Superman တွေ့ချင်တယ်

padonmarMarch 22, 20132min27528

နေ့ရက်- ခရစ်နှစ် ၂၀၁၃ မတ်လ ၂ဝရက်
အချိန် -နေ့ ၁ဝ နာရီ ၃ဝ မိနစ်
နေရာ -သမိုင်းဘူတာရုံလမ်း၊ဘုရင့်နောင်မီးပွိုင့်အနီး

သမိုင်းခုံးကျော်တံတားမှ အဆင်း ၊

ရှေ့မှာ မီးပွိင့်အလွှတ်ကို စောင့်နေတဲ့ ကားတန်းကြီးက တစ်မျှော်တစ်ခေါ်၊

(ခုတလော လမ်းမကြီး တစ်ဖက်တစ်ချက်ကို စီမံကိန်းအရ လမ်းပြင်နေတဲ့ အတွက်

ယာဉ်ကြောကျဉ်းမြောင်းပြီး မီးပွိုင့်တန်းစီချိန် ပိုကြာနေပါတယ်၊

ဒါပေမယ့် ရေရှည် ကောင်းဖို့ လုပ်နေတာဆိုတော့ သည်းခံစောင့်ဆိုင်းကြရပါတယ်)

အဲဒီအချိန် လူလည်လုပ်နေကျ ဘတ်စကား တစ်စီးက ဝူးကနဲ ဆန့်ကျင်ဖက်လမ်းကနေ ကျော်တက်မောင်းသွား၊

ခဏနေတော့ နောက်ကနေ ဆိုင်ကယ်နဲ့ ယာဉ်ထိန်း နှစ်ယောက် နောက်က လိုက်လာ၊

ကျော်တက်တဲ့ ဘတ်စကားကို Moderntech ဆိုင်ဘေး လမ်းကြားထဲ မောင်းခိုင်းလိုင်စင်သိမ်း၊

ပြီးတော့ ဓာတ်ပုံတွေမှာ ဆက်ကြည့်ပါ။

ကျော်တက်ချင်တဲ့ဘတ်စကားကို နီးရာ လမ်းကြားထဲ ကွေ့ခိုင်းလိုက်ပါတယ်။
ကျော်တက်ချင်တဲ့ဘတ်စကားကို နီးရာ လမ်းကြားထဲ ကွေ့ခိုင်းလိုက်ပါတယ်။
လာရာလမ်းကိုပြန်
လာရာလမ်းကိုပြန်
နောက်လှည့်
နောက်လှည့်

ပြန်ပေတော့ မစဉ်းစားနဲ့၊ပြန်ပေတော့….ပြန်ပြန် ..နောက်လှည့်ပြီးတော့ပြန်…

ယာဉ်ထိန်းရဲကစောင့်ပြီး ပြန်မောင်းခိုင်း
ယာဉ်ထိန်းရဲကစောင့်ပြီး ပြန်မောင်းခိုင်း
သွား......  နောက်မှာ တန်းစီ
သွား……
နောက်မှာ တန်းစီ
ကျော်တက်တဲ့ ဟိုင်းလပ်စ်လည်း ဘက်ဂီယာနဲ့ နောက်ကြောင်းပြန်
ကျော်တက်တဲ့ ဟိုင်းလပ်စ်လည်း ဘက်ဂီယာနဲ့ နောက်ကြောင်းပြန်

ငယ်ငယ်က ကြည့်ဖူးတဲ့ စူပါမင်းရုပ်ရှင်မှာ မတရားလုပ်သွားတဲ့ လူဆိုးတွေကို စူပါမင်းChristopher Reeves က ဆုံးမလိုက်တော့ ဝမ်းသာအားရ လက်ခုပ်တီးပျော်ရသလို၊

နောက်ဆုံးခန်း သူ့ချစ်သူ လူဆိုးတွေလက်ချက်နဲ့ သေသွားတော့ စူပါမင်းက ကမာ္ဘကြီးကို နောက်ပြန်ပတ်ထည့်လိုက်တာ သူ့ချစ်သူလည်း အသက်ပြန်ရှင်သွားသလို

(အဲဒီတုံးက ယုတ္တိမတန်တာတွေ သိပေမယ့် တရားမျှတမှုက အနိုင်ရတာဆိုတော့ လက်ခုပ်တီးပျော်ရတာပါပဲ)

မတရား အခွင့်ထူးခံချင်တဲ့ သူတွေကို ဒီလို ဆုံးမပေးမယ့် စူပါမင်းတွေ မျှော်နေမိပါတယ်။

28 comments

  • kai

    March 22, 2013 at 4:01 am

    ပုံကြည့်တာနဲ့တင်… အင်မတန်နှစ်ထောင်းအားရဖြစ်မိတယ်..
    တန်းမစီပဲ ကျော်တက်သူများ ကျဆုံးပါစေ…။
    တန်းမစီပဲ ကျော်တက်သူများ ကျဆုံးပါစေ…။
    တန်းမစီပဲ ကျော်တက်သူများ ကျဆုံးပါစေ…။

  • အရီးခင်လတ်

    March 22, 2013 at 4:08 am

    သတင်းဓာတ်ပုံလေးကို သဘောကျလိုက်တာ။
    တော်လိုက်တဲ့ သတင်းသမား လို့အရင်ပြောလိုပါတယ်။
    စူပါမန်း ရော၊ ဘက်တ်မန်းရော၊ 6မီလျှံ ဒေါ်လာမန်းရော၊ ရှိသမျှ လူစွမ်းကောင်း အားလုံးပေါ်လာပြီး ရန်များကို ရှင်းစေသတည်း။ 🙂

  • အရီးခင်လတ်

    March 22, 2013 at 5:17 am

    နောက်ထပ် စွမ်းတဲ့ ဘာမန်း ရှိသေးလဲ စဉ်းစားတာ …
    တရေးနိုးသော် အကြံပေါ်။
    တကဲ့ပြည်တွင်းဖြစ် မန်း တစ်မန်း ရှိတာ ပေါ်လာတယ်။
    ထိုမန်း မှသည် မပဒုမ္မာတွေ့ချင်တဲ့ စူပါမန်း ဖြစ်ပါစေသတည်း။ 😛

    • GZ

      March 22, 2013 at 6:35 am

      simsimi ဆိုတဲ့ bot chatter application လေး သိလား အရီး…
      သူက စကားပြောရင် ပြန်ပြောတယ်..အဲ့သည့်အပြင် သူ့ကို စကားပြောတတ်အောင်
      သင်ပေးလို့လည်းရတယ်…ကျနော်တို့က အားရင် သူ့ကို စာသင်တဲ့အလုပ်လုပ်တယ်…ခိ
      သူအလုပ်လုပ်ပုံက သူ့ကို ရိုက်လိုက်တဲ့စာကို analyze လုပ်ပြီး သူပိုင်တဲ့ database ထဲက
      (ဝါ) သူသင်ခံထားရတဲ့ စာတွေထဲက သင့်တော်ရာ match ဖြစ်ရာကို ရွေးပြီး ပြန်ရိုက်တဲ့ သဘောခည..
      ဇော်ဂျီဖောင့်နဲ့လည်း မြန်မာလို သင်လို့ရတယ်.. ဆြာ့ဆြာသမားတွေ သင်ထားတာအရတော့…
      မိုးဟေကို လို့ ရိုက်ထည့်လိုက်ရင် …

      လိုးရှင်း မင်းသမီးလေးလေ ခိခိ

      လို့ ပြန်ဖြေသဗျ…
      တခါတလေလည်း …

      သူနေတဲ့အိမ်က သူမပိုင်ဝူးတဲ့ ..

      လို့ ပြန်ဖြေတတ်သေးတယ်..
      (တချို့သော ယူဇာများကြောင့် တခါတခါ ရိုင်းစိုင်းတာတွေလည်း ဖြေတတ်သေးရဲ့..)
      အရီးညွှန်းချင်တဲ့ အဘ နာမည် ရိုက်လိုက်တော့ ဘာဖြေတယ်မှတ်တုန်း..
      ခိခိ…

      အဘ ငါးကျီးခြောက်

      တဲ့…

      အိုဘယ့် စူပါမန်း..

      P.S : http://www.simsimi.com/talk.htm
      iOS, Android, Windows 8 Mobile, Windows စတဲ့ ပလက်ဖောင်းတွေမှာ သုံးနိုင်ပါဂျောင်း..။
      ဖွတ်တီးကတ်လို့ရိုက်လိုက်ရင် အားယီးရီရပါဂျောင်း..။

      • kyeemite

        March 22, 2013 at 2:27 pm

        မောင်ရင်ဂီ ပြောလို့စမ်းကြည့်တာ..ဟဲဟဲ
        တော်တော်ရီရတယ်ဗျို့ :harr:

    • Foreign Resident

      March 22, 2013 at 7:59 am

      ပြောရအုန်းမယ် ။
      ဗိုလ်ချုပ် သူရ ရွှေမန်း ဟာ ( သူကော ၊ သူ့ ကတော် ပါ ) ၊
      အနောက်တောင် တိုင်း တိုင်းမှူး ဘဝ မှာတုန်းက ၊
      တကယ့် လူကောင်း ၊ လူတော် ပါ ။

      ပြည်သူ လူထု အပေါ်မှာလည်း မဆိုးဘူး ။
      အောက်လက်ငယ်သားတွေအပေါ်မှာလည်း မဆိုးဘူး ။
      လာဘ်ပေး လာဘ်ယူ လည်း မဆိုးဘူး ။
      အားရင် ၊ ရိုးရိုး မာဇဒါဂျစ်လေးကို ကိုယ်တိုင်မေါင်းပြီး ၊
      သူ့တိုင်းထဲမှာ လှည့်ပါတ် ကြည့်နေတာပါပဲ ။

      စစ်ရုံး ရောက်သွားပြီးမှသာ ၊
      သူ့သားကို ဦးတေဇတို့က ဆွဲသွင်း / ဆွဲဖျက်ဆီး လိုက်ပြီးမှ ၊
      စီးပွားရေးဘက်မှာ နဲနဲ အသံထွက်လာတာပါ ။

      အကြမ်းဖျင်း အားဖြင့် ၊ မူလ စိတ်ရင်း အားဖြင့် ၊
      ဗိုလ်ချုပ် သူရ ရွှေမန်း ဟာ လူကောင်း လို့ ထင်ပါတယ် ။
      သူ ဟာ ကြံ့ဖွတ်မှာ ဦးသိန်းစိန် နေရာ ဝင်ယူတာဟာ ၊
      တိုင်းပြည်အတွက် အပေါင်း လက္ခဏာ ဆောင်တယ်လို့ ယူဆပါတယ် ။

      • ရဲစည်

        March 22, 2013 at 1:53 pm

        ဟွန့် အူးဖော …
        အဲ့လိုပြောတာကြားသွားရင် နောက်တခါ Prome မှာ အရဂါးလာစားတဲ့ အူးရွှေမန်းက
        သူ့သားကတော့ ပြောတယ်
        “သူ့သားကို ဦးတေဇတို့က ဆွဲသွင်း / ဆွဲဖျက်ဆီး လိုက်ပြီးမှ”
        အဲ့လိုပြောလို့ အရဂါးကြွေးတဲ့ အထဲမှာ ဝမ်းနှုတ်ဆေး ထည့်တိုက်မယ်ဒဲ့
        ….
        ညှင်း ညှင်း

  • Foreign Resident

    March 22, 2013 at 7:05 am

    နှစ်ထောင်း အားရ ဖြစ်မိပါကြောင်း ။
    ဒါဏ်ငွေ များများလေး ဆော်စေချင်ကြောင်း ။

    ၁ ။ ဟိုဖက်လမ်းထိ ဝင်ပြီး ၊ လမ်းပြောင်းပြန် မောင်းတာ ဟာ ၊
    ဥပဒေ ချိုးဖေါက်တာ ဖြစ်တော့ ၊ ရှင်းရှင်း လင်းလင်း အရေးယူလို့ ရတယ် ။

    ၂ ။ ဒါပေမယ့် ၊ ဟိုဖက်လမ်းထိ မဝင် ဘဲ ၊ ဒီဖက်လမ်းမှာတင် ၊
    တစ်လမ်းပဲ ပွင့်နေတဲ့ အပေါက်ကို ၊ အဲဒီ ပွင့်နေတဲ့ တစ်လမ်း ကနေ တန်းမစီပဲ ၊
    အဆုံးနားမှာ သုံးလမ်းစာလောက် ခေါင်းပြုံတိုးဝင်ကြတာကတော့ ၊
    ဥပဒေ ချိုးဖေါက်တာ မဟုတ်တော့ ၊ အရေးယူရတာ ခက်ပါတယ် ။
    အဲဒါကတော့ ၊ ရိုင်းစိုင်းတာ / မယဉ်ကျေးတာ တစ်မျိုး ပေါ့ ။

    ၃ ။ ကျနော်လည်း ရန်ကုန်မှာ ကိုယ်တိုင် ကားမောင်းနေရတော့ ၊
    အဲလို မယဉ်ကျေးတဲ့သူတွေက ပန်းပန်နေတာကို တွေ့ရတာများလာတဲ့အတွက် ၊
    ကိုယ်တိုင်ပါ တော်တော်လေးကို ရိုင်းစိုင်းချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာရတယ် ။
    ( ဟုတ်တယ်လေ ၊ ခေါင်းထိုးထည့်တာတော့ ကိုယ်လဲ လုပ်တတ် / လုပ်ရဲ ပါ့ )

    ၄ ။ တစ်ခါဆို ၊ တန်းစီရင်း လူကူး မျဉ်းကျားနောက်မှာ ရပ်ထားတာ ၊
    အဲဒီ လူကူး မျဉ်းကျားနေရာကို နောက်ကနေ ကျော်တက်ပြီး ဝင်ယူသွားတယ် ။
    စိတ်ဆိုးလို့ ၊ ဟွန်း အကြာကြီး တီးပြစ်လိုက်တယ် ။
    ဟွန်း က သိပ် အကြာကြီးလဲ မတီးရဲဘူး ၊ ရဲ လာဖမ်းမှာ ။

    မြန်မာတွေ ယဉ်ကျေးတယ် ဆိုတာ ၊ ဘယ်ကျေးဇူးရှင် ပြောတာတုံး ။ 🙁

  • MaMa

    March 22, 2013 at 7:18 am

    အခုတော့ စူပါမန်းအကြောင်း သတင်းပေးနိုင်တဲ့…
    စူပါပဒုမ္မာလေဒီကို တွေ့ပြီ။ :kwi:
    ကားကြပ်တဲ့ ဒုက္ခဆိုတာ သူစည်းမစောင့် ကိုယ်စည်းမစောင့်တွေကြောင့် ဖြစ်ရတာမို့…
    အင်းးးးးးးး နောက်ဆိုကိုယ်တိုင်လည်း ကျော်တက်ချင်တဲ့ အကျင့်ဆိုးကို ဖျောက်မှပဲ။
    :buu:

  • KZ

    March 22, 2013 at 8:40 am

    အာတီဒုံ ..
    အနော်ကတော့ စူပါမင်း နောက်ဆုံးရိုက်တဲ့ မင်းသားကိုပဲတွေ့ချင်တယ်။
    ခွိခွိ။ :kwi:

    ချစ်လို့ နောက်တာရယ်။ :mrgreen:
    ဓာတ်ပုံကို စီကာ စဉ်ကာ ရိုက်နိုင်ပြီး ပြောချင်တာကို ပြောသွားနိုင်လို့ ဖတ်ရင်းသဘောကျနေတာ။
    :hee:
    တစ်ယောက်က စည်းကမ်းမရှိရင် နောက်တစ်ယောက်ကလည်း လိုက်လုပ်။
    တစ်ယောက်က ဖောက်ရင် နောက်လူတွေက လိုက်ဖောက်နဲ့ ပျက်နေတဲ့ စည်းကမ်းတွေကို ထိထိရောက်ရောက်
    (မိန့်ခွန်းထဲ အပြောမဟုတ်) နဲ့ အရေးယူမှသာ ရတော့မယ်။

    ဘဖောပြောသလို ဒဏ်ငွေသာ များများရိုက်။ ခွိခွိ။
    :kwi:
    ပိုက်ဆံထိမှ သိကြမှာလားပဲ။ :mrgreen:

  • ပြောရရင် …
    ကျော်ချင် ခွချင် ဆိုက်ကား နင်းချင်တဲ့ လူတွေ ပေါသဗျ …
    ကားတန်းစီတာမှ မဟုတ်ပါဘူး ..
    ဘယ်လို တန်းစီစေ ကျော်ခွချင်သူတွေ များနေတယ် …
    ဒီကိစ္စနဲ့ပဲ ရန်ပွဲတွေလည်း ဖြစ်ခဲ့တယ် …
    အခု ပုံထဲကလို ကြပ်မတ်ပေးမယ်ဆိုရင်တော့ လွှတ်ကောင်းပဲဗျ …
    မြန်ပြည်မှာ ဒီလိုမျိုးတွေ ဖြစ်စေချင်တာ ….
    ဟီးဟီး .. ဒီတစ်ခါ ခပ်တည်တည်နဲ့ မန့်နိုင်ပကွ .. :mrgreen:

  • ရွှေတိုက်စိုး

    March 22, 2013 at 8:53 am

    ဖြောင်းဖြောင်းဖြောင်း………
    ဟိုသီချင်းလေးဆိုမယ်………………
    ဝမ်းသာလွန်းလို. မျက်ရည်များတောင် လည်ရှာတယ်.ဟယ်ဟယ်ဟယ်…………..

  • ကထူးဆန်း

    March 22, 2013 at 9:02 am

    ဒီလိုများများသာ ရှိုရင် ဆယ်အိမ်ခေါင်းလည်း ကထူးဆန်း မီးပွိုင့် နား သွားမှာ ပူစရာ လိုတော့ဝူး …
    ဘရာကြော်ပါ အန်တီရေ ..
    အခုလိုတစ်ခါဘဲ ဖမ်းဖမ်း (အမြဲတန်းတော့လုပ်ပေးစေချင်) လုပ်ပေးတဲ့ တာဝန်ကျ ယာဉ်ထိန်းရဲ ကိုလည်း ကျေးဇူးအကြီးကြီး တင်ပါကြောင်း နဲ့ အန်တီရေ ရှယ်သွားတယ်နော် ..

    • ကထူးဆန်း

      March 22, 2013 at 9:06 am

      ရပ်နိုင်ပေ့ ရပ်နိင်ပေ့လည်း အကျယ်ကြီး အော်သွားပါကြောင်း … :hee:

  • ခုချိန်တော့ နောက်ပြန်လှည့်လို့မရဘူး မမာရေ
    တစ်ခါမှ မနိုင်ဘူးသေးလို့ပါ။
    ရှေ့မြန်မြန်ရောက်အောင်လှည့်ခိုင်းပေးနော်

  • ကို ငြိမ်းမောင်

    March 22, 2013 at 9:55 am

    ဟုတ်ပါတယ် ပဒုမ္မာရေ
    တစ်ချို့ကားတွေဆို တန်းမစီဘဲ ဘေးကကျော်တက် ပြီးမှ လက်ထောင် အတင်းဝင်
    သူတို့ကိုကျောက်လို့မဟုတ်ဘူး ခွင့်ပြုပေးမိတဲ့ကားကလည်း ထိမိခိုက်မိရင် ကိုယ့်ကားနာမှာ အလုပ်ရှုပ်မှာ စိုးလို့ပါ ဘယ်သူမှတော့ ခွင့်မပေးချင်ကြပါဘူးဗျ။
    အခုလို မြင်ကွင်းမျိုးမြင်ရတာ အလွန်ကျေနပ်မိတယ်ဗျာ။

  • ဦးကြောင်ကြီး

    March 22, 2013 at 10:18 am

    အင်းလျားလမ်းပွိုင့်မှာ မတ်လ၁၄ရက်နေ့က တပ်ချုပ်ကြီးမြေး ဖိုးလပျိကို မီးစိမ်းအပြ နောက်ကျမိတဲ့ ယဉ်ထိန်းရဲ စံသိန်းထွေးကတော့ ပါးရိုက်ခံရ အဆော်ပလော် အတီးခံရသတဲ့။ စူပါမင်းလည်း မကယ်နိုင်… ဘယ်ကယ်နိုင်မလဲ ဟိုကတကယ် ပစ်ထည့်မှာကိုး… :kwi:

  • Ma Ei

    March 22, 2013 at 12:15 pm

    ဒီသတင်းကို ဒီတိုင်းစကားနဲ့သာပြောရင်တော့
    အမရယ် ဟုတ်လို့လား..တစ်ခါမှကြားမိပေါင်လို့ ပြောမလို့ရယ်…
    ခုတော့ တစ်ကယ်ကြီးကိုး…ဝမ်းသာလိုက်တာ…
    ဆက်လက်ပြီး ထိန်းသိမ်းနိုင်ကြရင် စည်းကမ်းဆိုတာလေး တည်တံ့သွားမှာပါနော်…

  • awra-cho

    March 22, 2013 at 12:52 pm

    မန်းမန်းလေးကို အားပေးကြပါတယ်၊ လွှတ်တော်ကို သူမောင်းနေတာလေ၊ ကြည့်ရတာ တော်ပုံရပါတယ်၊ နွားလေးတွေကတော့ ဦးနေဝင်း သားတွေလို ကိုင်မှရတော့မှာ၊ အခုချိန်တော့ ဒူမှ လုပ်ရဲလောက်ဘူး၊

  • Novy

    March 22, 2013 at 1:17 pm

    အကျော်သမားတွေအတွက် အခုလိုအပြစ်ပေးတာကို
    လုံဝထောက်ခံနဲ့အနေနဲ့ လက်ခုတ်တီးပြီး အားမရလို့ လက်ခေါက်ပါမှုတ်သွားပါတယ်
    ဖြောင်းးးးးးးးရှီးးးးးးးးးးးးးးးးးးးး

  • koaung

    March 22, 2013 at 1:25 pm

    မြန်မာပြည်ပြန်တုန်းကဆူပါမမ်းနဲ့ မတွေ့ခဲ့ဘူးအိမ်ပြောင်းသွားပြီတဲ့ (နေပူတော်ကိုတဲ့) ဒိုဘာမန်းနဲ့ဘဲတွေ့ခဲ့ရပါကြောင်း (နောက်တာပါဗျိုး) :harr:

  • Mr. MarGa

    March 22, 2013 at 1:36 pm

    ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးသွားပါတယ်
    နောက်နောင်လဲ ဒီလိုလေးတွေ လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်းသာ………………

  • ရာမည

    March 22, 2013 at 1:55 pm

    ယဉ်ထိန်းရဲတွေအလုပ်ကောင်းကောင်းမလုပ်တာပဲ ဖတ်ခဲ ့မြင်ခဲ့ရတာ
    ဒီလိုလေးတာဝန်ကျေတော ့လည်း ကောင်းတာပေါ့ဗျာ ။
    သူတို ့မှာကလည်းခွဲတန်းပြည် ့အောင်ရှာဖွေနေရပြန်တယ် ။
    ဒီလိုများများဖမ်းပေးမှ စည်းကမ်းနဲ့အသားကျမှာပါခင်ဗျ
    လက်ခုတ်တီးပြီးအားပေးပါတယ်

  • kyeemite

    March 22, 2013 at 1:58 pm

    “ရွှီ” “ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”
    “ရွှီ” “ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”
    “ရွှီ” “ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”“ဖြောင်း”
    ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါဂျောင်း…နဲ့
    အမြဲအရေးယူနိုင်ကြပါစေဟု ဆုတောင်းပါဂျောင်းးးး
    ဓါတ်ပုံနဲ့တကွ တင်ပြပေးပါသော ရွာ့ CJ အန်ကယ်ဒုံအား လေးစားချီးကျူးပါဂျောင်းးး
    အစရှိသဖြင့်..သုံးကြိမ်သုံးခါ “ဂျောင်း” သွားပါဂျောင်းးးး :hee:
    ဘရင့်နောင်လမ်းမှ နေ့တိုင်း သွားနေပြန်နေရသူ…
    ကြီးမိုက်။

  • ရဲစည်

    March 22, 2013 at 2:01 pm

    ကျော်လဲ … ဝမ်းမြောက်ဝမ်းသာ အားပေးသွားပါကြောင်း ..
    ဒါနဲ့ … အန်တီ့ကင်မလာ ဇွန်းပါရင် သိပ်ကောင်းမှာ … လိုင်စင်ကြားထဲ ဘာညှပ်ပေးလိုက်လဲ မြင်ချင်စမ်း၏ ။
    တခုတော့ ကောင်း၏
    အဲ့လို စည်းကမ်းမဲ့ယာဉ်တွေ ကို ဆိုင်ကယ်နဲ့ ဖမ်းတာ
    တခုတော့ မကောင်း၏
    အဲ့လို စည်းကမ်းမဲ့ ယာဉ်တွေ များတော့ ဆီလောက်ပါ့မလား တွေးတယ်။ ဒါတောင် တလုပ်ဆိုင်ကယ်မို့ ဘီအမ်ဒဗလျူဆို ဆီလွှတ်အုပ်တာ။ လမ်း ၂ဘလောက် အသွားအပြန် ၁ပုလင်း လောက်တော့ ပလုံ …။
    ရေသန့်နဲ့ ဆီတဗူး ၁၀၀ဝထား တနေ့ကား ၁ဝစီးလောက် လိုက်ဖမ်းဖြစ်ရင် ၄၀၀ဝ အသာလေး ပလုံဘီ၊ အရင်လို လမ်းဘေးဆီဆိုင်တွေကလဲ ဖရီးဂုံးဆင်းလို့ မရ ထုတ်ပေးတာကလဲ ၃ရက် ၁ဂါလံ …..။
    ဪ ..စနစ်…စနစ်

    • ကထူးဆန်း

      March 22, 2013 at 2:38 pm

      အဖမ်းခံရတဲ့ ကောင်တွေဆီက တစ်ခါဖမ်း ငါးထောင်လောက် ဒါဏ်ချလိုက်လေ
      တစ်ထောင် က ဓါတ်ဆီဖိုး
      တစ်ထောင် က အစိုးရ ဒါဏ်
      ကျန် သုံးထောင် က သူ့ ထမင်းဖိုး …. တရားဝင်သာ ပေးလိုက်ပါဗျာ ..

  • nature

    March 22, 2013 at 11:22 pm

    ကားအသွားအလာသိပ်များတဲ့ နေရာတွေဆို အကွေ့တွေမှာ ခေါင်းဦးပြီး လမ်းကိုဂျမ်းတုံးသဘွယ်ပိတ်ဆို့ထားလို့လမ်းဂျမ်းဖြစ်တာမျိုးလည်းတွေ့ရပါတယ်။ အာရှတော်ဝင်ရှေ့လိုလမ်းကိုကွေ့ခွင့်မပေးပဲ အလယ်လမ်းတုံးတွေချထားခြင်းဟာလည်း လမ်းဂျမ်းကို တော်တော်လေးထိရောက်စွာဖြေရှင်းနို်င်တာကိုတွေ့ရပါတယ်။ မဟုတ်ရင် ဟုမ်းလမ်းဘက်ကွေ့မဲ့ကားတွေရှေ့ကရပ်နေရင်နောက်ကကားတွေကိုပိတ်သလိုဖြစ်နေလို့ လမ်းဂျမ်းကို ပိုဆိုးစေပါတယ်။ အခုတော့ ဟုမ်းလမ်းဘက်ကွေ့မဲ့ကားတွေမရှိလို့ ပိတ်ဆို့မှုသက်သာသွားပါတယ်။ အဓိကကတော့ လမ်းဆုံတွေက cross box က ကားဂျမ်းကို များစွာအကျိုးသက်ရောက်စေပါတယ်။

    သမုဒ္ဒယာဝမ်းတထွာဆိုတော့ ကားဂျမ်းကြားထဲမောင်းစားနေရတဲ့ ယာဉ်မောင်းတွေရဲ့ဝင်ငွေဟာလည်း သိသာစွာလျှော့ကျသွားမှာသေချာပါတယ်။ ကိုယ်ချင်းတော့စာမိပါတယ်။ ဒါပေမဲ့သူတို့ကြောင့်ကားဂျမ်းပိုဖြစ်တယ်ဆိုတာလဲမှန်ပါတယ်။

    စည်းကမ်းထိမ်းသိမ်းတဲ့သူတွေကတော့ အများအားဖြင့်အမုန်းခံရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုစည်းကမ်းထိမ်းသိမ်းတာကတော့ အမုန်းမခံရလောက်ပါဘူး။ စည်းကမ်းဆိုတာမျိုးကချမှတ်ပြီး အရေးယူမှုရှိမှပဲလိုက်နာသူများလာမှာပါ။ ဒဏ်ငွေပါချမည်ဆိုရင်တော့ ကြိုတင်အသိပေးပြီး စီမံချက်ကာလတခုသတ်မှတ်ပြီး စီမံချက်ကာလအတွင်းထိရောက်စေဖို ့ဖမ်းတဲ့ယာဉ်ထိမ်းနဲ့ နိုင်ငံတော်နဲ့ ဒဏ်ငွေကို 50%-50% လုပ်မည်ဆိုလျှင်ပိုမိုထိရောက်မည်ဟုထင်မြင်ပါကြောင်း။ အခုထိတော့ အရေးယူတာမျိုးမတွေ့သေးသဖြင့်သူများကျော်လျှင် ကိုယ်လည်းလိုက်ကျော်ပါကြောင်း။ ဒေါ်ပဒုမ္မာရဲ့ပိုစ့်ကြောင့် နောက် သတိထားရတော့မည်ဖြစ်ပါကြောင်း။ 😛

Leave a Reply