဆိုးတွေကို စူပါမင်းChristopher Reeves က ဆုံးမလိုက်တော့ ၀မ်းသာအားရ လက်ခုပ်တီးပျော်ရသလို၊

နောက်ဆုံးခန်း သူ့ချစ်သူ လူဆိုးတွေလက်ချက်နဲ့ သေသွားတော့ စူပါမင်းက ကမ္ဘာကြီးကို နောက်ပြန်ပတ်ထည့်လိုက်တာ သူ့ချစ်သူလည်း အသက်ပြန်ရှင်သွားသလို

(အဲဒီတုံးက ယုတ္တိမတန်တာတွေ သိပေမယ့် တရားမျှတမှုက အနိုင်ရတာဆိုတော့ လက်ခုပ်တီးပျော်ရတာပါပဲ)

မတရား အခွင့်ထူးခံချင်တဲ့ သူတွေကို ဒီလို ဆုံးမပေးမယ့် စူပါမင်းတွေ မျှော်နေမိပါတယ်။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)