ယောနသံတို့အိမ်ပြန်ချိန်

NovyMarch 22, 20132min24432

မနေ့ကရုံးကအဖွဲ့တွေနဲ့ ရန်ကုန်မြစ်ကြောတစ်လျောက်အပျော်စီးသင်္ဘောစီးရင်းနဲ့

စင်ရောလေးတွေနဲ့ဝင်လုလုနေမင်းကြီးရဲ့ အလှကို မှတ်တမ်းတင်ထားတာလေးတွေကို

ဝေမျှလိုက်ပါတယ်

DSCN1799

ယောနသံ1

DSCN1803

ယောနသံ2

DSCN1806

ယောနသံ3

DSCN1808

ယောနသံ4

DSCN1809

ယောနသံ5

DSCN1811

ယောနသံ6

DSCN1810

ယောနသံ7

DSCN1812

ယောနသံ8

32 comments

  • weiwei

    March 22, 2013 at 10:53 am

    ယောနသံ ရ ကို သဘောကျတယ် …

  • ယောက်ခမရေ …

    ယောနသံ7 .. ဆိုတာရဲ့ အထက်ကပုံလေးကို
    ကျုပ်တော့ လွှတ်သဘောကျမိတယ်ဗျာ ..
    ဒါပေသိ … နိုလေးနဲ့ ယှဉ်မယ်ဆိုရင်ဒေါ့
    မိုးနဲ့ မြေလောက် ကွာဘာဒယ်ရို့ .. ဟီး .. :mrgreen:

  • Novy

    March 22, 2013 at 11:13 am

    ပထမဆုံးကွန်မန့်အတွက်ကျေးဇူးပါ
    နိုဗွီကိုယ်တိုင်လည်း ယောနသံ ရ ပုံကို သဘောကျဆုံးပဲ
    နေမင်းကြီးထဲမှာ စင်ယောလေးရောက်နေလို့

  • Mon Kit

    March 22, 2013 at 11:22 am

    မီထူး.. မီထူး…
    ဒို့လည်း ယောနသံ ရ အကို အကြိုက်ဆုံး..
    မနိုနဲ့ အမြင်ချင်းတူဒယ်…
    :hee:

  • KZ

    March 22, 2013 at 11:32 am

    လှတဲ့ လူတွေ ရိုက်တဲ့ ဓာတ်ပုံတွေက လှတတ်ပါသလား မနိုရယ်။
    အကုန်လှပြီး အကုန်ကြိုက်ပါတယ်ဗျာ။
    :528: :528:

  • Ma Ei

    March 22, 2013 at 11:51 am

    မြစ်ထဲကမြင်ရတဲ့ ဆည်းဆာချိန်လေးလှတယ်…
    ဇင်ယော်လေးတွေလဲလှတယ်…
    fb..က နိုဗွီပုံလေးတွေလဲ လှတယ်…
    :528:

  • Novy

    March 22, 2013 at 12:10 pm

    မိအံ – ညည်းသမီးတောင်းတာတွေများနေပြီနော်

    မွန်ကစ်- မီ3

    ခိုင်ဇာရေ..ညီမလေးကပိုလှပါတယ်နော်

    မအိ- ကျေဇူးပါရှင်

  • ရွှေတိုက်စိုး

    March 22, 2013 at 12:50 pm

    အော်မနိုဗွိ မနိုဗွီ သူ.သင်းဘောသီးကို သတိရတိုင်း သင်းဘောသွားသွားစီးနေတာ…ဟိဟိ
    ယောနသံ လေးတွေ မိုက်ပ ဗျာ….

    • Novy

      March 22, 2013 at 3:15 pm

      တို့ဒါလင်ကသင်္ဘောသီးမဟုတ်ပါဘူးဟယ်
      ယောနသံ လေးတွေ မိုက်ပ ဆိုတော့ မလိမ္မာဘူးပေါ့

  • awra-cho

    March 22, 2013 at 1:32 pm

    ရ က sweetyhome တံဆိပ်ကြီးပါ။( နောက်တာ) သူငယ်ချင်းတယောက် သတိရမိတယ်၊ အင်းလေးမှာဘဲအုပ်ကြီးတွေ့တော့ ဝမ်းးသာအားရ လှမ်းအော်တာ ““ဟာ…ဇင်ယော်တွေအများကြီးပဲ””တဲ့ နောက်မှဘဲကျောင်းတဲ့ သူတောင်ပါလာသေးတာကို၊ သေချာမကြည့်ပဲ စွတ်အော်တာ၊ လှေပေါ်ကလူတွေ အကုန် ဝိုင်းရယ်လိုက် ကြတာ၊ ပတ်တုတ်မရဘူး၊( သိဘူးလေ ဒီအချိန်ဆို ဇင်ယော်တွေ ရောက်ပြီပြောလို့ ဇင်ယော်ပဲမှတ်နေတာတဲ့)

  • ရာမည

    March 22, 2013 at 1:41 pm

    လှလိုက်တာဗျာ
    ကိုယ်ကမရိုက်တတ်သူဆိုတော့ အားလုံးကိုကြိုက်တယ်
    ဒီရွာမှာဓတ်ပုံဆရာတွေ အများကြီးပါပဲ
    အားကျလိုက်တာ

    • Novy

      March 22, 2013 at 3:18 pm

      awra-choရေ..
      အဲ့လိုလဲမှားတက်ပါတယ်ကွယ်

      ရာမည-
      ကျေးဇူးပါနော်

  • kyeemite

    March 22, 2013 at 1:46 pm

    တော်လိုက်တဲ့ ရွာသူမနို…
    ဓါတ်ပုံလေးတွေ လှလိုက်တာဗျာ…တကယ်
    ကျုပ်ထက်သာတာတော့သေချာတယ်…
    ခုတလော ဓါတ်ပုံတွေတင်နေကြလို့ သားသားတောင်စိတ်ပါလာပီ.. :kwi:

    • Novy

      March 22, 2013 at 3:25 pm

      ဦးမိုက်
      စိတ်ပါလာပြီဆိုတော့ ချိန်းပြီးရိုက်ရအောင်လေ
      ဓါတ်ပုံပြောတာနော်

  • GaviaGirl

    March 22, 2013 at 2:23 pm

    မနို..မနို…
    သမိးလည်း (၇) ပဲ…
    ပြီးတော့.. ဒီရက်ပိုင်း စင်ရော် ရောဂါတက်နေတဲ့အချိန် ဒီပုံတွေကိုမြင်ရတာ ကျေးဇူးအကြီးကြီးပါလို့…

    ခင်တဲ့
    Garvia Girl လေး မွန်မွန်

    • Novy

      March 22, 2013 at 3:34 pm

      စင်ရော် ရောဂါတက်နေတဲ့ဆိုတော့
      ကြက်ငှက်တုပ်ကွေးလို
      စင်ရော်တုပ်ကွေးတော့ မဖြစ်စေနဲ့မွန်မွန်ရေ….

  • ဦး ကျောက်ခဲ

    March 22, 2013 at 2:59 pm

    မနိုရေ…
    ကျွန်တော်က ဓာတ်ပုံကောင်းကောင်းမရိုက်တတ်ပေမယ့်…
    လှမှန်းတော့သိပါတယ်ဗျာ…
    စကားအတင်းစပ်… ရွာထဲကတူမတစ်ယောက် ပြောဖူးတယ်…
    ” မော်လမြိုင်က ဧရာဝတီမြစ်ပေါ်မှာ ဇင်ယော်တွေဝဲတာ လှသတဲ့ “… ဟီ ဟိ
    :kwi:

    • Novy

      March 22, 2013 at 3:44 pm

      ” မော်လမြိုင်က ဧရာဝတီမြစ်ပေါ်မှာ ဇင်ယော်တွေဝဲတာ လှသတဲ့ “…
      အဲ့ဒီဇင်ယော်တွေကို မနိုလဲကြည့်ချင်သား

  • ရဲစည်

    March 22, 2013 at 3:37 pm

    အဟမ်း … အနော်လဲ ခုတလော
    အလွမ်းဓာတ်ခံတွေ များနေတာ
    ပြန်ရောက်ရင်တော့ ကင်မလာလေးဆွဲပီး ဖလမ်း ဖလမ်းအုံးမှ
    ဇင်ယော်တွေတော့ ရိုက်ဖူး
    လေတဖြူးဖြူးမှာ စကပ်တိုတိုဝတ်လေးတွေနဲ့ သဘောင်္လာစီးတဲ့
    _င်ပေါ်လေးဒွေကိုဘဲ လိုက်ရိုက်မှာ
    အိုဘယ့် … စနက်ရှော့
    :harr:

    • Novy

      March 23, 2013 at 11:29 am

      တူလေးယဲ့စီ
      အန်တီ့ကို စောင်းပြောတာတော့မဟုတ်လောက်ပါဘူးနော်..
      ကိုယ်က ဂါဝန်ဝတ်တာ စကပ်မှမဟုတ်တာ :harr:

  • MaMa

    March 22, 2013 at 8:52 pm

    ဓာတ်ပုံထဲမှာတော့ ဝင်လုလုနေမင်းကြီးရယ် ဇင်ယော်လေးတွေရယ် အလှချင်းပြိုင်နေကြတယ်။
    အပြင်မှာတော့ အလှချင်းပြိုင်တဲ့အထဲမှာ အရမ်းလန်းတဲ့ မင်းသမီးလေးတစ်ယောက်ပါပါတယ်။ :hee:

    • Novy

      March 23, 2013 at 11:37 am

      အစ်မ မမရေ..ကျေးဇူးပါနော်
      မလိမ္မာအမိုက်လေး fb မှာ နှိပ်စက်မိပါတယ်နော်

  • kai

    March 23, 2013 at 8:24 am

    ဒီရက်ပိုင်း..ဇင်ယော်တွေအတွေ့များနေတယ်..
    ဘယ်သူ့သီချင်းလည်းမသိ…
    မိုးပေါ်ကနေ.. အီအီးပါချ..
    ရိုင်းတဲ့ဇင်ယော်တဲ့.. :kwi:

    (ရန်စတာ)

    • Novy

      March 23, 2013 at 11:40 am

      သူကြီးနော် ရန်မရှာနဲ့
      ချစ်စရာဇင်ယော်ကိုများ ရိုင်းတဲ့ဇင်ယော်တဲ့
      မုပျက်အောင်မလုပ်ပါနဲ့

  • ကို ငြိမ်းမောင်

    March 23, 2013 at 11:38 am

    ဇင်ယော်တွေကို အမိအရရိုက်ထားတာဆိုတော့ သင်္ဘောပေါ်ကဖြစ်မယ်ထင်ပါတယ်။
    စက်လှေပေါ်ကဆို အဲလောက်လှတဲ့ပုံတွေ ရလောက်ဘူးထင်လို့ပါ။

    • Novy

      March 23, 2013 at 11:43 am

      ကိုငြိမ်းမောင်ရေ..
      MV.DORA အပျော်စီးသင်္ဘောပေါ်ကနေရိုက်တာပါရှင်

  • နေဝန်းနီ

    March 23, 2013 at 8:29 pm

    သူကတော့ ဇင်ယော်တွေကို ဒါ့ပုံလိုက်ရိုက်နေတယ်ပေါ့လေ…….. နေဝန်းနီ ကိုတော့ လာမရိုက်ဖူးပေါ့ ဟုတ်လား နိုမရိုက်လဲရပါတယ် …။ တို့ကို ဟိုတစ်ရက်က MRTV ကလာရိုက်တယ် ဗုဒ္ဓဟူးနေ့ညပိုင်းနဲ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ နှစ်ခါတောင်လွင့်သွားတယ် ဟီး းးးးးးးးးး ဘာမှမဆိုင်ဘူး အသားလွတ်ဝင်ကြွားတာ …….

  • အရီးခင်လတ်

    March 23, 2013 at 9:20 pm

    မနိုရေ

    ယောနသံ ၂ ကို သဘောကျတယ်။
    တောင်ပံမှာ မာန်ပါတယ်။

    “အိုင်” တို့နေတဲ့ နေရာမှာတော့ အဲဒီ ယောနသံ တွေ သောင်းကျန်းတာ အရမ်းဘဲ။
    ကားတွေပေါ် အီးပါချ တာ။
    သူတို့ ဟာတွေကို “အိုင့်” မှာ ရေဆေးပစ်ရတာ တစ်ပါတ် ၂ခါ၊ ၃ခါ အနဲ ဆုံးဘဲ။
    (သူကြီးမင်း ကို ရိုသေသမှု နဲ့ သူ့စကား နားထောင်ပြီး ကျွန်မ အစား “အိုင်” ထားတာ။)
    😆

  • ခင်ခ

    March 23, 2013 at 10:18 pm

    ဇင်ယော်လေးတွေကို
    ကြင်ဖော်လေးနဲ့သာ
    အတူယှဉ်တွဲ
    အစာကျွေးရဖြင့် …………။

  • padonmar

    March 23, 2013 at 11:25 pm

    ဒီလိုချိန်မှာ ယောနသန်စင်ရော်လို ထိုးဖောက်ထွက်နိုင်မယ့် စင်ရော်တစ်ကောင်တော့ တွေ့မိသလိုပဲ။
    နောက်က ဆရာ ယောနသန်ကို မီအောင်လိုက်မယ့် စင်ရော်တွေသာ မတွေ့ရသေးတာ။
    ဘာဘဲပြောပြော လှပါတယ် မနိုရေ။
    မနိုရဲ့ လက်က အရိပ်ကတည်းက သိသာအောင်ကောင်းပါတယ်။

  • ဦးကြောင်ကြီး

    March 26, 2013 at 10:49 am

    ရိုင်းတဲ့စင်ယော်
    သိုင်းဖွဲ့ထင်ပေါ်
    မှိုင်းသွဲ့ကြင်ဖော်
    လှိုင်းဝဲ့သွင်နော်..။

Leave a Reply